နတ်တလင်းတွင် ရာအိမ်မှူးတစ်ဦးကို PDF အဖွဲ့ဝင်များက နေအိမ်အတွင်းဝင်ရောက်၍ သေနတ်ဖြင့်ပစ်သတ်

 555

Pearl (NP News) - စက်တင်ဘာ ၂၁
နတ်တလင်းတွင် ရာအိမ်မှူးတစ်ဦးကို PDF အဖွဲ့ဝင်များက နေအိမ်အတွင်းဝင်ရောက်၍ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာ (၁၉) ရက် ည (၉) နာရီ (၁၅) မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ စန်ကြီးလောင့်ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါကျေးရွာတွင်နေထိုင်သော ရာအိမ်မှူး ဦးဇော်မင်းနိုင်(၄၅) နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အဖွဲ့ဝင် ခြောက်ဦးက ဆိုင်ကယ်သုံးစီးဖြင့်ရောက်ရှိလာပြီး “သတင်းပေး/ဒလန်” ဟုပြောဆိုကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးဇော်မင်းနိုင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
နတ္တလင္းတြင္ ရာအိမ္မႉးတစ္ဦးကို PDF အဖြဲ႕ဝင္မ်ားက ေနအိမ္အတြင္းဝင္ေရာက္၍ ေသနတ္ျဖင့္ပစ္သတ္
Pearl (NP News) - စက္တင္ဘာ ၂၁
နတ္တလင္းတြင္ ရာအိမ္မႉးတစ္ဦးကို PDF အဖြဲ႕ဝင္မ်ားက ေနအိမ္အတြင္းဝင္ေရာက္၍ ေသနတ္ျဖင့္ပစ္ခတ္သတ္ျဖတ္သြားခဲ့ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ စက္တင္ဘာ (၁၉) ရက္ ည (၉) နာရီ (၁၅) မိနစ္ခန႔္က ပဲခူးတိုင္းေဒသႀကီး၊ နတ္တလင္းၿမိဳ႕နယ္၊ စန္ႀကီးေလာင့္ေက်း႐ြာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
အဆိုပါေက်း႐ြာတြင္ေနထိုင္ေသာ ရာအိမ္မႉး ဦးေဇာ္မင္းႏိုင္(၄၅) ႏွစ္သည္ ၎၏ေနအိမ္၌ ရွိေနစဥ္ PDF အဖြဲ႕ဝင္ ေျခာက္ဦးက ဆိုင္ကယ္သုံးစီးျဖင့္ေရာက္ရွိလာၿပီး “သတင္းေပး/ဒလန္” ဟုေျပာဆိုကာ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္သြားခဲ့သျဖင့္ ဦးေဇာ္မင္းႏိုင္တြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ေသနတ္ျဖင့္ ပစ္ခတ္မႈက်ဴးလြန္ခဲ့သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ အေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.