ငွေစာရင်းပိတ်သိမ်းခြင်းများကို တရားရုံးအမိန့်ဖြင့်သာ ဆောင်ရွက်နေဟု ဗဟိုဘဏ်ပြော

 1462

ယွန်း (NP News) - ဇွန် ၂

ငွေစာရင်းပိတ်သိမ်းခြင်းများကို တရားရုံးမှ ချမှတ်သော အမိန့်ဖြင့်သာဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဆိုသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ယနေ့(ဇွန်လ ၂ ရက်) တွင် မီဒီယာများအား အထက်ပါကဲ့သို့ အသိပေး ပြောကြားထားခြင်း ဖြစ်သည်။

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ အပါအဝင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေတို့အရ သက်ဆိုင်ရာဗဟိုအဖွဲ့နှင့် တရားဥပဒေစိုးမိုရေးအဖွဲ့အစည်း များက စုံစမ်းစစ်ဆေးရန်အတွက် ငွေစာရင်းယာယီတားဆီးရန် အာဏာပိုင်အဖွဲ့အစည်းများက အကြောင်းကြား လာပါက ဗဟိုဘဏ်အနေဖြင့် ဆောင်ရွက်ပေးကြောင်း သိရသည်။

အလားတူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် လူကုန်ကူးမှုတားဆီးကာကွယ်‌ရေး ဥပဒေတို့အရလည်း စုံစမ်းစစ်ဆေးရန် အထက်ပါအာဏာပိုင်အဖွဲ့အစည်းများက အကြောင်းကြားလာပါက ငွေစာရင်းယာယီ တားဆီးခြင်းကို ဆောင်ရွက်ကြောင်း ဗဟိုဘဏ်က ဆိုထားသည်။

ထို့ကြောင့် ၎င်းတို့အနေဖြင့် ငွေစာရင်းပိတ်သိမ်းခြင်းကို တရားရုံးအမိန့်အရသာ ဆောင်ရွက်ခွင့်ရှိပြီး အကြောင်း အရင်းမရှိဘဲ ငွေစာရင်းပိတ်သိမ်းခြင်းကို ဆောင်ရွက်ခြင်းမရှိကြောင်း ဗဟိုဘဏ်က အသိပေးပြောဆိုထားသည်။

ပြီးခဲ့သောကာလများအတွင်း ဒစ်ဂျစ်တယ် Pay အကောင့်များနှင့် ပတ်သက်၍ ငွေစာရင်းပိတ်သိမ်းခံရမှုများ ရှိခဲ့ကြောင်း ပြောဆိုမှုများရှိခဲ့သည်။

Zawgyi Version;
ေငြစာရင္းပိတ္သိမ္းျခင္းမ်ားကို တရား႐ုံးအမိန႔္ျဖင့္သာ ေဆာင္႐ြက္ေနဟု ဗဟိုဘဏ္ေျပာ
ယြန္း (NP News) - ဇြန္ ၂

ေငြစာရင္းပိတ္သိမ္းျခင္းမ်ားကို တရား႐ုံးမွ ခ်မွတ္ေသာ အမိန႔္ျဖင့္သာေဆာင္႐ြက္ေနေၾကာင္း ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္က ဆိုသည္။

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္မွ ယေန႔(ဇြန္လ ၂ ရက္) တြင္ မီဒီယာမ်ားအား အထက္ပါကဲ့သို႔ အသိေပး ေျပာၾကားထားျခင္း ျဖစ္သည္။

ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးဥပေဒ အပါအဝင္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒ၊ မူးယစ္ေဆးဝါးႏွင့္ စိတ္ကို ေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒတို႔အရ သက္ဆိုင္ရာဗဟိုအဖြဲ႕ႏွင့္ တရားဥပေဒစိုးမိုေရးအဖြဲ႕အစည္း မ်ားက စုံစမ္းစစ္ေဆးရန္အတြက္ ေငြစာရင္းယာယီတားဆီးရန္ အာဏာပိုင္အဖြဲ႕အစည္းမ်ားက အေၾကာင္းၾကား လာပါက ဗဟိုဘဏ္အေနျဖင့္ ေဆာင္႐ြက္ေပးေၾကာင္း သိရသည္။

အလားတူ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒႏွင့္ လူကုန္ကူးမႈတားဆီးကာကြယ္‌ေရး ဥပေဒတို႔အရလည္း စုံစမ္းစစ္ေဆးရန္ အထက္ပါအာဏာပိုင္အဖြဲ႕အစည္းမ်ားက အေၾကာင္းၾကားလာပါက ေငြစာရင္းယာယီ တားဆီးျခင္းကို ေဆာင္႐ြက္ေၾကာင္း ဗဟိုဘဏ္က ဆိုထားသည္။

ထို႔ေၾကာင့္ ၎တို႔အေနျဖင့္ ေငြစာရင္းပိတ္သိမ္းျခင္းကို တရား႐ုံးအမိန႔္အရသာ ေဆာင္႐ြက္ခြင့္ရွိၿပီး အေၾကာင္း အရင္းမရွိဘဲ ေငြစာရင္းပိတ္သိမ္းျခင္းကို ေဆာင္႐ြက္ျခင္းမရွိေၾကာင္း ဗဟိုဘဏ္က အသိေပးေျပာဆိုထားသည္။

ၿပီးခဲ့ေသာကာလမ်ားအတြင္း ဒစ္ဂ်စ္တယ္ Pay အေကာင့္မ်ားႏွင့္ ပတ္သက္၍ ေငြစာရင္းပိတ္သိမ္းခံရမႈမ်ား ရွိခဲ့ေၾကာင္း ေျပာဆိုမႈမ်ားရွိခဲ့သည္။

Related news

© 2021. All rights reserved.