မော်လမြိုင်-သံဖြူဇရပ် ကားလမ်းတွင် ကုန်ကားနှစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ (၂)ဦးဒဏ်ရာရရှိ

742
Pearl (NP News) - ဇွန် ၃
မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ မော်လမြိုင်-သံဖြူဇရပ်ကားလမ်းတွင် ကုန်ကားနှစ်စီး တိမ်းမှောက်မှုဖြစ်ပွားပြီး အမျိုးသား(၂)ဦးဒဏ်ရာရရှိခဲ့ကြောင်း မုဒုံအရေးပေါ် လူမှုကယ်ဆယ်ရေးထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဇွန်လ၂ရက်)၊ ညနေ (၆)နာရီ (၁၅)မိနစ် အချိန်ခန့်တွင် မုဒုံမြို့နယ်၊ မော်လမြိုင်-သံဖြူဇရပ် အဝေးပြေးလမ်းမကြီး၊ တော်ကူးတံခွန်တိုင်ကျေးရွာအနီးတွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာအနီးတွင် ပုစွန်ခြောက်များတင်ဆောင်လာသော လားရာတူ ကုန်တင်ယာဉ်နှစ်စီးသည်ကျော်တက်ရင်း တံတားကျဉ်းသို့အရောက်တွင်အရှိန်မထိန်းနိုင်ဖြစ်ကာ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိမ်းမှောက်မှုကြောင့် ကားရေတိုင်ကီပေါက်ထွက်ခဲ့ပြီး အမျိုးသား(၂)ဦး ရေနွေးပူလောင်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့အား မော်လမြိုင်ပြည်နယ်ဆေးရုံသို့ပို့ဆောင်ပေးထားပြီး စိုးရိမ်ဖွယ်ရာ အခြေအနေမရှိကြောင်း သိရသည်။
zawgyi version
ေမာ္လၿမိဳင္-သံျဖဴဇရပ္ ကားလမ္းတြင္ ကုန္ကားႏွစ္စီး တိမ္းေမွာက္မႈျဖစ္ပြားခဲ့ရာ (၂)ဦးဒဏ္ရာရရွိ
Pearl (NP News) - ဇြန္ ၃
မြန္ျပည္နယ္၊ မုဒုံၿမိဳ႕နယ္ရွိ ေမာ္လၿမိဳင္-သံျဖဴဇရပ္ကားလမ္းတြင္ ကုန္ကားႏွစ္စီး တိမ္းေမွာက္မႈျဖစ္ပြားၿပီး အမ်ိဳးသား(၂)ဦးဒဏ္ရာရရွိခဲ့ေၾကာင္း မုဒုံအေရးေပၚ လူမႈကယ္ဆယ္ေရးထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ဇြန္လ၂ရက္)၊ ညေန (၆)နာရီ (၁၅)မိနစ္ အခ်ိန္ခန႔္တြင္ မုဒုံၿမိဳ႕နယ္၊ ေမာ္လၿမိဳင္-သံျဖဴဇရပ္ အေဝးေျပးလမ္းမႀကီး၊ ေတာ္ကူးတံခြန္တိုင္ေက်း႐ြာအနီးတြင္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါ ေက်း႐ြာအနီးတြင္ ပုစြန္ေျခာက္မ်ားတင္ေဆာင္လာေသာ လားရာတူ ကုန္တင္ယာဥ္ႏွစ္စီးသည္ေက်ာ္တက္ရင္း တံတားက်ဥ္းသို႔အေရာက္တြင္အရွိန္မထိန္းႏိုင္ျဖစ္ကာ တိမ္းေမွာက္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ တိမ္းေမွာက္မႈေၾကာင့္ ကားေရတိုင္ကီေပါက္ထြက္ခဲ့ၿပီး အမ်ိဳးသား(၂)ဦး ေရေႏြးပူေလာင္ဒဏ္ရာ ရရွိခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ၎တို႔အား ေမာ္လၿမိဳင္ျပည္နယ္ေဆး႐ုံသို႔ပို႔ေဆာင္ေပးထားၿပီး စိုးရိမ္ဖြယ္ရာ အေျခအေနမရွိေၾကာင္း သိရသည္။