ရေတွင်းထဲပြုတ်ကျသော ဖခင်ဖြစ်သူအား သားဖြစ်သူကဆင်းကယ်ရာမှ သားအ‌ဖနှစ်ဦးလုံး အောက်ဆီဂျင်ပြတ်၍ သေဆုံးမှု မြင်းခြံတွင်ဖြစ်ပွား

 648

Pearl (NP News) - ဇွန် ၅

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ရေတွင်းထဲပြုတ်ကျသော ဖခင်ဖြစ်သူအား သားဖြစ်သူမှဆင်းကယ်ရာမှ (၂)ဦးလုံး အောက်ဆီဂျင်ပြတ်၍ သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (ဇွန်လ ၅ရက်) ၊ နံနက် (၉)နာရီ (၄၅)မိနစ်အချိန်ခန့်တွင် မြင်းခြံမြို့နယ်၊ အမှတ်(၄)ရပ် ကွက်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါရပ်ကွက်၊ နယ်မြေ(၁၁)တွင်နေထိုင်သော ဦးဘိုသန့်(၅၅)နှစ် သည် ၎င်း၏နေအိမ်ရှေ့ရှိ အနက် ၃ဝ ပေ၊ အကျယ် ၃ပေခန့်ရှိသော ရေတွင်း၌ အင်္ဂတေကိုင်နေစဉ် ပြုတ်ကျသွားခဲ့ရာ ၎င်း၏သားဖြစ်သူ မောင်ပြည့်စုံ (၁၈)နှစ်မှ ဖခင်ဖြစ်သူအား ဆင်းကယ်ခဲ့ကြောင်း သိရသည်။

"သူ့အိမ်ရှေ့က ရေတွင်းမှာ အင်္ဂတေကိုင်ရင်း သူ့အဖေပြုတ်ကျတော့ သားက ကယ်ရင်း ပြန်တတ်လို့မရတော့တာ။ အောက်ဆီဂျင်ပြတ်သွားတာမျိုး။ ကယ်ပြီးတဲ့အချိန်ကတည်းက အသက်က သိပ်မရှူတော့ဘူး၊ ‌ဆေးရုံရောက်တော့ ဆုံးသွားပြီ"ဟု မြင်းခြံမြို့နယ် မီးသတ်စခန်း၏ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

ဖြစ်စဉ်ကြောင့် ၎င်းတို့(၂)ဦးသေဆုံးသွားခဲ့ပြီး လက်ရှိတွင် ၎င်းတို့ရုပ်အလောင်းအား မြင်းခြံခရိုင်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးထားကြောင်း သိရသည်။

zawgyi version
ေရတြင္းထဲျပဳတ္က်ေသာ ဖခင္ျဖစ္သူအား သားျဖစ္သူကဆင္းကယ္ရာမွ သားအ‌ဖႏွစ္ဦးလုံး ေအာက္ဆီဂ်င္ျပတ္၍ ေသဆုံးမႈ ျမင္းၿခံတြင္ျဖစ္ပြား
Pearl (NP News) - ဇြန္ ၅

မႏၲေလးတိုင္း၊ ျမင္းၿခံၿမိဳ႕နယ္တြင္ ေရတြင္းထဲျပဳတ္က်ေသာ ဖခင္ျဖစ္သူအား သားျဖစ္သူမွဆင္းကယ္ရာမွ (၂)ဦးလုံး ေအာက္ဆီဂ်င္ျပတ္၍ ေသဆုံးသြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (ဇြန္လ ၅ရက္) ၊ နံနက္ (၉)နာရီ (၄၅)မိနစ္အခ်ိန္ခန႔္တြင္ ျမင္းၿခံၿမိဳ႕နယ္၊ အမွတ္(၄)ရပ္ ကြက္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါရပ္ကြက္၊ နယ္ေျမ(၁၁)တြင္ေနထိုင္ေသာ ဦးဘိုသန႔္(၅၅)ႏွစ္ သည္ ၎၏ေနအိမ္ေရွ႕ရွိ အနက္ ၃ဝ ေပ၊ အက်ယ္ ၃ေပခန႔္ရွိေသာ ေရတြင္း၌ အဂၤေတကိုင္ေနစဥ္ ျပဳတ္က်သြားခဲ့ရာ ၎၏သားျဖစ္သူ ေမာင္ျပည့္စုံ (၁၈)ႏွစ္မွ ဖခင္ျဖစ္သူအား ဆင္းကယ္ခဲ့ေၾကာင္း သိရသည္။

"သူ႔အိမ္ေရွ႕က ေရတြင္းမွာ အဂၤေတကိုင္ရင္း သူ႔အေဖျပဳတ္က်ေတာ့ သားက ကယ္ရင္း ျပန္တတ္လို႔မရေတာ့တာ။ ေအာက္ဆီဂ်င္ျပတ္သြားတာမ်ိဳး။ ကယ္ၿပီးတဲ့အခ်ိန္ကတည္းက အသက္က သိပ္မရႉေတာ့ဘူး၊ ‌ေဆး႐ုံေရာက္ေတာ့ ဆုံးသြားၿပီ"ဟု ျမင္းၿခံၿမိဳ႕နယ္ မီးသတ္စခန္း၏ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ျဖစ္စဥ္ေၾကာင့္ ၎တို႔(၂)ဦးေသဆုံးသြားခဲ့ၿပီး လက္ရွိတြင္ ၎တို႔႐ုပ္အေလာင္းအား ျမင္းၿခံခ႐ိုင္ျပည္သူ႔ေဆး႐ုံသို႔ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.