ပေါင်မြို့တွင် ကုန်ကားနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင် ဝင်တိုက်မိ၍ အမျိုးသားတစ်ဦး သေဆုံး

776
စော (NP News) - ဇွန် ၅
မွန်ပြည်နယ်၊ ပေါင်မြို့တွင် ကုန်ကားနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင်ဝင်တိုက်မိ၍ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(ဇွန်လ ၅ ရက်)၊ မွန်းလွဲ(၁)နာရီခွဲအချိန်တွင် ပေါင်မြို့နယ်၊ မိုးနှိုင်းရပ်ကွက်၊ ဥတ္တံားတားပေါ်၌ ဖြစ်ပွားခဲ့ကြောင်း သိပေးပွားကနဦးလူမှုကူညီရေးအသင်း(ပေါင်မြို့)ထံမှ သိရသည်။
“ဆိုင်ကယ်နဲ့ကုန်ကား မျက်နှာချင်းဆိုင်တိုက်တာလို့ပြောတယ်။ ကုန်ကားက မော်လမြိုင်ဘက်တက်တဲ့ကားပါ။ ဆိုင်ကယ်ကအမျိုးသားတစ်ဦး ဦးခေါင်းကြိတ်ခံရပြီး ဦးနှောက်ထွက်ဒဏ်ရာနဲ့ အခင်းဖြစ်တဲ့နေရာမှာ ဆုံးသွားပါတယ်”ဟု သိပေးပွားကနဦး လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
သေဆုံးသူအမျိုးသားသည် ပေါင်မြို့၊ အလှပ်ကျေးရွာတွင်နေထိုင်သူဖြစ်ပြီး အသက်(၂ဝ)ဝန်းကျင်အရွယ်ရှိကြောင်း ၎င်းကဆက်လက်ပြောဆိုထားသည်။
၎င်း၏ရုပ်အလောင်းအား ပေါင်မြို့နယ်ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
zawgyi version
စော (NP News) - ဇွန် ၅
ဖြစ်စဉ်မှာ ယနေ့(ဇွန်လ ၅ ရက်)၊ မွန်းလွဲ(၁)နာရီခွဲအချိန်တွင် ပေါင်မြို့နယ်၊ မိုးနှိုင်းရပ်ကွက်၊ ဥတ္တာံးတားပေါ်၌ ဖြစ်ပွားခဲ့ကြောင်း သိပေးပွားကနဦးလူမှုကူညီရေးအသင်း(ပေါင်မြို့)ထံမှ သိရသည်။