“ဒေါ်လာ လွှမ်းမိုးမှုကို ပယ်ဖျက်ရန် ကြိုးစားကြသူများ” (ဘာသာပြန်ဆောင်းပါး)

 1696

ပရမတ္တ ကိုမောင်ဘ ‌(NP News) - ဇွန် ၆

ဒီနေ့တော့ ငွေကြေးရဲ့ ပထဝီနိုင်ငံရေးအကြောင်းပြောကြစို့။ ကမ္ဘာ့စီးပွားရေးက ဘယ်ပုံလည်ပတ်နေတယ်။ ကမ္ဘာ့အရန်ငွေ ရေစီးကြောင်းပြောင်းလဲဖို့ ဘယ်လိုတွေ လှုပ်ရှားနေကြတယ်ဆိုတာကို ဆွေးနွေးကြပါစို့။

ဘာကြောင့် ဒေါ်လာက လွှမ်းမိုးနိုင်တာလဲ
ကမ္ဘာပေါ်က တိုင်းပြည်တိုင်းလိုလိုမှာ သူတို့ကိုယ်ပိုင်သုံး ငွေကြေးတွေရှိကြပါတယ်။ ဒါပေမဲ့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကုန်သွယ်မှုပြုတဲ့အခါမှာတော့ အဲဒီကိုယ်ပိုင်ငွေကြေးတွေကို အသုံးပြုကြတာမဟုတ်ဘဲ အမေရိကန်ဒေါ်လာကိုပဲ အများအားဖြင့် အသုံးပြုကြတာပါ။ ဒေါ်လာဟာ ကမ္ဘာမှာ အံတုဖက်ပြိုင်လို့မရသေးတဲ့ ငွေကြေးတစ်ခုပါ။ ဘယ်နိုင်ငံရဲ့ငွေကြေးမှ အမေရိကန်ဒေါ်လာကို နီးနီးကပ်ကပ်မယှဉ်ပြိုင်နိုင်သေးပါ။ ဒါက အသုံးပြုမှုပမာဏအနေနဲ့ပြောတာပါ။ ရေနံကုန်သွယ်ရေး၊ ကုန်ပစ္စည်းကုန်သွယ်ရေး၊ လက်နက်ကုန် သွယ်ရေး စတာတွေအပါအဝင် ကမ္ဘာ့ကုန်သွယ်ရေးအများစုကို ဒေါ်လာနဲ့သာငွေပေးငွေယူလုပ်ဆောင်ကြပါတယ်။ ကမ္ဘာ့နိုင်ငံများအကြား၊ စီးပွားရေးကုမ္ပဏီတွေအကြား ငွေပေးချေကြရာမှာ ဒေါ်လာကိုသာ အသုံးများကြပါတယ်။

ဒါ့ပြင် အမေရိကန်ဒေါ်လာဟာ ကမ္ဘာ့ပေါ်မှာလွှမ်းမိုးတဲ့ အရန်ငွေကြေးလည်းဖြစ်ပါတယ်။ အဲဒါက ဘာအဓိပ္ပာယ်လည်းဆိုရင် တစ်ကမ္ဘာလုံးက နိုင်ငံအများအပြားဟာ သူတို့ပိုင်ဆိုင်တဲ့ အစုလိုက်အပုံလိုက် ချမ်းသာကြွယ်ဝမှုတွေကို ဒေါ်လာငွေကြေးအဖြစ် လဲလှယ်ကိုင်ဆောင်သိမ်းဆည်းထားတယ်ဆိုတာဘဲဖြစ်ပါတယ်။ အဲဒါသူတို့ရဲ့ အရန်ငွေကြေးဆိုတာပါ။ ဒါကြောင့် ဒေါ်လာငွေကြေးမရှိရင် ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးစနစ်က ပြိုလဲသွားပါလိမ့်မယ်။ ကမ္ဘာ့စီးပွားရေးလည်း အလားတူပြိုလဲသွားပါလိမ့်မယ်။ ဒါကြောင့် ဒေါ်လာနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ပုခုံးပေါ်မှာ တာဝန်တွေ အများကြီးတည်ရှိနေပါတယ်။ ဒါက သိပ်ကောင်းတဲ့ကိစ္စတော့မဟုတ်ပါဘူး။

၂ဝ၂ဝ ခုနှစ်စာရင်းအရ လှည့်လည်သုံးစွဲနေတဲ့ အမေရိကန်ဒေါ်လာဟာ (၂)ထရီလျံနီးပါးရှိပါတယ်။ အဲဒီအထဲက တစ်ဝက်လောက်ဟာ အမေရိကန်နိုင်ငံပြင်ပမှာ လှည့်ပတ်သုံးစွဲနေတယ်လို့ ယုံကြည်ကြပါတယ်။ ကမ္ဘာ့နိုင်ငံခြား ငွေလဲလှယ်ရောင်းဝယ်မှု အားလုံးရဲ့ (၉ဝ)ရာခိုင်နှုန်းက အမေရိကန်ဒေါ်လာနဲ့ ဆက်စပ်နေတာပါ။ တစ်ကမ္ဘာလုံးက အကြွေးတွေအားလုံးရဲ့ (၄ဝ)ရာခိုင်နှုန်းကိုလည်း ဒေါ်လာနဲ့ဘဲ သတ်မှတ်ထားပါတယ်။ ဒါကြောင့် ဒေါ်လာဟာ ဘယ်လောက်တောင် အင်အားကြီးသလဲ မှန်းဆလို့ရပါတယ်။

ဒေါ်လာဘယ်လို အင်အားကြီးမားလာတာလဲ
ဒုတိယကမ္ဘာစစ်ကြီး မပြီးခင်အထိ၊ ကမ္ဘာ့နိုင်ငံတွေရဲ့ ငွေကြေးတွေကို ရွှေနဲ့ဘဲ တန်ဖိုးသတ်မှတ် ချိတ် ဆက် ထားကြပါတယ်။ ဒါကြောင့် ရွှေဟာ စံငွေကြေးဖြစ်ပါတယ်။ ကုန်ပစ္စည်းတန်ဖိုးတွေကို ဒီအခြေခံအပေါ်မှာသာ မူတည်ပြီးဆုံးဖြတ်ကြတာပါ။

ဒုတိယကမ္ဘာစစ်ကြီးပြီးခါနီး ၁၉၄၄ ခုနှစ်မှာ၊ အမေရိကန်နဲ့ တခြား ၄၄ နိုင်ငံက ကိုယ်စားလှယ်တွေဟာ၊ အမေရိကန်နိုင်ငံ၊ နယူးဟမ့်ပ်ရှိုင်းယားပြည်နယ်၊ ဘရက်တန်ဝုဒ်စ် Bretton Woods မြို့မှာတွေ့ဆုံဆွေး နွေးကြပြီး ဘရက်တန်ဝုဒ်စ် သဘောတူညီချက်ဆိုတာကိုချမှတ်ခဲ့ပါတယ်။ အဲဒါက ရွှေကို အမေရိကန်ဒေါ်လာရဲ့အခြေခံအဖြစ်သတ်မှတ်ပြီး တခြားနိုင်ငံတွေရဲ့ငွေကြေးတွေကို အမေရိကန်ဒေါ်လာနဲ့ တန်ဖိုးသတ်မှတ်ချိတ်ဆက်ထားခြင်းပါဘဲ။ ဒါကြောင့်အမေရိကန်‌နဲ့ ကုန်သွယ်ရေးလုပ်တဲ့နိုင်ငံခြားတိုင်းပြည်တွေက သူတို့ရလာတဲ့ အမေရိကန်ဒေါ်လာကို အမေရိကန်အစိုးရဆီမှာ သတ်မှတ်ထားတဲ့ရွှေပမာဏနဲ့ လဲလှယ်ယူခွင့်ရှိပါတယ်။ ဒီလိုနဲ့ အမေရိကန်အစိုးရမှာ သိုလှောင်ထားတဲ့ အရန်ရွှေပမာဏ တဖြေးဖြေးလျော့နည်းလာပြီး ရွှေပမာဏအလုံအလောက်မရှိဖြစ်လာတဲ့အတွက်၊ သမ္မတ ရစ်ချတ်နစ်ဆင်လက်ထက် ၁၉၇၃ ခုနှစ်မှာ အမေရိကန်ဒေါ်လာနဲ့ ရွှေချိတ်ဆက်ထားမှုကို ရုတ်တရက်ပယ်ဖျက်လိုက်ပါတယ်။ အဓိပ္ပာယ်က အမေရိကန်ဒေါ်လာနဲ့ ရွှေကိုလဲလှယ်ယူလို့ မရတော့ပါဘူး။ ဒီလိုနည်းနဲ့ ကမ္ဘာ့နိုင်ငံများရဲ့ငွေကြေးတွေဟာ၊ ရွှေအစား ယုံကြည်မှုကိုသာ အခြေခံထားတဲ့ အမေရိကန် ဒေါ်လာ နဲ့ ချိတ်ဆက်အရောင်းအဝယ်လုပ်ကြရပါတော့တယ်။

ဒီဖြစ်စဉ်ကိုလေ့လာကြည့်ရင် အမေရိကန်အနေနဲ့ သူ့ဒေါ်လာအပေါ်မှာ ကမ္ဘာ့နိုင်ငံများကယုံကြည်မှုရှိလာအောင် ပထမပိုင်းမှာ ရွှေကိုကျောထောက်နောက်ခံပြု၊ တန်ဖိုးသတ်မှတ်ချိတ်ဆက်ခြင်းထားခြင်းအားဖြင့် ယုံကြည်မှုကိုတည်ဆောက်ပါတယ်။ ဒီလိုအာမခံမှုက နှစ်ပေါင်း ၃ဝ နီးပါး တာရှည်ခံခဲ့ပါတယ်။ အဲဒီနောက် ရွှေနဲ့လဲလှယ်ပေးဖို့ အာမ မခံနိုင်တဲ့အခါမှာ ဘယ်နိုင်ငံနဲ့မှ တိုင်ပင်ဆွေးနွေးခြင်းမလုပ်တော့ဘဲ ရုတ်တရက်ဖြတ်ချလိုက်တာပါဘဲ။ မိမိတို့ရဲ့ ကြွယ်ဝချမ်းသာမှုကို အရန်ငွေကြေးအဖြစ် ဒေါ်လာကို လက်ဝယ်စုဆောင်းထားကြတဲ့ တခြားနိုင်ငံတွေက အေးအေးဆေးဆေး လက်ခံရုံကလွဲလို့ ဘာမှမတတ်နိုင်ပါဘူး။

၁၉၇ဝ ခုနှစ်တွေမှာ ရေနံစျေးတွေတက်လာတော့ ရေနံတင်ပို့တဲ့နိုင်ငံတွေမှာ အမြတ်ငွေတွေနဲ့ အခွန်ငွေတွေ အများအပြားရပါတယ်။ ရေနံဝယ်တဲ့နိုင်ငံတွေကလည်း ဒေါ်လာနဲ့သာ ငွေပေးငွေယူလုပ်ကြပါတယ်။ ဒါကြောင့် ရေနံထုတ်လုပ်တင်ပို့တဲ့နိုင်ငံတွေမှာ အဲဒီဒေါ်လာငွေတွေ စုပုံလာပါတယ်။ အဲဒီငွေတွေကို ပက်ထရို‌ ‌ဒေါ်လာလို့ခေါ်ကြပါတယ်။ ဒေါ်လာကို ဒီလိုလက်ခံကြတာဟာ ရေနံတင်ပို့တဲ့ နိုင်ငံတွေက အမေရိကန်နိုင်ငံအပေါ်စိတ်ကောင်းစေတနာရှိမှုကြောင့်မဟုတ်ပါဘူး။

ဒေါ်လာကို ရွှေကျောထောက်နောက်ခံမရှိဘဲ ကမ္ဘာ့အရန်ငွေကြေးအဖြစ်လက်ခံကြရတဲ့ အဓိကအချက်က အမေရိကန်စီးပွားရေးက ကမ္ဘာပေါ်မှာအကြီးဆုံးဖြစ်သလို၊ သွင်းကုန်တင်သွင်းမှုကလည်း ကမ္ဘာ့အကြီးဆုံးဖြစ်နေတာကြောင့်ပါ။ နောက်ပြီး ဥပဒေနဲ့ ထိန်းချုပ်နောက်ခံပြုပေးထားတဲ့ ငွေပေါ်လွယ်တဲ့ ငွေကြေးအရင်းအနှီးစျေးကွက် ကြီးကြီးမားမားရှိနေတာနဲ့ ကြီးမားတဲ့ စစ်အင်အားကိုပိုင်ဆိုင်ထားတဲ့အတွက်ကြောင့်လည်းဖြစ်ပါတယ်။

နိုင်ငံတွေရဲ့ငွေကြေးဟာ ဒေါ်လာနဲ့ချိတ်ဆက်ရာမှာ တစ်ခုနဲ့ တစ်ခုနှိုင်းယှဉ်ချက်အရသာ ငွေလဲနှုန်းဖြစ် လာရတာပါ။ ဥပမာ တစ်ဒေါ်လာကို တရုတ်ယွမ်ငွေ (၇)ယွမ်လဲနှုန်းရှိပြီး မြန်မာငွေနဲ့ ဒေါ်လာလဲရာမှာ တစ်ဒေါ်လာကို ၂ဝဝဝ ကျပ်ရတယ်ဆိုပါစို့။ ဒါဆိုရင် တရုတ်ငွေ (၇)ယွမ်မှာ မြန်မာငွေ (၂ဝဝဝ)ကျပ်နဲ့ညီမျှတဲ့အတွက် တရုတ်တယွမ်ဟာ မြန်မာငွေ (၂၈၅)ကျပ်နဲ့ ညီမျှပါတယ်။ ဒီလိုဒေါ်လာနဲ့ နှိုင်းယှဉ်ခြင်းအားဖြင့် တခြားငွေလဲနှုန်းတွေဖြစ်ပေါ်လာပါတယ်။

အန္တရာယ်ကို မြင်လာကြပြီ
ရင်းနှီးမြှုပ်နှံသူ စီးပွားရေးသမားတွေရဲ့အမြင်မှာ ဒေါ်လာဟာ တည်ငြိမ်တယ်။ ခိုင်မာတယ်ဆိုပြီး စိတ်ချယုံကြည်ကြပါတယ်။ ဒါပေမဲ့ ယခုနောက်ပိုင်းမှာ ‌ဒေါ်လာအပေါ်အစိုးရတွေရဲ့အမြင်က ပြောင်းလဲလာပါတယ်။ နိုင်ငံတော်တော်များက အမေရိကန်ဒေါ်လာအပေါ် အမှီခိုလွန်ကဲမှုရဲ့ အန္တရာယ်ကို သိမြင်လာကြပါတယ်။

ဥပမာ ရုရှားကိုဘဲကြည့်ပါ။ ယူကရိန်းနဲ့စစ်မဖြစ်ခင်က ရုရှားမှာနိုင်ငံခြားအရန်ငွေ အမေရိကန်ဒေါ်လာ (၆ဝဝ)ဘီလျံကျော်ရှိပါတယ်။ ယူကရိန်းစစ်ပွဲဖြစ်တော့ အမေရိကန်က သူ့ရဲ့‌ဒေါ်လာငွေအပေါ်ချုပ်ကိုင်ထားနှိုင်မှု အားသာချက်ကို လက်နက်သဖွယ်အသုံးချပြီး၊ ရုရှားတွေရဲ့ငွေ ထုတ်လို့မရအောင် ပိတ်ပင်ထားလိုက်ပါတယ်။ အမေရိကန်ဟာ သူလုပ်ချင်တယ်ဆိုရင် ဘယ်နိုင်ငံအပေါ်မဆို ဒီလိုလုပ်လို့ရပါတယ်။ အမေရိကန်ရဲ့ ဒီလိုမတော်မတရားလုပ်နိုင်တဲ့ အာဏာပါဝါကို တခြားနိုင်ငံတွေကလည်း စိုးရိမ်ထိတ်လန့်လာကြပါတယ်။ အစိုးရိမ်ဆုံးက တရုတ်နိုင်ငံပါ။ တခြားနိုင်ငံတွေကလည်း ဒေါ်လာအပေါ် ယုံကြည်မှုကင်းမဲ့ လာပါတယ်။

ကမ္ဘာ့တစ်ခုတည်းသော အရန်ငွေကြေးစနစ်ကို တွန်းလှန်ရန်ကြိုးပမ်းမှုများ
ဒါကြောင့် ဒီဒဏ်ကိုခံရတဲ့ ပထမဆုံးနိုင်ငံဖြစ်တဲ့ ရုရှားက ဘရစ်(BRICS)နိုင်ငံတွေအနေနဲ့ ဘုံငွေကြေးတရပ်ထူထောင်ဖို့ ကြိုးပမ်းလာတာတွေ့ရပါတယ်။ BRICS ဆိုတာက စီးပွားရေးအားကောင်းလာနေတဲ့ ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိက ငါးနိုင်ငံပါဝင်တဲ့အဖွဲ့ပါ။ သူတို့ငါးနိုင်ငံရဲ့ စုစုပေါင်း စီးပွားရေးက ကမ္ဘာ့စီးပွားရေးရဲ့ (၂၄)ရာခိုင်နှုန်းရှိပါတယ်။ ကမ္ဘာ့လူဦးရေအားလုံးရဲ့ (၄ဝ)ရာခိုင်နှုန်းကိုကိုယ်စားပြုပါတယ်။ ဒီငါးနိုင်ငံက ဘုံငွေကြေး တရပ်ကိုထူထောင်မယ်ဆိုရင် အမေရိကန် ဒေါ်လာရဲ့ တဉီးတည်းဗိုလ်ကျမှုကို စိန်ခေါ်လာပါလိမ့်မယ်။

ကမ္ဘာမှာ ဒေါ်လာလိုဘဲ ဥရောပနိုင်ငံများက ဘုံအသုံးပြုနေတဲ့ ငွေကြေးတစ်မျိုးရှိပါသေးတယ်။ ယူရိုပါ။ ဥရောပသမဂ္ဂအဖွဲ့ဝင်(၂၇)နိုင်ငံအနက် နိုင်ငံ(၂ဝ)ရဲ့တရားဝင်ငွေကြေးဖြစ်ပါတယ်။ ဒီနိုင်ငံတွေရဲ့လူဦးရေ စုစုပေါင်းက (၃၄၄)သန်းရှိပြီး ကမ္ဘာပေါ်မှာ ဒေါ်လာပြီးရင် လူအသုံးအများဆုံးငွေကြေးတစ်ခုလည်းဖြစ်ပါတယ်။ ယူရိုငွေကြေးကို ၁၉၉၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကစတင်ပြီး ငွေစာရင်းတွက်ချက်ရာမှာ အီလက်ထရောနစ်ငွေပေးချေမှုတွေမှာ စတင်အသုံးပြုခဲ့ပြီး၊ ၂ဝဝ၂ ဇန်နဝါရီလ ၁ ရက်မှာတော့ ငွေစက္ကူနဲ့ အကြွေအနုတ်တွေကို မူလ အမျိုးသားငွေ ကြေးတွေ နေရာမှာ အစားထိုးလဲလှယ်သုံးစွဲလာခဲ့ပါတယ်။ ယူရို သုံးတဲ့ ဥရောပနိုင်ငံတွေကို ယူရိုဇုန်လို့ခေါ်ပါတယ်။

နောက်တတိယမြောက် ကုန်သွယ်မှုအပြုဆုံး၊ လူအသုံးအများဆုံးငွေကြေးက ဂျပန်ယန်းပါ။ ဂျပန်ယန်း ငွေဟာ ကမ္ဘာ့တတိယအကြီးဆုံး အရန်ငွေကြေးတစ်ခုလည်းဖြစ်ပါတယ်။ စတုတ္ထမြောက် အကြီးဆုံးအရန်ငွေကြေးက ယူကေနိုင်ငံရဲ့ ပေါင်စတာလင်ငွေကြေးပါ။ ပေါင်စတာလင်က ကမ္ဘာပေါ်မှာ လက်ရှိအသုံးပြုဆဲ၊ ရှေးအကျဆုံး ငွေကြေးတစ်ခုပါ။

အဲဒီနောက်မှာတော့ တရုတ်ရမင်ဘီပါ။ ယွမ်လို့လည်းခေါ်ပါတယ်။ တရုတ်အစိုးရက ယွမ်ငွေကို ကမ္ဘာ့အရန် ငွေကြေးတခုအဖြစ်လက်ခံအသုံးပြုစေချင်နေပါတယ်။ တရုတ်နိုင်ငံက ရုရှား၊ ဗီယက်နမ်၊ သီရိလင်္ကာ၊ ထိုင်းနဲ့ ဂျပန်လို နိုင်ငံတချို့နဲ့အကြား၊ ကုန်သွယ်ရေးလုပ်ရာမှာ ယွမ်ငွေနဲ့တိုက်ရိုက် အရောင်းအ ဝယ်လုပ်တာကို ခွင့်ပြုဖို့ သဘောတူလက်မှတ်ရေးထိုးထားတာရှိပါတယ်။ ဒါကြောင့် တရုတ်အနေနဲ့ ဒီတိုင်းပြည်တွေနဲ့ ကုန်သွယ်ရေးလုပ်တဲ့အခါ အမေရိကန်ဒေါ်လာကို အစားထိုးပြီး ယွမ်ငွေနဲ့ တိုက်ရိုက်ရောင်းဝယ်နိုင်ပါလိမ့်မယ်။ အလားတူ သဘောတူညီချက်မျိုးကို ဆော်ဒီအာရေဗျနဲ့လည်း သဘောတူလက်မှတ်ရေးထိုးနှိုင်ဖို့ ကြိုးစားနေပါတယ်။ တကယ်လို့ အဲဒီ လို့သဘောတူညီချက်ရလာခဲ့မယ်ဆိုရင်တော့ ဒါဟာ အလွန်အရေးပါတဲ့ အလှည့်အပြောင်းတခုဖြစ်လာပါလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့၊ ဆော်ဒီအာရေဗျဟာ တရုတ် ရေနံစိမ်းဝယ်ယူမှုအားလုံးရဲ့ (၁၈)ရာခိုင်နှုန်းကိုရောင်းချပေးနေလို့ ဖြစ်ပါတယ်။ ၂ဝ၂၂ ခုနှစ်ရဲ့ ပထမ ၁ဝ လမှာ၊ ဆော်ဒီအာရေဗျကို တရုတ်ရဲ့ ရေနံစိမ်းဖိုးပေးချေရငွေဟာ အမေရိကန် ဒေါ်လာ (၅၅)ဘီလျံရှိပါတယ်။ အဲဒီလောက်များပြားတဲ့ ကုန်သွယ်မှုပမာဏကို ‌ဒေါ်လာငွေမပါဘဲ ယွမ်ငွေနဲ့ အပေးအယူလုပ်ကြဖို့ စဉ်းစားနေကြတာပါ။ တခြားနိုင်ငံတွေကလည်း အဲဒီလိုသဘောတူညီချက်တွေ လက်မှတ်ရေးထိုးဖို့ စဉ်းစားနေကြပါတယ်။

တကယ်တန်းမှာတော့ အဲဒီလိုဖြစ်နေကြပါပြီ။ ဘရာဇီးလ်နဲ့ အာဂျင်တီးနားက ဘုံငွေကြေးတခုထူထောင်ဖို့ စီစဉ်နေကြပါတယ်။ ရုရှားနဲ့ အီရန်က ရွှေကိုကျောထောက်နောက်ခံထားတဲ့ ခရစ်ပ်တိုငွေကြေးကို အသုံးပြုဖို့ လုပ် ဆောင်နေကြပါတယ်။ အိန္ဒိယနဲ့ ယူအေအီးနိုင်ငံက ရေနံမဟုတ်တဲ့ကုန်သွယ်ရေးကို ရူးပီးငွေနဲ့ ငွေပေးငွေယူလုပ်ဖို့ နည်းလမ်းတွေရှာဖွေနေကြပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက သီရိလင်္ကာနိုင်ငံက အိန္ဒိယနဲ့ပြုလုပ်တဲ့ ကုန်သွယ်မှုအားလုံးကို ရူးပီးငွေနဲ့ ငွေပေးငွေယူလုပ်ဖို့ သဘောတူခဲ့ကြပါပြီ။ အိန္ဒိယနဲ့ ရုရှားကတော့ နှစ်နိုင်ငံကုန်သွယ်ရေးကြားမှာ အိန္ဒိယ ရူးပီးငွေကို ပထမဆုံးအကြိမ် အသုံးပြုလိုက်ခြင်းအားဖြင့် ခြေလှမ်းကြီးကြီးတချက်လှမ်းလိုက်ပြီဖြစ်ပါတယ်။

တကယ်တော့ အိန္ဒိယဗဟိုဘဏ်ဟာ နိုင်ငံတကာကုန်သွယ်ရေး ငွေပေးငွေယူကိစ္စတွေကို အိန္ဒိယရူးပိးငွေနဲ့ ဖြေရှင်းဖို့ လုပ်ထုံးလုပ်နည်းနဲ့ ယန္တယားတွေ တစုံလုံးရှိပြီးဖြစ်ပါတယ်။ ဘင်္ဂလားဒက်ရှ်ကလည်း အိန္ဒိယနဲ့ နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်ရေးမှာ အိန္ဒိယရူးပီးကို သုံးဖို စဉ်းစားနေပါပြီ။ ဒါကြောင့် တစ်ကမ္ဘာလုံးက အပြောင်းအလဲဖြစ် နေတာကို တွေ့မြင်နှိုင်ပါတယ်။ တိုင်းပြည်တွေဟာ သူတို့ရဲ့ကံကြမ္မာကို နိုင်ငံတခုထဲရဲ့လက်ထဲမှာ မထားလိုကြတော့ပါဘူး။

ကမ္ဘာကို သြဇာလွှမ်းမိုးခဲ့တဲ့ ဒေါ်လာဆိုတဲ့ မဟာငွေကြေးဟာ အခွင့်အရေးကောင်းတွေ အချိန်အကြာကြီး ရခဲ့တယ်။ သူ့ကိုဖက်ပြိုင်နှိုင်တဲ့ ပြိုင်ဘက်မရှိခဲ့ဘူး။ ယခုအချိန်မှာတော့ အဲဒီလိုကာလက တဖြည်းဖြည်းခြင်း နိဂုံး ကမ္ပတ်အဆုံးသတ်လျက်ရှိနေပါပြီ။

Ref: BRICS Tries to Ride on the Dedollarisation Wave | Vantage with Palki Sharma
- Bretton Woods Agreement and the Institutions It Created Explained
- Is the Mideast Gulf Ready for Non-Dollar Trade?

zawgyi version
“ေဒၚလာ လႊမ္းမိုးမႈကို ပယ္ဖ်က္ရန္ ႀကိဳးစားၾကသူမ်ား” (ဘာသာျပန္ေဆာင္းပါး)
ပရမတၱ ကိုေမာင္ဘ ‌(NP News) - ဇြန္ ၆

ဒီေန႔ေတာ့ ေငြေၾကးရဲ႕ ပထဝီႏိုင္ငံေရးအေၾကာင္းေျပာၾကစို႔။ ကမာၻ႔စီးပြားေရးက ဘယ္ပုံလည္ပတ္ေနတယ္။ ကမာၻ႔အရန္ေငြ ေရစီးေၾကာင္းေျပာင္းလဲဖို႔ ဘယ္လိုေတြ လႈပ္ရွားေနၾကတယ္ဆိုတာကို ေဆြးေႏြးၾကပါစို႔။

ဘာေၾကာင့္ ေဒၚလာက လႊမ္းမိုးႏိုင္တာလဲ
ကမာၻေပၚက တိုင္းျပည္တိုင္းလိုလိုမွာ သူတို႔ကိုယ္ပိုင္သုံး ေငြေၾကးေတြရွိၾကပါတယ္။ ဒါေပမဲ့ တစ္ႏိုင္ငံနဲ႔ တစ္ႏိုင္ငံ ကုန္သြယ္မႈျပဳတဲ့အခါမွာေတာ့ အဲဒီကိုယ္ပိုင္ေငြေၾကးေတြကို အသုံးျပဳၾကတာမဟုတ္ဘဲ အေမရိကန္ေဒၚလာကိုပဲ အမ်ားအားျဖင့္ အသုံးျပဳၾကတာပါ။ ေဒၚလာဟာ ကမာၻမွာ အံတုဖက္ၿပိဳင္လို႔မရေသးတဲ့ ေငြေၾကးတစ္ခုပါ။ ဘယ္ႏိုင္ငံရဲ႕ေငြေၾကးမွ အေမရိကန္ေဒၚလာကို နီးနီးကပ္ကပ္မယွဥ္ၿပိဳင္ႏိုင္ေသးပါ။ ဒါက အသုံးျပဳမႈပမာဏအေနနဲ႔ေျပာတာပါ။ ေရနံကုန္သြယ္ေရး၊ ကုန္ပစၥည္းကုန္သြယ္ေရး၊ လက္နက္ကုန္ သြယ္ေရး စတာေတြအပါအဝင္ ကမာၻ႔ကုန္သြယ္ေရးအမ်ားစုကို ေဒၚလာနဲ႔သာေငြေပးေငြယူလုပ္ေဆာင္ၾကပါတယ္။ ကမာၻ႔ႏိုင္ငံမ်ားအၾကား၊ စီးပြားေရးကုမၸဏီေတြအၾကား ေငြေပးေခ်ၾကရာမွာ ေဒၚလာကိုသာ အသုံးမ်ားၾကပါတယ္။

ဒါ့ျပင္ အေမရိကန္ေဒၚလာဟာ ကမာၻ႔ေပၚမွာလႊမ္းမိုးတဲ့ အရန္ေငြေၾကးလည္းျဖစ္ပါတယ္။ အဲဒါက ဘာအဓိပၸာယ္လည္းဆိုရင္ တစ္ကမာၻလုံးက ႏိုင္ငံအမ်ားအျပားဟာ သူတို႔ပိုင္ဆိုင္တဲ့ အစုလိုက္အပုံလိုက္ ခ်မ္းသာႂကြယ္ဝမႈေတြကို ေဒၚလာေငြေၾကးအျဖစ္ လဲလွယ္ကိုင္ေဆာင္သိမ္းဆည္းထားတယ္ဆိုတာဘဲျဖစ္ပါတယ္။ အဲဒါသူတို႔ရဲ႕ အရန္ေငြေၾကးဆိုတာပါ။ ဒါေၾကာင့္ ေဒၚလာေငြေၾကးမရွိရင္ ကမာၻလုံးဆိုင္ရာ ဘ႑ာေရးစနစ္က ၿပိဳလဲသြားပါလိမ့္မယ္။ ကမာၻ႔စီးပြားေရးလည္း အလားတူၿပိဳလဲသြားပါလိမ့္မယ္။ ဒါေၾကာင့္ ေဒၚလာနဲ႔ အေမရိကန္ျပည္ေထာင္စုတို႔ရဲ႕ပုခုံးေပၚမွာ တာဝန္ေတြ အမ်ားႀကီးတည္ရွိေနပါတယ္။ ဒါက သိပ္ေကာင္းတဲ့ကိစၥေတာ့မဟုတ္ပါဘူး။

၂ဝ၂ဝ ခုႏွစ္စာရင္းအရ လွည့္လည္သုံးစြဲေနတဲ့ အေမရိကန္ေဒၚလာဟာ (၂)ထရီလ်ံနီးပါးရွိပါတယ္။ အဲဒီအထဲက တစ္ဝက္ေလာက္ဟာ အေမရိကန္ႏိုင္ငံျပင္ပမွာ လွည့္ပတ္သုံးစြဲေနတယ္လို႔ ယုံၾကည္ၾကပါတယ္။ ကမာၻ႔ႏိုင္ငံျခား ေငြလဲလွယ္ေရာင္းဝယ္မႈ အားလုံးရဲ႕ (၉ဝ)ရာခိုင္ႏႈန္းက အေမရိကန္ေဒၚလာနဲ႔ ဆက္စပ္ေနတာပါ။ တစ္ကမာၻလုံးက အေႂကြးေတြအားလုံးရဲ႕ (၄ဝ)ရာခိုင္ႏႈန္းကိုလည္း ေဒၚလာနဲ႔ဘဲ သတ္မွတ္ထားပါတယ္။ ဒါေၾကာင့္ ေဒၚလာဟာ ဘယ္ေလာက္ေတာင္ အင္အားႀကီးသလဲ မွန္းဆလို႔ရပါတယ္။

ေဒၚလာဘယ္လို အင္အားႀကီးမားလာတာလဲ
ဒုတိယကမာၻစစ္ႀကီး မၿပီးခင္အထိ၊ ကမာၻ႔ႏိုင္ငံေတြရဲ႕ ေငြေၾကးေတြကို ေ႐ႊနဲ႔ဘဲ တန္ဖိုးသတ္မွတ္ ခ်ိတ္ ဆက္ ထားၾကပါတယ္။ ဒါေၾကာင့္ ေ႐ႊဟာ စံေငြေၾကးျဖစ္ပါတယ္။ ကုန္ပစၥည္းတန္ဖိုးေတြကို ဒီအေျခခံအေပၚမွာသာ မူတည္ၿပီးဆုံးျဖတ္ၾကတာပါ။

ဒုတိယကမာၻစစ္ႀကီးၿပီးခါနီး ၁၉၄၄ ခုႏွစ္မွာ၊ အေမရိကန္နဲ႔ တျခား ၄၄ ႏိုင္ငံက ကိုယ္စားလွယ္ေတြဟာ၊ အေမရိကန္ႏိုင္ငံ၊ နယူးဟမ့္ပ္ရႈိင္းယားျပည္နယ္၊ ဘရက္တန္ဝုဒ္စ္ Bretton Woods ၿမိဳ႕မွာေတြ႕ဆုံေဆြး ေႏြးၾကၿပီး ဘရက္တန္ဝုဒ္စ္ သေဘာတူညီခ်က္ဆိုတာကိုခ်မွတ္ခဲ့ပါတယ္။ အဲဒါက ေ႐ႊကို အေမရိကန္ေဒၚလာရဲ႕အေျခခံအျဖစ္သတ္မွတ္ၿပီး တျခားႏိုင္ငံေတြရဲ႕ေငြေၾကးေတြကို အေမရိကန္ေဒၚလာနဲ႔ တန္ဖိုးသတ္မွတ္ခ်ိတ္ဆက္ထားျခင္းပါဘဲ။ ဒါေၾကာင့္အေမရိကန္‌နဲ႔ ကုန္သြယ္ေရးလုပ္တဲ့ႏိုင္ငံျခားတိုင္းျပည္ေတြက သူတို႔ရလာတဲ့ အေမရိကန္ေဒၚလာကို အေမရိကန္အစိုးရဆီမွာ သတ္မွတ္ထားတဲ့ေ႐ႊပမာဏနဲ႔ လဲလွယ္ယူခြင့္ရွိပါတယ္။ ဒီလိုနဲ႔ အေမရိကန္အစိုးရမွာ သိုေလွာင္ထားတဲ့ အရန္ေ႐ႊပမာဏ တေျဖးေျဖးေလ်ာ့နည္းလာၿပီး ေ႐ႊပမာဏအလုံအေလာက္မရွိျဖစ္လာတဲ့အတြက္၊ သမၼတ ရစ္ခ်တ္နစ္ဆင္လက္ထက္ ၁၉၇၃ ခုႏွစ္မွာ အေမရိကန္ေဒၚလာနဲ႔ ေ႐ႊခ်ိတ္ဆက္ထားမႈကို ႐ုတ္တရက္ပယ္ဖ်က္လိုက္ပါတယ္။ အဓိပၸာယ္က အေမရိကန္ေဒၚလာနဲ႔ ေ႐ႊကိုလဲလွယ္ယူလို႔ မရေတာ့ပါဘူး။ ဒီလိုနည္းနဲ႔ ကမာၻ႔ႏိုင္ငံမ်ားရဲ႕ေငြေၾကးေတြဟာ၊ ေ႐ႊအစား ယုံၾကည္မႈကိုသာ အေျခခံထားတဲ့ အေမရိကန္ ေဒၚလာ နဲ႔ ခ်ိတ္ဆက္အေရာင္းအဝယ္လုပ္ၾကရပါေတာ့တယ္။

ဒီျဖစ္စဥ္ကိုေလ့လာၾကည့္ရင္ အေမရိကန္အေနနဲ႔ သူ႔ေဒၚလာအေပၚမွာ ကမာၻ႔ႏိုင္ငံမ်ားကယုံၾကည္မႈရွိလာေအာင္ ပထမပိုင္းမွာ ေ႐ႊကိုေက်ာေထာက္ေနာက္ခံျပဳ၊ တန္ဖိုးသတ္မွတ္ခ်ိတ္ဆက္ျခင္းထားျခင္းအားျဖင့္ ယုံၾကည္မႈကိုတည္ေဆာက္ပါတယ္။ ဒီလိုအာမခံမႈက ႏွစ္ေပါင္း ၃ဝ နီးပါး တာရွည္ခံခဲ့ပါတယ္။ အဲဒီေနာက္ ေ႐ႊနဲ႔လဲလွယ္ေပးဖို႔ အာမ မခံႏိုင္တဲ့အခါမွာ ဘယ္ႏိုင္ငံနဲ႔မွ တိုင္ပင္ေဆြးေႏြးျခင္းမလုပ္ေတာ့ဘဲ ႐ုတ္တရက္ျဖတ္ခ်လိုက္တာပါဘဲ။ မိမိတို႔ရဲ႕ ႂကြယ္ဝခ်မ္းသာမႈကို အရန္ေငြေၾကးအျဖစ္ ေဒၚလာကို လက္ဝယ္စုေဆာင္းထားၾကတဲ့ တျခားႏိုင္ငံေတြက ေအးေအးေဆးေဆး လက္ခံ႐ုံကလြဲလို႔ ဘာမွမတတ္ႏိုင္ပါဘူး။

၁၉၇ဝ ခုႏွစ္ေတြမွာ ေရနံေစ်းေတြတက္လာေတာ့ ေရနံတင္ပို႔တဲ့ႏိုင္ငံေတြမွာ အျမတ္ေငြေတြနဲ႔ အခြန္ေငြေတြ အမ်ားအျပားရပါတယ္။ ေရနံဝယ္တဲ့ႏိုင္ငံေတြကလည္း ေဒၚလာနဲ႔သာ ေငြေပးေငြယူလုပ္ၾကပါတယ္။ ဒါေၾကာင့္ ေရနံထုတ္လုပ္တင္ပို႔တဲ့ႏိုင္ငံေတြမွာ အဲဒီေဒၚလာေငြေတြ စုပုံလာပါတယ္။ အဲဒီေငြေတြကို ပက္ထ႐ို‌ ‌ေဒၚလာလို႔ေခၚၾကပါတယ္။ ေဒၚလာကို ဒီလိုလက္ခံၾကတာဟာ ေရနံတင္ပို႔တဲ့ ႏိုင္ငံေတြက အေမရိကန္ႏိုင္ငံအေပၚစိတ္ေကာင္းေစတနာရွိမႈေၾကာင့္မဟုတ္ပါဘူး။

ေဒၚလာကို ေ႐ႊေက်ာေထာက္ေနာက္ခံမရွိဘဲ ကမာၻ႔အရန္ေငြေၾကးအျဖစ္လက္ခံၾကရတဲ့ အဓိကအခ်က္က အေမရိကန္စီးပြားေရးက ကမာၻေပၚမွာအႀကီးဆုံးျဖစ္သလို၊ သြင္းကုန္တင္သြင္းမႈကလည္း ကမာၻ႔အႀကီးဆုံးျဖစ္ေနတာေၾကာင့္ပါ။ ေနာက္ၿပီး ဥပေဒနဲ႔ ထိန္းခ်ဳပ္ေနာက္ခံျပဳေပးထားတဲ့ ေငြေပၚလြယ္တဲ့ ေငြေၾကးအရင္းအႏွီးေစ်းကြက္ ႀကီးႀကီးမားမားရွိေနတာနဲ႔ ႀကီးမားတဲ့ စစ္အင္အားကိုပိုင္ဆိုင္ထားတဲ့အတြက္ေၾကာင့္လည္းျဖစ္ပါတယ္။

ႏိုင္ငံေတြရဲ႕ေငြေၾကးဟာ ေဒၚလာနဲ႔ခ်ိတ္ဆက္ရာမွာ တစ္ခုနဲ႔ တစ္ခုႏႈိင္းယွဥ္ခ်က္အရသာ ေငြလဲႏႈန္းျဖစ္ လာရတာပါ။ ဥပမာ တစ္ေဒၚလာကို တ႐ုတ္ယြမ္ေငြ (၇)ယြမ္လဲႏႈန္းရွိၿပီး ျမန္မာေငြနဲ႔ ေဒၚလာလဲရာမွာ တစ္ေဒၚလာကို ၂ဝဝဝ က်ပ္ရတယ္ဆိုပါစို႔။ ဒါဆိုရင္ တ႐ုတ္ေငြ (၇)ယြမ္မွာ ျမန္မာေငြ (၂ဝဝဝ)က်ပ္နဲ႔ညီမွ်တဲ့အတြက္ တ႐ုတ္တယြမ္ဟာ ျမန္မာေငြ (၂၈၅)က်ပ္နဲ႔ ညီမွ်ပါတယ္။ ဒီလိုေဒၚလာနဲ႔ ႏႈိင္းယွဥ္ျခင္းအားျဖင့္ တျခားေငြလဲႏႈန္းေတြျဖစ္ေပၚလာပါတယ္။

အႏၲရာယ္ကို ျမင္လာၾကၿပီ
ရင္းႏွီးျမႇဳပ္ႏွံသူ စီးပြားေရးသမားေတြရဲ႕အျမင္မွာ ေဒၚလာဟာ တည္ၿငိမ္တယ္။ ခိုင္မာတယ္ဆိုၿပီး စိတ္ခ်ယုံၾကည္ၾကပါတယ္။ ဒါေပမဲ့ ယခုေနာက္ပိုင္းမွာ ‌ေဒၚလာအေပၚအစိုးရေတြရဲ႕အျမင္က ေျပာင္းလဲလာပါတယ္။ ႏိုင္ငံေတာ္ေတာ္မ်ားက အေမရိကန္ေဒၚလာအေပၚ အမွီခိုလြန္ကဲမႈရဲ႕ အႏၲရာယ္ကို သိျမင္လာၾကပါတယ္။

ဥပမာ ႐ုရွားကိုဘဲၾကည့္ပါ။ ယူကရိန္းနဲ႔စစ္မျဖစ္ခင္က ႐ုရွားမွာႏိုင္ငံျခားအရန္ေငြ အေမရိကန္ေဒၚလာ (၆ဝဝ)ဘီလ်ံေက်ာ္ရွိပါတယ္။ ယူကရိန္းစစ္ပြဲျဖစ္ေတာ့ အေမရိကန္က သူ႔ရဲ႕‌ေဒၚလာေငြအေပၚခ်ဳပ္ကိုင္ထားႏႈိင္မႈ အားသာခ်က္ကို လက္နက္သဖြယ္အသုံးခ်ၿပီး၊ ႐ုရွားေတြရဲ႕ေငြ ထုတ္လို႔မရေအာင္ ပိတ္ပင္ထားလိုက္ပါတယ္။ အေမရိကန္ဟာ သူလုပ္ခ်င္တယ္ဆိုရင္ ဘယ္ႏိုင္ငံအေပၚမဆို ဒီလိုလုပ္လို႔ရပါတယ္။ အေမရိကန္ရဲ႕ ဒီလိုမေတာ္မတရားလုပ္ႏိုင္တဲ့ အာဏာပါဝါကို တျခားႏိုင္ငံေတြကလည္း စိုးရိမ္ထိတ္လန႔္လာၾကပါတယ္။ အစိုးရိမ္ဆုံးက တ႐ုတ္ႏိုင္ငံပါ။ တျခားႏိုင္ငံေတြကလည္း ေဒၚလာအေပၚ ယုံၾကည္မႈကင္းမဲ့ လာပါတယ္။

ကမာၻ႔တစ္ခုတည္းေသာ အရန္ေငြေၾကးစနစ္ကို တြန္းလွန္ရန္ႀကိဳးပမ္းမႈမ်ား
ဒါေၾကာင့္ ဒီဒဏ္ကိုခံရတဲ့ ပထမဆုံးႏိုင္ငံျဖစ္တဲ့ ႐ုရွားက ဘရစ္(BRICS)ႏိုင္ငံေတြအေနနဲ႔ ဘုံေငြေၾကးတရပ္ထူေထာင္ဖို႔ ႀကိဳးပမ္းလာတာေတြ႕ရပါတယ္။ BRICS ဆိုတာက စီးပြားေရးအားေကာင္းလာေနတဲ့ ဘရာဇီးလ္၊ ႐ုရွား၊ အိႏၵိယ၊ တ႐ုတ္နဲ႔ ေတာင္အာဖရိက ငါးႏိုင္ငံပါဝင္တဲ့အဖြဲ႕ပါ။ သူတို႔ငါးႏိုင္ငံရဲ႕ စုစုေပါင္း စီးပြားေရးက ကမာၻ႔စီးပြားေရးရဲ႕ (၂၄)ရာခိုင္ႏႈန္းရွိပါတယ္။ ကမာၻ႔လူဦးေရအားလုံးရဲ႕ (၄ဝ)ရာခိုင္ႏႈန္းကိုကိုယ္စားျပဳပါတယ္။ ဒီငါးႏိုင္ငံက ဘုံေငြေၾကး တရပ္ကိုထူေထာင္မယ္ဆိုရင္ အေမရိကန္ ေဒၚလာရဲ႕ တဉီးတည္းဗိုလ္က်မႈကို စိန္ေခၚလာပါလိမ့္မယ္။

ကမာၻမွာ ေဒၚလာလိုဘဲ ဥေရာပႏိုင္ငံမ်ားက ဘုံအသုံးျပဳေနတဲ့ ေငြေၾကးတစ္မ်ိဳးရွိပါေသးတယ္။ ယူ႐ိုပါ။ ဥေရာပသမဂၢအဖြဲ႕ဝင္(၂၇)ႏိုင္ငံအနက္ ႏိုင္ငံ(၂ဝ)ရဲ႕တရားဝင္ေငြေၾကးျဖစ္ပါတယ္။ ဒီႏိုင္ငံေတြရဲ႕လူဦးေရ စုစုေပါင္းက (၃၄၄)သန္းရွိၿပီး ကမာၻေပၚမွာ ေဒၚလာၿပီးရင္ လူအသုံးအမ်ားဆုံးေငြေၾကးတစ္ခုလည္းျဖစ္ပါတယ္။ ယူ႐ိုေငြေၾကးကို ၁၉၉၉ ခုႏွစ္ ဇန္နဝါရီလ ၁ ရက္ကစတင္ၿပီး ေငြစာရင္းတြက္ခ်က္ရာမွာ အီလက္ထေရာနစ္ေငြေပးေခ်မႈေတြမွာ စတင္အသုံးျပဳခဲ့ၿပီး၊ ၂ဝဝ၂ ဇန္နဝါရီလ ၁ ရက္မွာေတာ့ ေငြစကၠဴနဲ႔ အေႂကြအႏုတ္ေတြကို မူလ အမ်ိဳးသားေငြ ေၾကးေတြ ေနရာမွာ အစားထိုးလဲလွယ္သုံးစြဲလာခဲ့ပါတယ္။ ယူ႐ို သုံးတဲ့ ဥေရာပႏိုင္ငံေတြကို ယူ႐ိုဇုန္လို႔ေခၚပါတယ္။

ေနာက္တတိယေျမာက္ ကုန္သြယ္မႈအျပဳဆုံး၊ လူအသုံးအမ်ားဆုံးေငြေၾကးက ဂ်ပန္ယန္းပါ။ ဂ်ပန္ယန္း ေငြဟာ ကမာၻ႔တတိယအႀကီးဆုံး အရန္ေငြေၾကးတစ္ခုလည္းျဖစ္ပါတယ္။ စတုတၳေျမာက္ အႀကီးဆုံးအရန္ေငြေၾကးက ယူေကႏိုင္ငံရဲ႕ ေပါင္စတာလင္ေငြေၾကးပါ။ ေပါင္စတာလင္က ကမာၻေပၚမွာ လက္ရွိအသုံးျပဳဆဲ၊ ေရွးအက်ဆုံး ေငြေၾကးတစ္ခုပါ။

အဲဒီေနာက္မွာေတာ့ တ႐ုတ္ရမင္ဘီပါ။ ယြမ္လို႔လည္းေခၚပါတယ္။ တ႐ုတ္အစိုးရက ယြမ္ေငြကို ကမာၻ႔အရန္ ေငြေၾကးတခုအျဖစ္လက္ခံအသုံးျပဳေစခ်င္ေနပါတယ္။ တ႐ုတ္ႏိုင္ငံက ႐ုရွား၊ ဗီယက္နမ္၊ သီရိလကၤာ၊ ထိုင္းနဲ႔ ဂ်ပန္လို ႏိုင္ငံတခ်ိဳ႕နဲ႔အၾကား၊ ကုန္သြယ္ေရးလုပ္ရာမွာ ယြမ္ေငြနဲ႔တိုက္႐ိုက္ အေရာင္းအ ဝယ္လုပ္တာကို ခြင့္ျပဳဖို႔ သေဘာတူလက္မွတ္ေရးထိုးထားတာရွိပါတယ္။ ဒါေၾကာင့္ တ႐ုတ္အေနနဲ႔ ဒီတိုင္းျပည္ေတြနဲ႔ ကုန္သြယ္ေရးလုပ္တဲ့အခါ အေမရိကန္ေဒၚလာကို အစားထိုးၿပီး ယြမ္ေငြနဲ႔ တိုက္႐ိုက္ေရာင္းဝယ္ႏိုင္ပါလိမ့္မယ္။ အလားတူ သေဘာတူညီခ်က္မ်ိဳးကို ေဆာ္ဒီအာေရဗ်နဲ႔လည္း သေဘာတူလက္မွတ္ေရးထိုးႏႈိင္ဖို႔ ႀကိဳးစားေနပါတယ္။ တကယ္လို႔ အဲဒီ လို႔သေဘာတူညီခ်က္ရလာခဲ့မယ္ဆိုရင္ေတာ့ ဒါဟာ အလြန္အေရးပါတဲ့ အလွည့္အေျပာင္းတခုျဖစ္လာပါလိမ့္မယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့၊ ေဆာ္ဒီအာေရဗ်ဟာ တ႐ုတ္ ေရနံစိမ္းဝယ္ယူမႈအားလုံးရဲ႕ (၁၈)ရာခိုင္ႏႈန္းကိုေရာင္းခ်ေပးေနလို႔ ျဖစ္ပါတယ္။ ၂ဝ၂၂ ခုႏွစ္ရဲ႕ ပထမ ၁ဝ လမွာ၊ ေဆာ္ဒီအာေရဗ်ကို တ႐ုတ္ရဲ႕ ေရနံစိမ္းဖိုးေပးေခ်ရေငြဟာ အေမရိကန္ ေဒၚလာ (၅၅)ဘီလ်ံရွိပါတယ္။ အဲဒီေလာက္မ်ားျပားတဲ့ ကုန္သြယ္မႈပမာဏကို ‌ေဒၚလာေငြမပါဘဲ ယြမ္ေငြနဲ႔ အေပးအယူလုပ္ၾကဖို႔ စဥ္းစားေနၾကတာပါ။ တျခားႏိုင္ငံေတြကလည္း အဲဒီလိုသေဘာတူညီခ်က္ေတြ လက္မွတ္ေရးထိုးဖို႔ စဥ္းစားေနၾကပါတယ္။

တကယ္တန္းမွာေတာ့ အဲဒီလိုျဖစ္ေနၾကပါၿပီ။ ဘရာဇီးလ္နဲ႔ အာဂ်င္တီးနားက ဘုံေငြေၾကးတခုထူေထာင္ဖို႔ စီစဥ္ေနၾကပါတယ္။ ႐ုရွားနဲ႔ အီရန္က ေ႐ႊကိုေက်ာေထာက္ေနာက္ခံထားတဲ့ ခရစ္ပ္တိုေငြေၾကးကို အသုံးျပဳဖို႔ လုပ္ ေဆာင္ေနၾကပါတယ္။ အိႏၵိယနဲ႔ ယူေအအီးႏိုင္ငံက ေရနံမဟုတ္တဲ့ကုန္သြယ္ေရးကို ႐ူးပီးေငြနဲ႔ ေငြေပးေငြယူလုပ္ဖို႔ နည္းလမ္းေတြရွာေဖြေနၾကပါတယ္။ ၿပီးခဲ့တဲ့ ဒီဇင္ဘာလက သီရိလကၤာႏိုင္ငံက အိႏၵိယနဲ႔ျပဳလုပ္တဲ့ ကုန္သြယ္မႈအားလုံးကို ႐ူးပီးေငြနဲ႔ ေငြေပးေငြယူလုပ္ဖို႔ သေဘာတူခဲ့ၾကပါၿပီ။ အိႏၵိယနဲ႔ ႐ုရွားကေတာ့ ႏွစ္ႏိုင္ငံကုန္သြယ္ေရးၾကားမွာ အိႏၵိယ ႐ူးပီးေငြကို ပထမဆုံးအႀကိမ္ အသုံးျပဳလိုက္ျခင္းအားျဖင့္ ေျခလွမ္းႀကီးႀကီးတခ်က္လွမ္းလိုက္ၿပီျဖစ္ပါတယ္။

တကယ္ေတာ့ အိႏၵိယဗဟိုဘဏ္ဟာ ႏိုင္ငံတကာကုန္သြယ္ေရး ေငြေပးေငြယူကိစၥေတြကို အိႏၵိယ႐ူးပိးေငြနဲ႔ ေျဖရွင္းဖို႔ လုပ္ထုံးလုပ္နည္းနဲ႔ ယႏၲယားေတြ တစုံလုံးရွိၿပီးျဖစ္ပါတယ္။ ဘဂၤလားဒက္ရွ္ကလည္း အိႏၵိယနဲ႔ ႏွစ္ႏိုင္ငံ အျပန္အလွန္ကုန္သြယ္ေရးမွာ အိႏၵိယ႐ူးပီးကို သုံးဖို စဥ္းစားေနပါၿပီ။ ဒါေၾကာင့္ တစ္ကမာၻလုံးက အေျပာင္းအလဲျဖစ္ ေနတာကို ေတြ႕ျမင္ႏႈိင္ပါတယ္။ တိုင္းျပည္ေတြဟာ သူတို႔ရဲ႕ကံၾကမၼာကို ႏိုင္ငံတခုထဲရဲ႕လက္ထဲမွာ မထားလိုၾကေတာ့ပါဘူး။

ကမာၻကို ၾသဇာလႊမ္းမိုးခဲ့တဲ့ ေဒၚလာဆိုတဲ့ မဟာေငြေၾကးဟာ အခြင့္အေရးေကာင္းေတြ အခ်ိန္အၾကာႀကီး ရခဲ့တယ္။ သူ႔ကိုဖက္ၿပိဳင္ႏႈိင္တဲ့ ၿပိဳင္ဘက္မရွိခဲ့ဘူး။ ယခုအခ်ိန္မွာေတာ့ အဲဒီလိုကာလက တျဖည္းျဖည္းျခင္း နိဂုံး ကမၸတ္အဆုံးသတ္လ်က္ရွိေနပါၿပီ။

Ref: BRICS Tries to Ride on the Dedollarisation Wave | Vantage with Palki Sharma
- Bretton Woods Agreement and the Institutions It Created Explained
- Is the Mideast Gulf Ready for Non-Dollar Trade?

Related news

© 2021. All rights reserved.