ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဗူးဘုရား မိုးကြိုးစက်ကွင်းမိ၍ အနည်းငယ်ပျက်စီး

890

စော (NP News) - ဇွန် ၇
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဗူးဘုရားအား မိုးကြိုးစက်ကွင်းမိ၍ အနည်းငယ်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဧရာဝတီကမ်းစပ်ရှိ ဗူးဘုရားသည် ယမန်နေ့(ဇွန်လ ၆ ရက်)၊ ည (၉)နာရီခွဲဝန်းကျင်အချိန်တွင် မိုးများသည်းထန်စွာရွာသွန်းမှုနှင့်အတူ မိုးကြိုးစက်ကွင်း ထိမှန်ခဲ့ခြင်းဖြစ်ကြာင်း ပုဂံရှေးဟောင်းသုတေသနဌာန ညွှန်ကြားရေးမှူး ဦးမြင့်သန်းထံမှ သိရသည်။
“မနေ့ကညက မိုးထစ်ချုန်းရွာတယ်။ လျှပ်စီးတွေလည်းလက်တယ်။ မိုးကြိုးပစ်တာက ဧရာဝတီမြစ်ပြင်ဘက်ကို ပစ်တာပဲ။ ပစ်ရင်းနဲ့ စက်ကွင်းကမလွတ်တဲ့အခါကြတော့ ဘုရားမှာလည်း ထိခိုက်ပျက်စီးမှုဖြစ်သွားပါတယ်။ မိုးကြိုးစက်ကွင်းမမိအောင် သူတို့လည်းမိုးကြိုးလွှဲတတ်ထားတာပေါ့။ သဘာဝဘေး အန္တရာယ်ဖြစ်တဲ့အခါကြတော့ ကြိုတင်ကာကွယ်တဲ့ဟာတွေ တပ်ထားသော်ငြားလည်း ဒီလိုမတော်တဆဖြစ်သွားတာပဲ။ အဲဒီဟာတွေက အလုပ် လုပ်မလုပ်တော့မသိဘူးပေါ့။ ဂေါပကအဖွဲ့တွေကိုပြန်ပြောပြီးတော့မှ မိုးကြိုးလွှဲတွေကို ပြန်စစ်ဆေးတာတွေလုပ်ရမှာပေါ့”ဟု ပုဂံရှေးဟောင်း သုတေသနဌာန ညွှန်ကြားရေးမှူး ဦးမြင့်သန်းက NP News ကိုပြောသည်။
မိုးကြိုးစက်ကွင်းကြောင့် စေတီတော်၏ လုံးပတ်တော်ကြီးတွင် အနက်(၂)စင်တီမီတာနှင့် အကျယ်(၂) လက်မရှိသည့် အပေါက်ရာ(၂)ခုဖြစ်ပေါ်ခဲ့ပြီး ထီးတော်၏အောက်ဘက်တွင် (၆)လက်မခန့် အင်္ဂတေကျောက်သားများ ကွာသွားကြောင်း သိရသည်။
အဆိုပါဗူးဘုရားအား ပုဂံရှေးဟောင်းသုတေသနဌာနမှ ယနေ့(ဇွန်လ ၇ ရက်)မှစတင်၍ ပြန်လည်ပြုပြင် ဆောင်ရွက်သွားမည်ဖြစ်ပြီး သုံးရက်နီးပါး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ဌာနက ပြုပြင်ထိန်းသိမ်းရေးအဖွဲ့တွေ ဒီကနေ့မှာစပြီး ပြန်လည်ပြုပြင်ဆောင်ရွက်နေပါတယ်။ ဒီနေ့ကစပြီး ထိန်းသိမ်းလိုက်ရင်နှစ်ရက်သုံးရက်အတွင်းမှာ ပြီးသွားမှာပါ။ ဖြစ်နိုင်ရင်တော့ အမြန်ဆုံးပြီးအောင်ပြင်သွားမှာပေါ့”ဟု ၎င်းကဆက်လက်ပြောဆိုထားသည်။

zawgyi version
ပုဂံ ေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမရွိ ဗူးဘုရား မိုးႀကိဳးစက္ကြင္းမိ၍ အနည္းငယ္ပ်က္စီး
ေစာ (NP News) - ဇြန္ ၇
မႏၲေလးတိုင္း၊ ေညာင္ဦးၿမိဳ႕နယ္၊ ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမရွိ ဗူးဘုရားအား မိုးႀကိဳးစက္ကြင္းမိ၍ အနည္းငယ္ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း သိရသည္။
ဧရာဝတီကမ္းစပ္ရွိ ဗူးဘုရားသည္ ယမန္ေန႔(ဇြန္လ ၆ ရက္)၊ ည (၉)နာရီခြဲဝန္းက်င္အခ်ိန္တြင္ မိုးမ်ားသည္းထန္စြာ႐ြာသြန္းမႈႏွင့္အတူ မိုးႀကိဳးစက္ကြင္း ထိမွန္ခဲ့ျခင္းျဖစ္ၾကာင္း ပုဂံေရွးေဟာင္းသုေတသနဌာန ၫႊန္ၾကားေရးမႉး ဦးျမင့္သန္းထံမွ သိရသည္။
“မေန႔ကညက မိုးထစ္ခ်ဳန္း႐ြာတယ္။ လွ်ပ္စီးေတြလည္းလက္တယ္။ မိုးႀကိဳးပစ္တာက ဧရာဝတီျမစ္ျပင္ဘက္ကို ပစ္တာပဲ။ ပစ္ရင္းနဲ႔ စက္ကြင္းကမလြတ္တဲ့အခါၾကေတာ့ ဘုရားမွာလည္း ထိခိုက္ပ်က္စီးမႈျဖစ္သြားပါတယ္။ မိုးႀကိဳးစက္ကြင္းမမိေအာင္ သူတို႔လည္းမိုးႀကိဳးလႊဲတတ္ထားတာေပါ့။ သဘာဝေဘး အႏၲရာယ္ျဖစ္တဲ့အခါၾကေတာ့ ႀကိဳတင္ကာကြယ္တဲ့ဟာေတြ တပ္ထားေသာ္ျငားလည္း ဒီလိုမေတာ္တဆျဖစ္သြားတာပဲ။ အဲဒီဟာေတြက အလုပ္ လုပ္မလုပ္ေတာ့မသိဘူးေပါ့။ ေဂါပကအဖြဲ႕ေတြကိုျပန္ေျပာၿပီးေတာ့မွ မိုးႀကိဳးလႊဲေတြကို ျပန္စစ္ေဆးတာေတြလုပ္ရမွာေပါ့”ဟု ပုဂံေရွးေဟာင္း သုေတသနဌာန ၫႊန္ၾကားေရးမႉး ဦးျမင့္သန္းက NP News ကိုေျပာသည္။
မိုးႀကိဳးစက္ကြင္းေၾကာင့္ ေစတီေတာ္၏ လုံးပတ္ေတာ္ႀကီးတြင္ အနက္(၂)စင္တီမီတာႏွင့္ အက်ယ္(၂) လက္မရွိသည့္ အေပါက္ရာ(၂)ခုျဖစ္ေပၚခဲ့ၿပီး ထီးေတာ္၏ေအာက္ဘက္တြင္ (၆)လက္မခန႔္ အဂၤေတေက်ာက္သားမ်ား ကြာသြားေၾကာင္း သိရသည္။
အဆိုပါဗူးဘုရားအား ပုဂံေရွးေဟာင္းသုေတသနဌာနမွ ယေန႔(ဇြန္လ ၇ ရက္)မွစတင္၍ ျပန္လည္ျပဳျပင္ ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး သုံးရက္နီးပါး ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔ဌာနက ျပဳျပင္ထိန္းသိမ္းေရးအဖြဲ႕ေတြ ဒီကေန႔မွာစၿပီး ျပန္လည္ျပဳျပင္ေဆာင္႐ြက္ေနပါတယ္။ ဒီေန႔ကစၿပီး ထိန္းသိမ္းလိုက္ရင္ႏွစ္ရက္သုံးရက္အတြင္းမွာ ၿပီးသြားမွာပါ။ ျဖစ္ႏိုင္ရင္ေတာ့ အျမန္ဆုံးၿပီးေအာင္ျပင္သြားမွာေပါ့”ဟု ၎ကဆက္လက္ေျပာဆိုထားသည္။