ဂျပန်ပင်လယ်နှင့် အရှေ့တရုတ်ပင်လယ်တို့တွင် တရုတ်နှင့် ရုရှားတို့ ပူးတွဲလေကြောင်း ကင်းလှည့်မှုများ ပြုလုပ်

814

Pika (NP News) - ဇွန် ၇
တရုတ်နှင့် ရုရှားတို့သည် ဇွန်လ(၆)ရက်တွင် ဂျပန်ပင်လယ်နှင့် အရှေ့တရုတ်ပင်လယ်တို့မှာ (၂ဝ၁၉) ခုနှစ် နောက်ပိုင်း ခြောက်ကြိမ်မြောက် ပူးတွဲလေကြောင်းကင်းလှည့်မှုများကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
တရုတ်နှင့် ရုရှားတို့၏ ပူးတွဲလေကြောင်းကင်းလှည့်မှုများကြောင့် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့သည် ၎င်းတို့၏ တိုက်လေယာဉ်များကို ဝေဟင်သို့ ချက်ချင်းစေလွှတ်ခဲ့ရကြောင်း သိရသည်။ အဆိုပါ ပူးတွဲလေကြောင်း ကင်းလှည့်ခြင်းသည် တရုတ်နှင့် ရုရှားနှစ်နိုင်ငံ စစ်တပ်၏ နှစ်စဉ်ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာန က ပြောကြားခဲ့သည်။
ရုရှားတိုက်လေယာဉ်လေးစင်း နှင့် တရုတ်တိုက်လေယာဉ်လေးစင်းတို့သည် ကိုရီးယားကျွန်းဆွယ် အရှေ့ဖက် နှင့် တောင်ဖက်ရှိ တောင်ကိုရီးယားလေကြောင်းကာကွယ်ရေးဇုန်သို့ ဝင်ရောက်လာခဲ့ပြီးနောက် တိုက်လေယာဉ်များကို ဝေဟင်သို့ ချက်ချင်းစေလွှတ်ခဲ့ရကြောင်း တောင်ကိုရီးယားစစ်တပ် က ပြောကြားခဲ့သည်။
ရုရှား၏ ဗုံးကြဲလေယာဉ်နှစ်စင်းသည် ဂျပန်ပင်လယ်ပြင်ပေါ်တွင် ပျံသန်းနေသော တရုတ်၏ ဗုံးကြဲလေယာဉ် နှစ်စင်း နှင့် ချိတ်ဆက်ခဲ့ပြီး အရှေ့တရုတ်ပင်လယ်သို့ အတူတကွပျံသန်းခဲ့ပြီးနောက် ဂျပန်စစ်တပ်သည် တိုက်လေယာဉ်များကို ချက်ချင်းစေလွှတ်ခဲ့ရကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ပြုလုပ်ခဲ့သော တရုတ်နှင့် ရုရှားတို့၏ နောက်ဆုံးပူးတွဲလေကြောင်းကင်းလှည့်မှုတွင် တရုတ်၏ H-6K ဗုံးကြဲလေယာဉ်များ၊ ရုရှား၏ TU-95 ဗုံးကြဲလေယာဉ်များ နှင့် SU-35 တိုက်လေယာဉ်များသည် တောင်ကိုရီးယား၏ လေကြောင်းကာကွယ်ရေး သတ်မှတ်ဇုန် (KADIZ) သို့ ဝင်ရောက်လာခဲ့ပြီးနောက် တောင်ကိုရီးယားစစ်တပ်သည် တိုက်လေယာဉ်များကို ဝေဟင် သို့ စေလွှတ်ခဲ့ရသည်။
ထို့အပြင် တရုတ်ဗုံးကြဲလေယာဉ်များနှင့် ရုရှား၏ ဒရုန်းနှစ်စင်း ဂျပန်ပင်လယ်တွင် ပျံသန်းနေချိန်အတွင်း ဂျပန် စစ်တပ်ကလည်း တိုက်လေယာဉ်များကို ဝေဟင်သို့ စေလွှတ်ခဲ့ရသည်။ ၂ဝ၂၂ ခုနှစ် မေလတွင် ဂျပန်နိုင်ငံ တိုကျိုမြို့ မှာ အမေရိကန်၊ ဩစတြေးလျ နှင့် အိန္ဒိယခေါင်းဆောင်တို့နှင့်အတူ Quad ထိပ်သီးဆွေးနွေးပွဲကို ကျင်းပနေစဉ် အချိန်အတွင်း တရုတ် နှင့် ရုရှားတို့၏ တိုက်လေယာဉ်များသည် ဂျပန်လေပိုင်နက်အနီးတွင် ပျံသန်းမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
သို့သော်လည်း တိုက်လေယာဉ်များသည် အဆိုပါထိပ်သီးအစည်းအဝေးနှင့်ပတ်သက်ပြီး ဂျပန်လေပိုင်နက်အနီးတွင် ပျံသန်းခဲ့ခြင်းမဟုတ်ကြောင်း တရုတ်ဖက်က ပြန်လည်ပြောဆိုခဲ့သည်။

Zawgyi Version;
ဂ်ပန္ပင္လယ္ႏွင့္ အေရွ႕တ႐ုတ္ပင္လယ္တို႔တြင္ တ႐ုတ္ႏွင့္ ႐ုရွားတို႔ ပူးတြဲေလေၾကာင္း ကင္းလွည့္မႈမ်ား ျပဳလုပ္
Pika (NP News) - ဇြန္ ၇
တ႐ုတ္ႏွင့္ ႐ုရွားတို႔သည္ ဇြန္လ(၆)ရက္တြင္ ဂ်ပန္ပင္လယ္ႏွင့္ အေရွ႕တ႐ုတ္ပင္လယ္တို႔မွာ (၂ဝ၁၉) ခုႏွစ္ ေနာက္ပိုင္း ေျခာက္ႀကိမ္ေျမာက္ ပူးတြဲေလေၾကာင္းကင္းလွည့္မႈမ်ားကို လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။
တ႐ုတ္ႏွင့္ ႐ုရွားတို႔၏ ပူးတြဲေလေၾကာင္းကင္းလွည့္မႈမ်ားေၾကာင့္ ေတာင္ကိုရီးယားႏွင့္ ဂ်ပန္ႏိုင္ငံတို႔သည္ ၎တို႔၏ တိုက္ေလယာဥ္မ်ားကို ေဝဟင္သို႔ ခ်က္ခ်င္းေစလႊတ္ခဲ့ရေၾကာင္း သိရသည္။ အဆိုပါ ပူးတြဲေလေၾကာင္း ကင္းလွည့္ျခင္းသည္ တ႐ုတ္ႏွင့္ ႐ုရွားႏွစ္ႏိုင္ငံ စစ္တပ္၏ ႏွစ္စဥ္ပူးေပါင္းေဆာင္႐ြက္မႈအစီအစဥ္ တစ္စိတ္တစ္ပိုင္း ျဖစ္ေၾကာင္း တ႐ုတ္ကာကြယ္ေရးဝန္ႀကီးဌာန က ေျပာၾကားခဲ့သည္။
႐ုရွားတိုက္ေလယာဥ္ေလးစင္း ႏွင့္ တ႐ုတ္တိုက္ေလယာဥ္ေလးစင္းတို႔သည္ ကိုရီးယားကြၽန္းဆြယ္ အေရွ႕ဖက္ ႏွင့္ ေတာင္ဖက္ရွိ ေတာင္ကိုရီးယားေလေၾကာင္းကာကြယ္ေရးဇုန္သို႔ ဝင္ေရာက္လာခဲ့ၿပီးေနာက္ တိုက္ေလယာဥ္မ်ားကို ေဝဟင္သို႔ ခ်က္ခ်င္းေစလႊတ္ခဲ့ရေၾကာင္း ေတာင္ကိုရီးယားစစ္တပ္ က ေျပာၾကားခဲ့သည္။
႐ုရွား၏ ဗုံးႀကဲေလယာဥ္ႏွစ္စင္းသည္ ဂ်ပန္ပင္လယ္ျပင္ေပၚတြင္ ပ်ံသန္းေနေသာ တ႐ုတ္၏ ဗုံးႀကဲေလယာဥ္ ႏွစ္စင္း ႏွင့္ ခ်ိတ္ဆက္ခဲ့ၿပီး အေရွ႕တ႐ုတ္ပင္လယ္သို႔ အတူတကြပ်ံသန္းခဲ့ၿပီးေနာက္ ဂ်ပန္စစ္တပ္သည္ တိုက္ေလယာဥ္မ်ားကို ခ်က္ခ်င္းေစလႊတ္ခဲ့ရေၾကာင္း သိရသည္။ ၿပီးခဲ့သည့္ႏွစ္ ႏိုဝင္ဘာလတြင္ ျပဳလုပ္ခဲ့ေသာ တ႐ုတ္ႏွင့္ ႐ုရွားတို႔၏ ေနာက္ဆုံးပူးတြဲေလေၾကာင္းကင္းလွည့္မႈတြင္ တ႐ုတ္၏ H-6K ဗုံးႀကဲေလယာဥ္မ်ား၊ ႐ုရွား၏ TU-95 ဗုံးႀကဲေလယာဥ္မ်ား ႏွင့္ SU-35 တိုက္ေလယာဥ္မ်ားသည္ ေတာင္ကိုရီးယား၏ ေလေၾကာင္းကာကြယ္ေရး သတ္မွတ္ဇုန္ (KADIZ) သို႔ ဝင္ေရာက္လာခဲ့ၿပီးေနာက္ ေတာင္ကိုရီးယားစစ္တပ္သည္ တိုက္ေလယာဥ္မ်ားကို ေဝဟင္ သို႔ ေစလႊတ္ခဲ့ရသည္။
ထို႔အျပင္ တ႐ုတ္ဗုံးႀကဲေလယာဥ္မ်ားႏွင့္ ႐ုရွား၏ ဒ႐ုန္းႏွစ္စင္း ဂ်ပန္ပင္လယ္တြင္ ပ်ံသန္းေနခ်ိန္အတြင္း ဂ်ပန္ စစ္တပ္ကလည္း တိုက္ေလယာဥ္မ်ားကို ေဝဟင္သို႔ ေစလႊတ္ခဲ့ရသည္။ ၂ဝ၂၂ ခုႏွစ္ ေမလတြင္ ဂ်ပန္ႏိုင္ငံ တိုက်ိဳၿမိဳ႕ မွာ အေမရိကန္၊ ဩစေၾတးလ် ႏွင့္ အိႏၵိယေခါင္းေဆာင္တို႔ႏွင့္အတူ Quad ထိပ္သီးေဆြးေႏြးပြဲကို က်င္းပေနစဥ္ အခ်ိန္အတြင္း တ႐ုတ္ ႏွင့္ ႐ုရွားတို႔၏ တိုက္ေလယာဥ္မ်ားသည္ ဂ်ပန္ေလပိုင္နက္အနီးတြင္ ပ်ံသန္းမႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။
သို႔ေသာ္လည္း တိုက္ေလယာဥ္မ်ားသည္ အဆိုပါထိပ္သီးအစည္းအေဝးႏွင့္ပတ္သက္ၿပီး ဂ်ပန္ေလပိုင္နက္အနီးတြင္ ပ်ံသန္းခဲ့ျခင္းမဟုတ္ေၾကာင္း တ႐ုတ္ဖက္က ျပန္လည္ေျပာဆိုခဲ့သည္။