ရုရှားထိန်းချုပ်ထားသည့် ယူကရိန်းပိုင် Nova Kakhovka ဆည်ပြိုကျမှုနှင့်ပတ်သက်၍ ရှရှားနှင့် ယူကရိန်း အပြန်အလှန်ပြစ်တင်ပြောဆို

 1014

Pika (NP News) - ဇွန် ၇

ယူကရိန်းနိုင်ငံ Nova Kakhovka မြို့ရှိ ဆည်ပြိုကျခဲ့ပြီးနောက် ရုရှားနှင့် ယူကရိန်းတို့ထိန်းချုပ်ထားသော ဒေသများတွင် လူပေါင်း(၄၂ဝဝဝ) ခန့်သည် ရေကြီးမှုအန္တရာယ်များနှင့်ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ၏ အကူအညီပေးရေးအကြီးအကဲက သတိပေးပြောဆိုခဲ့သည်။

အဆိုပါ ဆည်ပြိုကျခြင်းကြောင့် အလွန်ဆိုးရွားသော နောက်ဆက်တွဲအကျိုးဆက်များရှိလာနိုင်ကြောင်း ၎င်းက ထပ်မံပြောဆိုခဲ့သည်။ ယူကရိန်းနှင့် ရုရှားတို့သည် ဇွန်လ(၆)ရက်တွင် Nova Kakhovka ဆည်ပြိုကျမှုနှင့် ပတ်သက်ပြီး အပြန်အလှန်ပြစ်တင်ပြောဆိုမှုများရှိခဲ့ကြောင်း သိရသည်။ ဆည်ပြိုကျမှုကြောင့် စစ်ပွဲဇုန် တစ်လျှောက် ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့ပြီး လူထောင်ပေါင်းများစွာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း သိရသည်။

ရုရှားသည် ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံကို အားဖြည့်ပေးသော ဆိုဗီယက်ခေတ်က တည်ဆောက်ထားသည့် Nova Kakhovka ဆည်ကို ဖောက်ခွဲကာ စစ်ရာဇဝတ်မှုကိုကျူးလွန်နေခြင်းဖြစ်ကြောင်း ယူကရိန်းဖက် က ပြောဆိုခဲ့သည်။ ယူကရိန်းသည် ရုရှားကို ကြီးမားသောထိုးစစ်ဆင်မှုများ စတင်နိုင်ရန်အတွက် အာရုံလွှဲပြောင်းရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ရုရှားဖက်က ပြန်လည်ပြစ်တင်ပြောဆိုခဲ့သည်။

Nova Kakhovka ဆည်ပြိုကျမှုကြောင့် ယူကရိန်းတောင်ပိုင်းရှိ နှစ်ဖက်လုံးမှ ရှေ့တန်းနေရာများတွင် အိုးအိမ်၊ စားနပ်ရိက္ခာ၊ သောက်သုံးရေ နှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှုံးခဲ့ပြီး လူထောင်ပေါင်းများစွာအတွက် ဆိုးရွားသော အကျိုးဆက်များ ရှိလာမည်ဖြစ်ကြောင်း ကုလသမဂ္ဂ၏ အကူအညီပေးရေးအကြီးအကဲ Martin Griffiths က ပြောကြားခဲ့သည်။

Martin Griffiths က "ဒီဖြစ်ရပ်ရဲ့နောက်ဆက်တွဲအကျိုးဆက်တွေဟာ လာမယ့်ရက်ပိုင်းအတွင်းမှာပဲ သိသိသာသာ ဖြစ်ပွားလာပါလိမ့်မယ်" ဟု ပြောဆိုခဲ့သည်။ ဆည်ပြိုကျပြီးနောက် အာဏာပိုင်များသည် သေဆုံးသူအရေအတွက် ကို လက်ရှိအချိန်အထိ ထုတ်ပြန်ပြောကြားခြင်းမျိုး မရှိသေးသော်လည်း အဆိုပါဖြစ်ရပ်ကြောင့် လူအများအပြား သေဆုံးနိုင်ကြောင်း အမေရိကန်အစိုးရပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘိုင် က ပြောကြားခဲ့သည်။

ဆည်ပြိုကျမှုကြောင့် ရေကြီးမှုများသည် ဇွန်လ(၇)ရက်တွင် ပိုမိုဆိုးရွားလာနိုင်ပြီး လူပေါင်း(၄၂ဝဝဝ) ခန့်အတွက် အန္တရာယ်များရှိလာနိုင်ကြောင်း ယူကရိန်းအာဏာပိုင်များက ခန့်မှန်းပြောဆိုခဲ့သည်။ အဆိုပါဆည်ပြိုကျမှုနှင့် ပတ်သက်ပြီး မည်သည့်ဘက်က တာဝန်ရှိသည်ဆိုသည့်အချက်ကို မသိရှိရသေးသော်လည်း ယူကရိန်းသည် ဆည် ကို တိုက်ခိုက်ကာ ၎င်း၏ ပြည်သူများကို အန္တရာယ်ဖြစ်အောင် လုပ်ဆောင်မည်မဟုတ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်လက်ထောက်သံအမတ်ကြီး ရောဘတ်ဝုဒ် က ပြောကြားခဲ့သည်။

ဂျနီဗာကွန်ဗန်းရှင်းတွင် စစ်ပွဲအတွင်း အရပ်သားများကို အန္တရာယ်ဖြစ်စေနိုင်သော ရေကာတာများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းမျိုးအား တားမြစ်ထားကြောင်း သိရသည်။ ယူကရိန်းသမ္မတဇီလန်စကီးက ၎င်း၏ အစိုးရရှေ့နေများ သည် Nova Kakhovka ဆည်ပြိုကျမှုနှင့်ပတ်သက်ပြီး နိုင်ငံတကာရာဇဝတ်တရားရုံး(ICC) သို့ ချဉ်းကပ်မှုများ လုပ်ဆောင်ထားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

Zawgyi Version;
ယူကရိန္းႏိုင္ငံရွိ Nova Kakhovka ဆည္ၿပိဳက်ၿပီးေနာက္ လူေပါင္း(၄၂ဝဝဝ) ခန႔္ ေရေဘးအႏၲရာယ္ႏွင့္ ရင္ဆိုင္ေနရဟု ကုလသမဂၢဆို
Pika (NP News) - ဇြန္ ၇

ယူကရိန္းႏိုင္ငံ Nova Kakhovka ၿမိဳ႕ရွိ ဆည္ၿပိဳက်ခဲ့ၿပီးေနာက္ ႐ုရွားႏွင့္ ယူကရိန္းတို႔ထိန္းခ်ဳပ္ထားေသာ ေဒသမ်ားတြင္ လူေပါင္း(၄၂ဝဝဝ) ခန႔္သည္ ေရႀကီးမႈအႏၲရာယ္မ်ားႏွင့္ရင္ဆိုင္ေနရေၾကာင္း ကုလသမဂၢ၏ အကူအညီေပးေရးအႀကီးအကဲက သတိေပးေျပာဆိုခဲ့သည္။

အဆိုပါ ဆည္ၿပိဳက်ျခင္းေၾကာင့္ အလြန္ဆိုး႐ြားေသာ ေနာက္ဆက္တြဲအက်ိဳးဆက္မ်ားရွိလာႏိုင္ေၾကာင္း ၎က ထပ္မံေျပာဆိုခဲ့သည္။ ယူကရိန္းႏွင့္ ႐ုရွားတို႔သည္ ဇြန္လ(၆)ရက္တြင္ Nova Kakhovka ဆည္ၿပိဳက်မႈႏွင့္ ပတ္သက္ၿပီး အျပန္အလွန္ျပစ္တင္ေျပာဆိုမႈမ်ားရွိခဲ့ေၾကာင္း သိရသည္။ ဆည္ၿပိဳက်မႈေၾကာင့္ စစ္ပြဲဇုန္ တစ္ေလွ်ာက္ ေရလႊမ္းမိုးမႈမ်ားျဖစ္ပြားခဲ့ၿပီး လူေထာင္ေပါင္းမ်ားစြာ ေနရပ္စြန႔္ခြာထြက္ေျပးခဲ့ရေၾကာင္း သိရသည္။

႐ုရွားသည္ ေရအားလွ်ပ္စစ္ဓါတ္အားေပးစက္႐ုံကို အားျဖည့္ေပးေသာ ဆိုဗီယက္ေခတ္က တည္ေဆာက္ထားသည့္ Nova Kakhovka ဆည္ကို ေဖာက္ခြဲကာ စစ္ရာဇဝတ္မႈကိုက်ဴးလြန္ေနျခင္းျဖစ္ေၾကာင္း ယူကရိန္းဖက္ က ေျပာဆိုခဲ့သည္။ ယူကရိန္းသည္ ႐ုရွားကို ႀကီးမားေသာထိုးစစ္ဆင္မႈမ်ား စတင္ႏိုင္ရန္အတြက္ အာ႐ုံလႊဲေျပာင္းရန္ ႀကိဳးပမ္းေနျခင္းျဖစ္ေၾကာင္း ႐ုရွားဖက္က ျပန္လည္ျပစ္တင္ေျပာဆိုခဲ့သည္။

Nova Kakhovka ဆည္ၿပိဳက်မႈေၾကာင့္ ယူကရိန္းေတာင္ပိုင္းရွိ ႏွစ္ဖက္လုံးမွ ေရွ႕တန္းေနရာမ်ားတြင္ အိုးအိမ္၊ စားနပ္ရိကၡာ၊ ေသာက္သုံးေရ ႏွင့္ အသက္ေမြးဝမ္းေက်ာင္းလုပ္ငန္းမ်ား ဆုံးရႈံးခဲ့ၿပီး လူေထာင္ေပါင္းမ်ားစြာအတြက္ ဆိုး႐ြားေသာ အက်ိဳးဆက္မ်ား ရွိလာမည္ျဖစ္ေၾကာင္း ကုလသမဂၢ၏ အကူအညီေပးေရးအႀကီးအကဲ Martin Griffiths က ေျပာၾကားခဲ့သည္။

Martin Griffiths က "ဒီျဖစ္ရပ္ရဲ႕ေနာက္ဆက္တြဲအက်ိဳးဆက္ေတြဟာ လာမယ့္ရက္ပိုင္းအတြင္းမွာပဲ သိသိသာသာ ျဖစ္ပြားလာပါလိမ့္မယ္" ဟု ေျပာဆိုခဲ့သည္။ ဆည္ၿပိဳက်ၿပီးေနာက္ အာဏာပိုင္မ်ားသည္ ေသဆုံးသူအေရအတြက္ ကို လက္ရွိအခ်ိန္အထိ ထုတ္ျပန္ေျပာၾကားျခင္းမ်ိဳး မရွိေသးေသာ္လည္း အဆိုပါျဖစ္ရပ္ေၾကာင့္ လူအမ်ားအျပား ေသဆုံးႏိုင္ေၾကာင္း အေမရိကန္အစိုးရေျပာေရးဆိုခြင့္ရွိသူ ဂြၽန္ကာဘိုင္ က ေျပာၾကားခဲ့သည္။

ဆည္ၿပိဳက်မႈေၾကာင့္ ေရႀကီးမႈမ်ားသည္ ဇြန္လ(၇)ရက္တြင္ ပိုမိုဆိုး႐ြားလာႏိုင္ၿပီး လူေပါင္း(၄၂ဝဝဝ) ခန႔္အတြက္ အႏၲရာယ္မ်ားရွိလာႏိုင္ေၾကာင္း ယူကရိန္းအာဏာပိုင္မ်ားက ခန႔္မွန္းေျပာဆိုခဲ့သည္။ အဆိုပါဆည္ၿပိဳက်မႈႏွင့္ ပတ္သက္ၿပီး မည္သည့္ဘက္က တာဝန္ရွိသည္ဆိုသည့္အခ်က္ကို မသိရွိရေသးေသာ္လည္း ယူကရိန္းသည္ ဆည္ ကို တိုက္ခိုက္ကာ ၎၏ ျပည္သူမ်ားကို အႏၲရာယ္ျဖစ္ေအာင္ လုပ္ေဆာင္မည္မဟုတ္ေၾကာင္း ကုလသမဂၢဆိုင္ရာ အေမရိကန္လက္ေထာက္သံအမတ္ႀကီး ေရာဘတ္ဝုဒ္ က ေျပာၾကားခဲ့သည္။

ဂ်နီဗာကြန္ဗန္းရွင္းတြင္ စစ္ပြဲအတြင္း အရပ္သားမ်ားကို အႏၲရာယ္ျဖစ္ေစႏိုင္ေသာ ေရကာတာမ်ားကို ပစ္မွတ္ထား တိုက္ခိုက္ျခင္းမ်ိဳးအား တားျမစ္ထားေၾကာင္း သိရသည္။ ယူကရိန္းသမၼတဇီလန္စကီးက ၎၏ အစိုးရေရွ႕ေနမ်ား သည္ Nova Kakhovka ဆည္ၿပိဳက်မႈႏွင့္ပတ္သက္ၿပီး ႏိုင္ငံတကာရာဇဝတ္တရား႐ုံး(ICC) သို႔ ခ်ဥ္းကပ္မႈမ်ား လုပ္ေဆာင္ထားၿပီျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

Picture

L Mone

08/06/2023 12:59

မြန်မာပြည်မှာလည်း အကြွေးတွေဝိုင်း အကြွေးတွေ မပေးနိုင်သူတွေ မထူးစိတ်မွေးနေတာတွေ သိပ်များနေကြပါတယ်...ရပ်ကွက်တွေ ရွာတွေအလိုက်ကို သေချာ စစ်ဆေးပြီး ဂရုစိုက် ကူညီကြရမယ် အကြံဥာဏ်ပေးကြရလိမ့်မယ်လို့ထင်ပါတယ် ..အကြွေးပေးစရာရှိသူတွေနဲ့ အကြွေးရစရာ ရှိသူတွေကြားမှာ အစိုးရကိုယ်တိုင်ဝင်ပါကြည့်ပါက တိုင်းပြည် ငြိမ်းချမ်းရေး အဓိက သော့ချက်ဖြစ်လာပါလိမ့်မယ်လို့ အကြံပြုတင်ပြအပ်ပါတယ်...အကြွေးနစ်ကြရတာဟာ ၂၀၁၀ နဲ့ ၂၀၂၀ ကြားမှာ...အကြွေးဝယ်ယူခွင့် ကနေ စဖြစ်လာကြတာ ဖြစ်ပါကြောင်း ထပ်လောင်း တင်ပြ အပ်ပါတယ်....

Related news

© 2021. All rights reserved.