အာဖဂန်အရှေ့မြောက်ပိုင်းမှ ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ဦး ကားဗုံးခွဲ တိုက်ခိုက်ခံရပြီး သေဆုံး

551

ရောင်နီ (NP News) - ဇွန် ၇
အာဖဂန်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဘက်ဒက်ခ်ရှန် ပြည်နယ်မှ ယာယီအုပ်ချုပ်ရေးမှူး နီဆာအာမတ်အက်မာဒီဟာ ကားဗုံးခွဲတိုက်ခိုက်ခံရပြီး သေဆုံးသွားခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
အဆိုပါတိုက်ခိုက်မှုဟာ ISIL (ISIS) အဖွဲ့နဲ့ ဆက်နွယ်တဲ့ အလားတူတိုက်ခိုက်မှုတစ်ခု အဲဒီဒေသမှာပဲဖြစ်ပွားပြီး လအနည်းငယ်အကြာမှာ ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။
အင်္ဂါနေ့ (ဇွန်လ ၆ ရက်) က ပြည်နယ်မြို့တော် ဖိုင်ဇာဘက် မှာ ယာယီအုပ်ချုပ်ရေးမှူး နီဆာအာမက်အက်မာဒီ စီးနင်းလိုက်ပါလာတဲ့ မော်တော်ကား ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။ အဆိုပါဖြစ်ရပ်မှာ မာဒီအပြင် ယာဉ်မောင်းလည်း သေဆုံးခဲ့ပြီး အခြားလူ ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အဆိုပါဗုံးခွဲမှုဟာ ၎င်းတို့လက်ချက် ဖြစ်ကြောင်း ISIL က နောက်ပိုင်းမှာ ကြေညာခဲ့ပါတယ်။
အာဖဂန်မှာ တာလီဘန်တို့ ၂ဝ၂၁ ခုနှစ် ဩဂုတ်လက အာဏာပြန်ရလာချိန်မှာ အမေရိကန်ကျောထောက်နောက်ခံ ပြုအစိုးရကို ဖယ်ရှားပြီး ၎င်းတို့ ဆယ်စုနှစ် နှစ်ခုကြာ တိုက်ပွဲများ အဆုံးသတ်နိုင်ခဲ့ပေမယ့် ISIL ရဲ့ အကြမ်းဖက်မှု တွေ ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။ တာလီဘန်တို့ အာဏာမသိမ်းယူခင်က ၎င်းတို့ရဲ့ လက်နက်ကိုင် ပုန်ကန်မှုကြောင့် အမေရိကန်ဦးဆောင်တဲ့ နိုင်ငံခြားတပ်ဖွဲ့ဝင်များ သိန်းနဲ့ချီ သေဆုံးခဲ့ပါတယ်။ အခုအခါမှာတော့ ISIL ဟာ နိုင်ငံတွင်း အာဏာရနေတဲ့ တာလီဘန် အာဏာပိုင်တွေအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုတစ်ခု ဖြစ် လာပါတယ်။
လက်နက်ကိုင်အဖွဲ့ ISIL ဟာ တာလီဘန်အုပ်ချုပ်ရေးအရာရှိတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး တာလီဘန်အစိုးရ ကလည်း ISIL အဖွဲ့ဝင်တွေကို တန်ပြန် စီးနင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

Zawgyi Version;
အာဖဂန္အေရွ႕ေျမာက္ပိုင္းမွ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးတစ္ဦး ကားဗုံးခြဲ တိုက္ခိုက္ခံရၿပီး ေသဆုံး
ေရာင္နီ (NP News) - ဇြန္ ၇
အာဖဂန္ႏိုင္ငံ အေရွ႕ေျမာက္ပိုင္းရွိ ဘက္ဒက္ခ္ရွန္ ျပည္နယ္မွ ယာယီအုပ္ခ်ဳပ္ေရးမႉး နီဆာအာမတ္အက္မာဒီဟာ ကားဗုံးခြဲတိုက္ခိုက္ခံရၿပီး ေသဆုံးသြားခဲ့ေၾကာင္း တာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။
အဆိုပါတိုက္ခိုက္မႈဟာ ISIL (ISIS) အဖြဲ႕နဲ႔ ဆက္ႏြယ္တဲ့ အလားတူတိုက္ခိုက္မႈတစ္ခု အဲဒီေဒသမွာပဲျဖစ္ပြားၿပီး လအနည္းငယ္အၾကာမွာ ျဖစ္ေပၚလာျခင္းျဖစ္ပါတယ္။
အဂၤါေန႔ (ဇြန္လ ၆ ရက္) က ျပည္နယ္ၿမိဳ႕ေတာ္ ဖိုင္ဇာဘက္ မွာ ယာယီအုပ္ခ်ဳပ္ေရးမႉး နီဆာအာမက္အက္မာဒီ စီးနင္းလိုက္ပါလာတဲ့ ေမာ္ေတာ္ကား ေဖာက္ခြဲတိုက္ခိုက္ခံခဲ့ရတာ ျဖစ္ပါတယ္။ အဆိုပါျဖစ္ရပ္မွာ မာဒီအျပင္ ယာဥ္ေမာင္းလည္း ေသဆုံးခဲ့ၿပီး အျခားလူ ၆ ဦး ဒဏ္ရာရရွိခဲ့ပါတယ္။ အဆိုပါဗုံးခြဲမႈဟာ ၎တို႔လက္ခ်က္ ျဖစ္ေၾကာင္း ISIL က ေနာက္ပိုင္းမွာ ေၾကညာခဲ့ပါတယ္။
အာဖဂန္မွာ တာလီဘန္တို႔ ၂ဝ၂၁ ခုႏွစ္ ဩဂုတ္လက အာဏာျပန္ရလာခ်ိန္မွာ အေမရိကန္ေက်ာေထာက္ေနာက္ခံ ျပဳအစိုးရကို ဖယ္ရွားၿပီး ၎တို႔ ဆယ္စုႏွစ္ ႏွစ္ခုၾကာ တိုက္ပြဲမ်ား အဆုံးသတ္ႏိုင္ခဲ့ေပမယ့္ ISIL ရဲ႕ အၾကမ္းဖက္မႈ ေတြ ဆက္လက္တည္ရွိေနဆဲျဖစ္ပါတယ္။ တာလီဘန္တို႔ အာဏာမသိမ္းယူခင္က ၎တို႔ရဲ႕ လက္နက္ကိုင္ ပုန္ကန္မႈေၾကာင့္ အေမရိကန္ဦးေဆာင္တဲ့ ႏိုင္ငံျခားတပ္ဖြဲ႕ဝင္မ်ား သိန္းနဲ႔ခ်ီ ေသဆုံးခဲ့ပါတယ္။ အခုအခါမွာေတာ့ ISIL ဟာ ႏိုင္ငံတြင္း အာဏာရေနတဲ့ တာလီဘန္ အာဏာပိုင္ေတြအတြက္ အႀကီးမားဆုံး ၿခိမ္းေျခာက္မႈတစ္ခု ျဖစ္ လာပါတယ္။
လက္နက္ကိုင္အဖြဲ႕ ISIL ဟာ တာလီဘန္အုပ္ခ်ဳပ္ေရးအရာရွိေတြကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့ၿပီး တာလီဘန္အစိုးရ ကလည္း ISIL အဖြဲ႕ဝင္ေတြကို တန္ျပန္ စီးနင္းတိုက္ခိုက္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။