၃ ရက်အတွင်း ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ တရားမဝင်ကုန်ပစ္စည်းများ ဖမ်းမိ

 183

မေဥဩ (NP News) - ဇူလိုင် ၁၂

ပြီးခဲ့သော ဇူလိုင်(၈)ရက်မှ (၁၀) ရက်အတွင်း တရားမဝင်ကုန်သွယ်မှုများမှ ငွေကျပ် (၂) ဘီလီယံကျော်တန်ဖိုးရှိ တရားမဝင် ကုန်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ တရားမဝင်ကုန်ပစ္စည်းများတွင် လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့် တရားမဝင်ကုန်ပစ္စည်းတင်ဆောင်လာသည့် မော်တော်ယာဉ်များ ပါဝင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ဇူလိုင် (၈) ရက်၊ (၉) ရက် နှင့် (၁၀) ရက်တို့တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်-ပဲခူးလမ်းဟောင်း၊အမှတ် (၂) လမ်းမကြီး အင်းတိုင်ကျေးရွာအနီး၊ သီလဝါဆိပ်ကမ်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၊ အေးရှားဝေါလ်ဆိပ်ကမ်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် လေဆိပ် (ကုန်လှောင်ရုံ)တို့တွင် စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် (၁၇၀၂၂၅၈၄၂၁) တန်ဖိုးရှိ တရားမဝင်ကုန်သွယ်မှုများကို ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က ကော့သောင်းမြို့တွင် စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် (၇၉၉၁၀၀၀၀)တန်ဖိုးရှိ တရားမဝင်ကုန်သွယ်မှုများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထပ်မံ၍ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က မန္တလေးတိုင်းဒေသကြီးအတွင်းမှ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် (၃၈၈၀၆၅၂၇၀)တန်ဖိုးရှိ တရားမဝင်ကုန်သွယ်မှုများကို ဖမ်းဆီးရမိရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
အလားတူ မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျိုက်မရောပူးပေါင်းစစ်ဆေးရေးဂိတ်မှ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၀၆၄၀၀၀ တန်ဖိုးရှိ တရားမဝင် ကုန်သွယ်မှုများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် ဇူလိုင်လ (၁၀)ရက်တွင် လိုင်စင်မဲ့မော်တော်ယာဉ် ၉ စီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ၅၁ စီး ဖမ်းဆီးရမိခဲ့ကြောင်း နှင့် ဖမ်းဆီးရမိခဲ့သည်များကို သက်ဆိုင်ရာလုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တရားမဝင်ကုန်သွယ်မှုများသည် ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အဓိကအဟန့်အတားဖြစ်ပေါ်စေပြီး လူမှုစီးပွားရေးကဏ္ဍအပေါ် များစွာ ဆိုးကျိုးသက်ရောက်စေသည့်အတွက် တရားမဝင်တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

Zawgyi Version:
၃ ရက္အတြင္း ေငြက်ပ္ ၂ ဘီလီယံေက်ာ္တန္ဖိုးရွိ တရားမဝင္ကုန္ပစၥည္းမ်ား ဖမ္းမိ
ေမဥဩ (NP News) - ဇူလိုင္ ၁၂

ၿပီးခဲ့ေသာ ဇူလိုင္(၈)ရက္မွ (၁၀) ရက္အတြင္း တရားမဝင္ကုန္သြယ္မႈမ်ားမွ ေငြက်ပ္ (၂) ဘီလီယံေက်ာ္တန္ဖိုးရွိ တရားမဝင္ ကုန္ပစၥည္းမ်ားအား ဖမ္းဆီးရမိခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါ တရားမဝင္ကုန္ပစၥည္းမ်ားတြင္ လုပ္ငန္းသုံးပစၥည္းမ်ား၊ လူသုံးကုန္ပစၥည္းမ်ား၊ စားေသာက္ကုန္ပစၥည္းမ်ား၊ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ား၊ လိုင္စင္မဲ့ေမာ္ေတာ္ဆိုင္ကယ္မ်ားႏွင့္ တရားမဝင္ကုန္ပစၥည္းတင္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္မ်ား ပါဝင္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ဇူလိုင္ (၈) ရက္၊ (၉) ရက္ ႏွင့္ (၁၀) ရက္တို႔တြင္ အေကာက္ခြန္ဦးစီးဌာန၏ စီမံခန႔္ခြဲမႈျဖင့္ ရန္ကုန္-ပဲခူးလမ္းေဟာင္း၊အမွတ္ (၂) လမ္းမႀကီး အင္းတိုင္ေက်း႐ြာအနီး၊ သီလဝါဆိပ္ကမ္း၊ ျမန္မာ့စက္မႈဆိပ္ကမ္း၊ ေအးရွားေဝါလ္ဆိပ္ကမ္း၊ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ႏွင့္ ေလဆိပ္ (ကုန္ေလွာင္႐ုံ)တို႔တြင္ စုစုေပါင္းခန႔္မွန္းတန္ဖိုးေငြက်ပ္ (၁၇၀၂၂၅၈၄၂၁) တန္ဖိုးရွိ တရားမဝင္ကုန္သြယ္မႈမ်ားကို ဖမ္းဆီးရမိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထို႔ျပင္ တနသၤာရီတိုင္းေဒသႀကီး တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရးအထူးအဖြဲ႕၏ စီမံခန႔္ခြဲမႈျဖင့္ တာဝန္က်ပူးေပါင္းအဖြဲ႕က ေကာ့ေသာင္းၿမိဳ႕တြင္ စုစုေပါင္းခန႔္မွန္းတန္ဖိုးေငြက်ပ္ (၇၉၉၁၀၀၀၀)တန္ဖိုးရွိ တရားမဝင္ကုန္သြယ္မႈမ်ားကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထပ္မံ၍ မႏၲေလးတိုင္းေဒသႀကီး တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရးအထူးအဖြဲ႕၏ စီမံခန႔္ခြဲမႈျဖင့္ တာဝန္က်ပူးေပါင္းအဖြဲ႕က မႏၲေလးတိုင္းေဒသႀကီးအတြင္းမွ စုစုေပါင္းခန႔္မွန္းတန္ဖိုးေငြက်ပ္ (၃၈၈၀၆၅၂၇၀)တန္ဖိုးရွိ တရားမဝင္ကုန္သြယ္မႈမ်ားကို ဖမ္းဆီးရမိရမိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။
အလားတူ မြန္ျပည္နယ္ တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရးအထူးအဖြဲ႕၏ စီမံခန႔္ခြဲမႈျဖင့္ တာဝန္က်ပူးေပါင္းအဖြဲ႕က စစ္ေဆးမႈမ်ား ေဆာင္႐ြက္ခဲ့ရာ က်ိဳက္မေရာပူးေပါင္းစစ္ေဆးေရးဂိတ္မွ စုစုေပါင္းခန႔္မွန္းတန္ဖိုးေငြက်ပ္ ၃၈၀၆၄၀၀၀ တန္ဖိုးရွိ တရားမဝင္ ကုန္သြယ္မႈမ်ားကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ဇူလိုင္လ (၁၀)ရက္တြင္ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္ ၉ စီးႏွင့္ လိုင္စင္မဲ့ေမာ္ေတာ္ဆိုင္ကယ္ ၅၁ စီး ဖမ္းဆီးရမိခဲ့ေၾကာင္း ႏွင့္ ဖမ္းဆီးရမိခဲ့သည္မ်ားကို သက္ဆိုင္ရာလုပ္ထုံးလုပ္နည္း၊ ဥပေဒမ်ားႏွင့္အညီ အေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
တရားမဝင္ကုန္သြယ္မႈမ်ားသည္ ကုန္သြယ္မႈက႑ဖြံ႕ၿဖိဳးတိုးတက္ေရးေဆာင္႐ြက္ရာတြင္ အဓိကအဟန႔္အတားျဖစ္ေပၚေစၿပီး လူမႈစီးပြားေရးက႑အေပၚ မ်ားစြာ ဆိုးက်ိဳးသက္ေရာက္ေစသည့္အတြက္ တရားမဝင္တင္သြင္းမႈမ်ားအား သက္ဆိုင္ရာတာဝန္ရွိသူမ်ားက ယခုထက္ပိုမို၍ တားဆီးစစ္ေဆးၾကပ္မတ္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းကိုလည္း သိရသည္။

Related news

© 2021. All rights reserved.