မူးယစ်အမှုဖြင့် အလိုရှိသူ(၂)ဦး နှင့် ငွေကျပ်(၃)ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူများကို ဖမ်းမိ

1081

စော (NP News) - ဇူလိုင် ၁ဝ
မူးယစ်အမှုဖြင့် အလိုရှိသူ(၂)ဦးနှင့်အတူ ငွေကျပ် (၃)ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူ (၁၄၈)ကီလိုကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် (ဇွန်လ ၂၂ ရက်) ညနေ ၃ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် နှင့် မိတ္ထီလာခရိုင်ချင်းဆက်လမ်း၊ တောင်တော်ကျေးရွာအနီး၌ သတင်းအရစောင့်ဆိုင်းနေခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့စောင့်ဆိုင်းနေစဉ် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မှ မန္တလေးသို့ သန်းအောင်စိုး(ခ)မျောက်ကြီး မောင်းနှင်ပြီး ပိုင်ခန့် လိုက်ပါလာသည့် NISSAN DIESEL ၆ ဘီး မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူ (၁၄၈ ဒသမ ၇၉၇) ကီလို ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ ဘိန်းဖြူများကို မိုင်းရယ်မြို့မှ မန္တလေးမြို့သို့ သယ်ဆောင်ခိုင်းသူ နန်းသီရိအောင်၊ ဟန်ထွန်းနိုင်(ခ)စိုင်းကျော်မိန်းနှင့် စောရန်နိုင်တို့ကို (ဇွန်လ ၂၆ ရက်)၊ မွန်းလွဲ (၁) နာရီတွင် လွိုင်လင်မြို့နယ်၊ ပင်လုံ-လဲချားသွားကားလမ်း၌ FORD RANGER မော်တော်ယာဉ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း နစကမှဆိုသည်။
အဆိုပါ (၃) ဦးအနက် ဟန်ထွန်းနိုင်(ခ) စိုင်းကျော်မိန်းသည် မူးယစ်အမှုများဖြင့် အလိုရှိထွက်ပြေးနေသူတစ်ဦးဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ (ဇွန်လ ၂၉ ရက်)၊ မွန်းလွဲ (၁၂) နာရီ (၃ဝ) မိနစ်အချိန်တွင် မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ဘုန်းမြင့်ကျော်(ခ)ဦးတီပွားနှင့် ဇော်ဇော်နောင်(ခ)ကိုနောင်တို့ကို အောင်ပန်းမြို့၊ လှည်းရိုးရပ်ကွက်ရှိနေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် ဘုန်းမြင့်ကျော်(ခ)ဦးတီပွားမှာလည်း မူးယစ်အမှုဖြင့် အလိုရှိ ထွက်ပြေးသူတစ်ဦးဖြစ်ပြီး ဖော်ထုတ်ချက်အရ သီပေါမြို့နယ်၊ ကုန်းသာကျေးရွာနေ အောင်ဖြိုးသူနှင့် မိုင်းရယ်မြို့နေ စိုင်းစောတို့က မူးယစ်ဆေးဝါးများကို လွှဲပြောင်းပေးခဲ့သူများဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
၎င်းတို့ကို ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း နစကမှ ဆိုသည်။

Zawgyi Version:
မူးယစ္အမႈျဖင့္ အလိုရွိသူ(၂)ဦး ႏွင့္ ေငြက်ပ္(၃)ဘီလ်ံေက်ာ္တန္ဖိုးရွိ ဘိန္းျဖဴမ်ားကို ဖမ္းမိ
ေစာ (NP News) - ဇူလိုင္ ၁ဝ
မူးယစ္အမႈျဖင့္ အလိုရွိသူ(၂)ဦးႏွင့္အတူ ေငြက်ပ္ (၃)ဘီလ်ံေက်ာ္တန္ဖိုးရွိ ဘိန္းျဖဴ (၁၄၈)ကီလိုေက်ာ္ကို ဖမ္းဆီးရမိခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားသည္ ၿပီးခဲ့သည့္ (ဇြန္လ ၂၂ ရက္) ညေန ၃ နာရီတြင္ မႏၲေလးတိုင္းေဒသႀကီး၊ ေက်ာက္ဆည္ ႏွင့္ မိတၳီလာခ႐ိုင္ခ်င္းဆက္လမ္း၊ ေတာင္ေတာ္ေက်း႐ြာအနီး၌ သတင္းအရေစာင့္ဆိုင္းေနခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထိုသို႔ေစာင့္ဆိုင္းေနစဥ္ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ မိုင္းရယ္မွ မႏၲေလးသို႔ သန္းေအာင္စိုး(ခ)ေမ်ာက္ႀကီး ေမာင္းႏွင္ၿပီး ပိုင္ခန႔္ လိုက္ပါလာသည့္ NISSAN DIESEL ၆ ဘီး ေမာ္ေတာ္ယာဥ္အား စစ္ေဆးရွာေဖြရာ ယာဥ္ေပၚမွ ဘိန္းျဖဴ (၁၄၈ ဒသမ ၇၉၇) ကီလို ဖမ္းဆီးရမိခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။
ကြင္းဆက္ေဖာ္ထုတ္ခ်က္အရ ဖမ္းဆီးရမိ ဘိန္းျဖဴမ်ားကို မိုင္းရယ္ၿမိဳ႕မွ မႏၲေလးၿမိဳ႕သို႔ သယ္ေဆာင္ခိုင္းသူ နန္းသီရိေအာင္၊ ဟန္ထြန္းႏိုင္(ခ)စိုင္းေက်ာ္မိန္းႏွင့္ ေစာရန္ႏိုင္တို႔ကို (ဇြန္လ ၂၆ ရက္)၊ မြန္းလြဲ (၁) နာရီတြင္ လြိဳင္လင္ၿမိဳ႕နယ္၊ ပင္လုံ-လဲခ်ားသြားကားလမ္း၌ FORD RANGER ေမာ္ေတာ္ယာဥ္ႏွင့္အတူ ဆက္လက္ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွဆိုသည္။
အဆိုပါ (၃) ဦးအနက္ ဟန္ထြန္းႏိုင္(ခ) စိုင္းေက်ာ္မိန္းသည္ မူးယစ္အမႈမ်ားျဖင့္ အလိုရွိထြက္ေျပးေနသူတစ္ဦးျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
စစ္ေဆးေဖာ္ထုတ္ခ်က္အရ (ဇြန္လ ၂၉ ရက္)၊ မြန္းလြဲ (၁၂) နာရီ (၃ဝ) မိနစ္အခ်ိန္တြင္ မူးယစ္ေဆးဝါးမ်ား သယ္ေဆာင္ရာတြင္ ပူးေပါင္းပါဝင္သူ ဘုန္းျမင့္ေက်ာ္(ခ)ဦးတီပြားႏွင့္ ေဇာ္ေဇာ္ေနာင္(ခ)ကိုေနာင္တို႔ကို ေအာင္ပန္းၿမိဳ႕၊ လွည္း႐ိုးရပ္ကြက္ရွိေနအိမ္၌ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။
ထို႔ျပင္ ဘုန္းျမင့္ေက်ာ္(ခ)ဦးတီပြားမွာလည္း မူးယစ္အမႈျဖင့္ အလိုရွိ ထြက္ေျပးသူတစ္ဦးျဖစ္ၿပီး ေဖာ္ထုတ္ခ်က္အရ သီေပါၿမိဳ႕နယ္၊ ကုန္းသာေက်း႐ြာေန ေအာင္ၿဖိဳးသူႏွင့္ မိုင္းရယ္ၿမိဳ႕ေန စိုင္းေစာတို႔က မူးယစ္ေဆးဝါးမ်ားကို လႊဲေျပာင္းေပးခဲ့သူမ်ားျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
၎တို႔ကို ဥပေဒအရအေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားအား ဆက္လက္ေဖာ္ထုတ္လ်က္ရွိေၾကာင္း နစကမွ ဆိုသည္။