PDF အဖွဲ့ ဖမ်းဆီးထားသော သစ်ပင်စိုက်ပရဟိတသမား နှင့် လက်ထောက်ညွှန်ကြားရေးမှူးအပါအဝင်(၅)ဦး ယခုထက်တိုင် ပြန်မလွှတ်သေး

 7057

သန့်ဇင် (NP Nws) - ဇူလိုင် ၁ဝ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပားတောင်အနီးတွင် PDF အဖွဲ့ ဖမ်းဆီးထားသော သစ်ပင်စိုက်ပရဟိတသမား နှင့် လက်ထောက်ညွှန်ကြားရေးမှူး အပါအဝင် (၅)ဦးတို့မှာ ယခုထက်တိုင် ပြန်မလွှတ်သေးကြောင်း ဖြစ်စဉ်နှင့်ပတ်သက်၍ သိရှိသူတစ်ဦးက NP News ကို ပြောသည်။
ဖမ်းဆီးခံရမှုသည် ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်၊ မွန်းလွဲ ၂ နာရီကျော် ဝန်းကျင်အချိန်ခန့်က ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပားတောင် တက်လမ်း၊ ရေငယ်စခန်းအနီးတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယနေ့(ဇူလိုင်လ ၁၀ ရက်) အထိ ပြန်မလွှတ်သေးကြောင်း သိရသည်။
“ဘာအသံမှ မကြားရသေးဘူး။ ပထမတော့ ပြန်လွှတ်ပေးမလိုလိုနဲ့ဖြစ်နေတာပေါ့နော်။ နောက်ပိုင်းကျတော့ လိုင်းပေါ်တက်လာလို့ဆိုပြီး ပြန်မလွှတ်ပေးသေးတာ။ ဒီနေ့အထိပေါ့” ဟု ဖြစ်စဉ်အား သိရှိသူတစ်ဦးက ပြောသည်။
PDF အဖွဲ့၏ ဖမ်းဆီးခံရသူများအတွင်း သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး အပါအဝင် သစ်တောဝန်ထမ်း(၄)ဦးနှင့် အညာဒေသတွင် ပရဟိတသစ်ပင်စိုက်ပျိုးနေသော ရေနံသာဒင်္ဂါးအဖွဲ့တာဝန်ခံ ကိုရေနံသာဒင်္ဂါးတို့ပါဝင်ကြောင်း သိရသည်။

“ကိုဒင်္ဂါး ပါသွားတယ်။ စုစုပေါင်း(၅)ယောက်ပါသွားတာ။ အဖမ်းခံရတာကလည်း ပုပ္ပားတောင်မကြီးတစ်ဝက်လောက်မှာပေါ့နော်။ ကွန်က ရစ်လမ်းအတိုင်းသွားလို့ရတယ် အဲဒီမှာ ရေငယ်စခန်းဆိုတာရှိတယ်။ အဲဒီကနေ ဖမ်းခေါ်သွားရင်တော့ တောင်မကြီးရဲ့နောက်က နဂါးလိမ် လျှော်တောဘက်ပဲ ဖမ်းခေါ်သွားမှာပေါ့။ အဲဒီဘက်က အဓိကဖြစ်နေတာပေါ့။ အဖမ်းခံရတာ တော်တော်လည်းကြာပြီ” ဟု ၎င်းက ဆက်လက်ပြေသည်။
လက်ရှိတွင် ဖမ်းဆီးခံရသူများအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြေင်း သိရသည်။

Zawgyi Version:
PDF အဖြဲ႕ ဖမ္းဆီးထားေသာ သစ္ပင္စိုက္ပရဟိတသမား ႏွင့္ လက္ေထာက္ၫႊန္ၾကားေရးမႉးအပါအဝင္(၅)ဦး ယခုထက္တိုင္ ျပန္မလႊတ္ေသး
သန႔္ဇင္ (NP Nws) - ဇူလိုင္ ၁ဝ
မႏၲေလးတိုင္းေဒသႀကီး၊ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္၊ ပုပၸားေတာင္အနီးတြင္ PDF အဖြဲ႕ ဖမ္းဆီးထားေသာ သစ္ပင္စိုက္ပရဟိတသမား ႏွင့္ လက္ေထာက္ၫႊန္ၾကားေရးမႉး အပါအဝင္ (၅)ဦးတို႔မွာ ယခုထက္တိုင္ ျပန္မလႊတ္ေသးေၾကာင္း ျဖစ္စဥ္ႏွင့္ပတ္သက္၍ သိရွိသူတစ္ဦးက NP News ကို ေျပာ သည္။
ဖမ္းဆီးခံရမႈသည္ ၿပီးခဲ့သည့္ ဇူလိုင္လ ၅ ရက္၊ မြန္းလြဲ ၂ နာရီေက်ာ္ ဝန္းက်င္အခ်ိန္ခန႔္က ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္၊ ပုပၸားေတာင္ တက္လမ္း၊ ေရငယ္စခန္းအနီးတြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ယေန႔(ဇူလိုင္လ ၁၀ ရက္) အထိ ျပန္မလႊတ္ေသးေၾကာင္း သိရသည္။
“ဘာအသံမွ မၾကားရေသးဘူး။ ပထမေတာ့ ျပန္လႊတ္ေပးမလိုလိုနဲ႔ျဖစ္ေနတာေပါ့ေနာ္။ ေနာက္ပိုင္းက်ေတာ့ လိုင္းေပၚတက္လာလို႔ဆိုၿပီး ျပန္မလႊတ္ေပးေသးတာ။ ဒီေန႔အထိေပါ့” ဟု ျဖစ္စဥ္အား သိရွိသူတစ္ဦးက ေျပာသည္။
PDF အဖြဲ႕၏ ဖမ္းဆီးခံရသူမ်ားအတြင္း သစ္ေတာဦးစီးဌာနမွ လက္ေထာက္ၫႊန္ၾကားေရးမႉး အပါအဝင္ သစ္ေတာဝန္ထမ္း(၄)ဦးႏွင့္ အညာေဒသတြင္ ပရဟိတသစ္ပင္စိုက္ပ်ိဳးေနေသာ ေရနံသာဒဂၤါးအဖြဲ႕တာဝန္ခံ ကိုေရနံသာဒဂၤါးတို႔ပါဝင္ေၾကာင္း သိရသည္။

“ကိုဒဂၤါး ပါသြားတယ္။ စုစုေပါင္း(၅)ေယာက္ပါသြားတာ။ အဖမ္းခံရတာကလည္း ပုပၸားေတာင္မႀကီးတစ္ဝက္ေလာက္မွာေပါ့ေနာ္။ ကြန္က ရစ္လမ္းအတိုင္းသြားလို႔ရတယ္ အဲဒီမွာ ေရငယ္စခန္းဆိုတာရွိတယ္။ အဲဒီကေန ဖမ္းေခၚသြားရင္ေတာ့ ေတာင္မႀကီးရဲ႕ေနာက္က နဂါးလိမ္ ေလွ်ာ္ေတာဘက္ပဲ ဖမ္းေခၚသြားမွာေပါ့။ အဲဒီဘက္က အဓိကျဖစ္ေနတာေပါ့။ အဖမ္းခံရတာ ေတာ္ေတာ္လည္းၾကာၿပီ” ဟု ၎က ဆက္လက္ေျပသည္။
လက္ရွိတြင္ ဖမ္းဆီးခံရသူမ်ားအား ျပန္လည္ကယ္တင္ႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ဆးမႈမ်ား ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကင္း သိရသည္။

Related news

© 2021. All rights reserved.