လာမယ့်သီတင်းပတ်များအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် တရုတ်နိုင်ငံသို့ သွားရောက်မည်

 572

ရောင်နီ (NP News) - ဇွန် ၈

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ လာမယ့် ရက်သတ္တပတ်များအတွင်း တရုတ်နိုင်ငံကို သွားရောက်ဖို့ စီစဉ်နေတယ်လို့ အမေရိကန်အရာရှိတစ်ဦးက အင်္ဂါနေ့ (ဇွန် ၆ ရက်) မှာ ပြောကြားခဲ့ပါတယ်။

ဒါဟာ လအတန်ကြာ တင်းမာမှုများမြင့်တက်စေခဲ့တဲ့ တရုတ်ကင်းထောက် မီးပုံပျံကို အမေရိကန်နယ်နိမိတ်မှာ တွေ့ရှိခဲ့ပြီးနောက် ရွှေ့ဆိုင်းခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ရဲ့တရုတ်ခရီးစဉ် ပြန်လည်အကောင်အထည် ဖော်လာခြင်းဖြစ်ပါတယ်။

ဘလင်ကန်ရဲ့ခရီးစဉ် ဘယ်အချိန်မှာ စတင်မယ်ဆိုတာကတော့ အသေးစိတ် မသိရသေးပါဘူး။ အမေရိကန် နိုင်ငံခြားရေးဌာနက ဘလင်ကန်ရဲ့ခရီးစဉ်အချိန်ဟာ အခြေအနေတွေပေါ်မူတည်ပြီး ပြောင်းလဲသွားနိုင်တာ ကြောင့် အတိအကျသတ်မှတ်လို့ မရနိုင်ဘူးလို့ ဆိုပါတယ်။ ဘလင်ကန်ရဲ့ တရုတ်ပြည်ခရီးစဉ်ဟာ တရုတ် ကင်းထောက် မီးပုံးပျံတစ်ခု အမေရိကန်ပြည်ထောင်စုကိုဖြတ်ကျော်ဝင်ရောက်လာခဲ့တဲ့ ဖေဖော်ဝါရီလကစ နှစ်နိုင်ငံ တင်းမာမှုတွေကြောင့် ဖျက်သိမ်းခဲ့ရတာဖြစ်ပါတယ်။

အဆိုပါ မီးပုံးပျံကို တောင်ကယ်ရိုလိုင်းနား ကမ်းရိုးတန်းမှာ အမေရိကန် စစ်လေယာဉ်တစ်စင်းက ပစ်ချခဲ့ပါတယ်။ ဘလင်ကန် က ၄င်းရဲ့ခရီးစဉ်နဲ့ပတ်သက်ပြီး တရုတ်ရဲ့တာဝန်မဲ့လုပ်ရပ်ကြောင့် ခရီးစဉ်ဖျက်သိမ်းခဲ့ရပြီး အခြေအနေ အရ ခွင့်ပြုချက်ရမှ ခရီးစဉ်ပြန်လည်စတင်နိုင်မှာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဗဟိုကော်မရှင် ဒါရိုက်တာ ဝမ်ယိ ကို အဲဒီအချိန်က ပြောကြားခဲ့ပါတယ်။

မေလမှာတော့ ၄င်းက တရုတ်နိုင်ငံ အလည်အပတ်ခရီးစဉ်ကို ပြန်လည်စီစဉ်နိုင်ဖို့ မျှော်လင့်ချက်ရှိကြောင်း၊ နှစ်နိုင်ငံ အစိုးရတွေကြား ပုံမှန်ဆက်သွယ်ရေးလမ်းကြောင်းတွေ ပြန်လည်ထူထောင်ဖို့ အရေးကြီးကြောင်း ဝါရှင်တန်ပို့စ် သတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာ ၎င်းက ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံနှစ်ခုကြား ဆက်ဆံရေးဟာ ထိုင်ဝမ်နဲ့ အမေရိကန်ဆက်ဆံရေး၊ တရုတ် နိုင်ငံရဲ့ လူ့အခွင့်အရေးမှတ်တမ်းနဲ့ တောင်တရုတ်ပင်လယ်အတွင်း အမေရိကန်ရဲ့စစ်ရေးလှုပ်ရှားမှုတွေကြောင့် တင်းမာမှုတွေ မြင့်တက်နေခဲ့ပါတယ်။

Zawgyi Version;
လာမယ့္သီတင္းပတ္မ်ားအတြင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီဘလင္ကန္ တ႐ုတ္ႏိုင္ငံသို႔ သြားေရာက္ မည္
ေရာင္နီ (NP News) - ဇြန္ ၈

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီဘလင္ကန္ဟာ လာမယ့္ ရက္သတၱပတ္မ်ားအတြင္း တ႐ုတ္ႏိုင္ငံကို သြားေရာက္ဖို႔ စီစဥ္ေနတယ္လို႔ အေမရိကန္အရာရွိတစ္ဦးက အဂၤါေန႔ (ဇြန္ ၆ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။

ဒါဟာ လအတန္ၾကာ တင္းမာမႈမ်ားျမင့္တက္ေစခဲ့တဲ့ တ႐ုတ္ကင္းေထာက္ မီးပုံပ်ံကို အေမရိကန္နယ္နိမိတ္မွာ ေတြ႕ရွိခဲ့ၿပီးေနာက္ ေ႐ႊ႕ဆိုင္းခဲ့တဲ့ ႏိုင္ငံျခားေရးဝန္ႀကီး ဘလင္ကန္ရဲ႕တ႐ုတ္ခရီးစဥ္ ျပန္လည္အေကာင္အထည္ ေဖာ္လာျခင္းျဖစ္ပါတယ္။

ဘလင္ကန္ရဲ႕ခရီးစဥ္ ဘယ္အခ်ိန္မွာ စတင္မယ္ဆိုတာကေတာ့ အေသးစိတ္ မသိရေသးပါဘူး။ အေမရိကန္ ႏိုင္ငံျခားေရးဌာနက ဘလင္ကန္ရဲ႕ခရီးစဥ္အခ်ိန္ဟာ အေျခအေနေတြေပၚမူတည္ၿပီး ေျပာင္းလဲသြားႏိုင္တာ ေၾကာင့္ အတိအက်သတ္မွတ္လို႔ မရႏိုင္ဘူးလို႔ ဆိုပါတယ္။ ဘလင္ကန္ရဲ႕ တ႐ုတ္ျပည္ခရီးစဥ္ဟာ တ႐ုတ္ ကင္းေထာက္ မီးပုံးပ်ံတစ္ခု အေမရိကန္ျပည္ေထာင္စုကိုျဖတ္ေက်ာ္ဝင္ေရာက္လာခဲ့တဲ့ ေဖေဖာ္ဝါရီလကစ ႏွစ္ႏိုင္ငံ တင္းမာမႈေတြေၾကာင့္ ဖ်က္သိမ္းခဲ့ရတာျဖစ္ပါတယ္။

အဆိုပါ မီးပုံးပ်ံကို ေတာင္ကယ္႐ိုလိုင္းနား ကမ္း႐ိုးတန္းမွာ အေမရိကန္ စစ္ေလယာဥ္တစ္စင္းက ပစ္ခ်ခဲ့ပါတယ္။ ဘလင္ကန္ က ၄င္းရဲ႕ခရီးစဥ္နဲ႔ပတ္သက္ၿပီး တ႐ုတ္ရဲ႕တာဝန္မဲ့လုပ္ရပ္ေၾကာင့္ ခရီးစဥ္ဖ်က္သိမ္းခဲ့ရၿပီး အေျခအေန အရ ခြင့္ျပဳခ်က္ရမွ ခရီးစဥ္ျပန္လည္စတင္ႏိုင္မွာျဖစ္ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဗဟိုေကာ္မရွင္ ဒါ႐ိုက္တာ ဝမ္ယိ ကို အဲဒီအခ်ိန္က ေျပာၾကားခဲ့ပါတယ္။

ေမလမွာေတာ့ ၄င္းက တ႐ုတ္ႏိုင္ငံ အလည္အပတ္ခရီးစဥ္ကို ျပန္လည္စီစဥ္ႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ရွိေၾကာင္း၊ ႏွစ္ႏိုင္ငံ အစိုးရေတြၾကား ပုံမွန္ဆက္သြယ္ေရးလမ္းေၾကာင္းေတြ ျပန္လည္ထူေထာင္ဖို႔ အေရးႀကီးေၾကာင္း ဝါရွင္တန္ပို႔စ္ သတင္းဌာနနဲ႔ အင္တာဗ်ဴးတစ္ခုမွာ ၎က ေျပာၾကားခဲ့ပါတယ္။

ကမာၻ႔ စီးပြားေရးအင္အားအႀကီးဆုံး ႏိုင္ငံႏွစ္ခုၾကား ဆက္ဆံေရးဟာ ထိုင္ဝမ္နဲ႔ အေမရိကန္ဆက္ဆံေရး၊ တ႐ုတ္ ႏိုင္ငံရဲ႕ လူ႔အခြင့္အေရးမွတ္တမ္းနဲ႔ ေတာင္တ႐ုတ္ပင္လယ္အတြင္း အေမရိကန္ရဲ႕စစ္ေရးလႈပ္ရွားမႈေတြေၾကာင့္ တင္းမာမႈေတြ ျမင့္တက္ေနခဲ့ပါတယ္။

Picture

L Mone

08/06/2023 12:58

မြန်မာပြည်မှာလည်း အကြွေးတွေဝိုင်း အကြွေးတွေ မပေးနိုင်သူတွေ မထူးစိတ်မွေးနေတာတွေ သိပ်များနေကြပါတယ်...ရပ်ကွက်တွေ ရွာတွေအလိုက်ကို သေချာ စစ်ဆေးပြီး ဂရုစိုက် ကူညီကြရမယ် အကြံဥာဏ်ပေးကြရလိမ့်မယ်လို့ထင်ပါတယ် ..အကြွေးပေးစရာရှိသူတွေနဲ့ အကြွေးရစရာ ရှိသူတွေကြားမှာ အစိုးရကိုယ်တိုင်ဝင်ပါကြည့်ပါက တိုင်းပြည် ငြိမ်းချမ်းရေး အဓိက သော့ချက်ဖြစ်လာပါလိမ့်မယ်လို့ အကြံပြုတင်ပြအပ်ပါတယ်...အကြွေးနစ်ကြရတာဟာ ၂၀၁၀ နဲ့ ၂၀၂၀ ကြားမှာ...အကြွေးဝယ်ယူခွင့် ကနေ စဖြစ်လာကြတာ ဖြစ်ပါကြောင်း ထပ်လောင်း တင်ပြ အပ်ပါတယ်....

Related news

© 2021. All rights reserved.