အမရပူရမြို့နယ်တွင် ဆိုင်ကယ်နှင့်ကား ယာဥ်တိုက်မှုဖြစ်ပွားခဲ့ရာ ဆိုင်ကယ်မောင်းနှင်သူသေဆုံး

559

Pearl (NP News) - ဇွန် ၈
အမရပူရမြို့နယ်တွင် ဆိုင်ကယ်နှင့်ကား ယာဥ်တိုက်မှုဖြစ်ပွားခဲ့ရာ ဆိုင်ကယ်မောင်းနှင်သူ သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့- မန္တလေးတိုင်းဒေသကြီးထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဇွန်လ ၇ ရက်)၊ နေ့လည် (၂)နာရီအချိန်ခန့်တွင် မန္တလေးတိုင်း၊ အမရပူရမြို့နယ် ၊ လမ်းငါးခွအနီး၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပြည်ကြီးတံခွန်မြို့နယ်၌ နေထိုင်သူ အသက်(၄ဝ)နှစ်အရွယ်ခန့်ရှိ အမျိုးသားတစ်ဦးမောင်းနှင်သော ဆိုင်ကယ်အား ကားကဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ကားက ဆိုင်ကယ်ကိုတိုက်တာ။ အမျိုးသားတစ်ဦး ခေါင်းပွင့်ထွက် ဒဏ်ရာရပြီး နေရာမှာပဲဆုံးသွားတာ။ ရုပ်ကပျက်နေတော့ အသက်က မှန်းလို့သိပ်မရဘူး ။ (၄ဝ)ဝန်းကျင်လောက်ပဲ။ ကားက ရဲစခန်းမှာ ထိန်း သိမ်းထားတယ်။ ကြားတာကတော့ ကားက(၂)နေရာတိုက်ထားတယ်ပြောတယ်"ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းဒေသကြီး၏ တာဝန်ရှိသူတစ်ဦးမှ NP News ကို ပြောသည်။
ဖြစ်စဉ်ကြောင့် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားသည် ဦးခေါင်းပွင့်ထွက် ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်းသိရသည်။
လက်ရှိတွင် ၎င်းရုပ်အလောင်းအား မန္တလေးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ပေးထားကြောင်း သိရသည်။

zawgyi version
အမရပူရၿမိဳ႕နယ္တြင္ ဆိုင္ကယ္ႏွင့္ကား ယာဥ္တိုက္မႈျဖစ္ပြားခဲ့ရာ ဆိုင္ကယ္ေမာင္းႏွင္သူေသဆုံး
Pearl (NP News) - ဇြန္ ၈
အမရပူရၿမိဳ႕နယ္တြင္ ဆိုင္ကယ္ႏွင့္ကား ယာဥ္တိုက္မႈျဖစ္ပြားခဲ့ရာ ဆိုင္ကယ္ေမာင္းႏွင္သူ ေသဆုံးသြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕- မႏၲေလးတိုင္းေဒသႀကီးထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ဇြန္လ ၇ ရက္)၊ ေန႔လည္ (၂)နာရီအခ်ိန္ခန႔္တြင္ မႏၲေလးတိုင္း၊ အမရပူရၿမိဳ႕နယ္ ၊ လမ္းငါးခြအနီး၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၌ ေနထိုင္သူ အသက္(၄ဝ)ႏွစ္အ႐ြယ္ခန႔္ရွိ အမ်ိဳးသားတစ္ဦးေမာင္းႏွင္ေသာ ဆိုင္ကယ္အား ကားကဝင္တိုက္မိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
"ကားက ဆိုင္ကယ္ကိုတိုက္တာ။ အမ်ိဳးသားတစ္ဦး ေခါင္းပြင့္ထြက္ ဒဏ္ရာရၿပီး ေနရာမွာပဲဆုံးသြားတာ။ ႐ုပ္ကပ်က္ေနေတာ့ အသက္က မွန္းလို႔သိပ္မရဘူး ။ (၄ဝ)ဝန္းက်င္ေလာက္ပဲ။ ကားက ရဲစခန္းမွာ ထိန္း သိမ္းထားတယ္။ ၾကားတာကေတာ့ ကားက(၂)ေနရာတိုက္ထားတယ္ေျပာတယ္"ဟု ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ - မႏၲေလးတိုင္းေဒသႀကီး၏ တာဝန္ရွိသူတစ္ဦးမွ NP News ကို ေျပာသည္။
ျဖစ္စဥ္ေၾကာင့္ ဆိုင္ကယ္ေမာင္းႏွင္သူ အမ်ိဳးသားသည္ ဦးေခါင္းပြင့္ထြက္ ဒဏ္ရာရရွိကာ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားခဲ့ေၾကာင္းသိရသည္။
လက္ရွိတြင္ ၎႐ုပ္အေလာင္းအား မႏၲေလးျပည္သူ႔ေဆး႐ုံႀကီး ရင္ခြဲ႐ုံသို႔ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။