ရခိုင်ပြည်နယ်ရှိ ငါးဖမ်းသမားများနှင့် လယ်သမားများအတွက်လိုအပ်သောကိရိယာများ ထပ်မံကူညီပေးသွားမည်ဟု UNDP အဖွဲ့ပြော

 431

ဂျန်ဇက် (NP News) - ဇွန် ၈

ကုလသမဂ္ဂအဖွဲ့စည်းတစ်ခုဖြစ်သော ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP သည် လာမည့်သီတင်းပတ်များ အတွင်း လယ်သမားများနှင့် ငါးဖမ်းသူများအတွက် စပါးမျိုးစေ့များ၊ ဓာတ်မြေဩဇာ၊ ဂဏန်းထောင်ချောက်များ၊ လှေများ နှင့် ငါးဖမ်းပိုက်များ အပါအဝင် ၎င်းတို့လုပ်ငန်းလည်ပတ်ရန် အရေးတကြီးလိုအပ်သည့် ကိရိယာများကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

ရခိုင်ပြည်နယ်တစ်ဝှမ်းရှိ လူအများအပြားအတွက် စားနပ်ရိက္ခာဖူလုံမှုကို တိုးတက်စေရန်အတွက် လယ်သမားများ နှင့် ငါးဖမ်းသူများအတွက် လိုအပ်သောပစ္စည်းများကို ကူညီထောက်ပံ့ပေးခြင်းဖြစ်ကြောင်း UNDP က ဆိုသည်။

ဆိုင်ကလုန်းမိုခါသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို ဖြတ်ကျော်ဝင်ရောက်မှုကြောင့် လယ်မြေများ ထိခိုက် ပျက်စီးခြင်း၊ မျိုးစေ့များ ဆုံးရှုံးခြင်း နှင့် ငါးဖမ်းလှေများ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ လယ်သမားများ နှင့် ငါးဖမ်းသူများ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ထိခိုက်ခဲ့ရကြောင်း သိရသည်။

လယ်သမားများ နှင့် ငါးဖမ်းသမားများ၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ ထိခိုက်ပျက်စီးရခြင်းသည် ရေရှည် တွင် စားနပ်ရိက္ခာရရှိနိုင်မှု နှင့် အစားအစာအတွက် စရိတ်တတ်နိုင်မှုတို့အပေါ် ထိခိုက်သက်ရောက်မှုများက ပိုဆိုး လာနိုင်ဖွယ်ရှိနေရာ လယ်သမားများ နှင့် ငါးဖမ်းသမားများအတွက် လိုအပ်သောပစ္စည်းများ ကူညီပေးနေပြီး ရခိုင်ပြည်နယ်တစ်ဝှမ်းတွင် လူဦးရေ ၃၅ဝဝဝ ကျော်အထိ မျိုးစေ့မျိုးစုံ ဖြန့်ဖြူးပေးနိုင်ခဲ့ကာ မုတ်သုံရာသီမတိုင်မီ ၎င်းတို့၏ အိမ်ခြံများတွင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးနိုင်ပြီဖြစ်ကြောင်း UNDP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆိုင်ကလုန်း ဝင်ရောက်ခဲ့ရာလမ်းကြောင်းပေါ်ရှိ နေထိုင်သူအများအပြားသည် ရောက်ရှိရန်ခက်ခဲ့သည့်နေရာများ တွင် ရှိနေသည့်အပြင် ဝင်ငွေလည်းနည်းပါးကြောင်း၊ ပံ့ပိုးပေးအပ်လိုက်သော မျိုးစေ့မျိုးစုံသည် ဒေသခံများကို အာဟာရပြည့်ဝသော အစားအစာများ ထုတ်လုပ်စိုက်ပျိုးနိုင်စေရန် နှင့် စိုက်ပျိုးဖြစ်ထွန်းလာသည့် သီးနှံများကို ရောင်းချခြင်းမှလည်း မိသားစုများစွာ အပိုဝင်ငွေရရှိနိုင်စေရန်ကူညီပေးနိုင်မည်ဖြစ်ကြောင်း UNDP က ဆိုသည်။

Zawgyi Version;
ရခိုင္ျပည္နယ္ရွိ ငါးဖမ္းသမားမ်ားႏွင့္ လယ္သမားမ်ားအတြက္လိုအပ္ေသာကိရိယာမ်ား ထပ္မံကူညီေပးသြားမည္ ဟု UNDP အဖြဲ႕ေျပာ
ဂ်န္ဇက္ (NP News) - ဇြန္ ၈

ကုလသမဂၢအဖြဲ႕စည္းတစ္ခုျဖစ္ေသာ ကုလသမဂၢဖြံ႕ၿဖိဳးေရးအစီအစဥ္ UNDP သည္ လာမည့္သီတင္းပတ္မ်ား အတြင္း လယ္သမားမ်ားႏွင့္ ငါးဖမ္းသူမ်ားအတြက္ စပါးမ်ိဳးေစ့မ်ား၊ ဓာတ္ေျမဩဇာ၊ ဂဏန္းေထာင္ေခ်ာက္မ်ား၊ ေလွမ်ား ႏွင့္ ငါးဖမ္းပိုက္မ်ား အပါအဝင္ ၎တို႔လုပ္ငန္းလည္ပတ္ရန္ အေရးတႀကီးလိုအပ္သည့္ ကိရိယာမ်ားကို ပံ့ပိုးေပးသြားမည္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္သည္။

ရခိုင္ျပည္နယ္တစ္ဝွမ္းရွိ လူအမ်ားအျပားအတြက္ စားနပ္ရိကၡာဖူလုံမႈကို တိုးတက္ေစရန္အတြက္ လယ္သမားမ်ား ႏွင့္ ငါးဖမ္းသူမ်ားအတြက္ လိုအပ္ေသာပစၥည္းမ်ားကို ကူညီေထာက္ပံ့ေပးျခင္းျဖစ္ေၾကာင္း UNDP က ဆိုသည္။

ဆိုင္ကလုန္းမိုခါသည္ ျမန္မာႏိုင္ငံ ရခိုင္ျပည္နယ္ကို ျဖတ္ေက်ာ္ဝင္ေရာက္မႈေၾကာင့္ လယ္ေျမမ်ား ထိခိုက္ ပ်က္စီးျခင္း၊ မ်ိဳးေစ့မ်ား ဆုံးရႈံးျခင္း ႏွင့္ ငါးဖမ္းေလွမ်ား ထိခိုက္ပ်က္စီးမႈမ်ားျဖစ္ေပၚခဲ့ရာ လယ္သမားမ်ား ႏွင့္ ငါးဖမ္းသူမ်ား၏ အသက္ေမြးဝမ္းေၾကာင္းလုပ္ငန္းမ်ား ထိခိုက္ခဲ့ရေၾကာင္း သိရသည္။

လယ္သမားမ်ား ႏွင့္ ငါးဖမ္းသမားမ်ား၏ အသက္ေမြးဝမ္းေၾကာင္း လုပ္ငန္းမ်ား ထိခိုက္ပ်က္စီးရျခင္းသည္ ေရရွည္ တြင္ စားနပ္ရိကၡာရရွိႏိုင္မႈ ႏွင့္ အစားအစာအတြက္ စရိတ္တတ္ႏိုင္မႈတို႔အေပၚ ထိခိုက္သက္ေရာက္မႈမ်ားက ပိုဆိုး လာႏိုင္ဖြယ္ရွိေနရာ လယ္သမားမ်ား ႏွင့္ ငါးဖမ္းသမားမ်ားအတြက္ လိုအပ္ေသာပစၥည္းမ်ား ကူညီေပးေနၿပီး ရခိုင္ျပည္နယ္တစ္ဝွမ္းတြင္ လူဦးေရ ၃၅ဝဝဝ ေက်ာ္အထိ မ်ိဳးေစ့မ်ိဳးစုံ ျဖန႔္ျဖဴးေပးႏိုင္ခဲ့ကာ မုတ္သုံရာသီမတိုင္မီ ၎တို႔၏ အိမ္ၿခံမ်ားတြင္ သစ္သီးဝလံႏွင့္ ဟင္းသီးဟင္း႐ြက္မ်ား စိုက္ပ်ိဳးႏိုင္ၿပီျဖစ္ေၾကာင္း UNDP ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ဆိုင္ကလုန္း ဝင္ေရာက္ခဲ့ရာလမ္းေၾကာင္းေပၚရွိ ေနထိုင္သူအမ်ားအျပားသည္ ေရာက္ရွိရန္ခက္ခဲ့သည့္ေနရာမ်ား တြင္ ရွိေနသည့္အျပင္ ဝင္ေငြလည္းနည္းပါးေၾကာင္း၊ ပံ့ပိုးေပးအပ္လိုက္ေသာ မ်ိဳးေစ့မ်ိဳးစုံသည္ ေဒသခံမ်ားကို အာဟာရျပည့္ဝေသာ အစားအစာမ်ား ထုတ္လုပ္စိုက္ပ်ိဳးႏိုင္ေစရန္ ႏွင့္ စိုက္ပ်ိဳးျဖစ္ထြန္းလာသည့္ သီးႏွံမ်ားကို ေရာင္းခ်ျခင္းမွလည္း မိသားစုမ်ားစြာ အပိုဝင္ေငြရရွိႏိုင္ေစရန္ကူညီေပးႏိုင္မည္ျဖစ္ေၾကာင္း UNDP က ဆိုသည္။

Related news

© 2021. All rights reserved.