ရန်ကုန်တိုင်း အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးကြီးနိုင်ကြောင်း မိုးဇလအသိပေး

811

စော (NP News) - ဇွန် ၈
ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ မိုးကြီးနိုင်ကြောင်း မိုးဇလမှအသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့(ဇွန်လ ၈ ရက်)တွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။
ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၊ အရှေ့အလယ်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် မုတ်သုံလေ အား ကောင်းရာမှ အားအလွန်ကောင်းနေခြင်းကြောင့် ယနေ့ (ဇွန်လ ၈ ရက်)မှ (၁၃)ရက်အထိ မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် မိုးကြီးနိုင်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ထို့ကြောင့် နေပြည်တော်အပါအဝင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
ထို့ပြင် အချို့နေရာများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
မြန်မာကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်များကျရောက်နိုင်ပြီး လှိုင်းကြီးနိုင်ကြောင်း သိရသည်။
လှိုင်းအမြင့်အနေဖြင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် အမြင့်ပေ (၉) ပေမှ (၁၂)ပေခန့်ရှိနိုင်ကြောင်း သိရသည်။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုနေထိုင်ကြရန်လည်း အသိပေးထုတ်ပြန်ထားသည်။

zawgyi version
ရန္ကုန္တိုင္း အပါအဝင္ တိုင္းႏွင့္ျပည္နယ္အခ်ိဳ႕တြင္ မိုးႀကီးႏိုင္ေၾကာင္း မိုးဇလအသိေပး
ေစာ (NP News) - ဇြန္ ၈
ရန္ကုန္တိုင္းအပါအဝင္ တိုင္းႏွင့္ျပည္နယ္အခ်ိဳ႕၌ မိုးႀကီးႏိုင္ေၾကာင္း မိုးဇလမွအသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ယေန႔(ဇြန္လ ၈ ရက္)တြင္ အထက္ပါကဲ့သို႔ထုတ္ျပန္ထားျခင္းျဖစ္သည္။
ဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္း၊ အေရွ႕အလယ္ပိုင္းႏွင့္ အေရွ႕ေျမာက္ပိုင္းတို႔တြင္ မုတ္သုံေလ အား ေကာင္းရာမွ အားအလြန္ေကာင္းေနျခင္းေၾကာင့္ ယေန႔ (ဇြန္လ ၈ ရက္)မွ (၁၃)ရက္အထိ ျမန္မာႏိုင္ငံရွိ တိုင္းႏွင့္ျပည္နယ္အသီးသီးတြင္ မိုးႀကီးႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။
ထို႔ေၾကာင့္ ေနျပည္ေတာ္အပါအဝင္ စစ္ကိုင္းတိုင္း၊ မႏၲေလးတိုင္း၊ မေကြးတိုင္း၊ ပဲခူးတိုင္း၊ ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္း၊ တနသၤာရီတိုင္း၊ ရွမ္းျပည္နယ္၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္မွ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာႏိုင္ေၾကာင္း သိရသည္။
ထို႔ျပင္ အခ်ိဳ႕ေနရာမ်ားတြင္ ေဒသအလိုက္ႏွင့္ ေနရာကြက္၍ မိုးႀကီးျခင္းမ်ားႏွင့္အတူ ေလျပင္းတိုက္ခတ္ျခင္းမ်ားျဖစ္ေပၚႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။
ျမန္မာကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ ရံဖန္ရံခါ မိုးသက္ေလျပင္မ်ားက်ေရာက္ႏိုင္ၿပီး လႈိင္းႀကီးႏိုင္ေၾကာင္း သိရသည္။
လႈိင္းအျမင့္အေနျဖင့္ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ အျမင့္ေပ (၉) ေပမွ (၁၂)ေပခန႔္ရွိႏိုင္ေၾကာင္း သိရသည္။
မိုးသည္းထန္စြာ႐ြာသြန္းျခင္းႏွင့္အတူ ေလျပင္းတိုက္ခတ္ျခင္း၊ ႐ုတ္တရက္ေရႀကီးျခင္းႏွင့္ ေျမၿပိဳျခင္းစသည့္ သဘာဝေဘးအႏၲရာယ္မ်ား ျဖစ္ေပၚႏိုင္သျဖင့္ ႀကိဳတင္သတိျပဳေနထိုင္ၾကရန္လည္း အသိေပးထုတ္ျပန္ထားသည္။