ယူကရိန်းကို နေတိုးအဖွဲ့ဝင်နိုင်ငံအချို့ စစ်သားတွေစေလွှတ်ပေးဖွယ်ရှိနေကြောင်း နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ်ဟောင်းပြော

749

ဂျန်ဇက် (NP News) - ဇွန် ၈
နေတိုးအဖွဲ့ဝင်နိုင်ငံအချို့ဟာ ယူကရိန်းကို စစ်သားများ စေလွှတ်ပေးဖွယ်ရှိနေကြောင်း၊ နေတိုးအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း Anders Rasmussen က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
၎င်းက "နေတိုးအဖွဲ့ဟာ လစ်သူယေးနီးယားနိုင်ငံမှာ လာမယ့်လအတွင်းကျင်းပမယ့် ထိပ်သီးအစည်းအဝေးအတွင်း လုံခြုံရေးနဲ့ပတ်သက်ပြီး တိကျတဲ့အာမခံချက် မပေးနိုင်ဘူးဆိုရင် အဖွဲ့ဝင်နိုင်ငံအချို့ဟာ သူတို့ကိုယ်ပိုင်အစီအစဉ်နဲ့ ယူကရိန်းကိုတပ်ဖွဲ့ဝင်တွေ စေလွှတ်သွားဖွယ်ရှိနေပါတယ်" လို့ ပြောပါတယ်။
၎င်းဟာ လက်ရှိအချိန်မှာ ယူကရိန်းသမ္မတဇီလန်စကီးရဲ့အကြံပေးအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိနေကြောင်း သိရပါတယ်။ ၎င်းဟာ ပြီးခဲ့တဲ့သီတင်းပတ်များအတွင်း အမေရိကန် နဲ့ ဥရောပတိုက်ရှိ နိုင်ငံများကို ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့ပြီးနောက် ယူကရိန်းအတွက် စစ်ရေးအကူအညီများပေးဖို့ တောင်းဆိုခဲ့သလို ယူကရိန်းရဲ့ တောင်းဆိုချက်များနဲ့အညီ နိုင်ငံတကာဥပဒေများအတိုင်း တပ်ဖွဲ့ဝင်များ စေလွှတ်ပေးဖို့ တိုက်တွန်းတောင်းဆိုခဲ့ ကြောင်း သိရပါတယ်။
နေတိုးအဖွဲ့ လက်ရှိအထွေထွေအတွင်းရေးမှူးချုပ် ဂျန်စတိုတန်ဘတ်ချ်က လစ်သူယေးနီးယားနိုင်ငံမှာ ကျင်းပတဲ့ နေတိုးထိပ်သီးအစည်းအဝေးအတွင်း ယူကရိန်းနိုင်ငံအပေါ် လုံခြုံရေးအာမခံချက်ပေးဖို့ ဆွေးနွေးဖွယ်ရှိနေကြောင်း ပြောပါတယ်။
ယူကရိန်းဟာ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ စတင်လျှောက်ထားခဲ့ပေမယ့် တိုးတက်မှု အနည်းငယ်သာရှိသေးကြောင်း သိရပါတယ်။ နေတိုးအဖွဲ့ဝင်နိုင်ငံများထဲရှိ အချို့နိုင်ငံတွေဟာ ယူကရိန်းကို နေတိုးအဖွဲ့ဝင် နိုင်ငံဖြစ်ရေး ခွင့်ပြုပေးဖို့ တောင်းဆိုထားပေမယ့် နိုင်ငံအချို့ကတော့ လက်ခံခြင်းမရှိကြောင်း သိရပါတယ်။
အမေရိကန်အစိုးရက ယူကရိန်းဟာ အနာဂါတ်မှာ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာဖွယ်ရှိနေကြောင်း၊ ထုတ်ဖော်ပြောဆို ထားပါတယ်။ နေတိုးအဖွဲ့ရဲ့စည်းကမ်းများထဲမှာ အဖွဲ့ဝင်နိုင်ငံဖြစ်မယ့် နိုင်ငံတစ်နိုင်ငံဟာ အထူးသဖြင့် စစ်ရေး ပဋိပက္ခမဖြစ်ဖို့ လိုအပ်နေကြောင်း ဂျာမနီအဓိပတိ နဲ့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးတွေ မကြာသေးမီက ပြောဆို ခဲ့ဖူးပါတယ်။ နေတိုးအဖွဲ့ဝင်နိုင်ငံများအနက် ပိုလန်နိုင်ငံဟာ ယူကရိန်းကို စစ်သားများစေလွှတ်ပေးဖို့ ဆန္ဒပြင်းထန် ဆုံးနိုင်ငံဖြစ်ကြောင်း သိရပါတယ်။

Zawgyi Version;
ယူကရိန္းကို ေနတိုးအဖြဲ႕ဝင္ႏိုင္ငံအခ်ိဳ႕ စစ္သားေတြေစလႊတ္ေပးဖြယ္ရွိေနေၾကာင္း ေနတိုးအဖြဲ႕ အတြင္းေရးမႉးခ်ဳပ္ ေဟာင္းေျပာ
ဂ်န္ဇက္ (NP News) - ဇြန္ ၈
ေနတိုးအဖြဲ႕ဝင္ႏိုင္ငံအခ်ိဳ႕ဟာ ယူကရိန္းကို စစ္သားမ်ား ေစလႊတ္ေပးဖြယ္ရွိေနေၾကာင္း၊ ေနတိုးအေထြေထြ အတြင္းေရးမႉးခ်ဳပ္ေဟာင္း Anders Rasmussen က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
၎က "ေနတိုးအဖြဲ႕ဟာ လစ္သူေယးနီးယားႏိုင္ငံမွာ လာမယ့္လအတြင္းက်င္းပမယ့္ ထိပ္သီးအစည္းအေဝးအတြင္း လုံၿခဳံေရးနဲ႔ပတ္သက္ၿပီး တိက်တဲ့အာမခံခ်က္ မေပးႏိုင္ဘူးဆိုရင္ အဖြဲ႕ဝင္ႏိုင္ငံအခ်ိဳ႕ဟာ သူတို႔ကိုယ္ပိုင္အစီအစဥ္နဲ႔ ယူကရိန္းကိုတပ္ဖြဲ႕ဝင္ေတြ ေစလႊတ္သြားဖြယ္ရွိေနပါတယ္" လို႔ ေျပာပါတယ္။
၎ဟာ လက္ရွိအခ်ိန္မွာ ယူကရိန္းသမၼတဇီလန္စကီးရဲ႕အႀကံေပးအျဖစ္ တာဝန္ယူေဆာင္႐ြက္လ်က္ရွိေနေၾကာင္း သိရပါတယ္။ ၎ဟာ ၿပီးခဲ့တဲ့သီတင္းပတ္မ်ားအတြင္း အေမရိကန္ နဲ႔ ဥေရာပတိုက္ရွိ ႏိုင္ငံမ်ားကို ခ်စ္ၾကည္ေရး ခရီးသြားေရာက္ခဲ့ၿပီးေနာက္ ယူကရိန္းအတြက္ စစ္ေရးအကူအညီမ်ားေပးဖို႔ ေတာင္းဆိုခဲ့သလို ယူကရိန္းရဲ႕ ေတာင္းဆိုခ်က္မ်ားနဲ႔အညီ ႏိုင္ငံတကာဥပေဒမ်ားအတိုင္း တပ္ဖြဲ႕ဝင္မ်ား ေစလႊတ္ေပးဖို႔ တိုက္တြန္းေတာင္းဆိုခဲ့ ေၾကာင္း သိရပါတယ္။
ေနတိုးအဖြဲ႕ လက္ရွိအေထြေထြအတြင္းေရးမႉးခ်ဳပ္ ဂ်န္စတိုတန္ဘတ္ခ်္က လစ္သူေယးနီးယားႏိုင္ငံမွာ က်င္းပတဲ့ ေနတိုးထိပ္သီးအစည္းအေဝးအတြင္း ယူကရိန္းႏိုင္ငံအေပၚ လုံၿခဳံေရးအာမခံခ်က္ေပးဖို႔ ေဆြးေႏြးဖြယ္ရွိေနေၾကာင္း ေျပာပါတယ္။
ယူကရိန္းဟာ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံျဖစ္ဖို႔ ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာလမွာ စတင္ေလွ်ာက္ထားခဲ့ေပမယ့္ တိုးတက္မႈ အနည္းငယ္သာရွိေသးေၾကာင္း သိရပါတယ္။ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံမ်ားထဲရွိ အခ်ိဳ႕ႏိုင္ငံေတြဟာ ယူကရိန္းကို ေနတိုးအဖြဲ႕ဝင္ ႏိုင္ငံျဖစ္ေရး ခြင့္ျပဳေပးဖို႔ ေတာင္းဆိုထားေပမယ့္ ႏိုင္ငံအခ်ိဳ႕ကေတာ့ လက္ခံျခင္းမရွိေၾကာင္း သိရပါတယ္။
အေမရိကန္အစိုးရက ယူကရိန္းဟာ အနာဂါတ္မွာ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံျဖစ္လာဖြယ္ရွိေနေၾကာင္း၊ ထုတ္ေဖာ္ေျပာဆို ထားပါတယ္။ ေနတိုးအဖြဲ႕ရဲ႕စည္းကမ္းမ်ားထဲမွာ အဖြဲ႕ဝင္ႏိုင္ငံျဖစ္မယ့္ ႏိုင္ငံတစ္ႏိုင္ငံဟာ အထူးသျဖင့္ စစ္ေရး ပဋိပကၡမျဖစ္ဖို႔ လိုအပ္ေနေၾကာင္း ဂ်ာမနီအဓိပတိ နဲ႔ ဂ်ာမနီႏိုင္ငံျခားေရးဝန္ႀကီးေတြ မၾကာေသးမီက ေျပာဆို ခဲ့ဖူးပါတယ္။ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံမ်ားအနက္ ပိုလန္ႏိုင္ငံဟာ ယူကရိန္းကို စစ္သားမ်ားေစလႊတ္ေပးဖို႔ ဆႏၵျပင္းထန္ ဆုံးႏိုင္ငံျဖစ္ေၾကာင္း သိရပါတယ္။