မြန်မာနိုင်ငံ၌ အွန်လိုင်းထီစနစ်ကို စတင်အသုံးပြုမည်

5897

Pearl (NP News) - ဇွန် ၈
မြန်မာနိုင်ငံ၌ အောင်ဘာလေ အွန်လိုင်းသိန်းဆုထီစနစ်စတင်ဖွင့်လှစ်ခဲ့ပြီ ဖြစ်ကြောင်း နစက၏ ထုတ်ပြန်ချက် အရသိရသည်။
အဆိုပါ ဖွင့်လှစ်ပွဲအခမ်းအနားအား ယနေ့ (ဇွန်လ ၈ ရက်)တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့ပြီး အောင်ဘာလေအွန်လိုင်း သိန်းဆုထီစနစ်တွင် ပါတနာအဖြစ် Telecom International Myanmar Co,ltd (Mytel) က လုပ်ဆောင်မည် ဖြစ် ကြောင်း သိရသည်။
အောင်ဘာလေထီလက်မှတ်ကို အွန်လိုင်းမှတစ်ဆင့် ရောင်းချနိုင်ရေးအတွက် နည်းပညာပိုင်းပံ့ပိုးမှုများ ပြုလုပ်ဆောင်ရွက်ပေးနိုင်မည့် Service Provider လုပ်ငန်းတစ်ခုကို ရွေးချယ်ငှားရမ်းခြင်းဆောင်ရွက်သွားရန် ပြီးခဲ့ သည့် ၂ဝ၂၁ ခုနှစ် စက်တင်ဘာလကတည်း စိတ်ပါဝင်စားမှုဖော်ပြချက်(EOI) အဆိုပြုလွှာများကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနက ခေါ်ယူခဲ့သည်။
အွန်လိုင်းထီလက်မှတ် တန်ဖိုးသည် တစ်စောင်လျှင် ငွေကျပ် (၁ဝဝဝ)ကျသင့်မည်ဖြစ်ပြီး ကံစမ်းထားသည့် ထီလက်မှတ်စောင်ရေနှင့် ကျသင့်တန်ဖိုးကို ထီကံစမ်းသူ၏ အောင်ဘာလေ အက်ပလီကေးရှင်း မှတ်ပုံတင်ရာတွင် အသုံးပြုခဲ့သည့် ဖုန်းနံပါတ်သို့ စာတို (SMS) ပေးပို့မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဆုမဲအမျိုးအစားတစ်ခုခု ကံထူးခဲ့ပါကလည်း အပလီကေးရှင်းမှတ်ပုံတင်ရာတွင် အသုံးပြုခဲ့သည့် ဖုန်းနံပါတ် သို့ ထီကံထူးရှင်ဖြစ်ကြောင်း လျှို့ဝှက်ကုဒ်ပါဝင်သော စာတို (SMS) ပေးပို့၍ အကြောင်းကြားမည်ဖြစ်ကြောင်း သိရ သည်။
သို့သော် လျှို့ဝှက်ကုဒ်ပါဝင်သော စာတို (SMS) အား အထောက်အထားအဖြစ် တင်ပြနိုင်သူကိုသာ ထီဆုငွေ ထုတ် ပေးမည်ဖြစ်ကြောင်း သိရသည်။
ငွေကျပ် (၁ဝ)သိန်းနှင့်အောက် ဆုမဲများ၏ ထီဆုငွေကို ထီကံထူးရှင်(ကိုယ်တိုင်) အသုံးပြုသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကအသိအမှတ်ပြုထားသည့် ဘဏ်များ၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းများနှင့် မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများ၏ အီလက်ထရောနစ်ငွေပေး ချေမှုစနစ်များသို့ တိုက်ရိုက် လွှဲပြောင်းခြင်းဖြင့် ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဆုငွေကျပ် (၁ဝ)သိန်းအထက်ရရှိသူများသည် ရန်ကုန်မြို့ရှိ အောင်ဘာလေသိန်းဆု ဌာနခွဲရုံးနှင့် မန္တလေးမြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ(ရုံးခွဲ) တို့တွင် ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။
ဆုငွေများကို အောင်ဘာလေသိန်းဆုထီပေါက်စဉ်ကြေညာသည့်နေ့မှ တစ်နှစ်အတွင်း တောင်းခံနိုင်ပြီး သတ်မှတ် ကာလအတွင်း တောင်းခံခြင်းမရှိသည့် ဆုငွေများကို နိုင်ငံတော်ဘဏ္ဍာသို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ျမန္မာႏိုင္ငံ၌ အြန္လိုင္းထီစနစ္ကို စတင္အသုံးျပဳမည္
Pearl (NP News) - ဇြန္ ၈
ျမန္မာႏိုင္ငံ၌ ေအာင္ဘာေလ အြန္လိုင္းသိန္းဆုထီစနစ္စတင္ဖြင့္လွစ္ခဲ့ၿပီ ျဖစ္ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္ အရသိရသည္။
အဆိုပါ ဖြင့္လွစ္ပြဲအခမ္းအနားအား ယေန႔ (ဇြန္လ ၈ ရက္)တြင္ ေနျပည္ေတာ္ရွိ ျမန္မာအျပည္ျပည္ဆိုင္ရာ ကြန္ဗင္းရွင္းဗဟိုဌာန-၂ ၌ က်င္းပခဲ့ေၾကာင္း သိရသည္။
အဆိုပါ အခမ္းအနားသို႔ နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္တက္ေရာက္ခဲ့ၿပီး ေအာင္ဘာေလအြန္လိုင္း သိန္းဆုထီစနစ္တြင္ ပါတနာအျဖစ္ Telecom International Myanmar Co,ltd (Mytel) က လုပ္ေဆာင္မည္ ျဖစ္ ေၾကာင္း သိရသည္။
ေအာင္ဘာေလထီလက္မွတ္ကို အြန္လိုင္းမွတစ္ဆင့္ ေရာင္းခ်ႏိုင္ေရးအတြက္ နည္းပညာပိုင္းပံ့ပိုးမႈမ်ား ျပဳလုပ္ေဆာင္႐ြက္ေပးႏိုင္မည့္ Service Provider လုပ္ငန္းတစ္ခုကို ေ႐ြးခ်ယ္ငွားရမ္းျခင္းေဆာင္႐ြက္သြားရန္ ၿပီးခဲ့ သည့္ ၂ဝ၂၁ ခုႏွစ္ စက္တင္ဘာလကတည္း စိတ္ပါဝင္စားမႈေဖာ္ျပခ်က္(EOI) အဆိုျပဳလႊာမ်ားကို စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန၊ ျပည္တြင္းအခြန္မ်ားဦးစီးဌာနက ေခၚယူခဲ့သည္။
အြန္လိုင္းထီလက္မွတ္ တန္ဖိုးသည္ တစ္ေစာင္လွ်င္ ေငြက်ပ္ (၁ဝဝဝ)က်သင့္မည္ျဖစ္ၿပီး ကံစမ္းထားသည့္ ထီလက္မွတ္ေစာင္ေရႏွင့္ က်သင့္တန္ဖိုးကို ထီကံစမ္းသူ၏ ေအာင္ဘာေလ အက္ပလီေကးရွင္း မွတ္ပုံတင္ရာတြင္ အသုံးျပဳခဲ့သည့္ ဖုန္းနံပါတ္သို႔ စာတို (SMS) ေပးပို႔မည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ဆုမဲအမ်ိဳးအစားတစ္ခုခု ကံထူးခဲ့ပါကလည္း အပလီေကးရွင္းမွတ္ပုံတင္ရာတြင္ အသုံးျပဳခဲ့သည့္ ဖုန္းနံပါတ္ သို႔ ထီကံထူးရွင္ျဖစ္ေၾကာင္း လွ်ိဳ႕ဝွက္ကုဒ္ပါဝင္ေသာ စာတို (SMS) ေပးပို႔၍ အေၾကာင္းၾကားမည္ျဖစ္ေၾကာင္း သိရ သည္။
သို႔ေသာ္ လွ်ိဳ႕ဝွက္ကုဒ္ပါဝင္ေသာ စာတို (SMS) အား အေထာက္အထားအျဖစ္ တင္ျပႏိုင္သူကိုသာ ထီဆုေငြ ထုတ္ ေပးမည္ျဖစ္ေၾကာင္း သိရသည္။
ေငြက်ပ္ (၁ဝ)သိန္းႏွင့္ေအာက္ ဆုမဲမ်ား၏ ထီဆုေငြကို ထီကံထူးရွင္(ကိုယ္တိုင္) အသုံးျပဳေသာ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ကအသိအမွတ္ျပဳထားသည့္ ဘဏ္မ်ား၊ မိုဘိုင္းေငြေရးေၾကးေရး ဝန္ေဆာင္မႈ လုပ္ငန္းမ်ားႏွင့္ မိုဘိုင္းဆက္သြယ္ေရးေအာ္ပေရတာမ်ား၏ အီလက္ထေရာနစ္ေငြေပး ေခ်မႈစနစ္မ်ားသို႔ တိုက္႐ိုက္ လႊဲေျပာင္းျခင္းျဖင့္ ထုတ္ေပးမည္ျဖစ္ေၾကာင္း သိရသည္။
ဆုေငြက်ပ္ (၁ဝ)သိန္းအထက္ရရွိသူမ်ားသည္ ရန္ကုန္ၿမိဳ႕ရွိ ေအာင္ဘာေလသိန္းဆု ဌာနခြဲ႐ုံးႏွင့္ မႏၲေလးၿမိဳ႕ရွိ ေအာင္ဘာေလသိန္းဆုဌာနခြဲ(႐ုံးခြဲ) တို႔တြင္ ထုတ္ယူရမည္ျဖစ္ေၾကာင္း သိရသည္။
ဆုေငြမ်ားကို ေအာင္ဘာေလသိန္းဆုထီေပါက္စဥ္ေၾကညာသည့္ေန႔မွ တစ္ႏွစ္အတြင္း ေတာင္းခံႏိုင္ၿပီး သတ္မွတ္ ကာလအတြင္း ေတာင္းခံျခင္းမရွိသည့္ ဆုေငြမ်ားကို ႏိုင္ငံေတာ္ဘ႑ာသို႔ လႊဲေျပာင္းေပးမည္ျဖစ္ေၾကာင္း သိရသည္။