ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အရှည်ကြာဆုံး စံချိန်တင် အပူလှိုင်းကြောင့် စာသင်ကျောင်းများ ပိတ်ထားရ

 895

ရောင်နီ (NP News) - ဇွန် ၈

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ရာစုနှစ်တစ်ဝက်အတွင်း အပြင်းထန်ဆုံးနဲ့ အရှည်ကြာဆုံး အပူလှိုင်းနဲ့ ရင်ဆိုင်နေရပြီး အပူရှိန်ကြောင့် စာသင်ကျောင်း ထောင်ပေါင်းများစွာကို ပိတ်ဆို့ထားခဲ့ရကာ ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်ပေါ် လာခဲ့တယ်လို့ သိရပါတယ်။

မြို့တော် ဒါကာမှာ အပူချိန် ၄ဝ ဒီဂရီစင်တီဂရိတ်ခန့်အထိ မြင့်တက်ခဲ့ပြီး “ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေး ရတဲ့ ၁၉၇၁ ခုနှစ်နောက်ပိုင်း ဒီလောက်ကြာရှည်တဲ့ အပူလှိုင်းမျိုး တစ်ခါမှ မတွေ့ဖူးဘူး” လို့ ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာနမှ အကြီးတန်းအရာရှိ ဘာဇ်လယရာရှီး က ပြောကြားခဲ့ပါတယ်။

ပူပြင်းတဲ့အပူချိန်ကြောင့် လေအေးပေးစက်နဲ့ ပန်ကာ ဝယ်လိုအား မြင့်တက်လာခဲ့ပြီး အစိုးရ မူလတန်းကျောင်း ထောင်ပေါင်းများစွာ ပိတ်ခဲ့ရသလို လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလည်း သိသိသာသာ လျော့ပါးသွားတာကြောင့် လျှပ်စစ်မီးပြတ်တောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ တနင်္လာနေ့ (ဇွန်လ ၅ ရက်) က နိုင်ငံအစိုးရဟာ နိုင်ငံ့ အကြီးဆုံးဓာတ်အားပေးစက်ရုံအတွက် ကျောက်မီးသွေးလောင်စာဆီ မတတ်နိုင်တော့တာကြောင့် လည်ပတ်မှု ရပ်ဆိုင်းခဲ့ရပါတယ်။

ဘင်္ဂလားဒေ့ရှ် ငွေကြေးတန်ဖိုးဟာလည်း ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် ၂၅ ရာခိုင်နှုန်းခန့် တန်ဖိုးကျဆင်းခဲ့ပြီး လောင်စာဆီ တင်သွင်းမှုနဲ့ ဓာတ်အားပေး ကိရိယာ ကုန်ကျစရိတ်တွေ မြင့်တက်လာခဲ့ပါတယ်။

World Weather Attribution အဖွဲ့ရဲ့ ပြီးခဲ့တဲ့လက လေ့လာမှုတစ်ခုအရ ရာသီဥတုဖောက်ပြန်မှုကြောင့် အပူချိန် မြင့်တက်မှုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပြင် အိန္ဒိယ၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့မှာလည်း စံချိန်တင် အပူချိန်တွေ မြင့်တက် နေတာကို တွေ့ရပါတယ်။ ဇွန်လ ၃ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒိုနာပေါ ခရိုင်မြောက်ပိုင်းမှာ နေ့အပူချိန် ၄၁.၃ ဒီဂရီစင်တီဂရိတ်သို့ ရောက်ရှိခဲ့ပြီး ၁၉၅၈ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးစံချိန်တင်ခဲ့ပါတယ်။ ကျေးလက်ဒေသအချို့ မှာ တစ်ရက်ကို ခြောက်နာရီမှ ၁ဝ နာရီအထိ ဓာတ်အားပြတ်တောက်နေတယ်လို့ သိရပါတယ်။

Zawgyi Version;
ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ အရွည္ၾကာဆုံး စံခ်ိန္တင္ အပူလႈိင္းေၾကာင့္ စာသင္ေက်ာင္းမ်ား ပိတ္ထားရ
ေရာင္နီ (NP News) - ဇြန္ ၈

ဘဂၤလားေဒ့ရွ္ႏိုင္ငံဟာ ရာစုႏွစ္တစ္ဝက္အတြင္း အျပင္းထန္ဆုံးနဲ႔ အရွည္ၾကာဆုံး အပူလႈိင္းနဲ႔ ရင္ဆိုင္ေနရၿပီး အပူရွိန္ေၾကာင့္ စာသင္ေက်ာင္း ေထာင္ေပါင္းမ်ားစြာကို ပိတ္ဆို႔ထားခဲ့ရကာ ဓာတ္အားျပတ္ေတာက္မႈေတြ ျဖစ္ေပၚ လာခဲ့တယ္လို႔ သိရပါတယ္။

ၿမိဳ႕ေတာ္ ဒါကာမွာ အပူခ်ိန္ ၄ဝ ဒီဂရီစင္တီဂရိတ္ခန႔္အထိ ျမင့္တက္ခဲ့ၿပီး “ဘဂၤလားေဒ့ရွ္ လြတ္လပ္ေရး ရတဲ့ ၁၉၇၁ ခုႏွစ္ေနာက္ပိုင္း ဒီေလာက္ၾကာရွည္တဲ့ အပူလႈိင္းမ်ိဳး တစ္ခါမွ မေတြ႕ဖူးဘူး” လို႔ ဘဂၤလားေဒ့ရွ္ မိုးေလဝသဌာနမွ အႀကီးတန္းအရာရွိ ဘာဇ္လယရာရွီး က ေျပာၾကားခဲ့ပါတယ္။

ပူျပင္းတဲ့အပူခ်ိန္ေၾကာင့္ ေလေအးေပးစက္နဲ႔ ပန္ကာ ဝယ္လိုအား ျမင့္တက္လာခဲ့ၿပီး အစိုးရ မူလတန္းေက်ာင္း ေထာင္ေပါင္းမ်ားစြာ ပိတ္ခဲ့ရသလို လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္မႈလည္း သိသိသာသာ ေလ်ာ့ပါးသြားတာေၾကာင့္ လွ်ပ္စစ္မီးျပတ္ေတာက္မႈေတြ ျဖစ္ေပၚေနပါတယ္။ တနလၤာေန႔ (ဇြန္လ ၅ ရက္) က ႏိုင္ငံအစိုးရဟာ ႏိုင္ငံ့ အႀကီးဆုံးဓာတ္အားေပးစက္႐ုံအတြက္ ေက်ာက္မီးေသြးေလာင္စာဆီ မတတ္ႏိုင္ေတာ့တာေၾကာင့္ လည္ပတ္မႈ ရပ္ဆိုင္းခဲ့ရပါတယ္။

ဘဂၤလားေဒ့ရွ္ ေငြေၾကးတန္ဖိုးဟာလည္း ၿပီးခဲ့တဲ့ႏွစ္နဲ႔ ႏႈိင္းယွဥ္ရင္ ၂၅ ရာခိုင္ႏႈန္းခန႔္ တန္ဖိုးက်ဆင္းခဲ့ၿပီး ေလာင္စာဆီ တင္သြင္းမႈနဲ႔ ဓာတ္အားေပး ကိရိယာ ကုန္က်စရိတ္ေတြ ျမင့္တက္လာခဲ့ပါတယ္။

World Weather Attribution အဖြဲ႕ရဲ႕ ၿပီးခဲ့တဲ့လက ေလ့လာမႈတစ္ခုအရ ရာသီဥတုေဖာက္ျပန္မႈေၾကာင့္ အပူခ်ိန္ ျမင့္တက္မႈဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံအျပင္ အိႏၵိယ၊ လာအိုနဲ႔ ထိုင္းႏိုင္ငံတို႔မွာလည္း စံခ်ိန္တင္ အပူခ်ိန္ေတြ ျမင့္တက္ ေနတာကို ေတြ႕ရပါတယ္။ ဇြန္လ ၃ ရက္က ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ ဒိုနာေပါ ခ႐ိုင္ေျမာက္ပိုင္းမွာ ေန႔အပူခ်ိန္ ၄၁.၃ ဒီဂရီစင္တီဂရိတ္သို႔ ေရာက္ရွိခဲ့ၿပီး ၁၉၅၈ ခုႏွစ္ေနာက္ပိုင္း အျမင့္ဆုံးစံခ်ိန္တင္ခဲ့ပါတယ္။ ေက်းလက္ေဒသအခ်ိဳ႕ မွာ တစ္ရက္ကို ေျခာက္နာရီမွ ၁ဝ နာရီအထိ ဓာတ္အားျပတ္ေတာက္ေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.