ကနေဒါမှာ တောမီးလောင်မှုဟာ အမေရိကန်အရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက်ကိုပါ မီးခိုးမြူတွေ ဖုံးလွှမ်းစေခဲ့

588

ရောင်နီ (NP News) - ဇွန် ၈
ကနေဒါနိုင်ငံမှာ တောမီးလောင်ကျွမ်းမှုကြောင့် အမေရိကန်နိုင်ငံ၊ အရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက် မီးခိုးမြူ များ ဖုံးလွှမ်းနေခဲ့ပြီး စာသင်ကျောင်းတွေမှာ ပြင်ပလှုပ်ရှားမှုတွေ ဖျက်သိမ်းလိုက်ရသလို လေကြောင်းလိုင်းတွေ လည်း အသွားအလာနှောင့်နှေးခဲ့ရကာ နေထိုင်သူ သန်းပေါင်းများစွာကို နေအိမ်ထဲမှာသာ နေထိုင်ကြဖို့ ဒေသဆိုင်ရာ အစိုးရတွေက တိုက်တွန်းထားကြောင်း ဗုဒ္ဓဟူးနေ့ (ဇွန်လ ၇ ရက်) မှာ သိရပါတယ်။
အမေရိကန်အမျိုးသားမိုးလေဝသဌာနက အတ္တလန္တိတ်ပင်လယ်ပြင်တစ်ခုလုံးနီးပါးအတွက် လေထုအရည်အသွေး သတိပေးချက်ထုတ်ပြန်ခဲ့ပြီး ဗားမောင့်၊ တောင်ကာရိုလိုင်းနား၊ အိုဟိုင်းရိုးနဲ့ ကမ်းဆက်စ်မှ ကျန်းမာရေး အာဏာပိုင် တွေက လေထုအတွင်း အမှုန်အမွှား ပါဝင်မှု မြင့်မားနေခြင်းကြောင့် နေထိုင်သူတွေအတွက် အသက်ရှုလမ်းကြောင်း ပြဿနာတွေ ဖြစ်လာနိုင်ကြောင်း သတိပေးထားပါတယ်။
“အန္တရာယ်ရှိတဲ့လေထုညစ်ညမ်းမှုကြောင့် အထူးသဖြင့် ကျန်းမာရေးအခြေအနေရှိတဲ့ အမေရိကန်နိုင်ငံသားတွေ ဟာ သူတို့ကိုယ်သူတို့နဲ့ သူတို့ရဲ့ မိသားစုတွေကို ကာကွယ်ဖို့ ဒေသဆိုင်ရာအာဏာပိုင်တွေရဲ့ စကားကို နားထောင်ဖို့ အရေးကြီးပါတယ်” လို့ သမ္မတ ဂျိုးဘိုင်ဒမ် က တွစ်တာမှာ ပြောကြားခဲ့ပါတယ်။
အဆိုပါ မီးခိုးငွေ့များ ဖုံးလွှမ်းမှုဟာ အမေရိကန် အရှေ့မြောက်ပိုင်းမှာ နှစ်ပေါင်း ၂ဝ ကျော်အတွင်း အဆိုးရွားဆုံး အဖြစ်အပျက်ဖြစ်ကြောင်း အမေရိကန်သီးသန့် ခန့်မှန်းရေးဝန်ဆောင်မှု AccuWeather မှ ဆိုပါတယ်။
နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူး ကက်သီဟိုချောလ်က လေထုညစ်ညမ်းမှုညွှန်းကိန်းဟာ ပုံမှန်ထက် ရှစ်ဆ ကျော်ရှိနေတယ်လို့ ဆိုပါတယ်။ မီးခိုးမြူတွေကြား မြင်နိုင်စွမ်း လျော့နည်းလာခြင်းကြောင့် နယူးယောက်စီးတီး ဧရိယာ နဲ့ အနောက်အလယ်ပိုင်း အရှေ့ဘက်ကမ်းရိုးတန်းရှိ အခြားနေရာများမှ လေကြောင်းသွားလာမှုများ နှေးကွေးခဲ့ပြီး ပျမ်းမျှ နာရီဝက်ခန့် ပျံသန်းမှု နှောင့်နှေးခြင်းများ ကြုံတွေ့ခဲ့ရပါတယ်။
အရှေ့ဘက်ကမ်းရိုးတန်းအထက်ပိုင်းနဲ့ အောက်ပိုင်းရှိ စာသင်ကျောင်းများမှာ အားကစား၊ ကွင်းဆင်းခရီးများနဲ့ အပန်းဖြေခရီးများ အပါအဝင် ပြင်ပလှုပ်ရှားမှုတွေကို ပိတ်ပင်ထားရပါတယ်။ ဗုဒ္ဓဟူးနေ့(ဇွန်လ ၇ ရက်) ကျင်းပဖို့ စီစဉ်ထားတဲ့ New York Yankees နဲ့ Philadelphia Phillies တို့ ၂ သင်းရဲ့ မေဂျာလိဂ်ဘေ့စ်ဘော အိမ်ကွင်း ပွဲစဉ်တွေကို ရွှေ့ဆိုင်းခဲ့ရတယ်လို့ သိရပါတယ်။
အချို့နေရာတွေ မီးလောင်ကျွမ်းမှုမှ ထွက်လာတဲ့ အမှုန်အမွှားများ အပါအဝင် အဓိက လေထုညစ်ညမ်းမှုကို တိုင်းတာတဲ့ လေအရည်အသွေးညွှန်းကိန်း (AQI)ဟာ ၄၀၀ အထက်မှာ ရှိနေပါတယ်။ AQI ၁ဝဝ ဟာ ကျန်းမာတဲ့ လေထုဖြစ်ပြီး AQI ၃ဝဝ ကို အန္တရာယ်ရှိတဲ့ လေထုအဖြစ် သတ်မှတ်ထားတာကြောင့် AQI ၄ဝဝ ထိ ရှိနေခြင်းဟာ အလွန့်အလွန်အန္တရာယ်များခြင်းကို ဖော်ပြနေပါတယ်။ တောမီးခိုးငွေ့တွေဟာ ပန်းနာရင်ကျပ်ရောဂါနဲ့ အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာ အခြေအနေများအတွက် အရေးပေါ်အခြေအနေကို ဖြစ်စေနိုင်ပြီး မျက်လုံးယားယံ ခြင်း၊ အရေပြားယားယံခြင်းနဲ့ အဖုအပိန့်တွေထိ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

Zawgyi Version;
ကေနဒါမွာ ေတာမီးေလာင္မႈဟာ အေမရိကန္အေရွ႕ဘက္ကမ္း႐ိုးတန္းတစ္ေလွ်ာက္ကိုပါ မီးခိုးျမဴေတြ ဖုံးလႊမ္းေစခဲ့
ေရာင္နီ (NP News) - ဇြန္ ၈
ကေနဒါႏိုင္ငံမွာ ေတာမီးေလာင္ကြၽမ္းမႈေၾကာင့္ အေမရိကန္ႏိုင္ငံ၊ အေရွ႕ဘက္ကမ္း႐ိုးတန္းတစ္ေလွ်ာက္ မီးခိုးျမဴ မ်ား ဖုံးလႊမ္းေနခဲ့ၿပီး စာသင္ေက်ာင္းေတြမွာ ျပင္ပလႈပ္ရွားမႈေတြ ဖ်က္သိမ္းလိုက္ရသလို ေလေၾကာင္းလိုင္းေတြ လည္း အသြားအလာေႏွာင့္ေႏွးခဲ့ရကာ ေနထိုင္သူ သန္းေပါင္းမ်ားစြာကို ေနအိမ္ထဲမွာသာ ေနထိုင္ၾကဖို႔ ေဒသဆိုင္ရာ အစိုးရေတြက တိုက္တြန္းထားေၾကာင္း ဗုဒၶဟူးေန႔ (ဇြန္လ ၇ ရက္) မွာ သိရပါတယ္။
အေမရိကန္အမ်ိဳးသားမိုးေလဝသဌာနက အတၱလႏၲိတ္ပင္လယ္ျပင္တစ္ခုလုံးနီးပါးအတြက္ ေလထုအရည္အေသြး သတိေပးခ်က္ထုတ္ျပန္ခဲ့ၿပီး ဗားေမာင့္၊ ေတာင္ကာ႐ိုလိုင္းနား၊ အိုဟိုင္း႐ိုးနဲ႔ ကမ္းဆက္စ္မွ က်န္းမာေရး အာဏာပိုင္ ေတြက ေလထုအတြင္း အမႈန္အမႊား ပါဝင္မႈ ျမင့္မားေနျခင္းေၾကာင့္ ေနထိုင္သူေတြအတြက္ အသက္ရႈလမ္းေၾကာင္း ျပႆနာေတြ ျဖစ္လာႏိုင္ေၾကာင္း သတိေပးထားပါတယ္။
“အႏၲရာယ္ရွိတဲ့ေလထုညစ္ညမ္းမႈေၾကာင့္ အထူးသျဖင့္ က်န္းမာေရးအေျခအေနရွိတဲ့ အေမရိကန္ႏိုင္ငံသားေတြ ဟာ သူတို႔ကိုယ္သူတို႔နဲ႔ သူတို႔ရဲ႕ မိသားစုေတြကို ကာကြယ္ဖို႔ ေဒသဆိုင္ရာအာဏာပိုင္ေတြရဲ႕ စကားကို နားေထာင္ဖို႔ အေရးႀကီးပါတယ္” လို႔ သမၼတ ဂ်ိဳးဘိုင္ဒမ္ က တြစ္တာမွာ ေျပာၾကားခဲ့ပါတယ္။
အဆိုပါ မီးခိုးေငြ႕မ်ား ဖုံးလႊမ္းမႈဟာ အေမရိကန္ အေရွ႕ေျမာက္ပိုင္းမွာ ႏွစ္ေပါင္း ၂ဝ ေက်ာ္အတြင္း အဆိုး႐ြားဆုံး အျဖစ္အပ်က္ျဖစ္ေၾကာင္း အေမရိကန္သီးသန႔္ ခန႔္မွန္းေရးဝန္ေဆာင္မႈ AccuWeather မွ ဆိုပါတယ္။
နယူးေယာက္ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး ကက္သီဟိုေခ်ာလ္က ေလထုညစ္ညမ္းမႈၫႊန္းကိန္းဟာ ပုံမွန္ထက္ ရွစ္ဆ ေက်ာ္ရွိေနတယ္လို႔ ဆိုပါတယ္။ မီးခိုးျမဴေတြၾကား ျမင္ႏိုင္စြမ္း ေလ်ာ့နည္းလာျခင္းေၾကာင့္ နယူးေယာက္စီးတီး ဧရိယာ နဲ႔ အေနာက္အလယ္ပိုင္း အေရွ႕ဘက္ကမ္း႐ိုးတန္းရွိ အျခားေနရာမ်ားမွ ေလေၾကာင္းသြားလာမႈမ်ား ေႏွးေကြးခဲ့ၿပီး ပ်မ္းမွ် နာရီဝက္ခန႔္ ပ်ံသန္းမႈ ေႏွာင့္ေႏွးျခင္းမ်ား ႀကဳံေတြ႕ခဲ့ရပါတယ္။
အေရွ႕ဘက္ကမ္း႐ိုးတန္းအထက္ပိုင္းနဲ႔ ေအာက္ပိုင္းရွိ စာသင္ေက်ာင္းမ်ားမွာ အားကစား၊ ကြင္းဆင္းခရီးမ်ားနဲ႔ အပန္းေျဖခရီးမ်ား အပါအဝင္ ျပင္ပလႈပ္ရွားမႈေတြကို ပိတ္ပင္ထားရပါတယ္။ ဗုဒၶဟူးေန႔(ဇြန္လ ၇ ရက္) က်င္းပဖို႔ စီစဥ္ထားတဲ့ New York Yankees နဲ႔ Philadelphia Phillies တို႔ ၂ သင္းရဲ႕ ေမဂ်ာလိဂ္ေဘ့စ္ေဘာ အိမ္ကြင္း ပြဲစဥ္ေတြကို ေ႐ႊ႕ဆိုင္းခဲ့ရတယ္လို႔ သိရပါတယ္။
အခ်ိဳ႕ေနရာေတြ မီးေလာင္ကြၽမ္းမႈမွ ထြက္လာတဲ့ အမႈန္အမႊားမ်ား အပါအဝင္ အဓိက ေလထုညစ္ညမ္းမႈကို တိုင္းတာတဲ့ ေလအရည္အေသြးၫႊန္းကိန္း (AQI)ဟာ ၄၀၀ အထက္မွာ ရွိေနပါတယ္။ AQI ၁ဝဝ ဟာ က်န္းမာတဲ့ ေလထုျဖစ္ၿပီး AQI ၃ဝဝ ကို အႏၲရာယ္ရွိတဲ့ ေလထုအျဖစ္ သတ္မွတ္ထားတာေၾကာင့္ AQI ၄ဝဝ ထိ ရွိေနျခင္းဟာ အလြန္႔အလြန္အႏၲရာယ္မ်ားျခင္းကို ေဖာ္ျပေနပါတယ္။ ေတာမီးခိုးေငြ႕ေတြဟာ ပန္းနာရင္က်ပ္ေရာဂါနဲ႔ အျခား အသက္ရႉလမ္းေၾကာင္းဆိုင္ရာ အေျခအေနမ်ားအတြက္ အေရးေပၚအေျခအေနကို ျဖစ္ေစႏိုင္ၿပီး မ်က္လုံးယားယံ ျခင္း၊ အေရျပားယားယံျခင္းနဲ႔ အဖုအပိန႔္ေတြထိ ျဖစ္လာႏိုင္တယ္လို႔ သိရပါတယ္။