ချစ်ကြည်ရေးခရီးစဉ်အဖြစ် တရုတ်ရေတပ်၏ အကြီးဆုံးလေ့ကျင့်ရေးသင်္ဘော ဖိလစ်ပိုင်နိုင်ငံသို့ ဦးတည်သွားနေဟုဆို

1047

Pika (NP News) - ဇွန် ၉
တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ ရေကြောင်းဆိုင်ရာ လှုပ်ရှားမှုများနှင့်ပတ်သက်ပြီး တင်းမာမှုများရှိ နေချိန်တွင် တရုတ်ရေတပ်၏ အကြီးဆုံးလေကျင့်ရေးသင်္ဘောသည် ချစ်ကြည်ခရီးစဉ်အဖြစ် ဖိလစ်ပိုင်နိုင်ငံသို့ ရွက်လွှင်ခဲ့ကြောင်း သိရသည်။
Qijiguang အမည်ရှိ လေ့ကျင့်ရေးသင်္ဘောသည် ရက်ပေါင်း(၄ဝ)ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဗီယက်နမ်၊ ဘရူနိုင်း နှင့် ထိုင်းနိုင်ငံတို့သို့ သွားရောက်ခဲ့ပြီးနောက် ဖိလစ်ပိုင်နိုင်ငံသို့ ဆက်လက်သွားရောက်ရန်အတွက် ဇွန်လ(၈)ရက်တွင် ဘရူနိုင်းနိုင်ငံမှ ထွက်ခွာခဲ့ကြောင်း သိရသည်။
အဆိုပါခရီးစဉ်အပြီးတွင် Qijiguang အမည်ရှိ အကြီးမားဆုံးသင်္ဘောနှင့် ရေတပ် တပ်ဖွဲ့ဝင်၊ အရာရှိများ အပါအဝင် ၎င်း၏ သင်္ဘောသား(၄၇၆)ဦးတို့သည် ပင်လယ်ဝါ၊ တောင်တရုတ်ပင်လယ်၊ အရှေ့တရုတ်ပင်လယ်၊ ထိုင်းပင်လယ်ကွေ့ နှင့် အနောက်ပစိဖိတ်ဒေသတို့ကို ဖြတ်သန်းသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်္ဘောသည် ရေကြောင်းသွားလာမှု၊ ပင်လယ်ဓားပြနှိမ်နှင်းရေး၊ အသေးစားလက်နက်များ နှင့် ပစ်ခတ်မှု လေ့ကျင့်ခန်းများကို အဓိကထားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်အစိုးရမီဒီယာများက ဖော်ပြခဲ့သည်။
တောင်တရုတ်ပင်လယ်တွင် နယ်မြေအငြင်းပွားမှုများရှိနေသည့်ကြားက တရုတ်၏ အကြီးဆုံးရေတပ်လေ့ကျင့်ရေး သင်္ဘောသည် ယခုကဲ့သို့ ချစ်ကြည်ရေးခရီးစဉ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဖိလစ်ပိုင်၊ ဂျပန် နှင့် အမေရိကန်တို့ပါဝင်သော သုံးနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့များ ပထမဆုံးပူးတွဲလေ့ကျင့်မှုအပြီးတွင် တရုတ်ရေတပ် ၏ အဆိုပါခရီးစဉ်ထွက်ပေါ်လာခြင်းဖြစ်သည်။
ဖိလစ်ပိုင်သည် ယခုနှစ်အတွင်း အမေရိကန်နှင့် ၎င်း၏ စစ်ရေးဆက်ဆံမှုများကို တိုးမြှင့်မှုနှင့်အတူ စစ်ရေး လေ့ကျင့်မှုများပြုလုပ်ခဲ့ပြီး ဒေသတွင်းရှိ စစ်အခြေစိုက်စခန်းများကို အမေရိကန်တပ်ဖွဲ့များအား ဝင်ရောက်ခွင့် ပေးခဲ့ကြောင်း သိရသည်။ တရုတ်သည် ထိုင်ဝမ်ကို တိုက်ခိုက်မည်ဆိုပါက စစ်အခြေစိုက်စခန်းများကို အမေရိကန် တပ်ဖွဲ့များအား ဝင်ရောက်ခွင့်ပေးထားခြင်းက အသုံးဝင်လာမည်ဟု ဖိလစ်ပိုင်နိုင်ငံက ပြောဆိုခဲ့ပြီးနောက် တရုတ် နိုင်ငံဖက်က စိတ်ဆိုးဒေါသဖြစ်မှုများလည်း ရှိခဲ့သည်။ ထို့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့၏ ပထမဆုံးပူးတွဲစစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာလတွင် ကျင်းပသွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားအရာရှိတစ်ဦး က ပြောကြားခဲ့သည်။

Zawgyi Version;
ခ်စ္ၾကည္ေရးခရီးစဥ္အျဖစ္ တ႐ုတ္ေရတပ္၏ အႀကီးဆုံးေလ့က်င့္ေရးသေဘၤာ ဖိလစ္ပိုင္ႏိုင္ငံသို႔ ဦးတည္သြားေနဟုဆို
Pika (NP News) - ဇြန္ ၉
ေတာင္တ႐ုတ္ပင္လယ္အတြင္း တ႐ုတ္၏ ေရေၾကာင္းဆိုင္ရာ လႈပ္ရွားမႈမ်ားႏွင့္ပတ္သက္ၿပီး တင္းမာမႈမ်ားရွိ ေနခ်ိန္တြင္ တ႐ုတ္ေရတပ္၏ အႀကီးဆုံးေလက်င့္ေရးသေဘၤာသည္ ခ်စ္ၾကည္ခရီးစဥ္အျဖစ္ ဖိလစ္ပိုင္ႏိုင္ငံသို႔ ႐ြက္လႊင္ခဲ့ေၾကာင္း သိရသည္။
Qijiguang အမည္ရွိ ေလ့က်င့္ေရးသေဘၤာသည္ ရက္ေပါင္း(၄ဝ)ၾကာ ခ်စ္ၾကည္ေရးခရီးစဥ္အျဖစ္ ဗီယက္နမ္၊ ဘ႐ူႏိုင္း ႏွင့္ ထိုင္းႏိုင္ငံတို႔သို႔ သြားေရာက္ခဲ့ၿပီးေနာက္ ဖိလစ္ပိုင္ႏိုင္ငံသို႔ ဆက္လက္သြားေရာက္ရန္အတြက္ ဇြန္လ(၈)ရက္တြင္ ဘ႐ူႏိုင္းႏိုင္ငံမွ ထြက္ခြာခဲ့ေၾကာင္း သိရသည္။
အဆိုပါခရီးစဥ္အၿပီးတြင္ Qijiguang အမည္ရွိ အႀကီးမားဆုံးသေဘၤာႏွင့္ ေရတပ္ တပ္ဖြဲ႕ဝင္၊ အရာရွိမ်ား အပါအဝင္ ၎၏ သေဘၤာသား(၄၇၆)ဦးတို႔သည္ ပင္လယ္ဝါ၊ ေတာင္တ႐ုတ္ပင္လယ္၊ အေရွ႕တ႐ုတ္ပင္လယ္၊ ထိုင္းပင္လယ္ေကြ႕ ႏွင့္ အေနာက္ပစိဖိတ္ေဒသတို႔ကို ျဖတ္သန္းသြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါသေဘၤာသည္ ေရေၾကာင္းသြားလာမႈ၊ ပင္လယ္ဓားျပႏွိမ္ႏွင္းေရး၊ အေသးစားလက္နက္မ်ား ႏွင့္ ပစ္ခတ္မႈ ေလ့က်င့္ခန္းမ်ားကို အဓိကထားလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း တ႐ုတ္အစိုးရမီဒီယာမ်ားက ေဖာ္ျပခဲ့သည္။
ေတာင္တ႐ုတ္ပင္လယ္တြင္ နယ္ေျမအျငင္းပြားမႈမ်ားရွိေနသည့္ၾကားက တ႐ုတ္၏ အႀကီးဆုံးေရတပ္ေလ့က်င့္ေရး သေဘၤာသည္ ယခုကဲ့သို႔ ခ်စ္ၾကည္ေရးခရီးစဥ္ထြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ဖိလစ္ပိုင္၊ ဂ်ပန္ ႏွင့္ အေမရိကန္တို႔ပါဝင္ေသာ သုံးႏိုင္ငံ ကမ္းေျခေစာင့္တပ္ဖြဲ႕မ်ား ပထမဆုံးပူးတြဲေလ့က်င့္မႈအၿပီးတြင္ တ႐ုတ္ေရတပ္ ၏ အဆိုပါခရီးစဥ္ထြက္ေပၚလာျခင္းျဖစ္သည္။
ဖိလစ္ပိုင္သည္ ယခုႏွစ္အတြင္း အေမရိကန္ႏွင့္ ၎၏ စစ္ေရးဆက္ဆံမႈမ်ားကို တိုးျမႇင့္မႈႏွင့္အတူ စစ္ေရး ေလ့က်င့္မႈမ်ားျပဳလုပ္ခဲ့ၿပီး ေဒသတြင္းရွိ စစ္အေျခစိုက္စခန္းမ်ားကို အေမရိကန္တပ္ဖြဲ႕မ်ားအား ဝင္ေရာက္ခြင့္ ေပးခဲ့ေၾကာင္း သိရသည္။ တ႐ုတ္သည္ ထိုင္ဝမ္ကို တိုက္ခိုက္မည္ဆိုပါက စစ္အေျခစိုက္စခန္းမ်ားကို အေမရိကန္ တပ္ဖြဲ႕မ်ားအား ဝင္ေရာက္ခြင့္ေပးထားျခင္းက အသုံးဝင္လာမည္ဟု ဖိလစ္ပိုင္ႏိုင္ငံက ေျပာဆိုခဲ့ၿပီးေနာက္ တ႐ုတ္ ႏိုင္ငံဖက္က စိတ္ဆိုးေဒါသျဖစ္မႈမ်ားလည္း ရွိခဲ့သည္။ ထို႔အျပင္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားသည္ ၎တို႔၏ ပထမဆုံးပူးတြဲစစ္ေရးေလ့က်င့္မႈကို စက္တင္ဘာလတြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း အင္ဒိုနီးရွားအရာရွိတစ္ဦး က ေျပာၾကားခဲ့သည္။