ရန်ကုန်မြို့ရှိ အခွန်ရုံး နှင့် နေရာ(၆)ခုတွင် ဖောက်ခွဲမှုများ ကျူးလွန်ထားသော Brave Eagle အဖွဲ့မှ ခေါင်းဆောင် အပါအဝင်(၅)ဦးကို ဖမ်းဆီးရမိဟု နစကထုတ်ပြန်

9567

NP News - ဇွန် ၁၁
ရန်ကုန်မြို့ရှိ အခွန်ရုံး နှင့် နေရာ(၆)ခုတွင် ဖောက်ခွဲမှုများ ကျူးလွန်ထားသော Brave Eagle အဖွဲ့မှ ခေါင်းဆောင် အပါအဝင်(၅)ဦးကို ဖမ်းဆီးရမိကြောင်း နစကမှထုတ်ပြန်ထားသည်။
နစကမှ ဇွန်လ(၁ဝ)ရက် ညပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လ(၅)ရက်၊ နေ့လည်(၁၂)နာရီအချိန်ခန့်တွင် ကျောက်တံတားမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ပန်းဆိုးတန်းလမ်း၊ ပြည်တွင်းအခွန်များဦးစီးမှူးရုံး(၃)လွှာရှိ ကုမ္ပဏီများဆိုင်ရာ အခွန်ဌာန၏ ပြည်သူများထိုင်ရန်ပြုလုပ်ထားသည့် စတီးခုံများဘေးမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
၎င်းပေါက်ကွဲမှုကြောင့် အခွန်ဌာနမှ ဝန်ထမ်း(၅)ဦးနှင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဖြစ်စဥ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ခဲ့ရာ ဖြစ်စဥ်အားကျူးလွန်ခဲ့သူသည် ဇွန်လ(၅)ရက်၊ နေ့လည်ပိုင်းတွင် ပန်းဆိုးတန်းလမ်းပေါ်မှ အခွန်ဦးစီးမှူးရုံးသို့ နီ/ညိုရောင်လက်ဆွဲအိတ်နှင့် စက္ကူဖိုင်တို့ကို ကိုင်ဆောင်ကာ ဝင်ရောက်လာခဲ့ကြောင်း နစကမှဆိုထားသည်။
ထို့နောက် ၎င်းသည် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် တတိယထပ်ရှိ စတီးထိုင်ခုံတွင် (၂)မိနစ်ခန့်ထိုင်၍ လက် ဆွဲအိတ်ကို ထိုင်ခုံဘေးတွင်ချထားကာ အဝေးမှရီမုဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သို့ဖြစ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သတင်းပေးမှုအရ ဇွန်လ(၇) ရက်၊ နံနက်ပိုင်းတွင် ရီမုမိုင်းဖောက်ခွဲမှုတွင် ပါဝင်ခဲ့သူသည် ကြည့်မြင်တိုင်မြို့နယ်၊ အုန်းပင်လမ်းနှင့် ဗိုလ်သူရလမ်းပေါ်ရှိ တိုက်အမှတ်(၂၇)(၂)လွှာ၊ အခန်း(B) တွင် နေထိုင်ကြောင်းသိရပြီး သွားရောက်ဖမ်းဆီးခဲ့ရာ ကျူးလွန်သူသည် ထွက်ပြေးတိမ်းရှောင်ခဲ့ရာ တိုက်ခန်းအတွင်းမှ လက်ပစ်ဗုံး လေးလုံး၊ လက်လုပ်ဗုံး တစ်လုံးနှင့် ၎င်းအသုံးပြုခဲ့သည့် အင်္ကျီနှင့် ပုဆိုးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း နစကမှ ဆိုထားသည်။
ဆက်လက်စုံစစ်စစ်ဆေးမှုအရ ၎င်းသည် အဆိုပါ တိုက်ခန်းအား အိမ်ခြံမြေပွဲစားမှတစ်ဆင့် ၂၀၂၃ ခုနှစ် ၊ ဧပြီလမှ ဇူလိုင်လအထိ တစ်လလျှင် ကျပ်နှစ်သိန်းခွဲဖြင့် ငှားရမ်းနေထိုင်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ဇွန်လ(၈)ရက်၊ ညနေပိုင်းတွင် တိုက်ခန်းတွင် ငှားရမ်းနေထိုင်ခဲ့သူ အောင်မြင်သူအား ၎င်းနေထိုင်သည့် စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတောင်ရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
အောင်မြင်သူ၏ ထွက်ဆိုချက်အရ ဇွန်လ(၈)ရက်၊ ညနေပိုင်းတွင် မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်ရှိ အောင်သပြေ(၃)၊ ဟိုတယ်အခန်း အမှတ်(၂၁၇)တွင် အောင်မြင့်မြတ်နှင့် ဓနနောင်ဝင်းတို့ (၂)ဦးအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဖမ်းဆီးရမိသူ အောင်မြင်သူ၏ ထွက်ဆိုချက်အရ ဇွန်လ(၈)ရက်၊ ညပိုင်းတွင် လှိုင်မြို့နယ် (၃)ရပ်ကွက်၊ တိုက်အမှတ်(၁ဝ)၊ အခန်း(၇)၌ ကျော်စည်သူအား ဖမ်းဆီးရမိခဲ့ပြီး ကျော်စည်သူ၏ ထွက်ဆိုချက်အရ ဇွန်လ(၉)ရက်၊ ညနေပိုင်းတွင် ဒေါပုံမြို့နယ်၊ သင်္ဘောကျင်း(၈)လမ်း၊ အထက်တိုက်အမှတ်(၇၂)၊ အခန်းအမှတ်(3A)တွင် အောင်ခန့်ပိုင်အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နစကမှ သိရသည်။
ဖြစ်စဥ်တွင် လက်လုပ်မိုင်းဖောက်ခွဲခဲ့သည့် အမျိုးသား(၅)ဦးနှင့်အတူ လက်ပစ်ဗုံး လေးလုံး၊ လက်လုပ်ဗုံး တစ်လုံးတို့ကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ဖမ်းဆီးရမိသူများ၏ထွက်ဆိုချက်အရ အောင်မြင်သူသည် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ ဇွန်လဒုတိယပတ်တွင် Dark Shadow အဖွဲ့ခေါင်းဆောင်ဖမ်းဆီးရန် ကျန်ရှိသူ ချမ်းငြိမ်းသူက အကြမ်းဖက်လုပ်ရပ်များလုပ် ဆောင်ရန် STF အဖွဲ့မှ ဖမ်းဆီးရန်ကျန်ရှိသူ နွေနွေ၊ ယသော်တို့နှင့် ချိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်းတို့က ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် လိုအပ်သည့် လက်နက်၊ ခဲယမ်းနှင့် ငွေကြေးများကို ထောက်ပံ့ပေးခဲ့ကြောင်း နစကမှ ဆိုထားသည်။
၂ဝ၂၂ ခုနှစ်၊ ဇူလိုင်လတွင် ဖမ်းဆီးရန်ကျန်ရှိသူ နွေနွေ၏ခိုင်းစေမှုဖြင့် ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန် Brave Eagle အဖွဲ့အား အောင်မြင်သူ ခေါင်းဆောင်၍ အဖွဲ့ဝင်(၉)ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း နစကမှ ဖော်ထုတ်သိရှိရသည်။
ထို့နောက် ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ Brave Eagle အဖွဲ့သည် ရန်ကုန်မြို့အတွင်း၌ ဖောက်ခွဲမှု(၇)ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၎င်းတို့၏ ဆက်လက်ထွက်ဆိုချက်အရ မိုင်းထောင်ဖောက်ခွဲမှုများ ဆောင်ရွက်ရာတွင် ဖမ်းဆီးရန်ကျန်ရှိသည့် နွေနွေနှင့် ချမ်းငြိမ်းသူတို့ နှစ်ဦးက ငွေကြေးထောက်ပံ့ပေးခဲ့ပြီး တစ်ကြိမ်ဖောက်ခွဲသူအား ငွေကျပ် (၁)သိန်းနှုန်းဖြင့်လည်းကောင်း၊ အခြေအနေကြည့်ရှုပေးသူအား ငွေကျပ် သုံးသောင်းနှုန်းဖြင့် ထောက်ပံ့ပေးခဲ့ကြောင်း နစကမှ ဆိုထားသည်။
ထို့ပြင် အဆိုပါ Brave Eagle အဖွဲ့သည် ယခုလအတွင်း ဗဟန်းမြို့နယ် Mytel တာဝါတိုင်နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးအား မိုင်းထောင်ဖောက်ခွဲရန် စီစဥ်ထားရှိကြောင်း ဖော်ထုတ်သိရှိရသည်။
ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

zawgyi version
ရန္ကုန္ၿမိဳ႕ရွိ အခြန္႐ုံး ႏွင့္ ေနရာ(၆)ခုတြင္ ေဖာက္ခြဲမႈမ်ား က်ဴးလြန္ထားေသာ Brave Eagle အဖြဲ႕မွ ေခါင္းေဆာင္ အပါအဝင္(၅)ဦးကို ဖမ္းဆီးရမိဟု နစကထုတ္ျပန္
NP News - ဇြန္ ၁၁
ရန္ကုန္ၿမိဳ႕ရွိ အခြန္႐ုံး ႏွင့္ ေနရာ(၆)ခုတြင္ ေဖာက္ခြဲမႈမ်ား က်ဴးလြန္ထားေသာ Brave Eagle အဖြဲ႕မွ ေခါင္းေဆာင္ အပါအဝင္(၅)ဦးကို ဖမ္းဆီးရမိေၾကာင္း နစကမွထုတ္ျပန္ထားသည္။
နစကမွ ဇြန္လ(၁ဝ)ရက္ ညပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
ၿပီးခဲ့သည့္ ဇြန္လ(၅)ရက္၊ ေန႔လည္(၁၂)နာရီအခ်ိန္ခန႔္တြင္ ေက်ာက္တံတားၿမိဳ႕နယ္၊ အမွတ္(၄)ရပ္ကြက္၊ ပန္းဆိုးတန္းလမ္း၊ ျပည္တြင္းအခြန္မ်ားဦးစီးမႉး႐ုံး(၃)လႊာရွိ ကုမၸဏီမ်ားဆိုင္ရာ အခြန္ဌာန၏ ျပည္သူမ်ားထိုင္ရန္ျပဳလုပ္ထားသည့္ စတီးခုံမ်ားေဘးမွ ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
၎ေပါက္ကြဲမႈေၾကာင့္ အခြန္ဌာနမွ ဝန္ထမ္း(၅)ဦးႏွင့္ ျပည္သူတစ္ဦး ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ျဖစ္စဥ္ႏွင့္ပတ္သက္၍ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ေဖာ္ထုတ္ခဲ့ရာ ျဖစ္စဥ္အားက်ဴးလြန္ခဲ့သူသည္ ဇြန္လ(၅)ရက္၊ ေန႔လည္ပိုင္းတြင္ ပန္းဆိုးတန္းလမ္းေပၚမွ အခြန္ဦးစီးမႉး႐ုံးသို႔ နီ/ညိဳေရာင္လက္ဆြဲအိတ္ႏွင့္ စကၠဴဖိုင္တို႔ကို ကိုင္ေဆာင္ကာ ဝင္ေရာက္လာခဲ့ေၾကာင္း နစကမွဆိုထားသည္။
ထို႔ေနာက္ ၎သည္ ေပါက္ကြဲမႈျဖစ္ပြားခဲ့သည့္ တတိယထပ္ရွိ စတီးထိုင္ခုံတြင္ (၂)မိနစ္ခန႔္ထိုင္၍ လက္ ဆြဲအိတ္ကို ထိုင္ခုံေဘးတြင္ခ်ထားကာ အေဝးမွရီမုျဖင့္ ေဖာက္ခြဲခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
သို႔ျဖစ္၍ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးမႈမ်ားေဆာင္႐ြက္ခဲ့ရာ သတင္းေပးမႈအရ ဇြန္လ(၇) ရက္၊ နံနက္ပိုင္းတြင္ ရီမုမိုင္းေဖာက္ခြဲမႈတြင္ ပါဝင္ခဲ့သူသည္ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ အုန္းပင္လမ္းႏွင့္ ဗိုလ္သူရလမ္းေပၚရွိ တိုက္အမွတ္(၂၇)(၂)လႊာ၊ အခန္း(B) တြင္ ေနထိုင္ေၾကာင္းသိရၿပီး သြားေရာက္ဖမ္းဆီးခဲ့ရာ က်ဴးလြန္သူသည္ ထြက္ေျပးတိမ္းေရွာင္ခဲ့ရာ တိုက္ခန္းအတြင္းမွ လက္ပစ္ဗုံး ေလးလုံး၊ လက္လုပ္ဗုံး တစ္လုံးႏွင့္ ၎အသုံးျပဳခဲ့သည့္ အက်ႌႏွင့္ ပုဆိုးတို႔ကို သိမ္းဆည္းရမိခဲ့ေၾကာင္း နစကမွ ဆိုထားသည္။
ဆက္လက္စုံစစ္စစ္ေဆးမႈအရ ၎သည္ အဆိုပါ တိုက္ခန္းအား အိမ္ၿခံေျမပြဲစားမွတစ္ဆင့္ ၂၀၂၃ ခုႏွစ္ ၊ ဧၿပီလမွ ဇူလိုင္လအထိ တစ္လလွ်င္ က်ပ္ႏွစ္သိန္းခြဲျဖင့္ ငွားရမ္းေနထိုင္ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ ဇြန္လ(၈)ရက္၊ ညေနပိုင္းတြင္ တိုက္ခန္းတြင္ ငွားရမ္းေနထိုင္ခဲ့သူ ေအာင္ျမင္သူအား ၎ေနထိုင္သည့္ စမ္းေခ်ာင္းၿမိဳ႕နယ္၊ ေျမနီကုန္းေတာင္ရပ္ကြက္တြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
ေအာင္ျမင္သူ၏ ထြက္ဆိုခ်က္အရ ဇြန္လ(၈)ရက္၊ ညေနပိုင္းတြင္ မရမ္းကုန္းၿမိဳ႕နယ္၊ (၂)ရပ္ကြက္ရွိ ေအာင္သေျပ(၃)၊ ဟိုတယ္အခန္း အမွတ္(၂၁၇)တြင္ ေအာင္ျမင့္ျမတ္ႏွင့္ ဓနေနာင္ဝင္းတို႔ (၂)ဦးအား ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ဆက္လက္၍ ဖမ္းဆီးရမိသူ ေအာင္ျမင္သူ၏ ထြက္ဆိုခ်က္အရ ဇြန္လ(၈)ရက္၊ ညပိုင္းတြင္ လႈိင္ၿမိဳ႕နယ္ (၃)ရပ္ကြက္၊ တိုက္အမွတ္(၁ဝ)၊ အခန္း(၇)၌ ေက်ာ္စည္သူအား ဖမ္းဆီးရမိခဲ့ၿပီး ေက်ာ္စည္သူ၏ ထြက္ဆိုခ်က္အရ ဇြန္လ(၉)ရက္၊ ညေနပိုင္းတြင္ ေဒါပုံၿမိဳ႕နယ္၊ သေဘၤာက်င္း(၈)လမ္း၊ အထက္တိုက္အမွတ္(၇၂)၊ အခန္းအမွတ္(3A)တြင္ ေအာင္ခန႔္ပိုင္အား ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ သိရသည္။
ျဖစ္စဥ္တြင္ လက္လုပ္မိုင္းေဖာက္ခြဲခဲ့သည့္ အမ်ိဳးသား(၅)ဦးႏွင့္အတူ လက္ပစ္ဗုံး ေလးလုံး၊ လက္လုပ္ဗုံး တစ္လုံးတို႔ကို ေဖာ္ထုတ္ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
ဖမ္းဆီးရမိသူမ်ား၏ထြက္ဆိုခ်က္အရ ေအာင္ျမင္သူသည္ ၿပီးခဲ့သည့္ ၂ဝ၂၂ ခုႏွစ္၊ ဇြန္လဒုတိယပတ္တြင္ Dark Shadow အဖြဲ႕ေခါင္းေဆာင္ဖမ္းဆီးရန္ က်န္ရွိသူ ခ်မ္းၿငိမ္းသူက အၾကမ္းဖက္လုပ္ရပ္မ်ားလုပ္ ေဆာင္ရန္ STF အဖြဲ႕မွ ဖမ္းဆီးရန္က်န္ရွိသူ ေႏြေႏြ၊ ယေသာ္တို႔ႏွင့္ ခ်ိတ္ဆက္ေပးခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ၎တို႔က ရန္ကုန္ၿမိဳ႕အတြင္း အၾကမ္းဖက္လုပ္ငန္းမ်ား လုပ္ေဆာင္ႏိုင္ရန္အတြက္ လိုအပ္သည့္ လက္နက္၊ ခဲယမ္းႏွင့္ ေငြေၾကးမ်ားကို ေထာက္ပံ့ေပးခဲ့ေၾကာင္း နစကမွ ဆိုထားသည္။
၂ဝ၂၂ ခုႏွစ္၊ ဇူလိုင္လတြင္ ဖမ္းဆီးရန္က်န္ရွိသူ ေႏြေႏြ၏ခိုင္းေစမႈျဖင့္ ရန္ကုန္ၿမိဳ႕အတြင္း အၾကမ္းဖက္လုပ္ငန္းမ်ားေဆာင္႐ြက္ရန္ Brave Eagle အဖြဲ႕အား ေအာင္ျမင္သူ ေခါင္းေဆာင္၍ အဖြဲ႕ဝင္(၉)ဦးျဖင့္ ဖြဲ႕စည္းခဲ့ေၾကာင္း နစကမွ ေဖာ္ထုတ္သိရွိရသည္။
ထို႔ေနာက္ ဖမ္းဆီးရမိသူမ်ား၏ ထြက္ဆိုခ်က္အရ Brave Eagle အဖြဲ႕သည္ ရန္ကုန္ၿမိဳ႕အတြင္း၌ ေဖာက္ခြဲမႈ(၇)ႀကိမ္ ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
၎တို႔၏ ဆက္လက္ထြက္ဆိုခ်က္အရ မိုင္းေထာင္ေဖာက္ခြဲမႈမ်ား ေဆာင္႐ြက္ရာတြင္ ဖမ္းဆီးရန္က်န္ရွိသည့္ ေႏြေႏြႏွင့္ ခ်မ္းၿငိမ္းသူတို႔ ႏွစ္ဦးက ေငြေၾကးေထာက္ပံ့ေပးခဲ့ၿပီး တစ္ႀကိမ္ေဖာက္ခြဲသူအား ေငြက်ပ္ (၁)သိန္းႏႈန္းျဖင့္လည္းေကာင္း၊ အေျခအေနၾကည့္ရႈေပးသူအား ေငြက်ပ္ သုံးေသာင္းႏႈန္းျဖင့္ ေထာက္ပံ့ေပးခဲ့ေၾကာင္း နစကမွ ဆိုထားသည္။
ထို႔ျပင္ အဆိုပါ Brave Eagle အဖြဲ႕သည္ ယခုလအတြင္း ဗဟန္းၿမိဳ႕နယ္ Mytel တာဝါတိုင္ႏွင့္ ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း)ၿမိဳ႕နယ္ရွိ ျပည္ခိုင္ၿဖိဳးပါတီ႐ုံးအား မိုင္းေထာင္ေဖာက္ခြဲရန္ စီစဥ္ထားရွိေၾကာင္း ေဖာ္ထုတ္သိရွိရသည္။
ထို႔ေၾကာင့္ ဖမ္းဆီးရမိသူမ်ားအား ဥပေဒအရ ထိေရာက္စြာအေရးယူႏိုင္ေရးကို ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။