ပျဉ်းမနား၌ ဆိုင်ကယ်ကယ်ရီစီးလာသည့် ကိုယ်ဝန်သည်တစ်ဦး လမ်းဘေး၌ ကလေးမီးဖွားခဲ့သော်လည်း ကလေးဖြစ်သူသေဆုံး

5487
စော (NP News) - ဇွန် ၁၂
နေပြည်တော်၊ ပျဉ်းမနားမြို့တွင် ဆိုင်ကယ်ကယ်ရီစီးလာသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး လမ်ဘေး၌ အပေါ့သွားစဉ် ကလေးမီးဖွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇွန်လ ၁၁ ရက်)၊ ညနေ(၄)နာရီအချိန်တွင် ပျဉ်းမနားမြို့နယ်၊ လယ်ဝေးလမ်းဟောင်း၊ လမ်းဘေးရေမြောင်းအတွင်းတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း မိုးစေတနာ ပရဟိတအသင်း-ပျဉ်းမနားထံမှ သိရသည်။
“သူက ပုပ္ဗသီရိမြိုနယ်မှာနေတာပါ။ သာဝတ္ထိကို ပစ္စည်းသွားပို့ပြီး ကယ်ရီနဲ့ ပြန်လာတဲ့လမ်းမှာ အပေါ့ သွားရင်း ကလေးထွက်ကျသွားတာပါ။ ကလေးက မွေးထဲကအသေလေးမွေးလာတာပါ”ဟု မိုးစေတနာ ပရဟိတအသင်း-ပျဉ်းမနားမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါအမျိုးသမီးသည် အသက်(၂၅)နှစ်အရွယ်ခန့်ရှိပြီး ကိုယ်ဝန်(၆)လ ဝန်းကျင်သာရှိကြောင်း ၎င်းကဆက်လက်ပြောဆိုထားသည်။
၎င်းအား ပျဉ်းမနား ကုတင်(၂ဝဝ)ဆေးရုံသို့ပို့ဆောင်ထားပြီး လက်ရှိတွင် မိခင်မှာ စိုးရိမ်ဖွယ်အခြေအနေမရှိကြောင်း သိရသည်။
zawgyi version
ပ်ဥ္းမနား၌ ဆိုင္ကယ္ကယ္ရီစီးလာသည့္ ကိုယ္ဝန္သည္တစ္ဦး လမ္းေဘး၌ ကေလးမီးဖြားခဲ့ေသာ္လည္း ကေလးျဖစ္သူေသဆုံး
ေစာ (NP News) - ဇြန္ ၁၂
ေနျပည္ေတာ္၊ ပ်ဥ္းမနားၿမိဳ႕တြင္ ဆိုင္ကယ္ကယ္ရီစီးလာသည့္ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးတစ္ဦး လမ္ေဘး၌ အေပါ့သြားစဥ္ ကေလးမီးဖြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ဇြန္လ ၁၁ ရက္)၊ ညေန(၄)နာရီအခ်ိန္တြင္ ပ်ဥ္းမနားၿမိဳ႕နယ္၊ လယ္ေဝးလမ္းေဟာင္း၊ လမ္းေဘးေရေျမာင္းအတြင္းတြင္ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း မိုးေစတနာ ပရဟိတအသင္း-ပ်ဥ္းမနားထံမွ သိရသည္။
“သူက ပုပၺသီရိၿမိဳနယ္မွာေနတာပါ။ သာဝတၳိကို ပစၥည္းသြားပို႔ၿပီး ကယ္ရီနဲ႔ ျပန္လာတဲ့လမ္းမွာ အေပါ့ သြားရင္း ကေလးထြက္က်သြားတာပါ။ ကေလးက ေမြးထဲကအေသေလးေမြးလာတာပါ”ဟု မိုးေစတနာ ပရဟိတအသင္း-ပ်ဥ္းမနားမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါအမ်ိဳးသမီးသည္ အသက္(၂၅)ႏွစ္အ႐ြယ္ခန႔္ရွိၿပီး ကိုယ္ဝန္(၆)လ ဝန္းက်င္သာရွိေၾကာင္း ၎ကဆက္လက္ေျပာဆိုထားသည္။
၎အား ပ်ဥ္းမနား ကုတင္(၂ဝဝ)ေဆး႐ုံသို႔ပို႔ေဆာင္ထားၿပီး လက္ရွိတြင္ မိခင္မွာ စိုးရိမ္ဖြယ္အေျခအေနမရွိေၾကာင္း သိရသည္။