အာဖဂန်နစ္စတန်မှာ တာလီဘန်တွေက မင်္ဂလာဆောင်တွေမှာ သီချင်းမဖွင့်ဖို့ ပိတ်ပင်ထား

693

ရောင်နီ (NP News) - ဇွန် ၁၄
အာဖဂန်နစ္စတန်နိုင်ငံ၊ မြို့တော်ကဘူးလ်ရှိ မင်္ဂလာခန်းမတွေမှာ တေးဂီတဖွင့်ခြင်းကို အစ္စလမ်မစ် ထုံးတမ်းစဉ်လာ တွေကို ဆန့်ကျင်တယ်လို့ဆိုကာ တာလီဘန် ဘာသာရေး ရဲတပ်ဖွဲ့ဝင်တွေက တားမြစ်ပိတ်ပင်ခဲ့ပါတယ်။
သီလပြန့်ပွားရေးနဲ့ တားဆီးကာကွယ်ရေး ဝန်ကြီးဌာနက မင်္ဂလာပွဲတွေမှာ တေးဂီတဖွင့်ဖို့ ခွင့်မပြုဖို့ ခန်းမပိုင်ရှင် တွေကို ညွှန်ကြားထားကြောင်း အွန်လိုင်းထုတ်ပြန်ချက် တစ်ခုအရ တနင်္ဂနွေနေ့(ဇွန်လ ၁၁ ရက် ) မှာ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း တာလီဘန်တွေက လူစုလူဝေးပွဲတွေမှာ သီချင်းဆိုခြင်းကို ရှောင်ကြဉ်ဖို့ စီးပွားရေးလုပ်ငန်းရှင် တွေကို အကြံပြုခဲ့ဖူးပါတယ်။ "မင်္ဂလာဆောင်မှာ တေးဂီတမရှိရင် မင်္ဂလာဆောင်ပွဲနဲ့ အသုဘအခမ်းအနား ဘာကွာခြားတော့မှာလဲ" လို့ အာဖဂန်မြို့တော်ရှိ ပွဲတော်ခန်းမတစ်ခုရဲ့မန်နေဂျာ( အမည်မဖော်လိုသူ) က ဆိုပါတယ်။
၂ဝ၂၁ ခုနှစ် ဩဂုတ်လမှာ တာလီဘန်တို့ အာဏာပြန်ရလာပြီးနောက် အနုပညာရှင်တွေနဲ့ ဂီတပညာရှင်တွေ အာဖဂန်နစ္စတန်မှ ထွက်ပြေးကာ အနောက်နိုင်ငံတွေမှာ ခိုလှုံခွင့်တောင်းခံခဲ့ပါတယ်။ တာလီဘန်တို့က ဂီတဟာ အစ္စလာမ်ရဲ့သွန်သင်ချက်တွေကို ဆန့်ကျင်တယ်လို့ ယူဆပါတယ်။ တာလီဘန်အဖွဲ့ရဲ့တင်းကျပ်တဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်အရ၊ လူ့အသံကသာ ဂီတကို ထုတ်လုပ်သင့်ပြီး၊ အဲဒါကသာ ဘုရားသခင်ကို ချီးမွမ်းခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
၁၉၉၆ - ၂ဝဝ၁ ခုနှစ် တာလီဘန်အုပ်ချုပ်မှုအတွင်းမှာလည်း အာဖဂန်နစ္စတန်မှာ စွန်လွှတ်ခြင်း၊ တီဗီဆပ်ပြာ အော်ပရာကြည့်ရှုခြင်း၊ ဆံပင်ညှပ်ခြင်း၊ တေးဂီတဖွင့်ခြင်း အပါအဝင် ဒါဇင်နဲ့ချီသော နေ့စဉ်ဘဝလှုပ်ရှားမှုတွေကို တားမြစ်ခဲ့ပါတယ်။ အခုတာလီဘန်တို့ အာဏာပြန်ရလာပြီးနောက်မှာ အခုလိုတားမြစ်မှုတွေ ပြန်ပေါ်ပေါက်လာခဲ့ ပါတယ်။ အာဖဂန်နစ္စတန်ရဲ့အမျိုးသမီးတွေနဲ့ မိန်းကလေးတွေဟာ အထက်တန်းကျောင်းနဲ့ တက္ကသိုလ်များ တက်ရောက်ခြင်းအပြင် အလုပ်အကိုင်လုပ်ဆောင်ခွင့်တွေမှာပါ ပိတ်ပင်ကန့်သတ်ချက်အများစုနဲ့ ရင်ဆိုင်ခဲ့ရပါ တယ်။

Zawgyi Version;
အာဖဂန္နစၥတန္မွာ တာလီဘန္ေတြက မဂၤလာေဆာင္ေတြမွာ သီခ်င္းမဖြင့္ဖို႔ ပိတ္ပင္ထား
ေရာင္နီ (NP News) - ဇြန္ ၁၄
အာဖဂန္နစၥတန္ႏိုင္ငံ၊ ၿမိဳ႕ေတာ္ကဘူးလ္ရွိ မဂၤလာခန္းမေတြမွာ ေတးဂီတဖြင့္ျခင္းကို အစၥလမ္မစ္ ထုံးတမ္းစဥ္လာ ေတြကို ဆန႔္က်င္တယ္လို႔ဆိုကာ တာလီဘန္ ဘာသာေရး ရဲတပ္ဖြဲ႕ဝင္ေတြက တားျမစ္ပိတ္ပင္ခဲ့ပါတယ္။
သီလျပန႔္ပြားေရးနဲ႔ တားဆီးကာကြယ္ေရး ဝန္ႀကီးဌာနက မဂၤလာပြဲေတြမွာ ေတးဂီတဖြင့္ဖို႔ ခြင့္မျပဳဖို႔ ခန္းမပိုင္ရွင္ ေတြကို ၫႊန္ၾကားထားေၾကာင္း အြန္လိုင္းထုတ္ျပန္ခ်က္ တစ္ခုအရ တနဂၤေႏြေန႔(ဇြန္လ ၁၁ ရက္ ) မွာ သိရပါတယ္။
ၿပီးခဲ့တဲ့ႏွစ္ကလည္း တာလီဘန္ေတြက လူစုလူေဝးပြဲေတြမွာ သီခ်င္းဆိုျခင္းကို ေရွာင္ၾကဥ္ဖို႔ စီးပြားေရးလုပ္ငန္းရွင္ ေတြကို အႀကံျပဳခဲ့ဖူးပါတယ္။ "မဂၤလာေဆာင္မွာ ေတးဂီတမရွိရင္ မဂၤလာေဆာင္ပြဲနဲ႔ အသုဘအခမ္းအနား ဘာကြာျခားေတာ့မွာလဲ" လို႔ အာဖဂန္ၿမိဳ႕ေတာ္ရွိ ပြဲေတာ္ခန္းမတစ္ခုရဲ႕မန္ေနဂ်ာ( အမည္မေဖာ္လိုသူ) က ဆိုပါတယ္။
၂ဝ၂၁ ခုႏွစ္ ဩဂုတ္လမွာ တာလီဘန္တို႔ အာဏာျပန္ရလာၿပီးေနာက္ အႏုပညာရွင္ေတြနဲ႔ ဂီတပညာရွင္ေတြ အာဖဂန္နစၥတန္မွ ထြက္ေျပးကာ အေနာက္ႏိုင္ငံေတြမွာ ခိုလႈံခြင့္ေတာင္းခံခဲ့ပါတယ္။ တာလီဘန္တို႔က ဂီတဟာ အစၥလာမ္ရဲ႕သြန္သင္ခ်က္ေတြကို ဆန႔္က်င္တယ္လို႔ ယူဆပါတယ္။ တာလီဘန္အဖြဲ႕ရဲ႕တင္းက်ပ္တဲ့ အဓိပၸာယ္ ဖြင့္ဆိုခ်က္အရ၊ လူ႔အသံကသာ ဂီတကို ထုတ္လုပ္သင့္ၿပီး၊ အဲဒါကသာ ဘုရားသခင္ကို ခ်ီးမြမ္းျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။
၁၉၉၆ - ၂ဝဝ၁ ခုႏွစ္ တာလီဘန္အုပ္ခ်ဳပ္မႈအတြင္းမွာလည္း အာဖဂန္နစၥတန္မွာ စြန္လႊတ္ျခင္း၊ တီဗီဆပ္ျပာ ေအာ္ပရာၾကည့္ရႈျခင္း၊ ဆံပင္ညႇပ္ျခင္း၊ ေတးဂီတဖြင့္ျခင္း အပါအဝင္ ဒါဇင္နဲ႔ခ်ီေသာ ေန႔စဥ္ဘဝလႈပ္ရွားမႈေတြကို တားျမစ္ခဲ့ပါတယ္။ အခုတာလီဘန္တို႔ အာဏာျပန္ရလာၿပီးေနာက္မွာ အခုလိုတားျမစ္မႈေတြ ျပန္ေပၚေပါက္လာခဲ့ ပါတယ္။ အာဖဂန္နစၥတန္ရဲ႕အမ်ိဳးသမီးေတြနဲ႔ မိန္းကေလးေတြဟာ အထက္တန္းေက်ာင္းနဲ႔ တကၠသိုလ္မ်ား တက္ေရာက္ျခင္းအျပင္ အလုပ္အကိုင္လုပ္ေဆာင္ခြင့္ေတြမွာပါ ပိတ္ပင္ကန႔္သတ္ခ်က္အမ်ားစုနဲ႔ ရင္ဆိုင္ခဲ့ရပါ တယ္။