မူဆယ်မြို့ရှိ ဟိုတယ်တစ်ခုအတွင်း အသက်(၂၃)နှစ်အရွယ် အမျိုးသား(၁)ဦးအား သေဆုံးလျက်တွေ့ရှိ

732
စော (NP News) - ဇွန် ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ ဟိုတယ်တစ်ခုတွင် ပြင်ပဒဏ်ရာမရှိဘဲ အသက်(၂၃)နှစ်အရွယ် အမျိုးသား တစ်ဦးအား သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါရုပ်အလောင်းကို ယမန်နေ့(ဇွန်လ ၁၅ ရက်) ည(၇)နာရီအချိန်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း နှလုံးလှ လူမှု ကူညီရေးအသင်းထံမှ သိရသည်။
“လက်ရှိတော့ သူကတစ်ယောက်ထဲ လာတည်းတာလို့ သိရတယ်။ အခြားလူတွေပြောတာတော့ ဒူးခေါင်းရယ်၊ ခြေသလုံးနဲ့ လက်ဖျံတွေမှာ ဖြူနေတယ်ပြောတယ်။ ကုတင်ပေါ်မှာ ဆုံးနေတာပါ။ ဘာကြောင့် သေသွားတာလဲ မသိသေးပါဘူး” ဟု နှလုံးလှလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါအမျိုးသားမှာ ကိုကျော်ထွန်း (၂၃)နှစ်ဖြစ်ပြီး ကွတ်ခိုင်မြိုမှ လာရောက်တည်းခိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ၎င်း၏ရုပ်အလောင်းအား မူဆယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Zawgyi Version;
မူဆယ္ၿမိဳ႕ရွိ ဟိုတယ္တစ္ခုအတြင္း အသက္(၂၃)ႏွစ္အ႐ြယ္ အမ်ိဳးသား(၁)ဦးအား ေသဆုံးလ်က္ေတြ႕ရွိ
ေစာ (NP News) - ဇြန္ ၁၆
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ မူဆယ္ၿမိဳ႕ရွိ ဟိုတယ္တစ္ခုတြင္ ျပင္ပဒဏ္ရာမရွိဘဲ အသက္(၂၃)ႏွစ္အ႐ြယ္ အမ်ိဳးသား တစ္ဦးအား ေသဆုံးလ်က္ေတြ႕ရွိခဲ့ေၾကာင္း သတင္းရရွိသည္။
အဆိုပါ႐ုပ္အေလာင္းကို ယမန္ေန႔(ဇြန္လ ၁၅ ရက္) ည(၇)နာရီအခ်ိန္တြင္ ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း ႏွလုံးလွ လူမႈ ကူညီေရးအသင္းထံမွ သိရသည္။
“လက္ရွိေတာ့ သူကတစ္ေယာက္ထဲ လာတည္းတာလို႔ သိရတယ္။ အျခားလူေတြေျပာတာေတာ့ ဒူးေခါင္းရယ္၊ ေျခသလုံးနဲ႔ လက္ဖ်ံေတြမွာ ျဖဴေနတယ္ေျပာတယ္။ ကုတင္ေပၚမွာ ဆုံးေနတာပါ။ ဘာေၾကာင့္ ေသသြားတာလဲ မသိေသးပါဘူး” ဟု ႏွလုံးလွလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါအမ်ိဳးသားမွာ ကိုေက်ာ္ထြန္း (၂၃)ႏွစ္ျဖစ္ၿပီး ကြတ္ခိုင္ၿမိဳမွ လာေရာက္တည္းခိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ ၎၏႐ုပ္အေလာင္းအား မူဆယ္ေဆး႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။