ကမ္ဘာ့ရွှေဈေးထက် ပြည်တွင်းရွှေဈေးမှာ ပိုမိုမြင့်တက်နေသည့်အတွက် ရန်ကုန် နှင့် မန္တလေးမှ ရွှေလုပ်ငန်းရှင်များကို ခေါ်ယူစစ်ဆေးနေ

 1859

NP News - ဇွန် ၁၆

ကမ္ဘာ့ရွှေဈေးထက် ပြည်တွင်းရွှေဈေးနှုန်းမှာ ပိုမိုမြင့်တက်နေသည့်အတွက် ရန်ကုန်နှင့် မန္တလေးတို့မှ ရွှေလုပ်ငန်းရှင်များကို သက်ဆိုင်ရာက ခေါ်ယူစစ်ဆေးနေကြောင်း သတင်းရရှိသည်။

ယနေ့ (ဇွန် ၁၆ ရက်)တွင် ကမ္ဘာ့ရွှေဈေးနှုန်းသည် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၆ဝ ဝန်းကျင်ရှိပြီး ပြည်တွင်း ရွှေဈေးကွက်အတွင်း၌ တစ်ကျပ်သားလျှင် ငွေကျပ် (၃၁) သိန်းနှင့်အထက်တွင် ဖြစ်ပေါ်နေကြောင်း စုံစမ်းသိရှိရသည်။

လက်ရှိတွင် ပြည်တွင်းဖြစ်ပေါ်နေသော ရွှေနှုန်းသည် ကမ္ဘာ့ရွှေဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ပိုမိုမြင့်တက်နေလျက်ရှိ ကြောင်း ရွှေလုပ်ငန်းရှင်တစ်ဦးက NP News ကို ပြောဆိုထားသည်။

ထိုသို့ ပြည်တွင်းရွှေနှုန်းသည် သမားရိုးကျမဟုတ်သည့်ပုံစံဖြင့် မြင့်တက်နေခြင်းမျိုး မဟုတ်သည့်အတွက် ယမန်နေ့(ဇွန် ၁၅ ရက်)တွင် ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းအတွင်းရှိ ရွှေလုပ်ငန်းရှင်များကို သက်ဆိုင်ရာက ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေ ကြောင်း အထက်ပါရွှေလုပ်ငန်းရှင်က ဆက်လက်ပြောဆိုထားသည်။

“ရွှေဆိုင်မှာ သန်းခေါင်စာရင်းနဲ့လာဝယ်တဲ့သူတွေကိုလည်း စစ်ဆေးဖို့ ခေါ်သွားတာရှိတယ်။ ရွှေတန်းမှာလည်း တော်တော် များများက ဖုန်းတွေလည်း ပိတ်ထားတယ်။ ရွှေဘုံသာလမ်းမှာလည်း ရွှေရောင်းဝယ်နေသူတွေလည်း မရှိတော့ဘူး။ ရွှေဘုံသာလမ်းမှာ အယောက် (၂ဝ)လောက်ရှိမယ် မနေ့က စစ်ဆေးဖို့ဆိုပြီးတော့ ခေါ်သွားတာ။ ဒီနေ့ရောဆိုရင် (၂)ရက် လောက်ရှိပြီပေါ့” ဟု ၎င်းက ပြောသည်။

အလားတူ ယမန်နေ့(ဇွန် ၁၅ ရက်) တွင်လည်း မန္တလေးတိုင်းအတွင်းရှိ ရွှေလုပ်ငန်းရှင် (၁ဝ)ဦးထက်မနည်းကိုလည်း ရွှေဈေးနှုန်းမြင့်တက်နေမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက ခေါ်ယူစစ်ဆေးနေမှုများ ရှိကြောင်း ရွှေလုပ်ငန်းရှင် အသိုင်းအဝိုင်းက ပြောဆိုထားသည်။

“အခုရွှေဈေးက ကမ္ဘာ့ရွှေဈေးထက် ပိုများနေတယ်။ ပုံမှန်ဆိုရင် တစ်သိန်းလောက်နည်းတာ။ အခုကတော်တော် များနေတာ။ အခုလို ရွှေဈေးနှုန်းတက်နေတာက သမားရိုးကျမဟုတ်ဘူး။ ဝိသမလောဘသားတစ်စုက ဆွဲတင်နေတာကြောင့် ဖြစ်နေတာ” ဟု ရွှေလုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုပြောဆိုထားသည်။

ထိုကဲ့သို့ ရွှေလုပ်ငန်းရှင်များကို ခေါ်ယူစစ်ဆေးနေမှုများနှင့်ပတ်သက်၍ နစကဘက်က တစ်စုံတစ်ရာထုတ်ဖော် ပြောဆိုခြင်းမျိုး မရှိသည့်အပြင် NP News အနေဖြင့်လည်း ထပ်မံ၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

မကြာခင်အချိန်တွင် ပြည်တွင်းရွှေဈေးနှုန်းသည် ပြန်လည်ကျဆင်းလာနိုင်သည့်အတွက် ဝယ်ယူစုဆောင်းခြင်း မပြုလုပ်ရန်လည်း ရွှေလုပ်ငန်းရှင်အချို့ အကြံပြုထားသည်။

မန္တလေးတိုင်းရွှေလုပ်ငန်းရှင်များအသင်းသည် ယနေ့(ဇွန် ၁၆ ရက်) နေ့လည်ပိုင်းတွင် မီးလင်းအခေါက်ရွှေတုံး တစ်ကျပ်သားလျှင် ငွေကျပ် (၃ဝ၅ဝဝဝဝ)ဈေးဖြင့် ရောင်းချပေးသွားမည်ဟု ကြေညာထားသည်ကို တွေ့ရှိရသည်။

Zawgyi Version;
ကမာၻ႔ေ႐ႊေဈးထက္ ျပည္တြင္းေ႐ႊေဈးမွာ ပိုမိုျမင့္တက္ေနသည့္အတြက္ ရန္ကုန္ ႏွင့္ မႏၲေလးမွ ေ႐ႊလုပ္ငန္းရွင္မ်ား ကို ေခၚယူစစ္ေဆးေန
NP News - ဇြန္ ၁၆

ကမာၻ႔ေ႐ႊေဈးထက္ ျပည္တြင္းေ႐ႊေဈးႏႈန္းမွာ ပိုမိုျမင့္တက္ေနသည့္အတြက္ ရန္ကုန္ႏွင့္ မႏၲေလးတို႔မွ ေ႐ႊလုပ္ငန္းရွင္မ်ားကို သက္ဆိုင္ရာက ေခၚယူစစ္ေဆးေနေၾကာင္း သတင္းရရွိသည္။

ယေန႔ (ဇြန္ ၁၆ ရက္)တြင္ ကမာၻ႔ေ႐ႊေဈးႏႈန္းသည္ တစ္ေအာင္စလွ်င္ အေမရိကန္ေဒၚလာ ၁၉၆ဝ ဝန္းက်င္ရွိၿပီး ျပည္တြင္း ေ႐ႊေဈးကြက္အတြင္း၌ တစ္က်ပ္သားလွ်င္ ေငြက်ပ္ (၃၁) သိန္းႏွင့္အထက္တြင္ ျဖစ္ေပၚေနေၾကာင္း စုံစမ္းသိရွိရသည္။

လက္ရွိတြင္ ျပည္တြင္းျဖစ္ေပၚေနေသာ ေ႐ႊႏႈန္းသည္ ကမာၻ႔ေ႐ႊေဈးႏႈန္းႏွင့္ ႏႈိင္းယွဥ္ပါက ပိုမိုျမင့္တက္ေနလ်က္ရွိ ေၾကာင္း ေ႐ႊလုပ္ငန္းရွင္တစ္ဦးက NP News ကို ေျပာဆိုထားသည္။

ထိုသို႔ ျပည္တြင္းေ႐ႊႏႈန္းသည္ သမား႐ိုးက်မဟုတ္သည့္ပုံစံျဖင့္ ျမင့္တက္ေနျခင္းမ်ိဳး မဟုတ္သည့္အတြက္ ယမန္ေန႔(ဇြန္ ၁၅ ရက္)တြင္ ရန္ကုန္တိုင္းႏွင့္ မႏၲေလးတိုင္းအတြင္းရွိ ေ႐ႊလုပ္ငန္းရွင္မ်ားကို သက္ဆိုင္ရာက ေခၚယူစစ္ေဆးမႈမ်ား ျပဳလုပ္ေန ေၾကာင္း အထက္ပါေ႐ႊလုပ္ငန္းရွင္က ဆက္လက္ေျပာဆိုထားသည္။

“ေ႐ႊဆိုင္မွာ သန္းေခါင္စာရင္းနဲ႔လာဝယ္တဲ့သူေတြကိုလည္း စစ္ေဆးဖို႔ ေခၚသြားတာရွိတယ္။ ေ႐ႊတန္းမွာလည္း ေတာ္ေတာ္ မ်ားမ်ားက ဖုန္းေတြလည္း ပိတ္ထားတယ္။ ေ႐ႊဘုံသာလမ္းမွာလည္း ေ႐ႊေရာင္းဝယ္ေနသူေတြလည္း မရွိေတာ့ဘူး။ ေ႐ႊဘုံသာလမ္းမွာ အေယာက္ (၂ဝ)ေလာက္ရွိမယ္ မေန႔က စစ္ေဆးဖို႔ဆိုၿပီးေတာ့ ေခၚသြားတာ။ ဒီေန႔ေရာဆိုရင္ (၂)ရက္ ေလာက္ရွိၿပီေပါ့” ဟု ၎က ေျပာသည္။

အလားတူ ယမန္ေန႔(ဇြန္ ၁၅ ရက္) တြင္လည္း မႏၲေလးတိုင္းအတြင္းရွိ ေ႐ႊလုပ္ငန္းရွင္ (၁ဝ)ဦးထက္မနည္းကိုလည္း ေ႐ႊေဈးႏႈန္းျမင့္တက္ေနမႈႏွင့္ပတ္သက္၍ သက္ဆိုင္ရာက ေခၚယူစစ္ေဆးေနမႈမ်ား ရွိေၾကာင္း ေ႐ႊလုပ္ငန္းရွင္ အသိုင္းအဝိုင္းက ေျပာဆိုထားသည္။

“အခုေ႐ႊေဈးက ကမာၻ႔ေ႐ႊေဈးထက္ ပိုမ်ားေနတယ္။ ပုံမွန္ဆိုရင္ တစ္သိန္းေလာက္နည္းတာ။ အခုကေတာ္ေတာ္ မ်ားေနတာ။ အခုလို ေ႐ႊေဈးႏႈန္းတက္ေနတာက သမား႐ိုးက်မဟုတ္ဘူး။ ဝိသမေလာဘသားတစ္စုက ဆြဲတင္ေနတာေၾကာင့္ ျဖစ္ေနတာ” ဟု ေ႐ႊလုပ္ငန္းရွင္တစ္ဦးက မွတ္ခ်က္ျပဳေျပာဆိုထားသည္။

ထိုကဲ့သို႔ ေ႐ႊလုပ္ငန္းရွင္မ်ားကို ေခၚယူစစ္ေဆးေနမႈမ်ားႏွင့္ပတ္သက္၍ နစကဘက္က တစ္စုံတစ္ရာထုတ္ေဖာ္ ေျပာဆိုျခင္းမ်ိဳး မရွိသည့္အျပင္ NP News အေနျဖင့္လည္း ထပ္မံ၍ သီးျခားအတည္ျပဳႏိုင္ျခင္း မရွိေသးေပ။

မၾကာခင္အခ်ိန္တြင္ ျပည္တြင္းေ႐ႊေဈးႏႈန္းသည္ ျပန္လည္က်ဆင္းလာႏိုင္သည့္အတြက္ ဝယ္ယူစုေဆာင္းျခင္း မျပဳလုပ္ရန္လည္း ေ႐ႊလုပ္ငန္းရွင္အခ်ိဳ႕ အႀကံျပဳထားသည္။

မႏၲေလးတိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္းသည္ ယေန႔(ဇြန္ ၁၆ ရက္) ေန႔လည္ပိုင္းတြင္ မီးလင္းအေခါက္ေ႐ႊတုံး တစ္က်ပ္သားလွ်င္ ေငြက်ပ္ (၃ဝ၅ဝဝဝဝ)ေဈးျဖင့္ ေရာင္းခ်ေပးသြားမည္ဟု ေၾကညာထားသည္ကို ေတြ႕ရွိရသည္။

Related news

© 2021. All rights reserved.