မြောက်ဦးမြို့အား ကမ္ဘာ့ယဥ်ကျေးမှုအဖြစ် အသိအမှတ်ပြုသည့် UNSCO မှတ်တမ်းဝင်ရေး ဆက်လက်ဆောင်ရွက်ရန် နစကဒုဥက္ကဋ္ဌ တိုက်တွန်း

 647

ယွန်း (NP News) - ဇွန် ၁၇

ရခိုင်ပြည်နယ်ရှိ မြောက်ဦးမြို့အား ကမ္ဘာ့ယဥ်ကျေးမှုအဖြစ် အသိအမှတ်ပြုသည့် UNSCO မှတ်တမ်းဝင်ရေး ဆက်လက်ဆောင်ရွက်ရန် နစကဒုဥက္ကဋ္ဌက တိုက်တွန်းပြောဆိုထားသည်။

နစကဒုဥက္ကဋ္ဌ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဇွန်လ(၁၆)ရက်တွင် မြောက်ဦး၊ မင်းပြားနှင့် ကျောက်ဖြူမြို့တို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သွားရောက်ကြည့်ရှုစဥ်အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

မြောက်ဦးမြို့သည် သမိုင်းတန်ဖိုးအရ တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းမြို့တော်မြို့ ဖြစ်သောကြောင့် အလေးထားဆောင်ရွက်ရန် လိုကြောင်း နစကဒုဥက္ကဋ္ဌက အသိပေးပြောဆိုထားသည်။

ထို့ပြင် ရှေးမူမပျက်ပြုပြင်ပြီး ကမ္ဘာ့ယဥ်ကျေးမှုအဖြစ် အသိအမှတ်ပြုသည့် UNSCO မှတ်တမ်းဝင်အောင် ဆက်လက်ဆောင်ရွက်ရန်လည်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ခရီးသွားလုပ်ငန်းအတွက် ပြည်တွင်း၊ ပြည်ပ ခရီးသွားများကို ဆွဲဆောင်ရာနယ်မြေဖြစ်လာနိုင်ပြီး ဒေသ၏ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အခွင့်အလမ်းကောင်းများ ရရှိလာမည်ဖြစ် ကြောင်း သိရသည်။

ထို့ပြင် ပုဂံရှေးဟောင်းယဥ်ကျေးမှုမြို့တော်ကြီးကိုလည်း ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ် ဇူလိုင်လ (၆) ရက်တွင် ကမ္ဘာ့အမွေအနှစ် စာရင်းသတ်မှတ်ခဲ့ပြီးဖြစ်သည်။

လက်ရှိတွင် မြောက်ဦးရှေးဟောင်းမြို့တော်အား UNSCO စာရင်းဝင်နိုင်ရေး အဆိုပြုလွှာမူချောကို ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃ဝ ရက်တွင် ပြင်သစ်နိုင်ငံရှိ UNSCO ရုံးချုပ်သို့တင်သွင်းနိုင်ခဲ့ကြောင်း သိရသည်။

မြောက်ဦးမြို့ကို အေဒီ (၁၄၃ဝ) ခုနှစ်တွင် ရခိုင်ဘုရင်မင်းစောမွန်က စတင်တည်ထောင်ခဲ့ပြီး နှစ်ပေါင်း (၃၅၄) နှစ်တိုင်အောင် ရခိုင်ဘုရင်အဆက်ဆက်ထီးနန်းစိုးစံအုပ်ချုပ်ခဲ့သော မင်းနေပြည်တော်တစ်ခုဖြစ်ခဲ့သည်။

zawgyi version
ေျမာက္ဦးၿမိဳ႕အား ကမာၻ႔ယဥ္ေက်းမႈအျဖစ္ အသိအမွတ္ျပဳသည့္ UNSCO မွတ္တမ္းဝင္ေရး ဆက္လက္ေဆာင္႐ြက္ရန္ နစကဒုဥကၠ႒ တိုက္တြန္း

ယြန္း (NP News) - ဇြန္ ၁၇

ရခိုင္ျပည္နယ္ရွိ ေျမာက္ဦးၿမိဳ႕အား ကမာၻ႔ယဥ္ေက်းမႈအျဖစ္ အသိအမွတ္ျပဳသည့္ UNSCO မွတ္တမ္းဝင္ေရး ဆက္လက္ေဆာင္႐ြက္ရန္ နစကဒုဥကၠ႒က တိုက္တြန္းေျပာဆိုထားသည္။

နစကဒုဥကၠ႒၊ ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက ဇြန္လ(၁၆)ရက္တြင္ ေျမာက္ဦး၊ မင္းျပားႏွင့္ ေက်ာက္ျဖဴၿမိဳ႕တို႔၌ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားကို သြားေရာက္ၾကည့္ရႈစဥ္အထက္ပါကဲ့သို႔ ေျပာခဲ့ျခင္းျဖစ္သည္။

ေျမာက္ဦးၿမိဳ႕သည္ သမိုင္းတန္ဖိုးအရ တန္ဖိုးမျဖတ္ႏိုင္သည့္ ေရွးေဟာင္းၿမိဳ႕ေတာ္ၿမိဳ႕ ျဖစ္ေသာေၾကာင့္ အေလးထားေဆာင္႐ြက္ရန္ လိုေၾကာင္း နစကဒုဥကၠ႒က အသိေပးေျပာဆိုထားသည္။

ထို႔ျပင္ ေရွးမူမပ်က္ျပဳျပင္ၿပီး ကမာၻ႔ယဥ္ေက်းမႈအျဖစ္ အသိအမွတ္ျပဳသည့္ UNSCO မွတ္တမ္းဝင္ေအာင္ ဆက္လက္ေဆာင္႐ြက္ရန္လည္း ၎က ဆက္လက္ေျပာဆိုထားသည္။

ထိုသို႔ ေဆာင္႐ြက္ျခင္းျဖင့္ ခရီးသြားလုပ္ငန္းအတြက္ ျပည္တြင္း၊ ျပည္ပ ခရီးသြားမ်ားကို ဆြဲေဆာင္ရာနယ္ေျမျဖစ္လာႏိုင္ၿပီး ေဒသ၏ စီးပြားေရးဖြံ႕ၿဖိဳးမႈအတြက္ အခြင့္အလမ္းေကာင္းမ်ား ရရွိလာမည္ျဖစ္ ေၾကာင္း သိရသည္။

ထို႔ျပင္ ပုဂံေရွးေဟာင္းယဥ္ေက်းမႈၿမိဳ႕ေတာ္ႀကီးကိုလည္း ၿပီးခဲ့သည့္ ၂ဝ၁၉ ခုႏွစ္ ဇူလိုင္လ (၆) ရက္တြင္ ကမာၻ႔အေမြအႏွစ္ စာရင္းသတ္မွတ္ခဲ့ၿပီးျဖစ္သည္။

လက္ရွိတြင္ ေျမာက္ဦးေရွးေဟာင္းၿမိဳ႕ေတာ္အား UNSCO စာရင္းဝင္ႏိုင္ေရး အဆိုျပဳလႊာမူေခ်ာကို ၿပီးခဲ့သည့္ ၂ဝ၂၁ ခုႏွစ္၊ ဒီဇင္ဘာလ ၃ဝ ရက္တြင္ ျပင္သစ္ႏိုင္ငံရွိ UNSCO ႐ုံးခ်ဳပ္သို႔တင္သြင္းႏိုင္ခဲ့ေၾကာင္း သိရသည္။

ေျမာက္ဦးၿမိဳ႕ကို ေအဒီ (၁၄၃ဝ) ခုႏွစ္တြင္ ရခိုင္ဘုရင္မင္းေစာမြန္က စတင္တည္ေထာင္ခဲ့ၿပီး ႏွစ္ေပါင္း (၃၅၄) ႏွစ္တိုင္ေအာင္ ရခိုင္ဘုရင္အဆက္ဆက္ထီးနန္းစိုးစံအုပ္ခ်ဳပ္ခဲ့ေသာ မင္းေနျပည္ေတာ္တစ္ခုျဖစ္ခဲ့သည္။

Related news

© 2021. All rights reserved.