ကမ္ဘာတွင် ချောင်းဆိုးပျောက်ဆေးရည်၏ အန္တရာယ်သည် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း WHO ပြော

 2496

Pika (NP News) - ဇွန် ၁၇

အဆိပ်သင့်ချောင်းဆိုးပျောက်ဆေးရည်များကြောင့် ကမ္ဘာတစ်ဝှမ်းတွင် အသက်အန္တရာယ်နှင့်ပတ်သက်ပြီး ခြိမ်းခြောက်မှုများဆက်လက်ရှိနေဆဲဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ပြောကြားခဲ့သည်။

ကလေးငယ်များ သေဆုံးစေနိုင်သော အဆိုပါ ချောင်းဆိုးပျောက်ဆေးရည်ကို ခြေရာခံရန်အတွက် နိုင်ငံပေါင်း အနည်းဆုံး(၆)နိုင်ငံနှင့် လက်တွဲပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နေကြောင်း WHO ကပြောကြားခဲ့သည်။ ပြီးခဲ့သည့်နှစ်က တိုက်ကြီးသုံးတိုက်တွင် မွေးကင်းစကလေး(၃ဝဝ)ကျော် သေဆုံးခဲ့မှုသည် အဆိုပါချောင်းဆိုးပျောက်ဆေးရည်နှင့်ဆက်နွယ်နေပြီး အဆိပ်သင့်ချောင်းဆိုးပျောက်ဆေးရည်များ ဆက်လက်ရောင်းချနေသည့်နိုင်ငံ(၉)နိုင်ငံကို ကုလသမဂ္ဂအေဂျင်စီက အမည်များထုတ်ဖော်ပြောကြားထားပြီဖြစ်ကြောင်းသိရသည်။

ဆေးဝါးအရည်အသွေးထိန်းချုပ်ရေးဓာတ်ခွဲခန်းများ၏ အရည်အချင်းစစ် ရူတန်ဒိုကူဝါနာက အဆိပ်သင့်ချောင်းဆိုးပျောက်ဆေးရည်များကို ခြေရာခံရန်အတွက် ပူးပေါင်းလုပ်ဆောင်နေသည့် နိုင်ငံ(၆)နိုင်ငံ၏ အမည်များကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းလည်းသိရသည်။ ချောင်းဆိုးပျောက်ဆေးရည်ထဲတွင် မရှိမဖြစ်ပါဝင်သော ပစ္စည်းများ၏ မသန့်ရှင်းသောစည်များသည် သိုလှောင်ရုံများတွင် ဆက်လက်ကျန်ရှိနေနိုင်ဆဲဖြစ်သောကြောင့် အဆိပ်သင့်ချောင်းဆိုးပျောက်ဆေးရည်များကို နှစ်အတန်ကြာ တွေ့ရှိနေနိုင်သေးကြောင်း ၎င်းကသတိပေးပြောဆိုခဲ့သည်။

ချောင်းဆိုးပျောက်ဆေးရည်နှင့် ပါဝင်ပစ္စည်းဖြစ်သော propylene glycol နှစ်မျိုးလုံးသည် (၂)နှစ်ဝန်းကျင်ထိ သက်တမ်းခံကြောင်းသိရသည်။ ရူတန်ဒိုကူဝါနာက"ဒါက ဆက်လက်ရှိနေမယ့်အန္တရာယ်တစ်ခုပါပဲ"ဟုပြောဆိုခဲ့သည်။

ချောင်းဆိုးပျောက်ဆေးရည်အတွက် ပါဝင်ပစ္စည်းထုတ်လုပ်သောသူများသည် ပါဝင်ပစ္စည်းဖြစ်သော propylene glycol ကို ဈေးပေါသည့် အခြားအဆိပ်အတောက်ပစ္စည်းများဖြစ်သော ethylene glycol နှင့် diethylene glycol တို့ဖြင့် အစားထိုးလေ့ရှိကြောင်း ဆေးဝါးထုတ်လုပ်ရေးကျွမ်းကျင်သူ အများအပြားကပြောကြားခဲ့သည်။

zawgyi version
ကမာၻတြင္ ေခ်ာင္းဆိုးေပ်ာက္ေဆးရည္၏ အႏၲရာယ္သည္ ဆက္လက္ျဖစ္ပြားေနဆဲျဖစ္ေၾကာင္း WHO ေျပာ
Pika (NP News) - ဇြန္ ၁၇

အဆိပ္သင့္ေခ်ာင္းဆိုးေပ်ာက္ေဆးရည္မ်ားေၾကာင့္ ကမာၻတစ္ဝွမ္းတြင္ အသက္အႏၲရာယ္ႏွင့္ပတ္သက္ၿပီး ၿခိမ္းေျခာက္မႈမ်ားဆက္လက္ရွိေနဆဲျဖစ္ေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕(WHO)က ေျပာၾကားခဲ့သည္။

ကေလးငယ္မ်ား ေသဆုံးေစႏိုင္ေသာ အဆိုပါ ေခ်ာင္းဆိုးေပ်ာက္ေဆးရည္ကို ေျခရာခံရန္အတြက္ ႏိုင္ငံေပါင္း အနည္းဆုံး(၆)ႏိုင္ငံႏွင့္ လက္တြဲပူးေပါင္းေဆာင္႐ြက္မႈမ်ား လုပ္ေဆာင္ေနေၾကာင္း WHO ကေျပာၾကားခဲ့သည္။ ၿပီးခဲ့သည့္ႏွစ္က တိုက္ႀကီးသုံးတိုက္တြင္ ေမြးကင္းစကေလး(၃ဝဝ)ေက်ာ္ ေသဆုံးခဲ့မႈသည္ အဆိုပါေခ်ာင္းဆိုးေပ်ာက္ေဆးရည္ႏွင့္ဆက္ႏြယ္ေနၿပီး အဆိပ္သင့္ေခ်ာင္းဆိုးေပ်ာက္ေဆးရည္မ်ား ဆက္လက္ေရာင္းခ်ေနသည့္ႏိုင္ငံ(၉)ႏိုင္ငံကို ကုလသမဂၢေအဂ်င္စီက အမည္မ်ားထုတ္ေဖာ္ေျပာၾကားထားၿပီျဖစ္ေၾကာင္းသိရသည္။

ေဆးဝါးအရည္အေသြးထိန္းခ်ဳပ္ေရးဓာတ္ခြဲခန္းမ်ား၏ အရည္အခ်င္းစစ္ ႐ူတန္ဒိုကူဝါနာက အဆိပ္သင့္ေခ်ာင္းဆိုးေပ်ာက္ေဆးရည္မ်ားကို ေျခရာခံရန္အတြက္ ပူးေပါင္းလုပ္ေဆာင္ေနသည့္ ႏိုင္ငံ(၆)ႏိုင္ငံ၏ အမည္မ်ားကို ထုတ္ေဖာ္ေျပာၾကားခဲ့ျခင္းမ်ိဳးမရွိခဲ့ေၾကာင္းလည္းသိရသည္။ ေခ်ာင္းဆိုးေပ်ာက္ေဆးရည္ထဲတြင္ မရွိမျဖစ္ပါဝင္ေသာ ပစၥည္းမ်ား၏ မသန႔္ရွင္းေသာစည္မ်ားသည္ သိုေလွာင္႐ုံမ်ားတြင္ ဆက္လက္က်န္ရွိေနႏိုင္ဆဲျဖစ္ေသာေၾကာင့္ အဆိပ္သင့္ေခ်ာင္းဆိုးေပ်ာက္ေဆးရည္မ်ားကို ႏွစ္အတန္ၾကာ ေတြ႕ရွိေနႏိုင္ေသးေၾကာင္း ၎ကသတိေပးေျပာဆိုခဲ့သည္။

ေခ်ာင္းဆိုးေပ်ာက္ေဆးရည္ႏွင့္ ပါဝင္ပစၥည္းျဖစ္ေသာ propylene glycol ႏွစ္မ်ိဳးလုံးသည္ (၂)ႏွစ္ဝန္းက်င္ထိ သက္တမ္းခံေၾကာင္းသိရသည္။ ႐ူတန္ဒိုကူဝါနာက"ဒါက ဆက္လက္ရွိေနမယ့္အႏၲရာယ္တစ္ခုပါပဲ"ဟုေျပာဆိုခဲ့သည္။

ေခ်ာင္းဆိုးေပ်ာက္ေဆးရည္အတြက္ ပါဝင္ပစၥည္းထုတ္လုပ္ေသာသူမ်ားသည္ ပါဝင္ပစၥည္းျဖစ္ေသာ propylene glycol ကို ေဈးေပါသည့္ အျခားအဆိပ္အေတာက္ပစၥည္းမ်ားျဖစ္ေသာ ethylene glycol ႏွင့္ diethylene glycol တို႔ျဖင့္ အစားထိုးေလ့ရွိေၾကာင္း ေဆးဝါးထုတ္လုပ္ေရးကြၽမ္းက်င္သူ အမ်ားအျပားကေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.