ဘဏ္ဍာနှစ် (၂)လတာကာလအတွင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၆)ဘီလျံကျော်ရှိ
                        
                            
                             
 731
 
                             
                            
                            
                         
                        
 
                        NP News - ဇွန် ၂၁
၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်၏ ဧပြီလ ၁ ရက်မှ ဇွန်လ ၉ ရက်အထိ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၆ ဒသမ ၁ ဘီလျံကျော် ရှိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ အပတ်စဉ်ရရှိသည့် ကုန်သွယ်မှုကိန်းကဏန်းများအရ သိရသည်။
အဆိုပါကုန်သွယ်မှုပမာဏသည် ပြီးခဲ့သည့်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ သန်း (၆ဝ) ကျော်လျော့နည်းခဲ့ကြောင်း အချက်အလက်များအရ သိရသည်။
ယခုနှစ်အတွက် ကုန်သွယ်မှုပမာဏတွင် ပင်လယ်ရေကြောင်းမှ ပို့ကုန်အနေဖြင့် အမေရိကန်ဒေါ်လာ (၁ ဒသမ ၅) ဘီလျံ ကျော်ရှိခဲ့ပြီး သွင်းကုန်အနေဖြင့် အမေရိကန်ဒေါ်လာ (၃)ဘီလျံနီးပါးရှိခဲ့ကြောင်း သိရသည်။
နယ်စပ်မှကုန်သွယ်မှုတွင် ပို့ကုန်အနေဖြင့် အမေရိကန်ဒေါ်လာ (၉၂၁)သန်းကျော်ရှိပြီး သွင်းကုန်အနေဖြင့် အမေရိကန်ဒေါ်လာ (၇၅၃)သန်းကျော်ရှိကြောင်း သိရသည်။ 
မြန်မာနိုင်ငံမှ ပို့ကုန်တင်ပို့မှုတွင် လယ်ယာထွက်ပစ္စည်း၊ တိရိစ္ဆာန်ထွက်၊ သတ္တုတွင်းထွက်၊ သစ်တောထွက်၊ စက်မှုကုန်ချော နှင့် အခြား ကုန်ပစ္စည်းများပါဝင်ကြောင်းသိရသည်။ အဆိုပါ ပို့ကုန်တင်ပို့မှု၌ နိုင်ငံပိုင်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ (၆၅၉) သန်းကျော်ရှိပြီး ပုဂ္ဂလိကပိုင်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ (၁ ဒသမ ၈) ဘီလျံ နီးပါးရှိကြောင်းသိရသည်။
အလားတူ မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများနှင့် CMP ပစ္စည်းများ ပြန်လည်တင်သွင်းပြီး နိုင်ငံတော်ပိုင်မှ တင်သွင်းမှုသည် အမေရိကန်ဒေါ်လာ (၂၇၇) သန်းကျော်ရှိပြီး ပုဂ္ဂလိကပိုင်မှ တင်သွင်းမှုများသည် အမေရိကန်ဒေါ်လာ (၃ ဒသမ ၄)ဘီလျံကျော်ရှိကြောင်း သိရသည်။
နယ်စပ်မှကုန်သွယ်မှုများကို မြန်မာ-တရုတ် ကုန်သွယ်မှုအတွက် နယ်စပ်စခန်း (၅)ခုမှလည်းကောင်း၊ မြန်မာ-ထိုင်းကုန်သွယ်မှုအတွက် နယ်စပ်စခန်း (၇)ခုမှလည်းကောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်ကုန်သွယ်မှုအတွက် နယ်စပ် စခန်း (၂)ခုမှလည်းကောင်း၊ မြန်မာ-အိန္ဒိယ ကုန်သွယ်မှုအတွက် တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှလည်းကောင်း တင်ပို့လျက်ရှိကြောင်းသိရသည်။
လက်ရှိအချိန်တွင် ကုန်သွယ်မှုလုပ်ငန်းများ၌ အမေရိကန်ဒေါ်လာကိုမှီခိုလုပ်ဆောင်ခြင်းထက် ယွမ်-ကျပ်၊ ဘတ်-ကျပ်တိုက်ရိုက်အသုံးပြုမှုများကို လုပ်ဆောင်လျက်ရှိပြီး မကြာမီအချိန်၌လည်း ရူပီး-ကျပ် တိုက် ရိုက်အသုံးပြုနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
                     
                        
                                                                    
 
                                
                                
                                        zawgyi version
ဘ႑ာႏွစ္ (၂)လတာကာလအတြင္း ကုန္သြယ္မႈပမာဏ အေမရိကန္ေဒၚလာ (၆)ဘီလ်ံေက်ာ္ရွိ
NP News - ဇြန္ ၂၁
၂ဝ၂၃-၂ဝ၂၄ ဘ႑ာႏွစ္၏ ဧၿပီလ ၁ ရက္မွ ဇြန္လ ၉ ရက္အထိ ကုန္သြယ္မႈပမာဏ အေမရိကန္ေဒၚလာ ၆ ဒသမ ၁ ဘီလ်ံေက်ာ္ ရွိခဲ့ေၾကာင္း အေကာက္ခြန္ဦးစီးဌာနမွ အပတ္စဥ္ရရွိသည့္ ကုန္သြယ္မႈကိန္းကဏန္းမ်ားအရ သိရသည္။
အဆိုပါကုန္သြယ္မႈပမာဏသည္ ၿပီးခဲ့သည့္ႏွစ္အလားတူကာလႏွင့္ ႏႈိင္းယွဥ္ပါက အေမရိကန္ေဒၚလာ သန္း (၆ဝ) ေက်ာ္ေလ်ာ့နည္းခဲ့ေၾကာင္း အခ်က္အလက္မ်ားအရ သိရသည္။
ယခုႏွစ္အတြက္ ကုန္သြယ္မႈပမာဏတြင္ ပင္လယ္ေရေၾကာင္းမွ ပို႔ကုန္အေနျဖင့္ အေမရိကန္ေဒၚလာ (၁ ဒသမ ၅) ဘီလ်ံ ေက်ာ္ရွိခဲ့ၿပီး သြင္းကုန္အေနျဖင့္ အေမရိကန္ေဒၚလာ (၃)ဘီလ်ံနီးပါးရွိခဲ့ေၾကာင္း သိရသည္။
နယ္စပ္မွကုန္သြယ္မႈတြင္ ပို႔ကုန္အေနျဖင့္ အေမရိကန္ေဒၚလာ (၉၂၁)သန္းေက်ာ္ရွိၿပီး သြင္းကုန္အေနျဖင့္ အေမရိကန္ေဒၚလာ (၇၅၃)သန္းေက်ာ္ရွိေၾကာင္း သိရသည္။ 
ျမန္မာႏိုင္ငံမွ ပို႔ကုန္တင္ပို႔မႈတြင္ လယ္ယာထြက္ပစၥည္း၊ တိရိစာၦန္ထြက္၊ သတၱဳတြင္းထြက္၊ သစ္ေတာထြက္၊ စက္မႈကုန္ေခ်ာ ႏွင့္ အျခား ကုန္ပစၥည္းမ်ားပါဝင္ေၾကာင္းသိရသည္။ အဆိုပါ ပို႔ကုန္တင္ပို႔မႈ၌ ႏိုင္ငံပိုင္တင္ပို႔မႈသည္ အေမရိကန္ေဒၚလာ (၆၅၉) သန္းေက်ာ္ရွိၿပီး ပုဂၢလိကပိုင္တင္ပို႔မႈသည္ အေမရိကန္ေဒၚလာ (၁ ဒသမ ၈) ဘီလ်ံ နီးပါးရွိေၾကာင္းသိရသည္။
အလားတူ ျမန္မာႏိုင္ငံအေနျဖင့္ ရင္းႏွီးျမႇဳပ္ႏွံမႈကုန္ပစၥည္းမ်ား၊ လုပ္ငန္းသုံးကုန္ၾကမ္းပစၥည္းမ်ား၊ လူသုံးကုန္ ပစၥည္းမ်ားႏွင့္ CMP ပစၥည္းမ်ား ျပန္လည္တင္သြင္းၿပီး ႏိုင္ငံေတာ္ပိုင္မွ တင္သြင္းမႈသည္ အေမရိကန္ေဒၚလာ (၂၇၇) သန္းေက်ာ္ရွိၿပီး ပုဂၢလိကပိုင္မွ တင္သြင္းမႈမ်ားသည္ အေမရိကန္ေဒၚလာ (၃ ဒသမ ၄)ဘီလ်ံေက်ာ္ရွိေၾကာင္း သိရသည္။
နယ္စပ္မွကုန္သြယ္မႈမ်ားကို ျမန္မာ-တ႐ုတ္ ကုန္သြယ္မႈအတြက္ နယ္စပ္စခန္း (၅)ခုမွလည္းေကာင္း၊ ျမန္မာ-ထိုင္းကုန္သြယ္မႈအတြက္ နယ္စပ္စခန္း (၇)ခုမွလည္းေကာင္း၊ ျမန္မာ-ဘဂၤလားေဒ့ရွ္ကုန္သြယ္မႈအတြက္ နယ္စပ္ စခန္း (၂)ခုမွလည္းေကာင္း၊ ျမန္မာ-အိႏၵိယ ကုန္သြယ္မႈအတြက္ တမူးနယ္စပ္ကုန္သြယ္ေရးစခန္းမွလည္းေကာင္း တင္ပို႔လ်က္ရွိေၾကာင္းသိရသည္။
လက္ရွိအခ်ိန္တြင္ ကုန္သြယ္မႈလုပ္ငန္းမ်ား၌ အေမရိကန္ေဒၚလာကိုမွီခိုလုပ္ေဆာင္ျခင္းထက္ ယြမ္-က်ပ္၊ ဘတ္-က်ပ္တိုက္႐ိုက္အသုံးျပဳမႈမ်ားကို လုပ္ေဆာင္လ်က္ရွိၿပီး မၾကာမီအခ်ိန္၌လည္း ႐ူပီး-က်ပ္ တိုက္ ႐ိုက္အသုံးျပဳႏိုင္ေရးေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရသည္။