ကျန်ရှိနေသည့် မူပိုင်ခွင့်ဥပဒေ(၃)ရပ်ကို အာဏာတည်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရန် နစကဝန်ကြီး တိုက်တွန်း

 1694

ယွန်း (NP News) - ဇွန် ၂၂

မူပိုင်ခွင့်ဥပဒေ(၄)ရပ်အနက်မှ ကျန်ရှိနေသည့် မူပိုင်ခွင့်ဥပဒေ(၃)ရပ်ကို အာဏာတည်နိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရန် နစကဝန်ကြီးမှ တိုက်တွန်းပြောဆိုထားသည်။

မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ဇွန်လ (၂၁)ရက်တွင် နေပြည်တော်ရှိ ဝန်ကြီးဌာန၏ ညီလာခံခန်းမ၌ ကျင်းပခဲ့သော မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီအစည်းအဝေး၌ အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ်တွင် မူပိုင်ခွင့်ဥပဒေ(၄)ရပ်ဖြစ်သည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အပါအဝင် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေ၊ စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေတို့ကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ မူပိုင်ခွင့်ဥပဒေ(၄)ရပ်အနက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေကို ယခုနှစ်(၂ဝ၂၃ ခုနှစ်)၊ ဧပြီလ (၁)ရက်တွင် အာဏာတည်ခဲ့၍ အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းကို တရားဝင်လက်ခံခဲ့ပြီး ဧပြီလ(၂၆)ရက်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ထို့ပြင် မူပိုင်ခွင့်ဥပဒေ(၄)ရပ်အနက် ဆက်လက်ဆောင်ရွက်ရမည့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ အပါအဝင် တီထွင်မှုမူပိုင်ခွင့်ဥပဒေ၊ စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေတို့ကို အာဏာတည်နိုင်‌ရေး အကောင်အထည်ဖော်ဆောင်ရွက်ရန် ၎င်းက တိုက်တွန်းပြောဆိုထားသည်။

လက်ရှိတွင် မူပိုင်ခွင့်ဗဟိုကော်မတီ၌ မူပိုင်ခွင့်ဆိုင်ရာ ပညာရှင်များကို ရွေးချယ်ပြီးဖြစ်၍ ထည့်သွင်းဖွဲ့စည်းနိုင်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့တို့တွင် အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ကုန်သွယ်ရေးဆိုင်ရာ မူပိုင်ခွင့်စာချုပ်ကို လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုထားသည်။

အာဆီယံဒေသတွင်းနိုင်ငံများအနေဖြင့် ရင်းနှီးမြှုပ်နှံမှု၊ ကုန်စည်စီးဆင်းမှုများ တိုးတက်စေရန်နှင့် စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့် မူပိုင်ခွင့်စနစ်များကို ဆောလျင်စွာအကောင်အထည် ဖော်ကျင့်သုံးနေကြောင်း သိရသည်။

သို့ဖြစ်၍ မြန်မာနိုင်ငံအနေဖြင့် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တန်းတူရင်ပေါင်တန်းဆောင်ရွက်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောဆိုထားသည်။

zawgyi version
က်န္ရွိေနသည့္ မူပိုင္ခြင့္ဥပေဒ(၃)ရပ္ကို အာဏာတည္ႏိုင္ေရး အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရန္ နစကဝန္ႀကီး တိုက္တြန္း

ယြန္း (NP News) - ဇြန္ ၂၂

မူပိုင္ခြင့္ဥပေဒ(၄)ရပ္အနက္မွ က်န္ရွိေနသည့္ မူပိုင္ခြင့္ဥပေဒ(၃)ရပ္ကို အာဏာတည္ႏိုင္ေရးအတြက္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရန္ နစကဝန္ႀကီးမွ တိုက္တြန္းေျပာဆိုထားသည္။

မူပိုင္ခြင့္ဆိုင္ရာဗဟိုေကာ္မတီဥကၠ႒ ဒုတိယဝန္ႀကီးခ်ဳပ္ႏွင့္ ျပည္ေထာင္စုဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦးက ဇြန္လ (၂၁)ရက္တြင္ ေနျပည္ေတာ္ရွိ ဝန္ႀကီးဌာန၏ ညီလာခံခန္းမ၌ က်င္းပခဲ့ေသာ မူပိုင္ခြင့္ဆိုင္ရာ ဗဟိုေကာ္မတီအစည္းအေဝး၌ အထက္ပါကဲ့သို႔ ေျပာခဲ့ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံ၌ ၿပီးခဲ့သည့္ ၂ဝ၁၉ ခုႏွစ္တြင္ မူပိုင္ခြင့္ဥပေဒ(၄)ရပ္ျဖစ္သည့္ ကုန္အမွတ္တံဆိပ္မူပိုင္ခြင့္ဥပေဒ အပါအဝင္ စက္မႈဒီဇိုင္းမူပိုင္ခြင့္ဥပေဒ၊ တီထြင္မႈမူပိုင္ခြင့္ဥပေဒ၊ စာေပႏွင့္ အႏုပညာမူပိုင္ခြင့္ဥပေဒတို႔ကို အတည္ျပဳျပ႒ာန္းခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

အဆိုပါ မူပိုင္ခြင့္ဥပေဒ(၄)ရပ္အနက္ ကုန္အမွတ္တံဆိပ္မူပိုင္ခြင့္ဥပေဒကို ယခုႏွစ္(၂ဝ၂၃ ခုႏွစ္)၊ ဧၿပီလ (၁)ရက္တြင္ အာဏာတည္ခဲ့၍ အမွတ္တံဆိပ္မွတ္ပုံတင္ျခင္းကို တရားဝင္လက္ခံခဲ့ၿပီး ဧၿပီလ(၂၆)ရက္တြင္ စတင္ေဆာင္႐ြက္ခဲ့ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။

ထို႔ျပင္ မူပိုင္ခြင့္ဥပေဒ(၄)ရပ္အနက္ ဆက္လက္ေဆာင္႐ြက္ရမည့္ စက္မႈဒီဇိုင္းမူပိုင္ခြင့္ဥပေဒ အပါအဝင္ တီထြင္မႈမူပိုင္ခြင့္ဥပေဒ၊ စာေပႏွင့္ အႏုပညာမူပိုင္ခြင့္ဥပေဒတို႔ကို အာဏာတည္ႏိုင္‌ေရး အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရန္ ၎က တိုက္တြန္းေျပာဆိုထားသည္။

လက္ရွိတြင္ မူပိုင္ခြင့္ဗဟိုေကာ္မတီ၌ မူပိုင္ခြင့္ဆိုင္ရာ ပညာရွင္မ်ားကို ေ႐ြးခ်ယ္ၿပီးျဖစ္၍ ထည့္သြင္းဖြဲ႕စည္းႏိုင္ေရးကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံသည္ ကမာၻ႔ကုန္သြယ္ေရးအဖြဲ႕ႏွင့္ ကမာၻ႔မူပိုင္ခြင့္အဖြဲ႕တို႔တြင္ အဖြဲ႕ဝင္ႏိုင္ငံျဖစ္သည္ႏွင့္အညီ ကုန္သြယ္ေရးဆိုင္ရာ မူပိုင္ခြင့္စာခ်ဳပ္ကို လိုက္နာေဆာင္႐ြက္ရန္လိုအပ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုထားသည္။

အာဆီယံေဒသတြင္းႏိုင္ငံမ်ားအေနျဖင့္ ရင္းႏွီးျမႇဳပ္ႏွံမႈ၊ ကုန္စည္စီးဆင္းမႈမ်ား တိုးတက္ေစရန္ႏွင့္ စီးပြား ေရးဖြံ႕ၿဖိဳးတိုးတက္မႈကို အေထာက္အကူျပဳသည့္ မူပိုင္ခြင့္စနစ္မ်ားကို ေဆာလ်င္စြာအေကာင္အထည္ ေဖာ္က်င့္သုံးေနေၾကာင္း သိရသည္။

သို႔ျဖစ္၍ ျမန္မာႏိုင္ငံအေနျဖင့္ အျခားအာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားႏွင့္ တန္းတူရင္ေပါင္တန္းေဆာင္႐ြက္ႏိုင္ေရးကို ႀကိဳးပမ္းေဆာင္႐ြက္ရန္ ျပည္ေထာင္စုဝန္ႀကီးက တိုက္တြန္းေျပာဆိုထားသည္။

Related news

© 2021. All rights reserved.