ဗဟိုဘဏ်၏ ပထမဆုံး အွန်လိုင်းဒေါ်လာဈေးကွက် စတင်ခဲ့ရာ ကန်တစ်ဒေါ်လာကို ၂၉၂ဝ ကျပ်ခန့် ပေါက်ဈေးရှိနေ

 3840

NP News - ဇွန် ၂၃

ယမန်နေ့က နိုင်ငံခြားငွေ တရားဝင်ရောင်းဝယ်ခွင့်လိုင်စင်ရ ဘဏ်‌ခြောက်ခုမှ အွန်လိုင်းစနစ်ဖြင့် ဒေါ်လာ အ‌‌‌ရောင်းအဝယ်‌ဈေးကွက်စတင်ခဲ့ပြီး ဈေးကွက်ပေါက်ဈေးတစ်ဒေါ်လာကို ၂၉၂ဝ ကျပ် ဝန်းကျင် အဖြစ် ဗဟိုဘဏ် သတ်မှတ်ခဲ့ကြောင်းသိရသည်။

ဇွန်လ ၂၂ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဦးဆောင်ပြီး နိုင်ငံခြားငွေ တရားဝင်ရောင်းဝယ်ခွင့်လိုင်စင်ရ ဘဏ်များနှင့် customer များအကြား၊ customer အချင်းချင်းအကြား ရောင်းဝယ်ခြင်းကို online trading အစီအစဉ်ဖြင့် စတင်ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်သည်။

ဗဟိုဘဏ်က အမေရိကန်တစ်ဒေါ်လာလျင် ၂၁ဝဝ ကျပ် နူန်းထားကို ရည်ညွန်းကနဦး ဈေးအဖြစ် သတ်မှတ်ထား ပြီး၊ နိုင်ငံခြားငွေ တရားဝင်ရောင်းဝယ်ခွင့်လိုင်စင်ရဘဏ် (၆) ဘဏ်က အရောင်းအဝယ်ပြုလုပ်ခဲ့ရာ ဈေးကွက် အတွင်း အရောင်းအဝယ်ဖြစ်မြောက်သည့်ပမာဏမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၆.၈၉ သန်း နှင့် ငွေလဲလှယ် နှုန်းမှာ တစ်ဒေါ်လာလျှင် ၂၉၂ဝ မှ ၂၉၂၂ ကျပ်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အဆိုပါ အွန်လိုင်းဈေးကွက်အတွင်းသို့ ဗဟိုဘဏ်က ကန်ဒေါ်လာ ၁.၂ သန်းပမာဏကို ဝင်ရောက်ကာ ထုတ်ရောင်းချခဲ့ကြောင်းသိရသည်။
ဗဟိုဘဏ်၏ တရားဝင်းအွန်လိုင်းဈေးကွက်တွင် ရောင်းဝယ်ခဲ့သော ငွေလဲလှယ်နှုန်းသည် ဈေးကွက်ပေါက်ဈေးဖြစ် သဖြင့် အခြားနေရာများ (social media အပါအဝင်) တွင် ဖော်ပြနေသည့် ငွေလဲလှယ်နှုန်းများသည် တရားမဝင် ကြောင်း ဗဟိုဘဏ်ကထုတ်ပြန် အသိပေးထားသည်။

ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံခြားငွေ တရားဝင်ရောင်းဝယ်ခွင့် လိုင်စင်ရဘဏ် အချင်းချင်းအကြား နိုင်ငံခြားငွေရောင်းဝယ်ခြင်းကို international dealing platform တစ်ခုဖြစ် သော Refinitiv Platform ဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။

ထို့အပြင် လိုင်စင်ရဘဏ်များနှင့် customer များအကြား နိုင်ငံခြားငွေရောင်းဝယ်ရာတွင် online ဖြင့် ရောင်းဝယ် နိုင်ရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကြီးကြပ်စီစဉ်ဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြည်ပသို့ ပို့ကုန်များတင်ပို့ရာ၌ ပို့ကုန်တင်ပို့ခြင်းမှရရှိသော နိုင်ငံခြားငွေပမာဏ၏ ၆၅ ရာခိုင်နှုန်းကို မြန်မာကျပ်ငွေ ၂၁ဝဝ ကျပ်နှုန်းဖြင့် မဖြစ်မနေလဲလှယ်ရမည်ဟု သတ်မှတ်ထားပြီး ကျန်ရှိသော ၃၅ ရာခိုင်နှုန်းအား ပို့ကုန်တင်ပို့သူမှ လွတ်လပ်စွာ အသုံးပြုနိုင်သည်ဟု သတ်မှတ်ထားသည်။

လက်ရှိတွင် ဗဟိုဘဏ်က အွန်လိုင်းအသုံးပြုနိုင်ငံခြားငွေကြေးဈေးကွက်ဖာ်ဆောင်လာပြီး ဈေးကွက်ပေါက်ဈေး အရ ဖြစ်ပေါ်လာသော တစ်ဒေါ်လာလျင် ၂၉၂ဝ ကျပ် ဝန်းကျင်ဈေးဖြင့် ဗဟိုဘဏ်၏ ဒေါ်လာများအား ပြန်လည်ရောင်းချလာပြီဖြစ်သည်။

Zawgyi Version;
ဗဟိုဘဏ္၏ ပထမဆုံး အြန္လိုင္းေဒၚလာေဈးကြက္ စတင္ခဲ့ရာ ကန္တစ္ေဒၚလာကို ၂၉၂ဝ က်ပ္ခန႔္ ေပါက္ေဈးရွိေန
NP News - ဇြန္ ၂၃

ယမန္ေန႔က ႏိုင္ငံျခားေငြ တရားဝင္ေရာင္းဝယ္ခြင့္လိုင္စင္ရ ဘဏ္‌ေျခာက္ခုမွ အြန္လိုင္းစနစ္ျဖင့္ ေဒၚလာ အ‌‌‌ေရာင္းအဝယ္‌ေဈးကြက္စတင္ခဲ့ၿပီး ေဈးကြက္ေပါက္ေဈးတစ္ေဒၚလာကို ၂၉၂ဝ က်ပ္ ဝန္းက်င္ အျဖစ္ ဗဟိုဘဏ္ သတ္မွတ္ခဲ့ေၾကာင္းသိရသည္။

ဇြန္လ ၂၂ ရက္တြင္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္မွ ဦးေဆာင္ၿပီး ႏိုင္ငံျခားေငြ တရားဝင္ေရာင္းဝယ္ခြင့္လိုင္စင္ရ ဘဏ္မ်ားႏွင့္ customer မ်ားအၾကား၊ customer အခ်င္းခ်င္းအၾကား ေရာင္းဝယ္ျခင္းကို online trading အစီအစဥ္ျဖင့္ စတင္ေဆာင္႐ြက္ခဲ့ေၾကာင္း ထုတ္ျပန္သည္။

ဗဟိုဘဏ္က အေမရိကန္တစ္ေဒၚလာလ်င္ ၂၁ဝဝ က်ပ္ ႏူန္းထားကို ရည္ၫြန္းကနဦး ေဈးအျဖစ္ သတ္မွတ္ထား ၿပီး၊ ႏိုင္ငံျခားေငြ တရားဝင္ေရာင္းဝယ္ခြင့္လိုင္စင္ရဘဏ္ (၆) ဘဏ္က အေရာင္းအဝယ္ျပဳလုပ္ခဲ့ရာ ေဈးကြက္ အတြင္း အေရာင္းအဝယ္ျဖစ္ေျမာက္သည့္ပမာဏမွာ စုစုေပါင္း အေမရိကန္ေဒၚလာ ၆.၈၉ သန္း ႏွင့္ ေငြလဲလွယ္ ႏႈန္းမွာ တစ္ေဒၚလာလွ်င္ ၂၉၂ဝ မွ ၂၉၂၂ က်ပ္ျဖစ္ေၾကာင္း သိရသည္။

ထို႔အျပင္ အဆိုပါ အြန္လိုင္းေဈးကြက္အတြင္းသို႔ ဗဟိုဘဏ္က ကန္ေဒၚလာ ၁.၂ သန္းပမာဏကို ဝင္ေရာက္ကာ ထုတ္ေရာင္းခ်ခဲ့ေၾကာင္းသိရသည္။
ဗဟိုဘဏ္၏ တရားဝင္းအြန္လိုင္းေဈးကြက္တြင္ ေရာင္းဝယ္ခဲ့ေသာ ေငြလဲလွယ္ႏႈန္းသည္ ေဈးကြက္ေပါက္ေဈးျဖစ္ သျဖင့္ အျခားေနရာမ်ား (social media အပါအဝင္) တြင္ ေဖာ္ျပေနသည့္ ေငြလဲလွယ္ႏႈန္းမ်ားသည္ တရားမဝင္ ေၾကာင္း ဗဟိုဘဏ္ကထုတ္ျပန္ အသိေပးထားသည္။

ဗဟိုဘဏ္က ႏိုင္ငံျခားေငြေၾကးေဈးကြက္ဖြံ႕ၿဖိဳးတိုးတက္ေစေရးအတြက္ ႏိုင္ငံျခားေငြ တရားဝင္ေရာင္းဝယ္ခြင့္ လိုင္စင္ရဘဏ္ အခ်င္းခ်င္းအၾကား ႏိုင္ငံျခားေငြေရာင္းဝယ္ျခင္းကို international dealing platform တစ္ခုျဖစ္ ေသာ Refinitiv Platform ျဖင့္ ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

ထို႔အျပင္ လိုင္စင္ရဘဏ္မ်ားႏွင့္ customer မ်ားအၾကား ႏိုင္ငံျခားေငြေရာင္းဝယ္ရာတြင္ online ျဖင့္ ေရာင္းဝယ္ ႏိုင္ေရးအတြက္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္မွ ႀကီးၾကပ္စီစဥ္ေဆာင္႐ြက္ေနေၾကာင္း ထုတ္ျပန္ထားသည္။

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ျပည္ပသို႔ ပို႔ကုန္မ်ားတင္ပို႔ရာ၌ ပို႔ကုန္တင္ပို႔ျခင္းမွရရွိေသာ ႏိုင္ငံျခားေငြပမာဏ၏ ၆၅ ရာခိုင္ႏႈန္းကို ျမန္မာက်ပ္ေငြ ၂၁ဝဝ က်ပ္ႏႈန္းျဖင့္ မျဖစ္မေနလဲလွယ္ရမည္ဟု သတ္မွတ္ထားၿပီး က်န္ရွိေသာ ၃၅ ရာခိုင္ႏႈန္းအား ပို႔ကုန္တင္ပို႔သူမွ လြတ္လပ္စြာ အသုံးျပဳႏိုင္သည္ဟု သတ္မွတ္ထားသည္။

လက္ရွိတြင္ ဗဟိုဘဏ္က အြန္လိုင္းအသုံးျပဳႏိုင္ငံျခားေငြေၾကးေဈးကြက္ဖာ္ေဆာင္လာၿပီး ေဈးကြက္ေပါက္ေဈး အရ ျဖစ္ေပၚလာေသာ တစ္ေဒၚလာလ်င္ ၂၉၂ဝ က်ပ္ ဝန္းက်င္ေဈးျဖင့္ ဗဟိုဘဏ္၏ ေဒၚလာမ်ားအား ျပန္လည္ေရာင္းခ်လာၿပီျဖစ္သည္။

Related news

© 2021. All rights reserved.