ယခုဘဏ္ဍာနှစ် မေလတွင် အမေရိကန်ဒေါ်လာ ၂၂ သန်းကျော်တန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၈ဝဝဝ ကျော် တင်ပို့ ရောင်းချပေးနိုင်ခဲ့
                        
                            
                             
 566
 
                             
                            
                            
                         
                        
 
                        NP News - ဇွန် ၂၃
ယခုဘဏ္ဍာနှစ် မေလတွင် အမေရိကန်ဒေါ်လာ ၂၂ သန်းကျော်တန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၈ဝဝဝ ကျော် တင်ပို့ ရောင်းချပေးခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်များအရ သိရသည်။ 
မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့် ရော်ဘာများကို တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ တောင်ကိုရီးယားနှင့် တရုတ်(တိုင်ပေ)နိုင်ငံသို့ အဓိက တင်ပို့ရောင်းချနေခြင်းဖြစ်သည်။
၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်က ရော်ဘာတန်ချိန် ၃ ဒသမ ၆ သိန်းကျော်ထွက်ရှိခဲ့ပြီး ပြည်ပဖောက်သည် ဈေးကွက်နိုင်ငံ များသို့ ရော်ဘာတန်ချိန် နှစ်သိန်းကျော် တင်ပို့ရောင်းချပေးခဲ့ကြောင်း၊ ရော်ဘာတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၆၅ဝ မှ ဒေါ်လာ ၁၇ဝဝ ထိဈေးနှုန်း မြင့်တက်လာခဲ့ကြောင်း၊ ထို့ကြောင့် ရော်ဘာပြည်ပတင်ပို့မှုလည်း မြင့်တက် လာခဲ့ရာ ယခု ဘဏ္ဍာနှစ် မေလတွင် အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၄၉ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၈၁၉ဝ တင်ပို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။
 ပြီးခဲ့သည့်ဧပြီတွင် ပြည်ပသို့ ရော်ဘာတန်ချိန် ၁၁၁၉ဝ သာတင်ပို့ရောင်းချပေးခဲ့ရသဖြင့် မေလတွင် တန်ချိန် ၇ဝဝဝ ပိုမိုတင်ပို့ရောင်းချပေးနိုင်ခဲ့သည်။ 
မေလတွင် ပင်လယ် ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၄၁၇ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၄၈၆ဝ နှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၀၇၃ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၃၃ဝဝ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၄၉ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၈၁၉ဝ တင်ပို့ရောင်းချပေးခဲ့ကြောင်း သိရသည်။
                     
                        
                                                                    
 
                                
                                
                                        Zawgyi Version; 
ယခုဘ႑ာႏွစ္ ေမလတြင္ အေမရိကန္ေဒၚလာ ၂၂ သန္းေက်ာ္တန္ဖိုးရွိ ေရာ္ဘာတန္ခ်ိန္ ၁၈ဝဝဝ ေက်ာ္ တင္ပို႔ ေရာင္းခ်ေပးႏိုင္ခဲ့
NP News - ဇြန္ ၂၃
ယခုဘ႑ာႏွစ္ ေမလတြင္ အေမရိကန္ေဒၚလာ ၂၂ သန္းေက်ာ္တန္ဖိုးရွိ ေရာ္ဘာတန္ခ်ိန္ ၁၈ဝဝဝ ေက်ာ္ တင္ပို႔ ေရာင္းခ်ေပးခဲ့ေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန သတင္းထုတ္ျပန္ခ်က္မ်ားအရ သိရသည္။ 
ျမန္မာႏိုင္ငံမွ စိုက္ပ်ိဳးထြက္ရွိသည့္ ေရာ္ဘာမ်ားကို တ႐ုတ္၊ အိႏၵိယ၊ ထိုင္း၊ မေလးရွား၊ အင္ဒိုနီးရွား၊ စင္ကာပူ၊ ေတာင္ကိုရီးယားႏွင့္ တ႐ုတ္(တိုင္ေပ)ႏိုင္ငံသို႔ အဓိက တင္ပို႔ေရာင္းခ်ေနျခင္းျဖစ္သည္။
၂ဝ၂၂-၂ဝ၂၃ ဘ႑ာႏွစ္က ေရာ္ဘာတန္ခ်ိန္ ၃ ဒသမ ၆ သိန္းေက်ာ္ထြက္ရွိခဲ့ၿပီး ျပည္ပေဖာက္သည္ ေဈးကြက္ႏိုင္ငံ မ်ားသို႔ ေရာ္ဘာတန္ခ်ိန္ ႏွစ္သိန္းေက်ာ္ တင္ပို႔ေရာင္းခ်ေပးခဲ့ေၾကာင္း၊ ေရာ္ဘာတစ္တန္လွ်င္ အေမရိကန္ေဒၚလာ ၁၆၅ဝ မွ ေဒၚလာ ၁၇ဝဝ ထိေဈးႏႈန္း ျမင့္တက္လာခဲ့ေၾကာင္း၊ ထို႔ေၾကာင့္ ေရာ္ဘာျပည္ပတင္ပို႔မႈလည္း ျမင့္တက္ လာခဲ့ရာ ယခု ဘ႑ာႏွစ္ ေမလတြင္ အေမရိကန္ေဒၚလာ ၂၂ ဒသမ ၄၉ သန္းတန္ဖိုးရွိ ေရာ္ဘာတန္ခ်ိန္ ၁၈၁၉ဝ တင္ပို႔ ေရာင္းခ်ေပးခဲ့ေၾကာင္း သိရသည္။
 ၿပီးခဲ့သည့္ဧၿပီတြင္ ျပည္ပသို႔ ေရာ္ဘာတန္ခ်ိန္ ၁၁၁၉ဝ သာတင္ပို႔ေရာင္းခ်ေပးခဲ့ရသျဖင့္ ေမလတြင္ တန္ခ်ိန္ ၇ဝဝဝ ပိုမိုတင္ပို႔ေရာင္းခ်ေပးႏိုင္ခဲ့သည္။ 
ေမလတြင္ ပင္လယ္ ေရေၾကာင္း ကုန္သြယ္ေရးလမ္းေၾကာင္းမွ အေမရိကန္ေဒၚလာ ၁၈ ဒသမ ၄၁၇ သန္းတန္ဖိုးရွိ ေရာ္ဘာတန္ခ်ိန္ ၁၄၈၆ဝ ႏွင့္ နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းမွ အေမရိကန္ေဒၚလာ ၄ ဒသမ ၀၇၃ သန္းတန္ဖိုးရွိ ေရာ္ဘာတန္ခ်ိန္ ၃၃ဝဝ စုစုေပါင္း အေမရိကန္ေဒၚလာ ၂၂ ဒသမ ၄၉ သန္းတန္ဖိုးရွိ ေရာ္ဘာတန္ခ်ိန္ ၁၈၁၉ဝ တင္ပို႔ေရာင္းခ်ေပးခဲ့ေၾကာင္း သိရသည္။