ကြာအင်းဆိပ်ကြီးမြို့တွင် ဆိုင်ကယ်တစ်စီးအရှိန်လွန်ကာ ခြံစည်းရိုးအုတ်တိုင်ကို ဝင်တိုက်မိပြီး အမျိုးသားတစ်ဦးသေဆုံး

624

စော (NP News) - ဇွန် ၂၉
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကရာနီးကျေးရွာတွင် ဆိုင်ကယ်တစ်စီးအရှိန်လွန်ကာ ခြံစည်းရိုးအုတ်တိုင်ကို ဝင်တိုက်မိပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဇွန်လ ၂၉ ရက်)၊ မွန်းလွဲ (၁၁)နာရီအချိန်တွင် ကရာနီးကျေးရွာ၊ ကျိုက်ဒုံကားလမ်း၊ ညောင်ပင်ကွေ့နား၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါအမျိုးသားသည် ကျိုင်းဒုံဘက်မှ ဆိုင်ကယ်မောင်းနှင်လာစဉ် အရှိန်လွန်တိမ်းမှောက်ကာ အခင်း ဖြစ်ပွားရာနေရာတွင် သေဆုံးသွားကြောင်း သိရသည်။
“မြင်တဲ့လူတွေပြောတာတော့ သူမောင်းလာတဲ့အရှိန်က တော်တော်များတယ်ပြောတယ်။ အရှိန်လွန်ပြီး ရေမြောင်းဘေးက ခြံစည်းရိုးအုတ်တိုင်နဲ့ဝင်တိုက်မိတယ်ထင်တယ်။ အဲဒီခြံစည်းရိုးအုတ်တိုင်တောင် ကျွတ်ထွက်သွားတယ်”ဟု ကြာအင်းဆိပ်ကြီးမြို့နယ် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
သေဆုံးအမျိုးသားသည် ဦးအောင်သန်းငွေ (၅၉) နှစ်ဖြစ်ပြီး ကြခတ်ချောင်းကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း ၎င်းနှင့်ပါလာသည့် မှတ်ပုံတင်ထံမှသိရသည်။
လက်ရှိတွင် ၎င်း၏ရုပ်အလောင်းအား ကြာအင်းဆိပ်ကြီးရင်ခွဲရုံသို့ ပို့ဆောင်ထားပြီး အဆိုပါအမျိုးသားတွင် ပါလာသောပစ္စည်းများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးထံတွင် အပ်နှံထားကြောင်း သိရသည်။

zawgyi version
ၾကာအင္းဆိပ္ႀကီးၿမိဳ႕တြင္ ဆိုင္ကယ္တစ္စီးအရွိန္လြန္ကာ ၿခံစည္း႐ိုးအုတ္တိုင္ကို ဝင္တိုက္မိၿပီး အမ်ိဳးသားတစ္ဦးေသဆုံး
ေစာ (NP News) - ဇြန္ ၂၉
ကရင္ျပည္နယ္၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္၊ ကရာနီးေက်း႐ြာတြင္ ဆိုင္ကယ္တစ္စီးအရွိန္လြန္ကာ ၿခံစည္း႐ိုးအုတ္တိုင္ကို ဝင္တိုက္မိၿပီး အမ်ိဳးသားတစ္ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ဇြန္လ ၂၉ ရက္)၊ မြန္းလြဲ (၁၁)နာရီအခ်ိန္တြင္ ကရာနီးေက်း႐ြာ၊ က်ိဳက္ဒုံကားလမ္း၊ ေညာင္ပင္ေကြ႕နား၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ အေရးေပၚကယ္ဆယ္ေရးအဖြဲ႕ထံမွ သိရသည္။
အဆိုပါအမ်ိဳးသားသည္ က်ိဳင္းဒုံဘက္မွ ဆိုင္ကယ္ေမာင္းႏွင္လာစဥ္ အရွိန္လြန္တိမ္းေမွာက္ကာ အခင္း ျဖစ္ပြားရာေနရာတြင္ ေသဆုံးသြားေၾကာင္း သိရသည္။
“ျမင္တဲ့လူေတြေျပာတာေတာ့ သူေမာင္းလာတဲ့အရွိန္က ေတာ္ေတာ္မ်ားတယ္ေျပာတယ္။ အရွိန္လြန္ၿပီး ေရေျမာင္းေဘးက ၿခံစည္း႐ိုးအုတ္တိုင္နဲ႔ဝင္တိုက္မိတယ္ထင္တယ္။ အဲဒီၿခံစည္း႐ိုးအုတ္တိုင္ေတာင္ ကြၽတ္ထြက္သြားတယ္”ဟု ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ အေရးေပၚကယ္ဆယ္ေရးအဖြဲ႕ မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ေသဆုံးအမ်ိဳးသားသည္ ဦးေအာင္သန္းေငြ (၅၉) ႏွစ္ျဖစ္ၿပီး ၾကခတ္ေခ်ာင္းေက်း႐ြာတြင္ ေနထိုင္သူျဖစ္ေၾကာင္း ၎ႏွင့္ပါလာသည့္ မွတ္ပုံတင္ထံမွသိရသည္။
လက္ရွိတြင္ ၎၏႐ုပ္အေလာင္းအား ၾကာအင္းဆိပ္ႀကီးရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ထားၿပီး အဆိုပါအမ်ိဳးသားတြင္ ပါလာေသာပစၥည္းမ်ားကို ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးထံတြင္ အပ္ႏွံထားေၾကာင္း သိရသည္။