မြိတ်မြို့၌ အုတ်သည်လာသည့်ကားမှ ခရီးသည်တင်ကားနှင့်ဘေးတွဲဆိုင်ကယ်အား ဝင်တိုက်မိရာ လူ (၁၂)ဦး ထိခိုက်ဒဏ်ရာရရှိ

 406

စော (NP News) - ဇွန် ၃ဝ

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် အုတ်များသယ်ဆောင်လာသည့်ကားမှ ဘရိတ်ပေါက်ပြီး ခရီးသည်ကားနှင့်ဘေးတွဲဆိုင်ကယ်အား ဝင်တိုက်မိရာ လူ(၁၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့ (ဇွန်လ ၃ဝ ရက်)၊ နံနက်(၈)နာရီခွဲအချိန်တွင် မြိတ်မြို့၊ ကျောက်ဖြူတောင်ကျေးရွာ အုပ်စု၊ မရင်းငယ်ဖျားရွာလမ်းဆုံ၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သစ္စာမေတ္တာသွေးနှင့်လူမှုကူညီရေးအသင်းထံမှ သိရသည်။

အုတ်များသယ်ဆောင်လာသည့် ကားသည် ကော့သောင်းဘက်မှ မြိတ်မြို့ဘက်သို့ မောင်းနှင်လာစဉ် ဘရိတ်ပေါက်ပြီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“အုတ်တွေတင်လာတဲ့ကားက ဘရိတ်ပေါက်သွားတယ်ပြောတယ်။ ဘရိတ်ပေါက်ပြီး ဘေးတွဲဆိုင်ကယ်ကို တိုက်ပြီးမှ ခရီးသည်တွေပါလာတဲ့ အန်စာတုံးကားကို တိုက်မိတယ်ကြားတယ်။ ခရီးသည်ကားပေါ်မှာ ယာဉ်မောင်းအပါ (၉)ယောက်တော့ပါတယ်။ ဘေးတွဲဆိုင်ကယ်မှာတော့ ငါးယောက်ပါလာတယ်။ ငါးယောက်မှာ သုံးယောက်တော့ ထိခိုက်ဒဏ်ရာရသွားတယ်”ဟု သစ္စာမေတ္တာသွေးနှင့်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ခရီးသည်တင်ကားသည် မြိတ်မြို့မှ ကော့သောင်းဘက်သို့ မောင်းနှင်လာပြီး ယာဉ်ပေါ်တွင် လူ(၉)ဦး လိုက်ပါလာကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် အမျိုးသမီး(၆)ဦးနှင့် အမျိုးသား(၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မြိတ်ပြည်သူဆေးရုံကြီးသို့ပို့ဆောင်ထားကြောင်း သိရသည်။

zawgyi version
ၿမိတ္ၿမိဳ႕၌ အုတ္သည္လာသည့္ကားမွ ခရီးသည္တင္ကားႏွင့္ေဘးတြဲဆိုင္ကယ္အား ဝင္တိုက္မိရာ လူ (၁၂)ဦး ထိခိုက္ဒဏ္ရာရရွိ
ေစာ (NP News) - ဇြန္ ၃ဝ

တနသၤာရီတိုင္း၊ ၿမိတ္ၿမိဳ႕တြင္ အုတ္မ်ားသယ္ေဆာင္လာသည့္ကားမွ ဘရိတ္ေပါက္ၿပီး ခရီးသည္ကားႏွင့္ေဘးတြဲဆိုင္ကယ္အား ဝင္တိုက္မိရာ လူ(၁၂)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ယေန႔ (ဇြန္လ ၃ဝ ရက္)၊ နံနက္(၈)နာရီခြဲအခ်ိန္တြင္ ၿမိတ္ၿမိဳ႕၊ ေက်ာက္ျဖဴေတာင္ေက်း႐ြာ အုပ္စု၊ မရင္းငယ္ဖ်ား႐ြာလမ္းဆုံ၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း သစၥာေမတၱာေသြးႏွင့္လူမႈကူညီေရးအသင္းထံမွ သိရသည္။

အုတ္မ်ားသယ္ေဆာင္လာသည့္ ကားသည္ ေကာ့ေသာင္းဘက္မွ ၿမိတ္ၿမိဳ႕ဘက္သို႔ ေမာင္းႏွင္လာစဥ္ ဘရိတ္ေပါက္ၿပီး ယာဥ္တိုက္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“အုတ္ေတြတင္လာတဲ့ကားက ဘရိတ္ေပါက္သြားတယ္ေျပာတယ္။ ဘရိတ္ေပါက္ၿပီး ေဘးတြဲဆိုင္ကယ္ကို တိုက္ၿပီးမွ ခရီးသည္ေတြပါလာတဲ့ အန္စာတုံးကားကို တိုက္မိတယ္ၾကားတယ္။ ခရီးသည္ကားေပၚမွာ ယာဥ္ေမာင္းအပါ (၉)ေယာက္ေတာ့ပါတယ္။ ေဘးတြဲဆိုင္ကယ္မွာေတာ့ ငါးေယာက္ပါလာတယ္။ ငါးေယာက္မွာ သုံးေယာက္ေတာ့ ထိခိုက္ဒဏ္ရာရသြားတယ္”ဟု သစၥာေမတၱာေသြးႏွင့္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ခရီးသည္တင္ကားသည္ ၿမိတ္ၿမိဳ႕မွ ေကာ့ေသာင္းဘက္သို႔ ေမာင္းႏွင္လာၿပီး ယာဥ္ေပၚတြင္ လူ(၉)ဦး လိုက္ပါလာေၾကာင္း သိရသည္။

ယာဥ္တိုက္မႈေၾကာင့္ အမ်ိဳးသမီး(၆)ဦးႏွင့္ အမ်ိဳးသား(၆)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ၿမိတ္ျပည္သူေဆး႐ုံႀကီးသို႔ပို႔ေဆာင္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.