ထိုင်းနိုင်ငံတွင် အပူချိန်မြင့်တက်လာမှုနဲ့အတူ ယခုနှစ်အတွင်း သေဆုံးသူအရေအတွက် (၆၁)ဦးထိရှိလာ

 480

Pika (NP News) - မေ ၁ဝ

ထိုင်းနိုင်ငံတွင် အပူချိန်မြင့်တက်လာမှုနှင့်အတူ အပူရှပ်ခြင်းကြောင့် ယခုနှစ်အတွင်း လူ(၆၁)ဦးသေဆုံးခဲ့ပြီး ၂၀၂၃ ခုနှစ်က သေဆုံးခဲ့သည့် လူအရေအတွက်ထက် ပိုများကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မေလ(၁၀)ရက်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ထိုင်းနိုင်ငံတွင် အပူချိန်များ ပိုမိုမြင့်တက်လာခဲ့ပြီး အာဏာ ပိုင်များက သတိပေးချက်များ ထုတ်ပြန်ခဲ့ရကြောင်းသိရသည်။ ၂၀၂၄ ခုနှစ်အစပိုင်းမှ စတင်ပြီး အပူရှပ်မှုကြောင့် လူ(၆၁)ဦးသေဆုံးခဲ့ပြီး ၂၀၂၃ ခုနှစ်တစ်နှစ်လုံးအတွင်း သေဆုံးသူဦးရေမှာ (၃၇)ဦးသာရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မေလ(၁၀)ရက်နေ့တွင် ထုတ်ပြန် ပြောဆိုခဲ့သည်။ အပူရှပ်မှုကြောင့် လူသေဆုံးမှုအများဆုံးမှာ စိုက်ပျိုးရေးအတွက် အချက် အချာကျသည့် ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းတွင်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ လူသားများကြောင့် ဖြစ်ပေါ်လာသော ရာသီဥတုပြောင်းလဲမှုများသည် ပိုမိုရှည်လျားပြင်းထန်သော အပူလှိုင်းများကို ဖြစ်ပေါ်စေခဲ့ကြောင်း သိပ္ပံပညာရှင်များက သတိပေးပြောဆိုခဲ့သည်။

အယ်လ်နီညိုဖြစ်စဉ်နှင့်အတူ တစ်ကမ္ဘာလုံးနှင့်နှိုင်းယှဉ်မည်ဆိုပါက အာရှတိုက်သည် ပိုမိုလျင်မြန်စွာပူလာနေကြောင်း ကုလသမဂ္ဂ၏ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသအဖွဲ့ ပြောကြားချက်အရသိရသည်။ ထို့ပြင် ရောဂါအခံရှိသူများအနေဖြင့် ၎င်းတို့၏အိမ်ပြင်ထွက်ချိန်ကို ကန့်သတ်ရန် ထိုင်းနိုင်ငံ၏ ရောဂါထိန်းချုပ်ရေးဌာန လက်ထောက် Apichart Vachiraphan က ပြည်သူများကို သတိပေးပြောဆိုခဲ့သည်။ ယခုသီတင်းပတ်အတွင်း ထိုင်းနိုင်ငံ၏ အစိတ်အပိုင်းများကို မုန်တိုင်းများဝင်ရောက်တိုက်ခတ်မှုနှင့်အတူ အပူချိန်များကျဆင်းလာနေသော်လည်း ရုတ်တရက်ရေလွှမ်းမိုးမှုများဖြစ်ပွားနိုင်ကြောင်း အာဏာပိုင်များကသတိပေးပြောဆိုခဲ့သည်။

zawgyi version
ထိုင္းႏိုင္ငံတြင္ အပူခ်ိန္ျမင့္တက္လာမႈနဲ႔အတူ ယခုႏွစ္အတြင္း ေသဆုံးသူအေရအတြက္ (၆၁)ဦးထိရွိလာ
Pika (NP News) - မေ ၁ဝ

ထိုင္းႏိုင္ငံတြင္ အပူခ်ိန္ျမင့္တက္လာမႈႏွင့္အတူ အပူရွပ္ျခင္းေၾကာင့္ ယခုႏွစ္အတြင္း လူ(၆၁)ဦးေသဆုံးခဲ့ၿပီး ၂၀၂၃ ခုႏွစ္က ေသဆုံးခဲ့သည့္ လူအေရအတြက္ထက္ ပိုမ်ားေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ေမလ(၁၀)ရက္ေန႔တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

ၿပီးခဲ့သည့္သီတင္းပတ္မ်ားအတြင္း ထိုင္းႏိုင္ငံတြင္ အပူခ်ိန္မ်ား ပိုမိုျမင့္တက္လာခဲ့ၿပီး အာဏာ ပိုင္မ်ားက သတိေပးခ်က္မ်ား ထုတ္ျပန္ခဲ့ရေၾကာင္းသိရသည္။ ၂၀၂၄ ခုႏွစ္အစပိုင္းမွ စတင္ၿပီး အပူရွပ္မႈေၾကာင့္ လူ(၆၁)ဦးေသဆုံးခဲ့ၿပီး ၂၀၂၃ ခုႏွစ္တစ္ႏွစ္လုံးအတြင္း ေသဆုံးသူဦးေရမွာ (၃၇)ဦးသာရွိခဲ့ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ေမလ(၁၀)ရက္ေန႔တြင္ ထုတ္ျပန္ ေျပာဆိုခဲ့သည္။ အပူရွပ္မႈေၾကာင့္ လူေသဆုံးမႈအမ်ားဆုံးမွာ စိုက္ပ်ိဳးေရးအတြက္ အခ်က္ အခ်ာက်သည့္ ထိုင္းႏိုင္ငံ အေရွ႕ေျမာက္ပိုင္းတြင္ျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။ လူသားမ်ားေၾကာင့္ ျဖစ္ေပၚလာေသာ ရာသီဥတုေျပာင္းလဲမႈမ်ားသည္ ပိုမိုရွည္လ်ားျပင္းထန္ေသာ အပူလႈိင္းမ်ားကို ျဖစ္ေပၚေစခဲ့ေၾကာင္း သိပၸံပညာရွင္မ်ားက သတိေပးေျပာဆိုခဲ့သည္။

အယ္လ္နီညိဳျဖစ္စဥ္ႏွင့္အတူ တစ္ကမာၻလုံးႏွင့္ႏႈိင္းယွဥ္မည္ဆိုပါက အာရွတိုက္သည္ ပိုမိုလ်င္ျမန္စြာပူလာေနေၾကာင္း ကုလသမဂၢ၏ ကမာၻလုံးဆိုင္ရာမိုးေလဝသအဖြဲ႕ ေျပာၾကားခ်က္အရသိရသည္။ ထို႔ျပင္ ေရာဂါအခံရွိသူမ်ားအေနျဖင့္ ၎တို႔၏အိမ္ျပင္ထြက္ခ်ိန္ကို ကန႔္သတ္ရန္ ထိုင္းႏိုင္ငံ၏ ေရာဂါထိန္းခ်ဳပ္ေရးဌာန လက္ေထာက္ Apichart Vachiraphan က ျပည္သူမ်ားကို သတိေပးေျပာဆိုခဲ့သည္။ ယခုသီတင္းပတ္အတြင္း ထိုင္းႏိုင္ငံ၏ အစိတ္အပိုင္းမ်ားကို မုန္တိုင္းမ်ားဝင္ေရာက္တိုက္ခတ္မႈႏွင့္အတူ အပူခ်ိန္မ်ားက်ဆင္းလာေနေသာ္လည္း ႐ုတ္တရက္ေရလႊမ္းမိုးမႈမ်ားျဖစ္ပြားႏိုင္ေၾကာင္း အာဏာပိုင္မ်ားကသတိေပးေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.