လေးလအတွင်း ဒေါ်လာသန်း(၆၀)ကျော်ဖိုးအထိ ဟွန်ဒီမှတစ်ဆင့် နိုင်ငံ ခြားငွေယိုစီးနေသော ဘန်ကောက်တွင် အိမ်ဝယ်ယူမှုမြင့်တက်နေသည့်ကိစ္စ နစက ထိန်းကျောင်းရန်လို

 4428

အေဝိုင်အီး (NP News) - မေ ၂ဝ

မြန်မာနိုင်ငံသားများက ယခုနှစ်လေးလအတွင်း ထိုင်းနိုင်ငံအတွင်း၌ ဘတ် (၂)ဘီလျံကျော်ဖြင့် ဒုတိယအများဆုံး အိမ်ခန်းဝယ်ယူမှုမျိုးဖြစ်ခဲ့ပြီး နိုင်ငံခြားငွေယိုစီးမှုကြီးမားလွန်းလှသော ယင်းအချက်ကို တားဆီးကာကွယ်ရန်လိုအပ်နေ ကြောင်းလုပ်ငန်းရှင် အသိုင်းအဝိုင်းက သုံးသပ်ပြောကြားသည်။

ထိုင်းသတင်းဌာန The Nation ၏ ဖော်ပြချက်အရ ထိုင်းနိုင်ငံအတွင်း၌ ပြည်ပနိုင်ငံသားများ၏ အိမ်ခန်းဝယ် ယူမှုစာရင်းတွင် မြန်မာကရုရှားနိုင်ငံ၏ ဒုတိယနေရာကို ရယူသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အထူးသဖြင့် ယခုနှစ် လေးလအတွင်း ကွန်ဒိုမီနီယံအခန်းပေါင်း (၃၉၃၈)ခန်းကျော် ထိုင်းနိုင်ငံက ရောင်းချနိုင်ခဲ့ပြီး တရုတ်နိုင်ငံသားများက အခန်းပေါင်း(၁၅၉၆)ခန်းဖြင့် ထိပ်ဆုံး၌ ရပ်တည်နေကြောင်း၊ ရုရှားနိုင်ငံသားများ၏ ဝယ်ယူမှုက အခန်းပေါင်း(၂၉၅) ခန်းရှိခဲ့ပြီး မြန်မာနိုင်ငံက အခန်းပေါင်း (၃၉၂)ခန်းအထိ ဝယ်ယူခဲ့ကြောင်းသိရသည်။ မြန်မာနိုင်ငံသား (၃၉၂)ဦး ထက် မနည်းသော ပုဂ္ဂိုလ်များက ထိုင်းဘတ် (၂ ဒသမ ၂၁) ဘီလျံဖိုး သို့မဟုတ် နိုင်ငံခြားငွေ ဒေါ်လာသန်း(၆၀)ကျော်ဖိုးကို ထိုင်းနိုင်ငံတွင် သွားရောက်အသုံးချခဲ့ခြင်းလည်း ဖြစ်သည်။ ‘‘ တိုင်းပြည်က နစ်နာတာပေါ့။ ဒါတွေက အောက်လမ်းကနေ ဟွန်ဒီတွေနဲ့ သွားတဲ့ငွေတွေပဲလေ။ ပြည်တွင်းမှာဆိုရင် ထုံးစံအတိုင်း သိန်း(၁၀ဝဝ)ကျော်ရင် ဟိုအကြောင်းကြားပါ။ ဒီအကြောင်းကြားပါတို့နဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးက လုပ်ခဲ့ကြတယ်။ အခု ဒီကိစ္စကျတော့ မသိဘူးလားလို့ပဲ မေးရ မလိုဖြစ်နေပြီ။ မြန်မာတွေဝယ်လိုက်တဲ့ အိမ်ခြံမြေ ကွန်ဒိုအခန်းတွေက ဒီနိုင်ငံကို ပြန်သယ်လာလို့ ရတာလည်း မဟုတ်သလို ပြန်ရောင်းချရင် အမြတ်အစွန်း ရလှတဲ့ ကိစ္စတွေလည်း မဟုတ်ဘူး”ဟု နာမည်ကျော် လုပ်ငန်းရှင်တစ်ဦးက NP News မှတစ်ဆင့် မှတ်ချက်ပြုသည်။ ထိုင်းအခြေစိုက်သတင်းများတွင် မြန်မာနိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံသုံး ခုက ထိုင်းနိုင်ငံ၏ဆောက်လုပ်ငန်းရေးလုပ်ငန်းကဏ္ဍအတွက် အကျိုးစီးပွားဖြစ်ထွန်းစေသော အဓိကနိုင်ငံများ ဖြစ်လာ ကြောင်း ရေးသားနေကြပြီး လာရောက်ဝယ်ယူကြသူများမှာလည်း ယခင်နှစ် အလားတူကာလထက် (၄)ရာခိုင်နှုန်း ကျော်မှ (၅ ဒသမ ၂) ရာခိုင် နှုန်းထက်မနည်း မြင့်တက်လာခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“အစိုးရက တားချင်ရင် လွယ်လွယ်လေးပါ။ ဥပဒေက ရှိထားပြီးသား။ နိုင်ငံခြားမှာ အိမ်နဲ့မရွှေ့ မပြောင်းနိုင်သော ပစ္စည်းဝယ်ယူထားသူတွေကို လာ ပြီး စာရင်းသွင်းခိုင်းပေါ့။ စာရင်းမသွင်းလို့ စစ်ဆေးတွေ့ရှိရင် အရေးယူလို့ရတာပဲ။ ဒါက နိုင်ငံခြားငွေ တရားမဝင်လွှဲပြောင်းသွားတဲ့ကိစ္စပဲလေ။ ပြီးတော့ ဘယ်သူတွေ ဝယ်သလဲဆိုတာကို လိမ်လို့ရတာမှ မဟုတ်တာ။ ပြည်တွင်းမှာလည်း ပွဲစားတွေကနေ တစ်ဆင့် အားပါးတရကြော်ငြာခိုင်းပြီး ရောင်းနေကြတာပဲ။ ခေါ်စစ်လိုက်ရင် ပေါ်မှာပဲ။ ဂျွန်လွင်တို့ ဘာတို့ ဆို တရားဝင်ရောင်းချခွင့်ရနေတဲ့သဘောမျိုးအထိ လုပ်နေကြတာပဲ။ ထိုင်းရဲတွေနဲ့လည်း တရားမဝင် ငွေကြေးလွှဲပြောင်းမှုကိစ္စအတွက် လက်မှတ်ထိုးထား ရင် လုပ်လို့ရပြီလေ”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း သုံးသပ်သည်။ ထိုင်းနိုင်ငံတွင် အိမ်ခြံမြေနှင့် ကွန်ဒိုအခန်းများ ဝယ်ယူကြသည့် မြန်မာအများစုမှာ နိုင်ငံတွင်းမှ မတည်မငြိမ်ဖြစ်မှုများကို အကြောင်းပြ၍ တစ်ဦးစနှစ်ဦးစမှသည် အုတ်အော်သောင်း တင်းဖြစ်လု မတတ်ဝယ်ယူနေ ကြခြင်းမျိုးဖြစ်ကြောင်း၊ ဝယ်ယူကြ သူများထဲတွင် တပ်မတော်နှင့်ဆက်စပ်ပတ်သက်သူများ၏ မိသားစုအချို့နှင့် အခြားသော ဆက်စပ်ပတ် သက်သူများ အများဆုံးဖြစ်နေကြောင်း ကြားသိရသည်။ အချို့သော လုပ်ငန်းရှင်များမှာလည်း မြန်မာ နိုင်ငံသည် မတည်ငြိမ်တော့ကြောင်း၊ တည်ဆဲအစိုးရများက မထိန်းနိုင်တော့ကြောင်း အစရှိသည့် ခေါင်းစဉ်မျိုးစုံကိုအကြောင်းပြ ၍ ပိုင်ဆိုင်မှုများကို ရွှေ့ပြောင်းသည့် သဘောမျိုးလည်းရှိနေသည်ဟု ကြား သိရသည်။ မြန်မာပြည်တွင်း မှ ပွဲစားများကလည်း ရန်ကုန်မြို့ကြီးနှင့် အုပ်ချုပ်ရေးမြို့ကြီးများပါ မကြာခင် စစ်ပွဲများဖြစ်တော့မည့် သဘောမျိုးအထိ ခြောက်လုံးလှန့်လုံးများပေး၍ ဘန်ကောက်တွင် အိမ်ဝယ်ထားမှသာ စစ်ဖြစ်လျှင် ပြေးနိုင်နေနိုင်မည် ဖြစ်ကြောင်း ပြောဆိုမှုအချို့ ရှိနေသည်ဟု ကြားသိနေရသည်။ နစက အစိုးရအနေဖြင့် နိုင်ငံခြားငွေသုံးစွဲမှု ချင့်ချိန် နေရသည့်အတွက် ပြည်ပသွင်းကုန်များကို အစီအစဉ်တကျ ကန့်သတ်မှုများ လုပ်ဆောင်နေရသော်လည်း ယင်းကဲ့သို့ ယခုနှစ်လေးလ အတွင်းမှာပင်လျှင် ဒေါ်လာသန်း(၆၀)ကျော်အထိ နိုင်ငံခြားငွေယိုစီးထွက်မှုကို သတိမမူမိသည့်အနေအထားမျိုး မြင်တွေ့နေရသည်။

zawgyi version
ေလးလအတြင္း ေဒၚလာသန္း(၆၀)ေက်ာ္ဖိုးအထိ ဟြန္ဒီမွတစ္ဆင့္ ႏိုင္ငံ ျခားေငြယိုစီးေနေသာ ဘန္ေကာက္တြင္ အိမ္ဝယ္ယူမႈျမင့္တက္ေနသည့္ကိစၥ နစက ထိန္းေက်ာင္းရန္လို

ေအဝိုင္အီး (NP News) - ေမ ၂ဝ

ျမန္မာႏိုင္ငံသားမ်ားက ယခုႏွစ္ေလးလအတြင္း ထိုင္းႏိုင္ငံအတြင္း၌ ဘတ္ (၂)ဘီလ်ံေက်ာ္ျဖင့္ ဒုတိယအမ်ားဆုံး အိမ္ခန္းဝယ္ယူမႈမ်ိဳးျဖစ္ခဲ့ၿပီး ႏိုင္ငံျခားေငြယိုစီးမႈႀကီးမားလြန္းလွေသာ ယင္းအခ်က္ကို တားဆီးကာကြယ္ရန္လိုအပ္ေန ေၾကာင္းလုပ္ငန္းရွင္ အသိုင္းအဝိုင္းက သုံးသပ္ေျပာၾကားသည္။

ထိုင္းသတင္းဌာန The Nation ၏ ေဖာ္ျပခ်က္အရ ထိုင္းႏိုင္ငံအတြင္း၌ ျပည္ပႏိုင္ငံသားမ်ား၏ အိမ္ခန္းဝယ္ ယူမႈစာရင္းတြင္ ျမန္မာက႐ုရွားႏိုင္ငံ၏ ဒုတိယေနရာကို ရယူသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ အထူးသျဖင့္ ယခုႏွစ္ ေလးလအတြင္း ကြန္ဒိုမီနီယံအခန္းေပါင္း (၃၉၃၈)ခန္းေက်ာ္ ထိုင္းႏိုင္ငံက ေရာင္းခ်ႏိုင္ခဲ့ၿပီး တ႐ုတ္ႏိုင္ငံသားမ်ားက အခန္းေပါင္း(၁၅၉၆)ခန္းျဖင့္ ထိပ္ဆုံး၌ ရပ္တည္ေနေၾကာင္း၊ ႐ုရွားႏိုင္ငံသားမ်ား၏ ဝယ္ယူမႈက အခန္းေပါင္း(၂၉၅) ခန္းရွိခဲ့ၿပီး ျမန္မာႏိုင္ငံက အခန္းေပါင္း (၃၉၂)ခန္းအထိ ဝယ္ယူခဲ့ေၾကာင္းသိရသည္။ ျမန္မာႏိုင္ငံသား (၃၉၂)ဦး ထက္ မနည္းေသာ ပုဂၢိဳလ္မ်ားက ထိုင္းဘတ္ (၂ ဒသမ ၂၁) ဘီလ်ံဖိုး သို႔မဟုတ္ ႏိုင္ငံျခားေငြ ေဒၚလာသန္း(၆၀)ေက်ာ္ဖိုးကို ထိုင္းႏိုင္ငံတြင္ သြားေရာက္အသုံးခ်ခဲ့ျခင္းလည္း ျဖစ္သည္။ ‘‘ တိုင္းျပည္က နစ္နာတာေပါ့။ ဒါေတြက ေအာက္လမ္းကေန ဟြန္ဒီေတြနဲ႔ သြားတဲ့ေငြေတြပဲေလ။ ျပည္တြင္းမွာဆိုရင္ ထုံးစံအတိုင္း သိန္း(၁၀ဝဝ)ေက်ာ္ရင္ ဟိုအေၾကာင္းၾကားပါ။ ဒီအေၾကာင္းၾကားပါတို႔နဲ႔ ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးက လုပ္ခဲ့ၾကတယ္။ အခု ဒီကိစၥက်ေတာ့ မသိဘူးလားလို႔ပဲ ေမးရ မလိုျဖစ္ေနၿပီ။ ျမန္မာေတြဝယ္လိုက္တဲ့ အိမ္ၿခံေျမ ကြန္ဒိုအခန္းေတြက ဒီႏိုင္ငံကို ျပန္သယ္လာလို႔ ရတာလည္း မဟုတ္သလို ျပန္ေရာင္းခ်ရင္ အျမတ္အစြန္း ရလွတဲ့ ကိစၥေတြလည္း မဟုတ္ဘူး”ဟု နာမည္ေက်ာ္ လုပ္ငန္းရွင္တစ္ဦးက NP News မွတစ္ဆင့္ မွတ္ခ်က္ျပဳသည္။ ထိုင္းအေျခစိုက္သတင္းမ်ားတြင္ ျမန္မာႏိုင္ငံသားမ်ားအပါအဝင္ ျပည္ပႏိုင္ငံသုံး ခုက ထိုင္းႏိုင္ငံ၏ေဆာက္လုပ္ငန္းေရးလုပ္ငန္းက႑အတြက္ အက်ိဳးစီးပြားျဖစ္ထြန္းေစေသာ အဓိကႏိုင္ငံမ်ား ျဖစ္လာ ေၾကာင္း ေရးသားေနၾကၿပီး လာေရာက္ဝယ္ယူၾကသူမ်ားမွာလည္း ယခင္ႏွစ္ အလားတူကာလထက္ (၄)ရာခိုင္ႏႈန္း ေက်ာ္မွ (၅ ဒသမ ၂) ရာခိုင္ ႏႈန္းထက္မနည္း ျမင့္တက္လာခဲ့ျခင္းျဖစ္သည္ဟုဆိုသည္။

“အစိုးရက တားခ်င္ရင္ လြယ္လြယ္ေလးပါ။ ဥပေဒက ရွိထားၿပီးသား။ ႏိုင္ငံျခားမွာ အိမ္နဲ႔မေ႐ႊ႕ မေျပာင္းႏိုင္ေသာ ပစၥည္းဝယ္ယူထားသူေတြကို လာ ၿပီး စာရင္းသြင္းခိုင္းေပါ့။ စာရင္းမသြင္းလို႔ စစ္ေဆးေတြ႕ရွိရင္ အေရးယူလို႔ရတာပဲ။ ဒါက ႏိုင္ငံျခားေငြ တရားမဝင္လႊဲေျပာင္းသြားတဲ့ကိစၥပဲေလ။ ၿပီးေတာ့ ဘယ္သူေတြ ဝယ္သလဲဆိုတာကို လိမ္လို႔ရတာမွ မဟုတ္တာ။ ျပည္တြင္းမွာလည္း ပြဲစားေတြကေန တစ္ဆင့္ အားပါးတရေၾကာ္ျငာခိုင္းၿပီး ေရာင္းေနၾကတာပဲ။ ေခၚစစ္လိုက္ရင္ ေပၚမွာပဲ။ ဂြၽန္လြင္တို႔ ဘာတို႔ ဆို တရားဝင္ေရာင္းခ်ခြင့္ရေနတဲ့သေဘာမ်ိဳးအထိ လုပ္ေနၾကတာပဲ။ ထိုင္းရဲေတြနဲ႔လည္း တရားမဝင္ ေငြေၾကးလႊဲေျပာင္းမႈကိစၥအတြက္ လက္မွတ္ထိုးထား ရင္ လုပ္လို႔ရၿပီေလ”ဟု စီးပြားေရးလုပ္ငန္းရွင္တစ္ဦးကလည္း သုံးသပ္သည္။ ထိုင္းႏိုင္ငံတြင္ အိမ္ၿခံေျမႏွင့္ ကြန္ဒိုအခန္းမ်ား ဝယ္ယူၾကသည့္ ျမန္မာအမ်ားစုမွာ ႏိုင္ငံတြင္းမွ မတည္မၿငိမ္ျဖစ္မႈမ်ားကို အေၾကာင္းျပ၍ တစ္ဦးစႏွစ္ဦးစမွသည္ အုတ္ေအာ္ေသာင္း တင္းျဖစ္လု မတတ္ဝယ္ယူေန ၾကျခင္းမ်ိဳးျဖစ္ေၾကာင္း၊ ဝယ္ယူၾက သူမ်ားထဲတြင္ တပ္မေတာ္ႏွင့္ဆက္စပ္ပတ္သက္သူမ်ား၏ မိသားစုအခ်ိဳ႕ႏွင့္ အျခားေသာ ဆက္စပ္ပတ္ သက္သူမ်ား အမ်ားဆုံးျဖစ္ေနေၾကာင္း ၾကားသိရသည္။ အခ်ိဳ႕ေသာ လုပ္ငန္းရွင္မ်ားမွာလည္း ျမန္မာ ႏိုင္ငံသည္ မတည္ၿငိမ္ေတာ့ေၾကာင္း၊ တည္ဆဲအစိုးရမ်ားက မထိန္းႏိုင္ေတာ့ေၾကာင္း အစရွိသည့္ ေခါင္းစဥ္မ်ိဳးစုံကိုအေၾကာင္းျပ ၍ ပိုင္ဆိုင္မႈမ်ားကို ေ႐ႊ႕ေျပာင္းသည့္ သေဘာမ်ိဳးလည္းရွိေနသည္ဟု ၾကား သိရသည္။ ျမန္မာျပည္တြင္း မွ ပြဲစားမ်ားကလည္း ရန္ကုန္ၿမိဳ႕ႀကီးႏွင့္ အုပ္ခ်ဳပ္ေရးၿမိဳ႕ႀကီးမ်ားပါ မၾကာခင္ စစ္ပြဲမ်ားျဖစ္ေတာ့မည့္ သေဘာမ်ိဳးအထိ ေျခာက္လုံးလွန႔္လုံးမ်ားေပး၍ ဘန္ေကာက္တြင္ အိမ္ဝယ္ထားမွသာ စစ္ျဖစ္လွ်င္ ေျပးႏိုင္ေနႏိုင္မည္ ျဖစ္ေၾကာင္း ေျပာဆိုမႈအခ်ိဳ႕ ရွိေနသည္ဟု ၾကားသိေနရသည္။ နစက အစိုးရအေနျဖင့္ ႏိုင္ငံျခားေငြသုံးစြဲမႈ ခ်င့္ခ်ိန္ ေနရသည့္အတြက္ ျပည္ပသြင္းကုန္မ်ားကို အစီအစဥ္တက် ကန႔္သတ္မႈမ်ား လုပ္ေဆာင္ေနရေသာ္လည္း ယင္းကဲ့သို႔ ယခုႏွစ္ေလးလ အတြင္းမွာပင္လွ်င္ ေဒၚလာသန္း(၆၀)ေက်ာ္အထိ ႏိုင္ငံျခားေငြယိုစီးထြက္မႈကို သတိမမူမိသည့္အေနအထားမ်ိဳး ျမင္ေတြ႕ေနရသည္။

Related news

© 2021. All rights reserved.