မြန်မာနိုင်ငံတွင် ပထမဆုံးဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီဓာတ်အားခွဲရုံစီမံကိန်း လာမည့် ဒီဇင်ဘာလတွင် ရာခိုင်နှုန်းပြည့်ပြီးစီးမည်

 1686

စော (NP News) - မေ ၂၀

မြန်မာနိုင်ငံတွင် ပထမဆုံးဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီဓာတ်အားခွဲရုံစီမံကိန်း လာမည့် ဒီဇင်ဘာလတွင် ရာခိုင်နှုန်းပြည့်ပြီးစီးမည်ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာနထံမှ သိရသည်။

လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဉာဏ်ထွန်းက မိတ္ထီလာမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ၅၀၀ ကေဗွီကံကောင်းဓာတ်အားခွဲရုံစီမံကိန်းသို့ ပြီးခဲ့သည့်ရက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဝန်ကြီးက အဆိုပါစီမံကိန်းသည် နိုင်ငံ၏လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးကဏ္ဍတွင် အရေးပါသော စီမံကိန်းဖြစ်သဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ဆောင်ရွက်ရန်ကျန်လုပ်ငန်းများအလိုက် ပြီးစီးရမည့်အချိန်ဇယားများရေးဆွဲထားပြီး အချိန်ဇယားများအတိုင်း သတ်မှတ်ချိန်ပြီးစီးနိုင်ရေး အဆင့်ဆင့်ကြပ်မတ်စစ်ဆေးပြီး တွန်းအားပေးဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။ အဆိုပါစီမံကိန်းပြီးစီးသွားပါက နိုင်ငံမြောက်ပိုင်းတွင် တည်ရှိနေသာ လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်လျက်ရှိသည့် လျှပ်စစ် ဓာတ်အားများကို နိုင်ငံ၏တောင်ပိုင်းသို့ ၅၀၀ ကေဗွီဓာတ်အားလိုင်းစနစ်ဖြင့် ပြည့်ဝစွာဓာတ်အားပို့လွှတ်ပေးနိုင်ဖြစ်ကြောင်း သိရသည်။

ယခုအခါ စီမံကိန်းတစ်ခုလုံးအနေဖြင့် ၇၉ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး လာမည့် ဒီဇင်ဘာလတွင် ရာနှုန်းပြည့်ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ျမန္မာႏိုင္ငံတြင္ ပထမဆုံးေဆာင္႐ြက္လ်က္ရွိသည့္ ၅၀၀ ေကဗြီဓာတ္အားခြဲ႐ုံစီမံကိန္း လာမည့္ ဒီဇင္ဘာလတြင္ ရာခိုင္ႏႈန္းျပည့္ၿပီးစီးမည္

ေစာ (NP News) - ေမ ၂၀

ျမန္မာႏိုင္ငံတြင္ ပထမဆုံးေဆာင္႐ြက္လ်က္ရွိသည့္ ၅၀၀ ေကဗြီဓာတ္အားခြဲ႐ုံစီမံကိန္း လာမည့္ ဒီဇင္ဘာလတြင္ ရာခိုင္ႏႈန္းျပည့္ၿပီးစီးမည္ျဖစ္ေၾကာင္း လွ်ပ္စစ္ဝန္ႀကီးဌာနထံမွ သိရသည္။

လွ်ပ္စစ္စြမ္းအားဝန္ႀကီး ဦးဉာဏ္ထြန္းက မိတၳီလာၿမိဳ႕နယ္ရွိ လွ်ပ္စစ္ဓာတ္အားပို႔လႊတ္ေရးႏွင့္ကြပ္ကဲေရးဦးစီးဌာန ၅၀၀ ေကဗြီကံေကာင္းဓာတ္အားခြဲ႐ုံစီမံကိန္းသို႔ ၿပီးခဲ့သည့္ရက္ပိုင္းက သြားေရာက္ၾကည့္ရႈစစ္ေဆးခဲ့ေၾကာင္း သိရသည္။

ဝန္ႀကီးက အဆိုပါစီမံကိန္းသည္ ႏိုင္ငံ၏လွ်ပ္စစ္ဓာတ္အားပို႔လႊတ္ေရးက႑တြင္ အေရးပါေသာ စီမံကိန္းျဖစ္သျဖင့္ လုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္ ေဆာင္႐ြက္ရန္က်န္လုပ္ငန္းမ်ားအလိုက္ ၿပီးစီးရမည့္အခ်ိန္ဇယားမ်ားေရးဆြဲထားၿပီး အခ်ိန္ဇယားမ်ားအတိုင္း သတ္မွတ္ခ်ိန္ၿပီးစီးႏိုင္ေရး အဆင့္ဆင့္ၾကပ္မတ္စစ္ေဆးၿပီး တြန္းအားေပးေဆာင္႐ြက္သြားရန္ တိုက္တြန္းေျပာၾကားခဲ့သည္။ အဆိုပါစီမံကိန္းၿပီးစီးသြားပါက ႏိုင္ငံေျမာက္ပိုင္းတြင္ တည္ရွိေနသာ လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံမ်ားမွ ထုတ္လုပ္လ်က္ရွိသည့္ လွ်ပ္စစ္ ဓာတ္အားမ်ားကို ႏိုင္ငံ၏ေတာင္ပိုင္းသို႔ ၅၀၀ ေကဗြီဓာတ္အားလိုင္းစနစ္ျဖင့္ ျပည့္ဝစြာဓာတ္အားပို႔လႊတ္ေပးႏိုင္ျဖစ္ေၾကာင္း သိရသည္။

ယခုအခါ စီမံကိန္းတစ္ခုလုံးအေနျဖင့္ ၇၉ ရာခိုင္ႏႈန္း ၿပီးစီးေနၿပီျဖစ္ၿပီး လာမည့္ ဒီဇင္ဘာလတြင္ ရာႏႈန္းျပည့္ၿပီးစီးမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.