အမေရိကန်နိုင်ငံ၊ ဆစ်ဒနီရှိ ကိုဂီကမ်းခြေမှာ ထူးဆန်းတဲ့ ကတ္တရာစေးနဲ့တူတဲ့ ဘောလုံးတွေ တွေ့ရှိလာရခြင်းကြောင့် ကမ်းခြေပိတ်ထားရ

 426

ရောင်နီ(NP News) - အောက်တိုဘာ ၁၇

အမေရိကန်နိုင်ငံ၊ ဆစ်ဒနီရှိ ခရီးသွားတွေကြား ရေပန်းစားတဲ့ ကိုဂီကမ်းခြေမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အနက်ရောင် ကတ္တရာစေးလို ဘောလုံးတွေ တွေ့လာရခြင်းကြောင့်ကမ်းခြေကို ကြိုးတွေနဲ့တားကာ ပိတ်ထားလိုက်ရတယ်လို့ သိရပါတယ်။

အဆိုပါ အနက်ရောင် ဘောလုံးတွေကို ကမ်းခြေမှာ အောက်တိုဘာလ ၁၅ ရက်မွန်းလွဲပိုင်းက စတင်တွေ့ရှိခဲ့ပြီး အဲဒါတွေဟာ ဘယ်လိုအရာဝတ္တုတွေ ဖြစ်သလဲ၊ ဘယ်ကလာသလဲ ဆိုတာကို ဒေသခံမြို့တော်ဝန်က စုံစမ်းရှာဖွေနေတယ်လို့ သိရပါတယ်။ "ကိုဂီ ကမ်းခြေကို နောက်ထပ် သတိပေးချက် မထုတ်ပြန်ခင်အထိ ပိတ်ထားပါမယ်"လို့ မြို့တော်ဝန် ဒိုင်လန်ပါကာက ဆိုရှယ်မီဒီယာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

ရာနဲ့ချီတဲ့ အဲဒီအနက်ရောင် ဘောလုံးတွေဟာ ဂေါ့ဖ်ဘောလုံး တစ်လုံးစာ အရွယ်ရှိပြီး သဲသောင်ပြင်မှာ ပြန့်ကျဲနေတာ တွေ့ရပါတယ်။ "အရာဝတ္တုက ဘာလဲဆိုတာ မသိရပေမယ့်၊ ပင်လယ်ထဲက ဆီတွေ၊ အပျက်အစီးတွေနဲ့ ရေတွေထိတွေ့တဲ့အခါ ဖြစ်ပေါ်လာတဲ့ ကတ္တရာစေးဘောလုံးတွေ ဖြစ်နိုင်တယ်၊ ပုံမှန်အားဖြင့် ပင်လယ်ထဲ ဆီယိုဖိတ်မှုတွေရဲ့ ရလဒ်တွေပါ” လို့ မစ္စတာ ပါကာ က ပြောကြားခဲ့ပါတယ်။

ထို့ပြင် အခြားအနီးနားရှိ ကမ်းခြေတွေကိုလည်း စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

zawgyi version
အေမရိကန္ႏိုင္ငံ၊ ဆစ္ဒနီရွိ ကိုဂီကမ္းေျခမွာ ထူးဆန္းတဲ့ ကတၱရာေစးနဲ႔တူတဲ့ ေဘာလုံးေတြ ေတြ႕ရွိလာရျခင္းေၾကာင့္ ကမ္းေျခပိတ္ထားရ
ေရာင္နီ(NP News) - ေအာက္တိုဘာ ၁၇

အေမရိကန္ႏိုင္ငံ၊ ဆစ္ဒနီရွိ ခရီးသြားေတြၾကား ေရပန္းစားတဲ့ ကိုဂီကမ္းေျခမွာ လွ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့ အနက္ေရာင္ ကတၱရာေစးလို ေဘာလုံးေတြ ေတြ႕လာရျခင္းေၾကာင့္ကမ္းေျခကို ႀကိဳးေတြနဲ႔တားကာ ပိတ္ထားလိုက္ရတယ္လို႔ သိရပါတယ္။

အဆိုပါ အနက္ေရာင္ ေဘာလုံးေတြကို ကမ္းေျခမွာ ေအာက္တိုဘာလ ၁၅ ရက္မြန္းလြဲပိုင္းက စတင္ေတြ႕ရွိခဲ့ၿပီး အဲဒါေတြဟာ ဘယ္လိုအရာဝတၱဳေတြ ျဖစ္သလဲ၊ ဘယ္ကလာသလဲ ဆိုတာကို ေဒသခံၿမိဳ႕ေတာ္ဝန္က စုံစမ္းရွာေဖြေနတယ္လို႔ သိရပါတယ္။ "ကိုဂီ ကမ္းေျခကို ေနာက္ထပ္ သတိေပးခ်က္ မထုတ္ျပန္ခင္အထိ ပိတ္ထားပါမယ္"လို႔ ၿမိဳ႕ေတာ္ဝန္ ဒိုင္လန္ပါကာက ဆိုရွယ္မီဒီယာမွာ ေရးသားေဖာ္ျပခဲ့ပါတယ္။

ရာနဲ႔ခ်ီတဲ့ အဲဒီအနက္ေရာင္ ေဘာလုံးေတြဟာ ေဂါ့ဖ္ေဘာလုံး တစ္လုံးစာ အ႐ြယ္ရွိၿပီး သဲေသာင္ျပင္မွာ ျပန႔္က်ဲေနတာ ေတြ႕ရပါတယ္။ "အရာဝတၱဳက ဘာလဲဆိုတာ မသိရေပမယ့္၊ ပင္လယ္ထဲက ဆီေတြ၊ အပ်က္အစီးေတြနဲ႔ ေရေတြထိေတြ႕တဲ့အခါ ျဖစ္ေပၚလာတဲ့ ကတၱရာေစးေဘာလုံးေတြ ျဖစ္ႏိုင္တယ္၊ ပုံမွန္အားျဖင့္ ပင္လယ္ထဲ ဆီယိုဖိတ္မႈေတြရဲ႕ ရလဒ္ေတြပါ” လို႔ မစၥတာ ပါကာ က ေျပာၾကားခဲ့ပါတယ္။

ထို႔ျပင္ အျခားအနီးနားရွိ ကမ္းေျခေတြကိုလည္း ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.