ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
711
ချယ်ရီ (NP News)- နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားအနောက်ပိုင်းကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်း ပြီးသေဆုံးခဲ့ကြောင်း မြို့မ(၂)ပရဟိတ လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ဖြစ်စဉ်မှာ ယမန်နေ့( နိုဝင်ဘာ ၂၁ ရက်) ည ၉ နာရီခွဲဝန်းကျင် အချိန်ခန့်က ရွှေညောင်မြို့၊ ရွှေညောင်-တောင်ကြီး လမ်းမကြီး၊ တာယော အကြော်ဆိုင်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တွဲကားက ရပ်ထားတာပါ။ အဲဒါကို Hijet ကားက နောက်ကနေ ဝင်တိုက်မိတာ။ ကားထဲမှာက လင်မယား(၂)ယောက်ပဲ ပါတာပါ။ အမျိုးသားက ပွဲချင်းပြီးဆုံးသွားတယ်။ အမျိုးသမီးကတော့ စိုးရိမ်ရတာမျိုး မရှိလိုက်ပါဘူး။ ကားကလည်း အရှိန်တော်တော်လေး ပါမယ်ထင်ပါတယ်” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
သေဆုံးသူမှာ ရွှေညောင်မြို့တွင် နေထိုင်သည့် အသက်(၅၀)နှစ် ဝန်းကျင်အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး မျက်နှာတွင် ပြင်းထန်ထိခိုက်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာ၌ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ ရောက်တော့ အလောင်းကို အပြင်မှာ ချထားပါပြီ။ သူက တိုက်မိကတည်းက သေသွားတာပါ။ ကားထဲမှာ ညှပ်နေလို့ပြန်ထုတ်ပေးထားတာပေါ့နော်။ အမျိုးသမီကတော့ ရွှေညောင်တိုက်နယ်ဆေးရုံကို ပို့ထားပြီးပါပြီ။ သူကတော့ မစိုးရိမ်ရပါဘူး”ဟု ၎င်းက ပြောသည်။
ထို့နောက် သေဆုံးသူအမျိုးသား၏ရုပ်အလောင်းကို တောင်ကြီးမြို့မြို့ စဝ်စံထွန်း ပြည်သူ့ဆေးရုံကြီးသို့ မြို့မ(၂)ပရဟိတ လူမှုကူညီရေးအသင်းမှ ပို့ ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နေ့(နိုဝင်ဘာ ၂၁ရက်)၊ ညနေ ၆နာရီခွဲအချိန်ခန့်ကလည်း ရွှေညောင်- ညောင်ရွှေကားလမ်းရှိ Denko ဆီဆိုင်အနီးတွင် ဆိုင်ကယ်(၂) စီးတိုက်မိစဉ် လွင့်ထွက်သွားသည့် အမျိုးသားတစ်ဦး ကားကြိတ်မိကာ ပွဲချင်းပြီးသေဆုံးသွားခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
zawgyi version
ေ႐ႊေညာင္ၿမိဳ႕တြင္ ရပ္ထားေသာတြဲကားကို Hijet ကားက အရွိန္လြန္ဝင္တိုက္မိရာ ယာဥ္ေမာင္း ပြဲခ်င္းၿပီးေသဆုံး
ခ်ယ္ရီ (NP News)- ႏိုဝင္ဘာ ၂၂
ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေ႐ႊေညာင္ၿမိဳ႕တြင္ ရပ္ထားေသာတြဲကားအေနာက္ပိုင္းကို Hijet ကားက အရွိန္လြန္ဝင္တိုက္မိရာ ယာဥ္ေမာင္း ပြဲခ်င္း ၿပီးေသဆုံးခဲ့ေၾကာင္း ၿမိဳ႕မ(၂)ပရဟိတ လူမႈကူညီေရးအသင္းမွတာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ျဖစ္စဥ္မွာ ယမန္ေန႔( ႏိုဝင္ဘာ ၂၁ ရက္) ည ၉ နာရီခြဲဝန္းက်င္ အခ်ိန္ခန႔္က ေ႐ႊေညာင္ၿမိဳ႕၊ ေ႐ႊေညာင္-ေတာင္ႀကီး လမ္းမႀကီး၊ တာေယာ အေၾကာ္ဆိုင္အနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“တြဲကားက ရပ္ထားတာပါ။ အဲဒါကို Hijet ကားက ေနာက္ကေန ဝင္တိုက္မိတာ။ ကားထဲမွာက လင္မယား(၂)ေယာက္ပဲ ပါတာပါ။ အမ်ိဳးသားက ပြဲခ်င္းၿပီးဆုံးသြားတယ္။ အမ်ိဳးသမီးကေတာ့ စိုးရိမ္ရတာမ်ိဳး မရွိလိုက္ပါဘူး။ ကားကလည္း အရွိန္ေတာ္ေတာ္ေလး ပါမယ္ထင္ပါတယ္” ဟု အထက္ပါ တာဝန္ရွိသူက ဆိုသည္။
ေသဆုံးသူမွာ ေ႐ႊေညာင္ၿမိဳ႕တြင္ ေနထိုင္သည့္ အသက္(၅၀)ႏွစ္ ဝန္းက်င္အ႐ြယ္အမ်ိဳးသားတစ္ဦးျဖစ္ၿပီး မ်က္ႏွာတြင္ ျပင္းထန္ထိခိုက္ဒဏ္ရာမ်ား ရရွိကာ အခင္းျဖစ္ေနရာ၌ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔ ေရာက္ေတာ့ အေလာင္းကို အျပင္မွာ ခ်ထားပါၿပီ။ သူက တိုက္မိကတည္းက ေသသြားတာပါ။ ကားထဲမွာ ညႇပ္ေနလို႔ျပန္ထုတ္ေပးထားတာေပါ့ေနာ္။ အမ်ိဳးသမီကေတာ့ ေ႐ႊေညာင္တိုက္နယ္ေဆး႐ုံကို ပို႔ထားၿပီးပါၿပီ။ သူကေတာ့ မစိုးရိမ္ရပါဘူး”ဟု ၎က ေျပာသည္။
ထို႔ေနာက္ ေသဆုံးသူအမ်ိဳးသား၏႐ုပ္အေလာင္းကို ေတာင္ႀကီးၿမိဳ႕ၿမိဳ႕ စဝ္စံထြန္း ျပည္သူ႔ေဆး႐ုံႀကီးသို႔ ၿမိဳ႕မ(၂)ပရဟိတ လူမႈကူညီေရးအသင္းမွ ပို႔ ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။
အလားတူ ယမန္ေန႔(ႏိုဝင္ဘာ ၂၁ရက္)၊ ညေန ၆နာရီခြဲအခ်ိန္ခန႔္ကလည္း ေ႐ႊေညာင္- ေညာင္ေ႐ႊကားလမ္းရွိ Denko ဆီဆိုင္အနီးတြင္ ဆိုင္ကယ္(၂) စီးတိုက္မိစဥ္ လြင့္ထြက္သြားသည့္ အမ်ိဳးသားတစ္ဦး ကားႀကိတ္မိကာ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။