ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်

 1959

NP News - နိုဝင်ဘာ ၂၁

ချင်းပြည်နယ်၊ ဖလမ်းမြို့ ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့် လာတိုက်သော်လည်း အ လောင်း(၇)လောင်းထားခဲ့ကာ ပြန်လည်ထွက်ပြေးခဲ့ရကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက NP News ကို ပြောသည်။

ဖလမ်းမြို့၊ အမြှောက်တပ်ကုန်းကို ယနေ့(နိုဝင်ဘာ ၂၁ ရက်)၊ နံနက်အစောပိုင်းတွင် ချင်းလက်နက်ကိုင်အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့တို့က အင်အားအ လုံးအရင်းဖြင့် လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “သူတို့ကလာတိုက်တာ အင်အားအလုံးအရင်းနဲ့လာတိုက်တာ။ အဲဒါကို တပ်ကလေယာဉ်ပစ်ကူနဲ့ ပြန်တိုက်တော့အမြှောက်ကုန်းကတော့ ပြန်ရသွားပြီ။ (၇)ယောက်အလောင်းရတယ်။ လက်ရှိတော့ငြိမ်နေတယ်။ သူတို့တွေက ဖလမ်းမြို့ဆေးရုံမှာပြန်စုနေကြတယ်”ဟု အထက်ပါသတင်းရင်းမြစ် ကဆိုသည်။

လက်ရှိတွင် ဖလမ်းမြို့အတွင်း လက်နက်ကိုင်ပူးပေါင်းအဖွဲ့များ ခိုအောင်းနေသည့် နေရာများသို့ တပ်မတော်က လေကြောင်းပစ်ကူများဖြင့် ဆက် လက် တိုက်ခိုက်နေလျက်ရှိကြောင်း သိရသည်။ CDF၊ CNF၊ PDF ပူးပေါင်းအဖွဲ့တို့က ပြီးခဲ့သည့် နိုဝင်ဘာလ ပထမပတ်မှစတင်ကာ ဖလမ်းမြို့ရှိ တပ်မတော်လုံခြုံရေးတပ်ဖွဲ့ကို အင်အား (၁၀၀၀)ခန့်အသုံးပြုကာ လာရောက်တိုက်ခိုက်ခဲ့သည့်အတွက် မြို့ခံပြည်သူအများအပြား နေရပ်စွန့်ခွာ စစ်ဘေးရှောင်ခဲ့ရကြောင်း သိရသည်။

zawgyi version
ဖလမ္းၿမိဳ႕ဘုရားကုန္းအနီးရွိ တပ္မေတာ္အ‌ေျမႇာက္တပ္ကို ခ်င္းလက္နက္ ကိုင္မ်ားက သာလြန္အင္အားျဖင့္လာတိုက္
NP News - ႏိုဝင္ဘာ ၂၁

ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕ ဘုရားကုန္းအနီးရွိ တပ္မေတာ္အ‌ေျမႇာက္တပ္ကို ခ်င္းလက္နက္ကိုင္မ်ားက သာလြန္အင္အားျဖင့္ လာတိုက္ေသာ္လည္း အ ေလာင္း(၇)ေလာင္းထားခဲ့ကာ ျပန္လည္ထြက္ေျပးခဲ့ရေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူတစ္ဦးက NP News ကို ေျပာသည္။

ဖလမ္းၿမိဳ႕၊ အေျမႇာက္တပ္ကုန္းကို ယေန႔(ႏိုဝင္ဘာ ၂၁ ရက္)၊ နံနက္အေစာပိုင္းတြင္ ခ်င္းလက္နက္ကိုင္အဖြဲ႕ႏွင့္ PDF ပူးေပါင္းအဖြဲ႕တို႔က အင္အားအ လုံးအရင္းျဖင့္ လာေရာက္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ “သူတို႔ကလာတိုက္တာ အင္အားအလုံးအရင္းနဲ႔လာတိုက္တာ။ အဲဒါကို တပ္ကေလယာဥ္ပစ္ကူနဲ႔ ျပန္တိုက္ေတာ့အေျမႇာက္ကုန္းကေတာ့ ျပန္ရသြားၿပီ။ (၇)ေယာက္အေလာင္းရတယ္။ လက္ရွိေတာ့ၿငိမ္ေနတယ္။ သူတို႔ေတြက ဖလမ္းၿမိဳ႕ေဆး႐ုံမွာျပန္စုေနၾကတယ္”ဟု အထက္ပါသတင္းရင္းျမစ္ ကဆိုသည္။

လက္ရွိတြင္ ဖလမ္းၿမိဳ႕အတြင္း လက္နက္ကိုင္ပူးေပါင္းအဖြဲ႕မ်ား ခိုေအာင္းေနသည့္ ေနရာမ်ားသို႔ တပ္မေတာ္က ေလေၾကာင္းပစ္ကူမ်ားျဖင့္ ဆက္ လက္ တိုက္ခိုက္ေနလ်က္ရွိေၾကာင္း သိရသည္။ CDF၊ CNF၊ PDF ပူးေပါင္းအဖြဲ႕တို႔က ၿပီးခဲ့သည့္ ႏိုဝင္ဘာလ ပထမပတ္မွစတင္ကာ ဖလမ္းၿမိဳ႕ရွိ တပ္မေတာ္လုံၿခဳံေရးတပ္ဖြဲ႕ကို အင္အား (၁၀၀၀)ခန႔္အသုံးျပဳကာ လာေရာက္တိုက္ခိုက္ခဲ့သည့္အတြက္ ၿမိဳ႕ခံျပည္သူအမ်ားအျပား ေနရပ္စြန႔္ခြာ စစ္ေဘးေရွာင္ခဲ့ရေၾကာင္း သိရသည္။

Picture

09444336627

22/11/2024 20:42

very. good

Related news

© 2021. All rights reserved.