လွမ်းရေးထက် ဝမ်းရေးခက်သွားတဲ့ TNLA လက်အောက်က စီးပွားရေး လုပ်ငန်းရှင်များ
5793
သုတကျော် (NP News) - အောက်တိုဘာ ၁၅
ရှမ်းပြည်နယ် ကျောက်မဲ၊ နောင်ချို၊ သီပေါမြို့ တို့တွင် TNLA ကထိန်းချုပ်ထားရာ အဆိုပါ နယ် မြေများရှိ လူတန်းစားပေါင်းစုံ အခက်အခဲများနှင့် ကြုံတွေ့နေကြရသည်။ အချို့ကလည်း မွေးရာ ဇာတိ ကို လုံးဝစွန့်ခွာခဲ့ကြ၏။ အချို့ကမူ စီးပွားရေး ပြန်လည်ကောင်းနိုးနိုး စောင့်ဆိုင်းနေသော်လည်း မထူး သေးပေ။ အဆိုပါအခြေအနေများနှင့်ပတ်သက်၍ အမည်နှင့်နေရပ်ကို လုံခြုံရေးအရ လျှို့ဝှက်ထား ပေးရန် တောင်းဆိုခဲ့သော ကျောက်မဲ၊ နောင်ချို၊ သီပေါဒေသမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် NP News က တွေ့ဆုံမေးမြန်းထားသည်များကို ထုတ်နုတ်ဖော်ပြအပ်ပါသည်။
မေး - ပထမဆုံးမေးခွန်းအနေနဲ့ TNLA က အဲဒီ ဒေသဘက်ကို ထိန်းချုပ်ပြီးတဲ့နောက်မှာ စီးပွားရေး အခြေအနေက ဘယ်လိုဖြစ်နေသလဲဆိုတာကို စပြီး မေးချင်ပါတယ်။
ဖြေ - မကောင်းဘူးပေါ့။ ဘာမှကို လုပ်ကိုင်စားသောက်လို့မကောင်းဘူး။ ဘယ်လိုပြောရမလဲ အခု လမ်း ပန်း ဆက်သွယ်ရေးကလည်း မကောင်းဘူး။ ဘာလုပ်လုပ် အခွန်များတယ်။ စီးပွားရေးပိုင်းကလေ။ ဘာမဆို အခွန်ဆောင်ရတယ်။ အဲဒါက အဆင်မပြေဘူး။
မေး - အခွန်ကကော ဘယ်လိုပုံစံ ကောက်နေပါသလဲဗျ။
ဖြေ - ဆိုင်အမျိုးအစားပေါ်မူတည်ပြီးတော့ အခွန်ကောက်တာပါ။ ဈေးမတူဘူး။ ကုန်မာဆိုင်ဆို ဈေး တစ်မျိုး။ စားသောက်ဆိုင်ဆို ဈေးတစ်မျိုး။ လမ်းဘေး ကွမ်းယာဆိုင်ဆို ဈေးတစ်မျိုး အဆင့်ဆင့် ကောက်တယ်။
မေး - သူတို့တောင်းတဲ့အခွန်ကိုမပေးရင် ဘာတွေ လုပ်ပါသလဲ။
ဖြေ - အရေးယူတယ်။ ဘယ်လိုလဲဆိုရင် တချို့ကို အချုပ်ထဲဆွဲထည့်တာ။ နောင်ချို၊ ကျောက်မဲ သူတို့ ထိန်းချုပ်တဲ့နေရာတွေအကုန်လုံး အခွန်ကတော့ ကောက်နေတယ်။
မေး - TNLA မရောက်ခင်က စီးပွားရေးလုပ်ရတာက ဘယ်လိုအခြေအနေ ဘယ်လိုရှိပါသလဲ။
ဖြေ - သူတို့ မလာခင်က စီးပွားရေးအခြေအနေကောင်းတယ်။ သူတို့လာပြီးတော့ စီးပွားရေးက တခြား နယ်ကို ပြောင်းကြတာများတယ်။ အဲဒီမှာ လုပ်လို့အဆင်မပြေဘူး။ လမ်းပန်းဆက်သွယ်ရေးက မကောင်း တော့ ကုန်ကြမ်းတွေကအစ သယ်ယူဖို့အဆင်မပြေဘူး။ ဆန်၊ ဆီ၊ ဆေး၊ ဆားလည်း တင်ခွင့်မပေးဘူး။ အဲဒီတော့ မှောင်ခိုဈေးဖြစ်သွားတာပေါ့။ ဓာတ်ဆီ တစ်လီတာကို အရင်က တစ်သောင်းအထိ ရောက် သွားသေးတယ်။ အခုက ခြောက်ထောင်၊ ခုနစ်ထောင်ပေးရတာ။ ဆေး ဆိုလည်း ကိုယ်လိုအပ်တဲ့ဆေး မရနိုင်ဘူး။ ဘယ်ဟာ မဆို အဆင်မပြေတော့တာ။
မေး - တရားဥပဒေစိုးမိုးမှုအခြေအနေကိုကော ဘယ်လိုမြင်ရပါသလဲ။
ဖြေ - တရားဥပဒေ စိုးမိုးမှုမရှိဘူး။ တကယ်မရှိဘူး။ တကယ်တမ်းကျတော့ သူတို့လုပ်ချင်တာ လုပ်တာ။ ထင်တိုင်းကြဲတာ။ ထင်ရာစိုင်းတယ်။ သူတို့ပါးစပ်ပေါ်၊ သူတို့အာဘော်မှာပဲ ရှိတယ်။ ဥပမာ ဆိုပါတော့ တချို့က သူတို့လူမှုရေးကိစ္စတွေလည်း တိုင်တယ်။ တိုင်ရင် ဆိုင်ကယ်နဲ့ဖမ်းခေါ်သွားပြီး ရဲစခန်းအပေါက် ဝရောက်ရင် ကတုံးတုံးလိုက်တာ။ ပြီးတော့မှ အထဲမှာ မေးမြန်းတယ်။ အာမခံပေးရင် ပြန်လွှတ်တယ်။
မေး - ဘာနေနေတိုင်လို့ရှိရင် သူတို့ဖမ်းခေါ်ခံရပြီဆို ကတုံးတုံးခံရမယ်ဆိုတာတော့ သေချာတာပေါ့။
ဖြေ - ဟုတ်တယ် (ရယ်လျက်)။ မျက်မြင်လိုဖြစ်နေတာ။ သိနေရတယ်လေ။
မေး - လက်ရှိ ခရီးသွားလာမှုကကော ကောင်းရဲ့လား။
ဖြေ - မန္တလေး၊ ကျောက်မဲ၊ သီပေါ၊ နောင်ချိုက နာရီ ပိုင်းဆိုရောက်တယ်။ နေ့ချင်းပြန်သွားလို့ရတယ်။ အခု ဆို မရောက်ဘူးလေ။ ကျောက်မဲ-မန္တလေးက တချို့ ဆို လမ်းမှာ လေး၊ ငါး၊ ခြောက်ရက် အိပ်ရတယ်။ ဘာလို့ဆို လမ်းမကြီးကမဖွင့်ဘူး။ ပတ်ကွင်းလမ်းက သွားရတာ။ မိုးတွင်းဆိုတော့ ဗွက်ထတယ်။ ကားကြီး တွေသွားလာနေတော့ ဗွက်ထတယ်။ နေ့ချင်းပေါက် ချင်ရင် ကားနဲ့ တစ်ဆင့်ချင်းသွားရတယ်။ ကိုယ့်ကားနဲ့ ကိုယ်သွားမယ်ဆိုရင်တော့ လမ်းတိုးဖို့၊ အရှေ့ရောက် ဖို့ဆိုတာ မလွယ်ဘူး။
မေး - သူတို့ဝင်ပြီးတဲ့အချိန်မှာ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်အနေနဲ့ ဘယ်လိုအခက်အခဲ စကြုံရလဲ။
ဖြေ - ဖြစ်ပြီဆိုမှတော့ မငြိမ်တော့ ဘာမှလုပ်လို့မရ ဘူး။ လုပ်ငန်းရှင်ကြီးတွေက လုပ်ငန်းနားပစ်လိုက်ရ တယ်။ ကိုယ်လွတ်ပြေးရတာလေ။ နောက်ပိုင်းမှ တချို့က ကိုယ့်ပစ္စည်းကိုယ် ပြန်သွားသယ်တာ။ တ ချို့ကမသယ်ဘူး ပစ်ထားလိုက်ရတာ။ နာလန်မထူ တော့တာပေါ့။ လုပ်ငန်းကြီးလေ ဆိုးရွားလေပဲ။
မေး - TNLA အဝင် တိုက်ပွဲဖြစ်ပြီးတဲ့နောက် စီးပွား ပျက်သွားတဲ့သူတွေ ရှိလား။
ဖြေ - ရှိတာပေါ့။ တချို့ဆို ဘာမှပြန်မလုပ်နိုင်ဘူးလေ။ ကြောက်စိတ်နဲ့ ပြန်မနေကြတော့ဘူး။
မေး - စွန့်ခွာလာတဲ့လုပ်ငန်းရှင်တွေပေါ့။ သူတို့ကော ဘယ်လိုလုပ်ငန်းတွေ စနေကြပါသလဲ။
ဖြေ - တချို့ကတော့ ပစ္စည်းတွေပြန်သယ်ဖို့ မလွယ် ပေမယ့် အရင်းအနှီးရှိတယ်လေ။ ချမ်းသာတာကိုး။ လုပ်ငန်းကြီးတော့ အဆက်အသွယ်ရှိတယ်။ တစ်ဆင့် ပြန်ချေးပြီး တစ်မြို့တစ်နယ်မှာ ပြန်ထူထောင် တာ ရှိတယ်။ ကိုယ့်မြို့၊ ကိုယ့်ဒေသမှာတော့ ပြန်မထူထောင်တော့ဘူး။ ပြန်မလုပ်တော့ဘူး။
မေး - ကိုယ့်နယ်ကိုယ်ပြန်ပြီး စီးပွားရေးပြန်လုပ်မှာ လား။
ဖြေ - ဟင့်အင်း မလုပ်ဘူး။ ကြောက်တာပေါ့။ ဗုံကြဲခံ ရမှာလည်း ကြောက်တယ်။ အခုက နောင်ချို၊ သီပေါ ဒီမြို့နယ်တွေမှာ ဗုံးကြဲခံနေရတာ။ ကျောက်မဲတစ်မြို့ပဲ အကြဲမခံရတာ။ ဒါပေမဲ့လည်း စိုးတထိတ်ထိတ်နဲ့ပဲ လေ။ ကျောင်းမဖွင့်၊ ရုံးမဖွင့်ဘူး။ ပြန်နေလည်း အဆင်မပြေဘူး။ တစ်ခုခုဖြစ်ခဲ့ရင် ဘယ်သူ့ကိုသွားတိုင် မှာလဲ။ ဘယ်သူက အရေးယူပေးမှာလဲ။ လမ်းပန်း ဆက်သွယ်ရေးကလည်း မကောင်း၊ ဖုန်းလိုင်းလည်း မရတော့ ပြန်နေလည်းအဆင်မပြေဘူး။ မီးလည်း မရဘူး။ (၃)လပိုင်း (၂၅)ရက်တည်းက မီးက လုံးဝမ ရဘူး။ မီးစက်မောင်းသုံးဖို့ကလည်း ဓာတ်ဆီက ဈေး အရမ်းကြီးတယ်။ ဖယောင်းတိုင်တွေကလည်း ဈေးအ ရမ်းကြီးတယ်။ ငါးရာတန်အထုပ်ဆိုရင်လည်း ထောင့် ငါးရာလောက် ဖြစ်ချင်ဖြစ်တာလေ။ ဘာမဆို အလုပ် မဖြစ်တာထက် ကုန်ဈေးနှုန်းတွေကလည်း ဈေးကြီး ပေးနေရတော့ ဘယ်လိုအဆင်ပြေမှာလဲ။
မေး - စီးပွားရေးသမားတွေဟာ သာမန်လူတွေထက် Óဏ်ပိုကောင်းတယ်လို့ပြောကြတယ်။ ဆိုတော့ စီး ပွားရေးအရ တွက်ကိန်းပေါ့နော်။ ကိုယ့်အရပ်ဒေသ မှာ နောင်စီးပွားရေးလုပ်ဖို့ကော TNLA ကို ယုံကြည် လား။
ဖြေ - မယုံဘူး။ လုံးဝ အယုံအကြည်မရှိဘူး။ သူတို့ လက်အောက်မှာလည်း မနေဘူး။ တကယ်လို့ သူတို့ အဲဒီဒေသဘက်တွေမှာ ရသွားတယ်၊ အုပ်ချုပ်ရပြီ ဆိုတာ မတည်မြဲနိုင်ဘူးလေ။ ပြန်လည်းမနေဘူး။ သူ တို့ဖွင့်မယ်ဆိုတဲ့ကျောင်းမှာလည်း သားသမီးတွေကို မထားဘူး။ ပြောင်းမှာ။ သူတို့ရှိနေသရွေ့ပြန်ဖို့လည်း စိတ်မကူးဘူး။ နေလည်းမနေနိုင်ဘူး။
မေး - TNLA ဝင်ပြီးတဲ့နောက် စိုက်ပျိုးရေးလုပ်ငန်းတွေကကော ဘယ်လို ထိခိုက်သွားလဲ။
ဖြေ - ဝရုန်းသုဉ်းကားဖြစ်ပြီဆိုမှ လူတိုင်းက ကိုယ့် အသက်ထက် အရေးမကြီးဘူး။ ကိုယ်လွတ်ပြေး ရတာ။ ပစ်ထားခဲ့ရတာပဲ။ အခု နည်းနည်းငြိမ်သွားတော့ တချို့က ပြန်တယ်။ ပြန်သွားလည်း နေဖို့ မဟုတ်ဘူး။ ပစ္စည်းယူ၊ လုပ်စရာရှိတာလုပ်ပြီး ပြန်သွားကြတာပါပဲ။ စိုက်ပျိုးရေးလုပ်မယ်ဆိုရင် စိုက်ပျိုး ရေးသုံးပစ္စည်းတွေ လိုမှာလေ။ မြေဩဇာတွေက အစပေါ့။ အဲဒါတွေက မှောင်ခိုဈေးတွေဖြစ်ကုန်ပြီ။ ဘယ်လိုသွားသယ်မလဲ။ စိုက်ပျိုးပြီးတဲ့ ရာသီပေါ်အသီးပေါ့။ ငါးကျပ်နဲ့ ရင်းတယ်ဆို ရာသီပေါ်လို့ပြန်သွား ရောင်းပြီဆို ငါး ကျပ်နဲ့မရရင် ကိုယ်ရှုံးတာပေါ့။ လမ်းပန်းဆက်သွယ်ရေးမှ အဆင်မပြေတာ။
မေး - သူတို့က ပြန်ပြီးနေတဲ့သူတွေရှိတယ်ဆိုတယ်။ ဘယ်သူတွေလဲ။
ဖြေ - အနည်းစုပါ။ သူတို့ကိုကြိုက်တဲ့သူတွေပေါ့။ ဝါဒဖြန့်တာလေ။ ကိုယ်တိုင်လည်း မြင်နေကြားနေရ တာပဲ။ မျက်စိနဲ့မမြင်ရင်တောင် အဆက်အသွယ် တွေက ရှိတယ်လေ။ ကိုယ့်လူရင်းတွေလည်း ကျန်ခဲ့ တယ်။ ဥပမာ-ကျောက်မဲကဈေးဆိုလည်း မနက် ခဏလေးပဲ စည်တာ။ ပြီးရင် တစ်နေကုန် ခြောက်ကပ် နေတာ။ တစ်လမ်းလုံး သရဲတောင်ခြောက်မယ်။ ခွေး တစ်ကောင်တောင်မရှိဘူး။ ဈေးကြီးဖွင့်တယ် ဝါဒဖြန့် တယ်။ အရောင်းအဝယ်မရှိဘူးလေ။ အဖွင့်ပဲပြတာ။ အသိမ်းခံရမှာစိုးလို့သာသွားဖွင့်ကြတာ။ နေ့လည် (၁)နာရီဆို ပြန်သိမ်းပြီလေ ဘာထူးမှာလဲ။ ဈေးထဲဝင်တဲ့ လူမရှိဘူး။
မေး - TNLA နဲ့ ဒေသခံတွေကော ပေါင်းသင်းဆက်ဆံရေး အစေးကပ်လား။
ဖြေ - ဟင့်အင်း အစေးမကပ်ဘူး။ သူတို့က ရမ်းကားတယ်လေ။ အမြင်ကတော့ သူတို့စစ်သားတွေ က ကလေးသာသာပဲ ရှိတယ်လေ။
မေး - လူငယ်တွေ၊ ဆယ်ကျော်သက်တွေကို ရည်ရွယ်တာလား။
ဖြေ - ကလေးသာသာပဲ ရှိတာ။ သေနတ်တွေတကားကားနဲ့စလွယ်သိုင်းပြီး မြို့ပတ်နေတာ။ ဘယ်သူ ကလေးစားမှာလဲ။ ကျောက်မဲရဲစခန်းမှာတဲ့ အရင်တုန်းက ဗြောက်အိုးတွေ ဖမ်းထားတာရှိတယ်။ သိမ်း ထားတာတွေပေါ့။ အဲဒီ ဗြောက်အိုးတွေကိုဖောက်ပြီး ဆော့တယ်။ ကလေးတွေလေ အဲဒါကလေးတွေပဲ လုပ်တာ။ အဲဒါကျ သူတို့ကို ဘယ်လိုလေးစားမှာလဲ။ ဘယ်လိုအားကိုးမှာလဲ။ အားကိုးလို့မရဘူး။ ဘယ်လို အသိဉာဏ်နဲ့ ကိုယ့်ကိုယ်ကိုယ်အမှားအမှန် ဝေဖန် ဆုံးဖြတ်မှာလဲ။ ဒါကြောင့် အစိုးမရဘူးလေ။
မေး - ဒေသက ပြောင်းလာတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက ဘယ်ဒေသတွေမှာပြောင်းပြီး အခြေချကြ ပါသလဲ။
ဖြေ - သူ့အချိတ်အဆက်နဲ့သူပေါ့။ တချို့က တောင်ကြီးမှာရှိတယ်။ တောင်ကြီး၊ ပင်းတယ၊ ရန်ကုန်၊ မန္တလေးပေါ့။
မေး - အားလုံးက ဘဝသစ်ကို ပြန်စရသလို ဖြစ်သွားတာလား။
ဖြေ - ဟုတ်တယ် ဘဝသစ်ပေါ့။ တချို့ဆိုရင် ဘာမှ ပြန်ယူလို့မရဘူး။ အသိတစ်ယောက်ဆို သူ့အမျိုး သားက ရဲ။ သူ့ပစ္စည်းဆို အကုန်အသိမ်းခံရတယ်။ ကျောက်မဲက အိမ်ကိုလည်း ချိပ်ပိတ်ခံရတယ်။ အိမ် ထဲကပစ္စည်းတွေကို အကုန်ကားနဲ့ သယ်ထုတ်တာ။ ကျောက်မဲတင်မဟုတ်ဘူး နောင်ချိုမှာလည်း ဆိုင်ရှိ တယ်။ အဲဒီအထိ လိုက်သိမ်းတာ။
မေး - အရင်ကကော ကိုယ့်မွေးရပ်ဇာတိကို စွန့်ခွာရမယ်လို့ တွေးခဲ့ဖူးလား။
ဖြေ - အစက ရွာတွေမှာ ပြေးရှောင်ရတာ။ ရန်ကုန်ကိုတော့ ချက်ချင်းမလာခဲ့သေးဘူး။ တစ်ပတ်လောက် နေသေးတယ်။ ဖုန်းလိုင်းလည်း အဆင်မပြေဘူး။ ဆီတွေလည်း သွားတန်းရတာ အဝေးကြီးပဲ။ အဆင်မ ပြေဘူး။ ကြာလာတော့ ကလေးလည်း ကျောင်းမတက်ရဘူး။ ရွာမှာနေလည်း မြို့ကလူတွေပြေးလာ တော့ ရေက မလုံလောက်ဘူး။ ရေသန့်စက်ရုံတွေလည်း ပိတ်တာ။ ဒါနဲ့ ကိုယ့်ကလေးကိုခေါ်ပြီး ရန်ကုန် ကို ပြေးလာရတာ။
မေး - စီးပွားရေးကကော ဘယ်လောက် ထိခိုက်သွားပါသလဲ။
ဖြေ - အများကြီး ထိခိုက်သွားတာပေါ့။ သူလိုကိုယ် လိုပဲ ကိုယ်လွတ်ရာပြေးနေချိန်မှာ ကိုယ်ရစရာရှိတာ တွေလည်းမရဘူး။ အဆက်အသွယ်တွေလည်း မရ ကြဘူး။ ဘယ်တွေရောက်လို့ ဘယ်တွေပျောက်မှန်း လည်း မသိဘူး။ ဘယ်သူက ဘယ်နားပြေးမှန်းလည်း မသိဘူး။ ဘာမှ ပြန်လုပ်လို့မရဘူး။ အများကြီး ဆုံးရှုံးတာပေါ့။
မေး - စီးပွားရေးကရပ်သွားပြီး ကိုယ့်ရှိတဲ့ငွေနဲ့ မျှော လိုက်နေရတာလား။
ဖြေ - ဟုတ်တယ်။ ဒီပြန်ရောက်တော့လည်း ကိုယ့်နေရပ်၊ ကိုယ့်ဒေသမဟုတ်ဘဲ ကိုယ်မကျွမ်းကျင်ရာ ဆိုတော့ ဘာမှလုပ်မရဘူး။ စွန့်စွန့်စားစားလည်း မလုပ်စားရဲဘူး။ ဒီအတိုင်းမှိန်းနေရတာ။ ရန်ကုန်က သိတဲ့အတိုင်း တိုက်ခန်းနဲ့နေရတာဆိုတော့ ထောင်ကျသလိုပဲ။ ကိုယ့်ဒေသဆိုရင် ဟင်းလင်းပြင်။ ဘယ် သွားသွား ဝှီးခနဲပဲ။ ဒီမှာတော့ သွားဖို့က မလွယ်ဘူး လေ။ နေတာက တိုက်ခန်းအလွှာလည်းမြင့်တော့ တက်လိုက်၊ ဆင်းလိုက် အဆင်မပြေဘူး။
မေး - မိတ်ဆွေထဲမှာ စစ်ပွဲကြောင့် လုံးဝကိုမှ အထိ နာသွားရတဲ့သူ ရှိလားခင်ဗျ။
ဖြေ - ရှိတာပေါ့။ တချို့ကျ မထင်ဘူး။ ဖြစ်တော့ ကိုယ်လွတ်ရုန်းပြီး လက်ထဲဘာမှမပါလာဘူး။ စုမိ ဆောင်းမိတာ တစ်ခုမှမရှိဘူး။ လမ်းစရိတ်တောင် သိန်းနဲ့ချီတယ်လေ။ အရင်တုန်းက ကားခက နှစ် သောင်းခွဲပဲပေးရတာ။ အခုက သိန်းနဲ့ချီတယ်လေ။ တစ်ယောက်တည်းမဟုတ်ဘူး။ မိသားစုလိုက်ဆို သိန်းဆယ်ချီတယ်။ ဒုက္ခဆိုတာက မျိုးစုံပဲ။ စားရေး သောက်ရေးကအဆင်မပြေဘူး။ မိသားစုလိုက်ဆို တော့ မိသားစုလိုက် သူများအိမ်တစ်ပတ်ထက် ပိုမနေ သင့်ဘူးလေ သဘောပြောပြတာ။ ကိုယ့်ဘာသာကိုယ် အိမ်ငှားဖို့နေနေသာသာ စားဖို့တောင် အဆင်မပြေ ဘူး။ ဒုက္ခဆိုတာက အများကြီး ရှိတာပေါ့။
မေး - ပိုက်ဆံရှိတဲ့ဘဝကနေ စားဖို့၊သောက်ဖို့ ခက် တဲ့ဘဝ ရောက်သွားတာလား။
ဖြေ - ဒါပေါ့။ ဖြစ်တာပေါ့။
မေး - တိုက်ပွဲအပြီးမှာ အဲ့ဒီ ဒေသဘက်က ထိခိုက်သွားတဲ့ လုပ်ငန်းရှင်အမျိုးအစားက ဘယ်လို မျိုးတွေလဲ။
ဖြေ - စက်မှုလက်မှုမရှိဘူး။ လက်ဖက်ကုန်သည်တွေ များတယ်။ ပွဲစားတွေများတယ်။ ပြီးရင် စားသောက် ဆိုင်တွေရှိမယ်။ နယ်မြို့ဆိုတော့ ကြီးကြီးမားမား မရှိ ဘူး။ အားလုံးကတော့ နာတာပေါ့။ တော်တော်ကြီး ကိုနာတာ။
မေး - ကျောက်မဲ၊ နောင်ချို၊ သီပေါရဲ့ လက်ရှိအခြေ အနေက တော်တော်ဆိုးဆိုးရွားရွား ဖြစ်သွားတယ်ဆို နိုင်မလား။
ဖြေ - လားရှိုး၊ နောင်ချို၊ သီပေါက အဆိုးဆုံးပဲ။ ကျောက်မဲပဲ နည်းနည်းငြိမ်တယ်။
မေး - ဒေသခံတစ်ယောက်အနေနဲ့ TNLA ရဲ့ အရပ်ဘက်အုပ်ချုပ်မှုကို ဘယ်လိုမြင်ပါသလဲ။
ဖြေ - မအောင်မြင်ဘူးထင်တယ်။ ကျောက်မဲမှာတော့ TNLA မဟုတ်ဘူး။ အုပ်ချုပ်ရေးက PDF ရှိတယ်။ TNLA က မစွက်ဖက်ဘူး။ သူတို့အုပ်ချုပ်တာ မပြေဘူး။ ဥပမာ-ကျောင်းဖွင့်မယ်ဆို အပြောပဲရှိတာ တ ကယ်က မလုပ်နိုင်ဘူး။ ဆယ်လပိုင်းတစ်ရက်နေ့ ကျောင်းဖွင့်မယ်ပြောတာ အခုတောင် (၈)ရက်ရှိနေပြီ။ မဖွင့်နိုင်သေးဘူး။
မေး - ကတိသာပေးနိုင်တာ အကောင်အထည် မဖော်နိုင်ဘူးလို့ ဆိုလိုချင်တာလား။
ဖြေ - ဟုတ်တယ်။ လေပေါ်တိုက်ဆောက်နေတာ။ အဲဒီလိုပဲ မြင်တာပဲ။
မေး - ကိုယ့်မြို့ ကိုယ့်ဒေသကို ဘယ်လို ဖြစ်စေချင်လဲ။
ဖြေ - ကိုယ့်မြို့ကို အရင်အတိုင်း ပြန်ဖြစ်ချင်တယ်။ အရင်အတိုင်း ပြန်မြင်ချင်တယ်။ သူတို့ကတော့ လူမျိုးကြီးဝါဒလို့မြင်တယ်။ သူတို့က ကျောင်းပြန် ဖွင့်မယ်ဆိုရင် သူတို့ရဲ့တိုင်းရင်းသားဝတ်စုံကို ဝတ်ရ မယ်။ ပြီးရင် သူတို့စာသင်ရမယ်ပေါ့။ အစိုးရကျောင်း ထဲမှာ အစိုးရကျောင်းစာသင်တယ်ထားပါတော့ သူတို့ တစ်ဘာသာပါ ထည့်ပြီးသင်မှာ။
ကျေးဇူးပါ ခင်ဗျာ။
zawgyi version
လြမ္းေရးထက္ ဝမ္းေရးခက္သြားတဲ့ TNLA လက္ေအာက္က စီးပြားေရး လုပ္ငန္းရွင္မ်ား
သုတေက်ာ္ (NP News) - ေအာက္တိုဘာ ၁၅
ရွမ္းျပည္နယ္ ေက်ာက္မဲ၊ ေနာင္ခ်ိဳ၊ သီေပါၿမိဳ႕ တို႔တြင္ TNLA ကထိန္းခ်ဳပ္ထားရာ အဆိုပါ နယ္ ေျမမ်ားရွိ လူတန္းစားေပါင္းစုံ အခက္အခဲမ်ားႏွင့္ ႀကဳံေတြ႕ေနၾကရသည္။ အခ်ိဳ႕ကလည္း ေမြးရာ ဇာတိ ကို လုံးဝစြန႔္ခြာခဲ့ၾက၏။ အခ်ိဳ႕ကမူ စီးပြားေရး ျပန္လည္ေကာင္းႏိုးႏိုး ေစာင့္ဆိုင္းေနေသာ္လည္း မထူး ေသးေပ။ အဆိုပါအေျခအေနမ်ားႏွင့္ပတ္သက္၍ အမည္ႏွင့္ေနရပ္ကို လုံၿခဳံေရးအရ လွ်ိဳ႕ဝွက္ထား ေပးရန္ ေတာင္းဆိုခဲ့ေသာ ေက်ာက္မဲ၊ ေနာင္ခ်ိဳ၊ သီေပါေဒသမွ စီးပြားေရးလုပ္ငန္းရွင္မ်ားႏွင့္ NP News က ေတြ႕ဆုံေမးျမန္းထားသည္မ်ားကို ထုတ္ႏုတ္ေဖာ္ျပအပ္ပါသည္။
ေမး - ပထမဆုံးေမးခြန္းအေနနဲ႔ TNLA က အဲဒီ ေဒသဘက္ကို ထိန္းခ်ဳပ္ၿပီးတဲ့ေနာက္မွာ စီးပြားေရး အေျခအေနက ဘယ္လိုျဖစ္ေနသလဲဆိုတာကို စၿပီး ေမးခ်င္ပါတယ္။
ေျဖ - မေကာင္းဘူးေပါ့။ ဘာမွကို လုပ္ကိုင္စားေသာက္လို႔မေကာင္းဘူး။ ဘယ္လိုေျပာရမလဲ အခု လမ္း ပန္း ဆက္သြယ္ေရးကလည္း မေကာင္းဘူး။ ဘာလုပ္လုပ္ အခြန္မ်ားတယ္။ စီးပြားေရးပိုင္းကေလ။ ဘာမဆို အခြန္ေဆာင္ရတယ္။ အဲဒါက အဆင္မေျပဘူး။
ေမး - အခြန္ကေကာ ဘယ္လိုပုံစံ ေကာက္ေနပါသလဲဗ်။
ေျဖ - ဆိုင္အမ်ိဳးအစားေပၚမူတည္ၿပီးေတာ့ အခြန္ေကာက္တာပါ။ ေဈးမတူဘူး။ ကုန္မာဆိုင္ဆို ေဈး တစ္မ်ိဳး။ စားေသာက္ဆိုင္ဆို ေဈးတစ္မ်ိဳး။ လမ္းေဘး ကြမ္းယာဆိုင္ဆို ေဈးတစ္မ်ိဳး အဆင့္ဆင့္ ေကာက္တယ္။
ေမး - သူတို႔ေတာင္းတဲ့အခြန္ကိုမေပးရင္ ဘာေတြ လုပ္ပါသလဲ။
ေျဖ - အေရးယူတယ္။ ဘယ္လိုလဲဆိုရင္ တခ်ိဳ႕ကို အခ်ဳပ္ထဲဆြဲထည့္တာ။ ေနာင္ခ်ိဳ၊ ေက်ာက္မဲ သူတို႔ ထိန္းခ်ဳပ္တဲ့ေနရာေတြအကုန္လုံး အခြန္ကေတာ့ ေကာက္ေနတယ္။
ေမး - TNLA မေရာက္ခင္က စီးပြားေရးလုပ္ရတာက ဘယ္လိုအေျခအေန ဘယ္လိုရွိပါသလဲ။
ေျဖ - သူတို႔ မလာခင္က စီးပြားေရးအေျခအေနေကာင္းတယ္။ သူတို႔လာၿပီးေတာ့ စီးပြားေရးက တျခား နယ္ကို ေျပာင္းၾကတာမ်ားတယ္။ အဲဒီမွာ လုပ္လို႔အဆင္မေျပဘူး။ လမ္းပန္းဆက္သြယ္ေရးက မေကာင္း ေတာ့ ကုန္ၾကမ္းေတြကအစ သယ္ယူဖို႔အဆင္မေျပဘူး။ ဆန္၊ ဆီ၊ ေဆး၊ ဆားလည္း တင္ခြင့္မေပးဘူး။ အဲဒီေတာ့ ေမွာင္ခိုေဈးျဖစ္သြားတာေပါ့။ ဓာတ္ဆီ တစ္လီတာကို အရင္က တစ္ေသာင္းအထိ ေရာက္ သြားေသးတယ္။ အခုက ေျခာက္ေထာင္၊ ခုနစ္ေထာင္ေပးရတာ။ ေဆး ဆိုလည္း ကိုယ္လိုအပ္တဲ့ေဆး မရႏိုင္ဘူး။ ဘယ္ဟာ မဆို အဆင္မေျပေတာ့တာ။
ေမး - တရားဥပေဒစိုးမိုးမႈအေျခအေနကိုေကာ ဘယ္လိုျမင္ရပါသလဲ။
ေျဖ - တရားဥပေဒ စိုးမိုးမႈမရွိဘူး။ တကယ္မရွိဘူး။ တကယ္တမ္းက်ေတာ့ သူတို႔လုပ္ခ်င္တာ လုပ္တာ။ ထင္တိုင္းႀကဲတာ။ ထင္ရာစိုင္းတယ္။ သူတို႔ပါးစပ္ေပၚ၊ သူတို႔အာေဘာ္မွာပဲ ရွိတယ္။ ဥပမာ ဆိုပါေတာ့ တခ်ိဳ႕က သူတို႔လူမႈေရးကိစၥေတြလည္း တိုင္တယ္။ တိုင္ရင္ ဆိုင္ကယ္နဲ႔ဖမ္းေခၚသြားၿပီး ရဲစခန္းအေပါက္ ဝေရာက္ရင္ ကတုံးတုံးလိုက္တာ။ ၿပီးေတာ့မွ အထဲမွာ ေမးျမန္းတယ္။ အာမခံေပးရင္ ျပန္လႊတ္တယ္။
ေမး - ဘာေနေနတိုင္လို႔ရွိရင္ သူတို႔ဖမ္းေခၚခံရၿပီဆို ကတုံးတုံးခံရမယ္ဆိုတာေတာ့ ေသခ်ာတာေပါ့။
ေျဖ - ဟုတ္တယ္ (ရယ္လ်က္)။ မ်က္ျမင္လိုျဖစ္ေနတာ။ သိေနရတယ္ေလ။
ေမး - လက္ရွိ ခရီးသြားလာမႈကေကာ ေကာင္းရဲ႕လား။
ေျဖ - မႏၲေလး၊ ေက်ာက္မဲ၊ သီေပါ၊ ေနာင္ခ်ိဳက နာရီ ပိုင္းဆိုေရာက္တယ္။ ေန႔ခ်င္းျပန္သြားလို႔ရတယ္။ အခု ဆို မေရာက္ဘူးေလ။ ေက်ာက္မဲ-မႏၲေလးက တခ်ိဳ႕ ဆို လမ္းမွာ ေလး၊ ငါး၊ ေျခာက္ရက္ အိပ္ရတယ္။ ဘာလို႔ဆို လမ္းမႀကီးကမဖြင့္ဘူး။ ပတ္ကြင္းလမ္းက သြားရတာ။ မိုးတြင္းဆိုေတာ့ ဗြက္ထတယ္။ ကားႀကီး ေတြသြားလာေနေတာ့ ဗြက္ထတယ္။ ေန႔ခ်င္းေပါက္ ခ်င္ရင္ ကားနဲ႔ တစ္ဆင့္ခ်င္းသြားရတယ္။ ကိုယ့္ကားနဲ႔ ကိုယ္သြားမယ္ဆိုရင္ေတာ့ လမ္းတိုးဖို႔၊ အေရွ႕ေရာက္ ဖို႔ဆိုတာ မလြယ္ဘူး။
ေမး - သူတို႔ဝင္ၿပီးတဲ့အခ်ိန္မွာ စီးပြားေရးလုပ္ငန္းရွင္ တစ္ေယာက္အေနနဲ႔ ဘယ္လိုအခက္အခဲ စႀကဳံရလဲ။
ေျဖ - ျဖစ္ၿပီဆိုမွေတာ့ မၿငိမ္ေတာ့ ဘာမွလုပ္လို႔မရ ဘူး။ လုပ္ငန္းရွင္ႀကီးေတြက လုပ္ငန္းနားပစ္လိုက္ရ တယ္။ ကိုယ္လြတ္ေျပးရတာေလ။ ေနာက္ပိုင္းမွ တခ်ိဳ႕က ကိုယ့္ပစၥည္းကိုယ္ ျပန္သြားသယ္တာ။ တ ခ်ိဳ႕ကမသယ္ဘူး ပစ္ထားလိုက္ရတာ။ နာလန္မထူ ေတာ့တာေပါ့။ လုပ္ငန္းႀကီးေလ ဆိုး႐ြားေလပဲ။
ေမး - TNLA အဝင္ တိုက္ပြဲျဖစ္ၿပီးတဲ့ေနာက္ စီးပြား ပ်က္သြားတဲ့သူေတြ ရွိလား။
ေျဖ - ရွိတာေပါ့။ တခ်ိဳ႕ဆို ဘာမွျပန္မလုပ္ႏိုင္ဘူးေလ။ ေၾကာက္စိတ္နဲ႔ ျပန္မေနၾကေတာ့ဘူး။
ေမး - စြန႔္ခြာလာတဲ့လုပ္ငန္းရွင္ေတြေပါ့။ သူတို႔ေကာ ဘယ္လိုလုပ္ငန္းေတြ စေနၾကပါသလဲ။
ေျဖ - တခ်ိဳ႕ကေတာ့ ပစၥည္းေတြျပန္သယ္ဖို႔ မလြယ္ ေပမယ့္ အရင္းအႏွီးရွိတယ္ေလ။ ခ်မ္းသာတာကိုး။ လုပ္ငန္းႀကီးေတာ့ အဆက္အသြယ္ရွိတယ္။ တစ္ဆင့္ ျပန္ေခ်းၿပီး တစ္ၿမိဳ႕တစ္နယ္မွာ ျပန္ထူေထာင္ တာ ရွိတယ္။ ကိုယ့္ၿမိဳ႕၊ ကိုယ့္ေဒသမွာေတာ့ ျပန္မထူေထာင္ေတာ့ဘူး။ ျပန္မလုပ္ေတာ့ဘူး။
ေမး - ကိုယ့္နယ္ကိုယ္ျပန္ၿပီး စီးပြားေရးျပန္လုပ္မွာ လား။
ေျဖ - ဟင့္အင္း မလုပ္ဘူး။ ေၾကာက္တာေပါ့။ ဗုံႀကဲခံ ရမွာလည္း ေၾကာက္တယ္။ အခုက ေနာင္ခ်ိဳ၊ သီေပါ ဒီၿမိဳ႕နယ္ေတြမွာ ဗုံးႀကဲခံေနရတာ။ ေက်ာက္မဲတစ္ၿမိဳ႕ပဲ အႀကဲမခံရတာ။ ဒါေပမဲ့လည္း စိုးတထိတ္ထိတ္နဲ႔ပဲ ေလ။ ေက်ာင္းမဖြင့္၊ ႐ုံးမဖြင့္ဘူး။ ျပန္ေနလည္း အဆင္မေျပဘူး။ တစ္ခုခုျဖစ္ခဲ့ရင္ ဘယ္သူ႔ကိုသြားတိုင္ မွာလဲ။ ဘယ္သူက အေရးယူေပးမွာလဲ။ လမ္းပန္း ဆက္သြယ္ေရးကလည္း မေကာင္း၊ ဖုန္းလိုင္းလည္း မရေတာ့ ျပန္ေနလည္းအဆင္မေျပဘူး။ မီးလည္း မရဘူး။ (၃)လပိုင္း (၂၅)ရက္တည္းက မီးက လုံးဝမ ရဘူး။ မီးစက္ေမာင္းသုံးဖို႔ကလည္း ဓာတ္ဆီက ေဈး အရမ္းႀကီးတယ္။ ဖေယာင္းတိုင္ေတြကလည္း ေဈးအ ရမ္းႀကီးတယ္။ ငါးရာတန္အထုပ္ဆိုရင္လည္း ေထာင့္ ငါးရာေလာက္ ျဖစ္ခ်င္ျဖစ္တာေလ။ ဘာမဆို အလုပ္ မျဖစ္တာထက္ ကုန္ေဈးႏႈန္းေတြကလည္း ေဈးႀကီး ေပးေနရေတာ့ ဘယ္လိုအဆင္ေျပမွာလဲ။
ေမး - စီးပြားေရးသမားေတြဟာ သာမန္လူေတြထက္ Óဏ္ပိုေကာင္းတယ္လို႔ေျပာၾကတယ္။ ဆိုေတာ့ စီး ပြားေရးအရ တြက္ကိန္းေပါ့ေနာ္။ ကိုယ့္အရပ္ေဒသ မွာ ေနာင္စီးပြားေရးလုပ္ဖို႔ေကာ TNLA ကို ယုံၾကည္ လား။
ေျဖ - မယုံဘူး။ လုံးဝ အယုံအၾကည္မရွိဘူး။ သူတို႔ လက္ေအာက္မွာလည္း မေနဘူး။ တကယ္လို႔ သူတို႔ အဲဒီေဒသဘက္ေတြမွာ ရသြားတယ္၊ အုပ္ခ်ဳပ္ရၿပီ ဆိုတာ မတည္ၿမဲႏိုင္ဘူးေလ။ ျပန္လည္းမေနဘူး။ သူ တို႔ဖြင့္မယ္ဆိုတဲ့ေက်ာင္းမွာလည္း သားသမီးေတြကို မထားဘူး။ ေျပာင္းမွာ။ သူတို႔ရွိေနသေ႐ြ႕ျပန္ဖို႔လည္း စိတ္မကူးဘူး။ ေနလည္းမေနႏိုင္ဘူး။
ေမး - TNLA ဝင္ၿပီးတဲ့ေနာက္ စိုက္ပ်ိဳးေရးလုပ္ငန္းေတြကေကာ ဘယ္လို ထိခိုက္သြားလဲ။
ေျဖ - ဝ႐ုန္းသုဥ္းကားျဖစ္ၿပီဆိုမွ လူတိုင္းက ကိုယ့္ အသက္ထက္ အေရးမႀကီးဘူး။ ကိုယ္လြတ္ေျပး ရတာ။ ပစ္ထားခဲ့ရတာပဲ။ အခု နည္းနည္းၿငိမ္သြားေတာ့ တခ်ိဳ႕က ျပန္တယ္။ ျပန္သြားလည္း ေနဖို႔ မဟုတ္ဘူး။ ပစၥည္းယူ၊ လုပ္စရာရွိတာလုပ္ၿပီး ျပန္သြားၾကတာပါပဲ။ စိုက္ပ်ိဳးေရးလုပ္မယ္ဆိုရင္ စိုက္ပ်ိဳး ေရးသုံးပစၥည္းေတြ လိုမွာေလ။ ေျမဩဇာေတြက အစေပါ့။ အဲဒါေတြက ေမွာင္ခိုေဈးေတြျဖစ္ကုန္ၿပီ။ ဘယ္လိုသြားသယ္မလဲ။ စိုက္ပ်ိဳးၿပီးတဲ့ ရာသီေပၚအသီးေပါ့။ ငါးက်ပ္နဲ႔ ရင္းတယ္ဆို ရာသီေပၚလို႔ျပန္သြား ေရာင္းၿပီဆို ငါး က်ပ္နဲ႔မရရင္ ကိုယ္ရႈံးတာေပါ့။ လမ္းပန္းဆက္သြယ္ေရးမွ အဆင္မေျပတာ။
ေမး - သူတို႔က ျပန္ၿပီးေနတဲ့သူေတြရွိတယ္ဆိုတယ္။ ဘယ္သူေတြလဲ။
ေျဖ - အနည္းစုပါ။ သူတို႔ကိုႀကိဳက္တဲ့သူေတြေပါ့။ ဝါဒျဖန႔္တာေလ။ ကိုယ္တိုင္လည္း ျမင္ေနၾကားေနရ တာပဲ။ မ်က္စိနဲ႔မျမင္ရင္ေတာင္ အဆက္အသြယ္ ေတြက ရွိတယ္ေလ။ ကိုယ့္လူရင္းေတြလည္း က်န္ခဲ့ တယ္။ ဥပမာ-ေက်ာက္မဲကေဈးဆိုလည္း မနက္ ခဏေလးပဲ စည္တာ။ ၿပီးရင္ တစ္ေနကုန္ ေျခာက္ကပ္ ေနတာ။ တစ္လမ္းလုံး သရဲေတာင္ေျခာက္မယ္။ ေခြး တစ္ေကာင္ေတာင္မရွိဘူး။ ေဈးႀကီးဖြင့္တယ္ ဝါဒျဖန႔္ တယ္။ အေရာင္းအဝယ္မရွိဘူးေလ။ အဖြင့္ပဲျပတာ။ အသိမ္းခံရမွာစိုးလို႔သာသြားဖြင့္ၾကတာ။ ေန႔လည္ (၁)နာရီဆို ျပန္သိမ္းၿပီေလ ဘာထူးမွာလဲ။ ေဈးထဲဝင္တဲ့ လူမရွိဘူး။
ေမး - TNLA နဲ႔ ေဒသခံေတြေကာ ေပါင္းသင္းဆက္ဆံေရး အေစးကပ္လား။
ေျဖ - ဟင့္အင္း အေစးမကပ္ဘူး။ သူတို႔က ရမ္းကားတယ္ေလ။ အျမင္ကေတာ့ သူတို႔စစ္သားေတြ က ကေလးသာသာပဲ ရွိတယ္ေလ။
ေမး - လူငယ္ေတြ၊ ဆယ္ေက်ာ္သက္ေတြကို ရည္႐ြယ္တာလား။
ေျဖ - ကေလးသာသာပဲ ရွိတာ။ ေသနတ္ေတြတကားကားနဲ႔စလြယ္သိုင္းၿပီး ၿမိဳ႕ပတ္ေနတာ။ ဘယ္သူ ကေလးစားမွာလဲ။ ေက်ာက္မဲရဲစခန္းမွာတဲ့ အရင္တုန္းက ေျဗာက္အိုးေတြ ဖမ္းထားတာရွိတယ္။ သိမ္း ထားတာေတြေပါ့။ အဲဒီ ေျဗာက္အိုးေတြကိုေဖာက္ၿပီး ေဆာ့တယ္။ ကေလးေတြေလ အဲဒါကေလးေတြပဲ လုပ္တာ။ အဲဒါက် သူတို႔ကို ဘယ္လိုေလးစားမွာလဲ။ ဘယ္လိုအားကိုးမွာလဲ။ အားကိုးလို႔မရဘူး။ ဘယ္လို အသိဉာဏ္နဲ႔ ကိုယ့္ကိုယ္ကိုယ္အမွားအမွန္ ေဝဖန္ ဆုံးျဖတ္မွာလဲ။ ဒါေၾကာင့္ အစိုးမရဘူးေလ။
ေမး - ေဒသက ေျပာင္းလာတဲ့ စီးပြားေရးလုပ္ငန္းရွင္ေတြက ဘယ္ေဒသေတြမွာေျပာင္းၿပီး အေျခခ်ၾက ပါသလဲ။
ေျဖ - သူ႔အခ်ိတ္အဆက္နဲ႔သူေပါ့။ တခ်ိဳ႕က ေတာင္ႀကီးမွာရွိတယ္။ ေတာင္ႀကီး၊ ပင္းတယ၊ ရန္ကုန္၊ မႏၲေလးေပါ့။
ေမး - အားလုံးက ဘဝသစ္ကို ျပန္စရသလို ျဖစ္သြားတာလား။
ေျဖ - ဟုတ္တယ္ ဘဝသစ္ေပါ့။ တခ်ိဳ႕ဆိုရင္ ဘာမွ ျပန္ယူလို႔မရဘူး။ အသိတစ္ေယာက္ဆို သူ႔အမ်ိဳး သားက ရဲ။ သူ႔ပစၥည္းဆို အကုန္အသိမ္းခံရတယ္။ ေက်ာက္မဲက အိမ္ကိုလည္း ခ်ိပ္ပိတ္ခံရတယ္။ အိမ္ ထဲကပစၥည္းေတြကို အကုန္ကားနဲ႔ သယ္ထုတ္တာ။ ေက်ာက္မဲတင္မဟုတ္ဘူး ေနာင္ခ်ိဳမွာလည္း ဆိုင္ရွိ တယ္။ အဲဒီအထိ လိုက္သိမ္းတာ။
ေမး - အရင္ကေကာ ကိုယ့္ေမြးရပ္ဇာတိကို စြန႔္ခြာရမယ္လို႔ ေတြးခဲ့ဖူးလား။
ေျဖ - အစက ႐ြာေတြမွာ ေျပးေရွာင္ရတာ။ ရန္ကုန္ကိုေတာ့ ခ်က္ခ်င္းမလာခဲ့ေသးဘူး။ တစ္ပတ္ေလာက္ ေနေသးတယ္။ ဖုန္းလိုင္းလည္း အဆင္မေျပဘူး။ ဆီေတြလည္း သြားတန္းရတာ အေဝးႀကီးပဲ။ အဆင္မ ေျပဘူး။ ၾကာလာေတာ့ ကေလးလည္း ေက်ာင္းမတက္ရဘူး။ ႐ြာမွာေနလည္း ၿမိဳ႕ကလူေတြေျပးလာ ေတာ့ ေရက မလုံေလာက္ဘူး။ ေရသန႔္စက္႐ုံေတြလည္း ပိတ္တာ။ ဒါနဲ႔ ကိုယ့္ကေလးကိုေခၚၿပီး ရန္ကုန္ ကို ေျပးလာရတာ။
ေမး - စီးပြားေရးကေကာ ဘယ္ေလာက္ ထိခိုက္သြားပါသလဲ။
ေျဖ - အမ်ားႀကီး ထိခိုက္သြားတာေပါ့။ သူလိုကိုယ္ လိုပဲ ကိုယ္လြတ္ရာေျပးေနခ်ိန္မွာ ကိုယ္ရစရာရွိတာ ေတြလည္းမရဘူး။ အဆက္အသြယ္ေတြလည္း မရ ၾကဘူး။ ဘယ္ေတြေရာက္လို႔ ဘယ္ေတြေပ်ာက္မွန္း လည္း မသိဘူး။ ဘယ္သူက ဘယ္နားေျပးမွန္းလည္း မသိဘူး။ ဘာမွ ျပန္လုပ္လို႔မရဘူး။ အမ်ားႀကီး ဆုံးရႈံးတာေပါ့။
ေမး - စီးပြားေရးကရပ္သြားၿပီး ကိုယ့္ရွိတဲ့ေငြနဲ႔ ေမွ်ာ လိုက္ေနရတာလား။
ေျဖ - ဟုတ္တယ္။ ဒီျပန္ေရာက္ေတာ့လည္း ကိုယ့္ေနရပ္၊ ကိုယ့္ေဒသမဟုတ္ဘဲ ကိုယ္မကြၽမ္းက်င္ရာ ဆိုေတာ့ ဘာမွလုပ္မရဘူး။ စြန႔္စြန႔္စားစားလည္း မလုပ္စားရဲဘူး။ ဒီအတိုင္းမွိန္းေနရတာ။ ရန္ကုန္က သိတဲ့အတိုင္း တိုက္ခန္းနဲ႔ေနရတာဆိုေတာ့ ေထာင္က်သလိုပဲ။ ကိုယ့္ေဒသဆိုရင္ ဟင္းလင္းျပင္။ ဘယ္ သြားသြား ဝွီးခနဲပဲ။ ဒီမွာေတာ့ သြားဖို႔က မလြယ္ဘူး ေလ။ ေနတာက တိုက္ခန္းအလႊာလည္းျမင့္ေတာ့ တက္လိုက္၊ ဆင္းလိုက္ အဆင္မေျပဘူး။
ေမး - မိတ္ေဆြထဲမွာ စစ္ပြဲေၾကာင့္ လုံးဝကိုမွ အထိ နာသြားရတဲ့သူ ရွိလားခင္ဗ်။
ေျဖ - ရွိတာေပါ့။ တခ်ိဳ႕က် မထင္ဘူး။ ျဖစ္ေတာ့ ကိုယ္လြတ္႐ုန္းၿပီး လက္ထဲဘာမွမပါလာဘူး။ စုမိ ေဆာင္းမိတာ တစ္ခုမွမရွိဘူး။ လမ္းစရိတ္ေတာင္ သိန္းနဲ႔ခ်ီတယ္ေလ။ အရင္တုန္းက ကားခက ႏွစ္ ေသာင္းခြဲပဲေပးရတာ။ အခုက သိန္းနဲ႔ခ်ီတယ္ေလ။ တစ္ေယာက္တည္းမဟုတ္ဘူး။ မိသားစုလိုက္ဆို သိန္းဆယ္ခ်ီတယ္။ ဒုကၡဆိုတာက မ်ိဳးစုံပဲ။ စားေရး ေသာက္ေရးကအဆင္မေျပဘူး။ မိသားစုလိုက္ဆို ေတာ့ မိသားစုလိုက္ သူမ်ားအိမ္တစ္ပတ္ထက္ ပိုမေန သင့္ဘူးေလ သေဘာေျပာျပတာ။ ကိုယ့္ဘာသာကိုယ္ အိမ္ငွားဖို႔ေနေနသာသာ စားဖို႔ေတာင္ အဆင္မေျပ ဘူး။ ဒုကၡဆိုတာက အမ်ားႀကီး ရွိတာေပါ့။
ေမး - ပိုက္ဆံရွိတဲ့ဘဝကေန စားဖို႔၊ေသာက္ဖို႔ ခက္ တဲ့ဘဝ ေရာက္သြားတာလား။
ေျဖ - ဒါေပါ့။ ျဖစ္တာေပါ့။
ေမး - တိုက္ပြဲအၿပီးမွာ အဲ့ဒီ ေဒသဘက္က ထိခိုက္သြားတဲ့ လုပ္ငန္းရွင္အမ်ိဳးအစားက ဘယ္လို မ်ိဳးေတြလဲ။
ေျဖ - စက္မႈလက္မႈမရွိဘူး။ လက္ဖက္ကုန္သည္ေတြ မ်ားတယ္။ ပြဲစားေတြမ်ားတယ္။ ၿပီးရင္ စားေသာက္ ဆိုင္ေတြရွိမယ္။ နယ္ၿမိဳ႕ဆိုေတာ့ ႀကီးႀကီးမားမား မရွိ ဘူး။ အားလုံးကေတာ့ နာတာေပါ့။ ေတာ္ေတာ္ႀကီး ကိုနာတာ။
ေမး - ေက်ာက္မဲ၊ ေနာင္ခ်ိဳ၊ သီေပါရဲ႕ လက္ရွိအေျခ အေနက ေတာ္ေတာ္ဆိုးဆိုး႐ြား႐ြား ျဖစ္သြားတယ္ဆို ႏိုင္မလား။
ေျဖ - လားရႈိး၊ ေနာင္ခ်ိဳ၊ သီေပါက အဆိုးဆုံးပဲ။ ေက်ာက္မဲပဲ နည္းနည္းၿငိမ္တယ္။
ေမး - ေဒသခံတစ္ေယာက္အေနနဲ႔ TNLA ရဲ႕ အရပ္ဘက္အုပ္ခ်ဳပ္မႈကို ဘယ္လိုျမင္ပါသလဲ။
ေျဖ - မေအာင္ျမင္ဘူးထင္တယ္။ ေက်ာက္မဲမွာေတာ့ TNLA မဟုတ္ဘူး။ အုပ္ခ်ဳပ္ေရးက PDF ရွိတယ္။ TNLA က မစြက္ဖက္ဘူး။ သူတို႔အုပ္ခ်ဳပ္တာ မေျပဘူး။ ဥပမာ-ေက်ာင္းဖြင့္မယ္ဆို အေျပာပဲရွိတာ တ ကယ္က မလုပ္ႏိုင္ဘူး။ ဆယ္လပိုင္းတစ္ရက္ေန႔ ေက်ာင္းဖြင့္မယ္ေျပာတာ အခုေတာင္ (၈)ရက္ရွိေနၿပီ။ မဖြင့္ႏိုင္ေသးဘူး။
ေမး - ကတိသာေပးႏိုင္တာ အေကာင္အထည္ မေဖာ္ႏိုင္ဘူးလို႔ ဆိုလိုခ်င္တာလား။
ေျဖ - ဟုတ္တယ္။ ေလေပၚတိုက္ေဆာက္ေနတာ။ အဲဒီလိုပဲ ျမင္တာပဲ။
ေမး - ကိုယ့္ၿမိဳ႕ ကိုယ့္ေဒသကို ဘယ္လို ျဖစ္ေစခ်င္လဲ။
ေျဖ - ကိုယ့္ၿမိဳ႕ကို အရင္အတိုင္း ျပန္ျဖစ္ခ်င္တယ္။ အရင္အတိုင္း ျပန္ျမင္ခ်င္တယ္။ သူတို႔ကေတာ့ လူမ်ိဳးႀကီးဝါဒလို႔ျမင္တယ္။ သူတို႔က ေက်ာင္းျပန္ ဖြင့္မယ္ဆိုရင္ သူတို႔ရဲ႕တိုင္းရင္းသားဝတ္စုံကို ဝတ္ရ မယ္။ ၿပီးရင္ သူတို႔စာသင္ရမယ္ေပါ့။ အစိုးရေက်ာင္း ထဲမွာ အစိုးရေက်ာင္းစာသင္တယ္ထားပါေတာ့ သူတို႔ တစ္ဘာသာပါ ထည့္ၿပီးသင္မွာ။
ေက်းဇူးပါ ခင္ဗ်ာ။