ရန်ကုန်-ဒလတံတားစီမံကိန်း သတ်မှတ်ကာလအတွင်း မပြီးစီးရခြင်းမှာ တောင်ကိုရီးယားနှင့် တရုတ်ကုမ္ပဏီတို့ကြောင့် ဖြစ်နေ

 1875

အေဝိုင်အီး (NP News) - အောက်တိုဘာ ၁၆

ရန်ကုန်-ဒလတံတားစီမံကိန်းကို သတ်မှတ် ကာလအတွင်း အမြန်ဆုံးပြီးစီးစေရန် နစကဥက္ကဋ္ဌ က မှာကြားခဲ့သော်လည်း တောင်ကိုရီးယားနှင့်တရုတ် ကုမ္ပဏီတို့၏ စာချုပ်ပါဆုံးဖြတ်ချက်များအပေါ်တွင် မူတည်နေသဖြင့် မှန်းဆရခက်ခဲနေကြောင်း စီမံကိန်း နှင့်ဆက်စပ်သည့်သတင်းရင်းမြစ်များထံမှ သိရသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရန်ကုန်-ဒလတံတားစီမံကိန်းကို အောက်တိုဘာ (၈) ရက်တွင် လာရောက်ကြည့်ရှုခဲ့ပြီးနောက် ချဉ်းကပ်လမ်းနှစ်ဖက်လုံးနှင့် စီမံကိန်းတစ်ခုလုံး၏ (၈ဝ) ရာခိုင်နှုန်းထက်မနည်း ပြီးစီးနေသောကြောင့် နှစ်မကုန်မီ စီမံကိန်းအမြန်ဆုံးပြီးစီးရေးအတွက် တိုက်တွန်းအား ပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် စီမံကိန်း သတ် မှတ်ကာလအတွင်း ပြီးမြောက်နိုင်ရေးနှင့် ပတ်သက် ၍ အတားအဆီးဖြစ်နေသော ကိစ္စရပ်များကိုလည်း နားထောင်/နားလည်သွားခဲ့သည်ဟု သိရသည်။

“ တောင်ကိုရီးယားနဲ့ တရုတ်ကုမ္ပဏီတို့ စာချုပ် ဖျက်သိမ်းမှပဲ သတ်မှတ်ချိန်အတိုင်း ပြီးလိမ့်မယ်။ ဒါကို ဗိုလ်ချုပ်မှူးကြီး နားလည်သွားတယ်။ ဒါပေမဲ့ နိုင်ငံတကာ ဥပဒေတွေရှိနေတော့ စာချုပ်ဖျက်သိမ်း ရေးမှာ ချိန်ဆရတာတွေ ရှိမှာပေါ့။ သူ(ဗိုလ်ချုပ်မှူး ကြီး) ကတော့ မြန်မြန်ပြီးချင်တာပေါ့။ ဘုန်းကြီးလမ်း ဘက်တို့ ဘာတို့ အကုန်ပြီးနေလို့တောင် အကာ အရံတွေကိုတောင် ဖယ်ပေးထားပြီးပြီလေ။ တော်တော် များများတော့ ပြီးနေပါပြီ ” ဟု စီမံကိန်းနှင့်နီးစပ်သော သတင်းရင်းမြစ်တစ်ဦးက NP News ကို အောက်တိုဘာ(၉)ရက်တွင် ပြောသည်။

စီမံကိန်းအချိန်ကြန့်ကြာနေရခြင်းမှာ တောင် ကိုရီးယားအစိုးရနှင့် တရုတ်ကုမ္ပဏီတို့၏ သဘောတူ စာချုပ်နှင့် တိုက်ရိုက်သက်ဆိုင်နေပြီး မြန်မာကုမ္ပဏီများက ကြားဝင်ကူညီ၍မရသော အစိတ်အပိုင်းများ ရှိနေသည်ဟု ကြားသိရသည်။ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် (၂၀၁၂) ခုနှစ်က တောင်ကိုရီး ယားနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း မြန်မာ-ကိုရီး ယား ချစ်ကြည်ရေး တံတားစီမံကိန်းတစ်ခု အကောင် အထည်ဖော် ဆောင်ရွက်ရန်ဆွေးနွေးခဲ့ပြီးနောက် (၂၀၁၃ )ခုနှစ်တွင် စီမံကိန်းကို စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းနောက် ဦး သိန်းစိန်အစိုးရ၏နောက်ဆုံးသက်တမ်း (၂၀၁၅)ခုနှစ်တွင် တည်ဆောက်ရေးလုပ်ငန်းများကို စတင် ဆောင်ရွက်ခဲ့ပြီး NLD အစိုးရလက်ထက်ကုန်ဆုံး သွားသည့်တိုင် ပြီးဆုံးခြင်းမရှိသေးကြောင်းလည်း စီမံကိန်းဆိုင်ရာအချက်အလက်များအရ သိရသည်။

“ တောင်ကိုရီးယားအစိုးရက တင်ဒါခေါ်တယ်။ တံတားအလယ်ပိုင်း သံပေါင် တပ်ဆင်ရေးအတွက် တင်ဒါအောင်တာက တရုတ်ကုမ္ပဏီ။ တရုတ် ကုမ္ပဏီ ဘက်က သံပေါင်ကို ဘာကြောင့်မှန်းမသိဘဲ အခုထိ မပို့သေးဘူး။ တံတားက ကျန်နေတာ အလယ် သံ ပေါင်ပဲ ရှိတော့တာ။ ကျန်တာအကုန်ပြီးနေပြီ။ ဗိုလ်ချုပ်မှူးကြီးပြောသလို သတ်မှတ်အချိန်အတိုင်း ပြီး စီးဖို့ဆိုရင် တရုတ်ကုမ္ပဏီနဲ့ တောင်ကိုရီးယားအစိုးရ ကို စာချုပ်ပါစည်းကမ်းအတိုင်း လုပ်ပေးဖို့ ပြောရုံပဲ။ လုပ်မှာလား၊ ဘယ်နေ့အပြီးလုပ်မလဲ၊ ဘယ်တော့ပို့ မလဲ စသဖြင့် တိတိကျကျလုပ်ခိုင်းရင် တစ်ဖက်က လည်း စာချုပ်ဖျက်ဖို့အထိ ဖြစ်လာရင် မြန်သွားနိုင် တယ်။ နိုင်ငံတကာမှာ ကြေညာလိုက်ရင်ရပြီ။ ခက် တာက နိုင်ငံတကာတင်ဒါ စည်းကမ်းတွေအရ လွယ် လွယ်တော့လုပ်လို့မရဘူး ” ဟု သတင်းရင်းမြစ်က ပြောသည်။ ဗိုလ်ချုပ်မှူးကြီး၏ ဆန္ဒမှာ (၂၀၂၅) ခုနှစ် အစောပိုင်း၌ ပြီးစီးစေလိုသဖြင့် ပြည်တွင်းရှိ လုပ်နိုင် စွမ်းရှိသော လုပ်ငန်းစုထံ တာဝန်ပေးလိုခြင်းဖြစ်သည်။ သို့သော်လည်း မြန်မာလုပ်ငန်းစုဘက်က လုပ်နိုင်စွမ်း ရှိနေသည့်တိုင် စာချုပ်စာတမ်းဥပဒေများကို လေးစား လိုက်နာ၍ စောင့်ဆိုင်းနေရခြင်းမျိုးဖြစ်ကြောင်း ဆို သည်။ ရန်ကုန်-ဒလ တံတားအမျိုးအစားသည် ကြိုးဆိုင်းတံတား (Cable – Stayed Bridge) အမျိုးအစားဖြစ်ပြီး တည်ဆောက်ပြီးစီးပါက ရန်ကုန်မြို့မှ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း မြို့နယ်များ၊ ဒေးဒရဲတံတားမှတစ်ဆင့် ကမ်းခြေ ဒေသများနှင့် ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံးသို့ လွယ်ကူလျင်မြန်စွာ သွားလာနိုင် မည်ဖြစ်ပြီး ရန်ကုန်အတွက်လည်း အထင်ကရတံတား တစ်ခုဖြစ်လာမည် ဖြစ်သည်။

“အရင်လို ကရိန်းအကြီးကြီးတွေဘာတွေနဲ့ လုပ်ရတာမျိုး မဟုတ်တော့ဘူးလေ။ နည်းပညာက တိုးတက်လာပြီ။ အခုက ခင်ဗျားတို့မြင်တဲ့အတိုင်း အလယ်မှာ တိုင်တွေဘာတွေ စိုက်ပြီး ဟိုဘက်ဒီဘက် Balance ချိန်ပေးရတာပါပဲ။ သန်လျင်တံတားသစ် ကို နမူနာကြည့်ရင် သဘော ပေါက်ပါတယ်။ မြန်မာဘက်မှာ ပညာရှင်တွေရှိလာပြီ။ ကျွမ်းလည်းကျွမ်းကျင် နေကြပြီ ”ဟု သတင်းရင်းမြစ်က ပြောသည်။

ဗိုလ်ချုပ်မှူးကြီး လာရောက်ကြည့်ရှုစဉ်အတွင်း ၌လည်း တံတားတည်ဆောက်မှုလုပ်ငန်းများကို သတ် မှတ်ကာလအတွင်း အပိုင်းအလိုက် ပြီးစီးစေရေး နှင့် တံတားကြံ့ခိုင်မှုကောင်းမွန်စေရေး စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ မော်တော်ယာဉ်များ အန္တရာယ်ကင်းရှင်းစွာဖြင့်သွားလာနိုင်ရေး ဆောင် ရွက်သွားရန်လိုကြောင်း၊ တံတားတွဲဆက်ခြင်းလုပ် ငန်းများ စနစ်တကျဖြစ်ရန်လိုကြောင်း၊ သင်္ဘောများ ၏ ရေလမ်းကင်းလွတ်မှုကိုလည်း စနစ်တကျ ဆောင် ရွက်သွားရန်နှင့် ရေလယ်တာဝါတိုင်များ အန္တရာယ် ကင်းရှင်းရေးအတွက်လည်း ကြိုတင်စဉ်းစား ဆောင် ရွက်သွားရန်လိုကြောင်း ထည့်သွင်းပြောကြားထားသည်။

zawgyi version
ရန္ကုန္-ဒလတံတားစီမံကိန္း သတ္မွတ္ကာလအတြင္း မၿပီးစီးရျခင္းမွာ ေတာင္ကိုရီးယားႏွင့္ တ႐ုတ္ကုမၸဏီတို႔ေၾကာင့္ ျဖစ္ေန
ေအဝိုင္အီး (NP News) - ေအာက္တိုဘာ ၁၆

ရန္ကုန္-ဒလတံတားစီမံကိန္းကို သတ္မွတ္ ကာလအတြင္း အျမန္ဆုံးၿပီးစီးေစရန္ နစကဥကၠ႒ က မွာၾကားခဲ့ေသာ္လည္း ေတာင္ကိုရီးယားႏွင့္တ႐ုတ္ ကုမၸဏီတို႔၏ စာခ်ဳပ္ပါဆုံးျဖတ္ခ်က္မ်ားအေပၚတြင္ မူတည္ေနသျဖင့္ မွန္းဆရခက္ခဲေနေၾကာင္း စီမံကိန္း ႏွင့္ဆက္စပ္သည့္သတင္းရင္းျမစ္မ်ားထံမွ သိရသည္။

နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ရန္ကုန္-ဒလတံတားစီမံကိန္းကို ေအာက္တိုဘာ (၈) ရက္တြင္ လာေရာက္ၾကည့္ရႈခဲ့ၿပီးေနာက္ ခ်ဥ္းကပ္လမ္းႏွစ္ဖက္လုံးႏွင့္ စီမံကိန္းတစ္ခုလုံး၏ (၈ဝ) ရာခိုင္ႏႈန္းထက္မနည္း ၿပီးစီးေနေသာေၾကာင့္ ႏွစ္မကုန္မီ စီမံကိန္းအျမန္ဆုံးၿပီးစီးေရးအတြက္ တိုက္တြန္းအား ေပးခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ စီမံကိန္း သတ္ မွတ္ကာလအတြင္း ၿပီးေျမာက္ႏိုင္ေရးႏွင့္ ပတ္သက္ ၍ အတားအဆီးျဖစ္ေနေသာ ကိစၥရပ္မ်ားကိုလည္း နားေထာင္/နားလည္သြားခဲ့သည္ဟု သိရသည္။

“ ေတာင္ကိုရီးယားနဲ႔ တ႐ုတ္ကုမၸဏီတို႔ စာခ်ဳပ္ ဖ်က္သိမ္းမွပဲ သတ္မွတ္ခ်ိန္အတိုင္း ၿပီးလိမ့္မယ္။ ဒါကို ဗိုလ္ခ်ဳပ္မႉးႀကီး နားလည္သြားတယ္။ ဒါေပမဲ့ ႏိုင္ငံတကာ ဥပေဒေတြရွိေနေတာ့ စာခ်ဳပ္ဖ်က္သိမ္း ေရးမွာ ခ်ိန္ဆရတာေတြ ရွိမွာေပါ့။ သူ(ဗိုလ္ခ်ဳပ္မႉး ႀကီး) ကေတာ့ ျမန္ျမန္ၿပီးခ်င္တာေပါ့။ ဘုန္းႀကီးလမ္း ဘက္တို႔ ဘာတို႔ အကုန္ၿပီးေနလို႔ေတာင္ အကာ အရံေတြကိုေတာင္ ဖယ္ေပးထားၿပီးၿပီေလ။ ေတာ္ေတာ္ မ်ားမ်ားေတာ့ ၿပီးေနပါၿပီ ” ဟု စီမံကိန္းႏွင့္နီးစပ္ေသာ သတင္းရင္းျမစ္တစ္ဦးက NP News ကို ေအာက္တိုဘာ(၉)ရက္တြင္ ေျပာသည္။

စီမံကိန္းအခ်ိန္ၾကန႔္ၾကာေနရျခင္းမွာ ေတာင္ ကိုရီးယားအစိုးရႏွင့္ တ႐ုတ္ကုမၸဏီတို႔၏ သေဘာတူ စာခ်ဳပ္ႏွင့္ တိုက္႐ိုက္သက္ဆိုင္ေနၿပီး ျမန္မာကုမၸဏီမ်ားက ၾကားဝင္ကူညီ၍မရေသာ အစိတ္အပိုင္းမ်ား ရွိေနသည္ဟု ၾကားသိရသည္။ သမၼတ ဦးသိန္းစိန္ အစိုးရလက္ထက္ (၂၀၁၂) ခုႏွစ္က ေတာင္ကိုရီး ယားႏိုင္ငံ ခ်စ္ၾကည္ေရးခရီးစဥ္အတြင္း ျမန္မာ-ကိုရီး ယား ခ်စ္ၾကည္ေရး တံတားစီမံကိန္းတစ္ခု အေကာင္ အထည္ေဖာ္ ေဆာင္႐ြက္ရန္ေဆြးေႏြးခဲ့ၿပီးေနာက္ (၂၀၁၃ )ခုႏွစ္တြင္ စီမံကိန္းကို စတင္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ခဲ့ေၾကာင္း၊ ယင္းေနာက္ ဦး သိန္းစိန္အစိုးရ၏ေနာက္ဆုံးသက္တမ္း (၂၀၁၅)ခုႏွစ္တြင္ တည္ေဆာက္ေရးလုပ္ငန္းမ်ားကို စတင္ ေဆာင္႐ြက္ခဲ့ၿပီး NLD အစိုးရလက္ထက္ကုန္ဆုံး သြားသည့္တိုင္ ၿပီးဆုံးျခင္းမရွိေသးေၾကာင္းလည္း စီမံကိန္းဆိုင္ရာအခ်က္အလက္မ်ားအရ သိရသည္။

“ ေတာင္ကိုရီးယားအစိုးရက တင္ဒါေခၚတယ္။ တံတားအလယ္ပိုင္း သံေပါင္ တပ္ဆင္ေရးအတြက္ တင္ဒါေအာင္တာက တ႐ုတ္ကုမၸဏီ။ တ႐ုတ္ ကုမၸဏီ ဘက္က သံေပါင္ကို ဘာေၾကာင့္မွန္းမသိဘဲ အခုထိ မပို႔ေသးဘူး။ တံတားက က်န္ေနတာ အလယ္ သံ ေပါင္ပဲ ရွိေတာ့တာ။ က်န္တာအကုန္ၿပီးေနၿပီ။ ဗိုလ္ခ်ဳပ္မႉးႀကီးေျပာသလို သတ္မွတ္အခ်ိန္အတိုင္း ၿပီး စီးဖို႔ဆိုရင္ တ႐ုတ္ကုမၸဏီနဲ႔ ေတာင္ကိုရီးယားအစိုးရ ကို စာခ်ဳပ္ပါစည္းကမ္းအတိုင္း လုပ္ေပးဖို႔ ေျပာ႐ုံပဲ။ လုပ္မွာလား၊ ဘယ္ေန႔အၿပီးလုပ္မလဲ၊ ဘယ္ေတာ့ပို႔ မလဲ စသျဖင့္ တိတိက်က်လုပ္ခိုင္းရင္ တစ္ဖက္က လည္း စာခ်ဳပ္ဖ်က္ဖို႔အထိ ျဖစ္လာရင္ ျမန္သြားႏိုင္ တယ္။ ႏိုင္ငံတကာမွာ ေၾကညာလိုက္ရင္ရၿပီ။ ခက္ တာက ႏိုင္ငံတကာတင္ဒါ စည္းကမ္းေတြအရ လြယ္ လြယ္ေတာ့လုပ္လို႔မရဘူး ” ဟု သတင္းရင္းျမစ္က ေျပာသည္။ ဗိုလ္ခ်ဳပ္မႉးႀကီး၏ ဆႏၵမွာ (၂၀၂၅) ခုႏွစ္ အေစာပိုင္း၌ ၿပီးစီးေစလိုသျဖင့္ ျပည္တြင္းရွိ လုပ္ႏိုင္ စြမ္းရွိေသာ လုပ္ငန္းစုထံ တာဝန္ေပးလိုျခင္းျဖစ္သည္။ သို႔ေသာ္လည္း ျမန္မာလုပ္ငန္းစုဘက္က လုပ္ႏိုင္စြမ္း ရွိေနသည့္တိုင္ စာခ်ဳပ္စာတမ္းဥပေဒမ်ားကို ေလးစား လိုက္နာ၍ ေစာင့္ဆိုင္းေနရျခင္းမ်ိဳးျဖစ္ေၾကာင္း ဆို သည္။ ရန္ကုန္-ဒလ တံတားအမ်ိဳးအစားသည္ ႀကိဳးဆိုင္းတံတား (Cable – Stayed Bridge) အမ်ိဳးအစားျဖစ္ၿပီး တည္ေဆာက္ၿပီးစီးပါက ရန္ကုန္ၿမိဳ႕မွ ဒလ၊ တြံေတး၊ ေကာ့မႉး၊ ကြမ္းၿခံကုန္း ၿမိဳ႕နယ္မ်ား၊ ေဒးဒရဲတံတားမွတစ္ဆင့္ ကမ္းေျခ ေဒသမ်ားႏွင့္ ဧရာဝတီတိုင္းေဒသႀကီးတစ္ခုလုံးသို႔ လြယ္ကူလ်င္ျမန္စြာ သြားလာႏိုင္ မည္ျဖစ္ၿပီး ရန္ကုန္အတြက္လည္း အထင္ကရတံတား တစ္ခုျဖစ္လာမည္ ျဖစ္သည္။

“အရင္လို ကရိန္းအႀကီးႀကီးေတြဘာေတြနဲ႔ လုပ္ရတာမ်ိဳး မဟုတ္ေတာ့ဘူးေလ။ နည္းပညာက တိုးတက္လာၿပီ။ အခုက ခင္ဗ်ားတို႔ျမင္တဲ့အတိုင္း အလယ္မွာ တိုင္ေတြဘာေတြ စိုက္ၿပီး ဟိုဘက္ဒီဘက္ Balance ခ်ိန္ေပးရတာပါပဲ။ သန္လ်င္တံတားသစ္ ကို နမူနာၾကည့္ရင္ သေဘာ ေပါက္ပါတယ္။ ျမန္မာဘက္မွာ ပညာရွင္ေတြရွိလာၿပီ။ ကြၽမ္းလည္းကြၽမ္းက်င္ ေနၾကၿပီ ”ဟု သတင္းရင္းျမစ္က ေျပာသည္။

ဗိုလ္ခ်ဳပ္မႉးႀကီး လာေရာက္ၾကည့္ရႈစဥ္အတြင္း ၌လည္း တံတားတည္ေဆာက္မႈလုပ္ငန္းမ်ားကို သတ္ မွတ္ကာလအတြင္း အပိုင္းအလိုက္ ၿပီးစီးေစေရး ႏွင့္ တံတားႀကံ့ခိုင္မႈေကာင္းမြန္ေစေရး စနစ္တက် ေဆာင္႐ြက္သြားရန္လိုေၾကာင္း၊ ေမာ္ေတာ္ယာဥ္မ်ား အႏၲရာယ္ကင္းရွင္းစြာျဖင့္သြားလာႏိုင္ေရး ေဆာင္ ႐ြက္သြားရန္လိုေၾကာင္း၊ တံတားတြဲဆက္ျခင္းလုပ္ ငန္းမ်ား စနစ္တက်ျဖစ္ရန္လိုေၾကာင္း၊ သေဘၤာမ်ား ၏ ေရလမ္းကင္းလြတ္မႈကိုလည္း စနစ္တက် ေဆာင္ ႐ြက္သြားရန္ႏွင့္ ေရလယ္တာဝါတိုင္မ်ား အႏၲရာယ္ ကင္းရွင္းေရးအတြက္လည္း ႀကိဳတင္စဥ္းစား ေဆာင္ ႐ြက္သြားရန္လိုေၾကာင္း ထည့္သြင္းေျပာၾကားထားသည္။

Related news

© 2021. All rights reserved.