ရုရှား ကြေးစားတပ်ဝဂ္ဂနာနဲ့ သူ့ရဲ့ဘော့စ် (ဘာသာပြန်ဆောင်းပါး)

 1995

မောင်တင်ထွန်း (နတ်မောက်)(NP News) - ဇူလိုင် ၁

ခုတလော ရုရှား-ယူကရိန်း စစ်ပွဲသတင်းတွေ အကြားမှာ Yevgeny Prigozhin ယက်ဗ်ဂျင်နီ ပရီဂိုဇင် (ရုရှား အသံထွက်- ယိဗ်ဂင်းနီး ပရိဂိုဇင်) ဆိုသူနဲ့ သူ့ရဲ့တပ်ဖွဲ့ The Wagner Group ဝဂ္ဂနာအုပ်စု (ရုရှား အသံထွက် ဘဝဂ္ဂနာ) အုပ်စုအကြောင်းက ထိပ်တန်းသတင်းဖြစ်လာပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ ပရိဂိုဇင်ဆိုတာ ဘယ်သူလဲ၊ ဝဂ္ဂနာ အုပ်စုဆိုတာ ဘယ်လိုပေါ်လာသလဲ ဆိုတာဖော်ပြသွားပါ့မယ်။

တချို့ကသူ့ကိုဗလာဒီမာပူတင်ရဲ့စားဖိုမှူးလို့သိကြပြီး တချို့ကတော့ သူ့ကိုအာဖရိကက စစ်ဘုရင်တစ်ယောက် ဒါမှမဟုတ် ရုရှားရဲ့ သြဇာကြီးမားတဲ့ ကြေးစားတပ်ဖွဲ့ ခေါင်းဆောင်လို့ သိကြပါတယ်။ စိတ်ဝင်စားစရာ ကောင်းတာက၊ သူ့ရဲ့ ဘဝဇတ်ကြောင်းအမှန်ကဘာလဲ၊ ဘယ်လိုပုံနဲ့ သြဇာအာဏာ ကြီးမားလာတာလဲ၊ ဘာဖြစ်လို့ ရုရှားထိပ်တန်းစစ်ဘက်ကို ဆန့်ကျင်ရတာလဲ စတာတွေပါ။

ပရီဂိုဇင်က ဝဂ္ဂနာ အုပ်စုလို့ ခေါ်တဲ့ ကြေးစားတပ်ကို တည်ထောင်သူပါ။ ဝဂ္ဂနာရဲ့ တရားဝင်နာမည်က PMC Wagner - 'Wagner Private Military Company' ဝဂ္ဂနာ ပုဂ္ဂလိက စစ်ရေးကုမ္ပဏီဖြစ်ပြီး ရုရှားအစိုးရက ဘဏ္ဍာရေးအရ ထောက်ပံ့ထားတဲ့ လက်နက်ကိုင် အရပ်သား အဖွဲ့အစည်းပါ။ ပုဂ္ဂလိက စစ်ရေးကုမ္ပဏီတွေကို တားမြစ် ပိတ်ပင်ထားတဲ့ရုရှားမှာ ဒီအဖွဲ့ဟာ ဥပဒေပြင်ပအဖွဲ့အစည်းပါ။ နိုင်ငံရပ်ခြား စစ်ဆင်ရေးတွေမှာ ရုရှားအစိုးရ ပါဝင်ပတ်သက်မှုကို ယုတ္တိရှိရှိငြင်းဆိုနှိုင်ဖို့ ဝဂ္ဂနာကို ကြားခံအဖြစ် အသုံးချခဲ့တဲ့ ဖြစ်ရပ်တွေရှိပါတယ်။ အဲဒီလို လုပ်ခြင်းအားဖြင့် နိုင်ငံရပ်ခြား ကျူးကျော်စွက်ဖက်မှုတွေမှာ ရုရှားရဲ့ အစစ်အမှန် သေကြေဒဏ်ရာရ စာရင်းကို လည်း ဖုံးကွယ်နှိုင်စေဖို့ ဖြစ်ပါတယ်။ ဝဂ္ဂနာအုပ်စုဟာ ရုရှားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အခြေခံအဆောက်အအုံ 00တွေကို အသုံးပြုပြီး ရုရှားအစိုးရရဲ့ လျှို့ဝှက်ထောက်ပံ့မှုကို ရယူထားပါတယ်။

ဒီအုပ်စုကို ၂ဝ၁၄ ခုနှစ်မှာ ယခင်က GRU (ဆိုဗီယက်ခေတ် နိုင်ငံရပ်ခြား စစ်ဖက်ဆိုင်ရာ ထောက် လှမ်းရေး) အရာရှိဟောင်းတယောက်ဖြစ်သူ ဒီမစ်ထရီ ယုကင် နဲ့ စီးပွားရေးလုပ်ငန်းရှင် ယိဗ်ဂျင်နီ ပရီဂိုဇင်တို့က တည်ထောင်ခဲ့ကြတာပါ။ ၂ဝ၁၄ နဲ့ ၂ဝ၁၅ ခုနှစ်အတွင်းမှာ ယူကရိန်းနိုင်ငံက ဒွန်းဘတ်စ် စစ်ပွဲအတွင်းမှာ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေကို ကူညီတိုက်ခိုက်ရင်း လူသိများထင်ရှားလာ ပါတယ်။ ဆီးရီးယား၊ လစ်ဗျား၊ ဗဟိုအာ ဖရိကန် သမတနိုင်ငံနဲ့ မာလီနိုင်ငံတို့က စစ်ပွဲတွေအပါအဝင် ကမ္ဘာတလွှားက ပဋိပက္ခတွေမှာ ရုရှားနဲ့ ချစ်ကြည်ရင်းနှီးတဲ့ အစိုးရတွေဘက်က ပါဝင်တိုက်ခိုက်ခဲ့ကြ တယ်လို့ ဆိုပါတယ်။ ဝဂ္ဂနာ တပ်ဖွဲ့တွေဟာ စစ်ဆင်ရေးတွေ အတွင်းမှာ အရပ်သားတွေအပေါ် လူသတ်မှု၊ ညှဉ်းပမ်းနှိပ်စက်မှု၊ မုဒိမ်းမှုနဲ့ ဒါးပြမှုစတဲ့ စစ်ရာဇဝတ်မှုတွေ ကျူး လွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိပါတယ်။

ဝဂ္ဂနာတပ်ဖွဲ့ဟာ ယူကရိန်းကျူးကျော်ရေးစစ်ပွဲမှာ အ‌ရေးကြီးတဲ့အခန်းက ပါဝင်ခဲ့ပါတယ်။ အဲဒီစစ်ပွဲမှာ ရှေ့တန်းက ပါဝင်တိုက်ခိုက်ဖို့ ထောင်ကျနေတဲ့ အကျဉ်းသားတွေနဲ့ စုဖွဲ့ခဲ့ပြီး ၂ဝ၂၂ ခုနှစ်ကုန်မှာ အင်အား ၁ဝဝဝ ကနေ ၂ဝဝဝဝ နဲ့ ၅ဝဝဝဝ အကြားတိုးများလာခဲ့ပါတယ်။ ၂ဝ၂၃ ခုနှစ်မှာတော့ ရုရှားအစိုးရက ယူကရိန်းစစ်ပွဲမှာ ပါဝင်တဲ့ ဝဂ္ဂနာ ကန်ထရိုက်တာတွေကို တိုက်ပွဲဝင် ဝါရင့်စစ်မှုထမ်းအဆင့် သတ်မှတ်ခဲ့ပါတယ်။

၂ဝ၂၂ ခုနှစ် စက်တင်္ဘာလမှာ ပရီဂိုဇင်က ဝဂ္ဂနာအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်လာပြီး၊ ယူကရိန်းစစ်ပွဲ အတွင်းမှာ ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ စီမံခန့်ခွဲမှုအလွဲအမှားတွေကို ဗြောင်စတင်ဝေဖန် လာပါတယ်။ ၂ဝ၂၃ ခုနှစ် ဇွန်လ ၂၃ ရက်နေ့မှာတော့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဝဂ္ဂနာ တပ်သားတွေကို သေတွင်းပို့ခဲ့တယ်လို့ စွပ်စွဲပြီး လက်နက်ကိုင် ပုန်ကန်ခဲ့ပါတယ်။ ဝဂ္ဂနာတပ်ဖွဲ့တွေကို ယူကရိန်းကနေဆုတ်ခွာလာစေပြီး မော်စကို ကိုချီတက်တဲ့လမ်းကြောင်းပေါ်က Rostov-on-Don ရော့စ်တော့ဗ်-အွန်-ဒွန် မြို့ကို သိမ်းပိုက်ခဲ့ပါတယ်။ နောက်တစ်ရက်မှာ ဘယ်လာရုစ် သမ္မတ အလက်ဇန်ဒါ လူကာရှင်ကိုရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ သဘောတူညီမှုတရပ်ရရှိသွားပြီး တပ်တွင်းပုန်ကန်မှုလည်း ပြီးဆုံးသွားပါတယ်။ အဲဒီလို တပ်တွင်းပုန်ကန်မှု ပြီးဆုံးသွားတဲ့နောက်မှာ သမ္မတ ပူတင်က ဝဂ္ဂနာ တပ်ဖွဲ့ကို ရုရှား အစိုးရက ဘဏ္ဍာရေးအရ ထောက်ပံ့ထားကြောင်းဝန်ခံပြောကြားခဲ့ပါတယ်။

ပရီဂိုဇင်ဆိုတာ ဘယ်သူလဲ
ဝဂ္ဂနာ တပ်ဖွဲ့ခေါင်းဆောင် ပရီဂိုဇင်ဟာ ရုရှားသမ္မတ ပူတင်လိုဘဲ စိန့်ပီတာစဘာ့ဂ် မြို့ဇာတိပါ။ ပူတင်က ဆိုဗီယက်ထောက်လှမ်း‌ရေး KGB မှာတာဝန်ထမ်းဆောင်ခဲ့ပြီး ရုရှားသမ္မတ ဖြစ်လာခဲ့တဲ့ ကာလမှာ ပရီဂိုဇင်ကတော့ အသက် ၁၈ နှစ်သားလောက်ကစပြီး ဆယ်စုနှစ်တစ်ခုကြာတဲ အကျဉ်းထောင် သားဘဝကို ဖြတ်သန်းခဲ့ရပါတယ်။ ထောင်ကျရတဲ့ အကြောင်းကတော့ သူ့သူငယ်ချင်းတွေနဲ့အတူ ဒါးပြတိုက်ခဲ့တဲ့အမှုတွေ ကြောင့်ပါ။ ထောင် ကလွတ်လာတဲ့ အခါမှာတော့ ပရီဂိုဇင်ဟာ ရိုးရိုးသားသားနဲ့ဘဲ ဝက်အူချောင်းညှပ်ပေါင်မုန့် (hot dog) ရောင်းတဲ့ အလုပ်ကိုလုပ်ကိုင်စားသောက်ခဲ့ပါတယ်။

ပူတင်ရဲ့ စားဖိုမှူးကြီး
၁၉၉ဝ ခုနှစ် ဆိုဗီယက်ယူနီယံ ပြိုကွဲတဲ့အခါမှာ စိန့်ပီတာစဘာ့ဂ် မြို့ဟာလည်း ကြီးမားတဲ့ ပြောင်းလဲမှုတွေနဲ့ ကြုံခဲ့ရပါတယ်။ အဲဒီနောက် စျေးကွက်စီးပွားရေးစနစ် စတင်ဖြစ်လာတဲ့ အချိန်မှာ သူကအမြန်အစားအစာ ရောင်းချတဲ့ လုပ်ငန်းထက်ပိုမြင့်တဲ့ လုပ်ငန်းကိုကူးပြောင်းပါတယ်။ ပထမပိုင်းမှာ သူက ဝိုင် ပုလင်းတွေ ရောင်းချခဲ့ပြီး နောက်ပိုင်းမှာ စားသောက်ဆိုင်တဆိုင်ဖွင့်ပါတယ်။ ပူတင်သမ္မတ ဖြစ်လာတဲ့ အချိန်လောက်မှာ ပရီဂိုဇင်က နာမည်ရ စားသောက်ဆိုင်ပိုင်ရှင်ဖြစ်နေလေတော့ နိုင်ငံ တော်က ကျင်းပတဲ့ ညစာစားပွဲတွေကို ပြင်ဆင်ပေးရလေ့ ရှိပါတယ်။ ဒါကြောင့်လည်း ပရီဂိုဇင်ကို ပူတင်ရဲ့ စားဖိုမှုးကြီးလို့ နာမည်ပြောင်နဲ့ခေါ်ခဲ့ကြတာပါ။ ပူတင်က ပရီဂိုဇင်ကို နေ့လည်စာ စက်ရုံ ကျောင်းတစ် ကျောင်းဖွင့်ရာမှာ အစိုးရချေးငွေ အမြောက်အများပေးပြီး ကူညီခဲ့ပါတယ်။

ကရိုင်းမီးယားစစ်ပွဲက စတဲ့ အာဏာလမ်းကြောင်း
၂ဝ၁၄ ခုနှစ်မတ်လမှာ ရုရှားက ကရိုင်းမီးယားကို ကျူးကျော်သိမ်းပိုက်တဲ့အခါ ပရီဂိုဇင်အတွက် အခွင့် အလမ်းသစ်တွေ ပေါ်ထွက်လာပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပူတင်က ဒီကျူးကျော်သိမ်းပိုက်မှုမှာ ရုရှားရဲ့ တရားဝင်တပ်မတော်ကို အသုံးမပြုလိုပါ။ ဒါကြောင့် ဒီလို မရိုးသား ညစ်ပတ်တဲ့ လုပ်ရပ်ကို လုပ်ဖို့ ပုဂ္ဂလိက စစ်ရေး ကုမ္ပဏီတစ်ခုရှာဖွေဖို့ အကြောင်းဖန်လာပါတယ်။ အမှန်တော့ ဒီလို ပုဂ္ဂလိက စစ်ရေးကုမ္ပဏီဆိုတာ ရုရှားမှာ တရားမဝင်ပါဘူး။ အဲဒီအချိန်မှာ ကာကွယ်ရေးဝန်ကြီးဌာန နဲ့ ပူးပေါင်းဆောင်ရွက်လိုတဲ့ အဖွဲ့ပေါင်းများစွာ ပေါ် လာပါတယ်။ ဒါပေမယ့် ပရီဂိုဇင်တို့ရဲ့ ဝဂ္ဂနာ အုပ်စုကသာ အရေးပါတဲ့ အုပ်စုဖြစ်လာပါတယ်။ ၂ဝ၁၅ ခုနှစ်မှာ သူ့ရဲ့တပ်ဖွဲ့ကို ကျွေးမွေးထောက်ပံ့ဖို့ ကုမ္ပဏီက ဒေါ်လာ တစ်ဘီလျံတန်ကြေးရှိတဲ့ ကန်ထရိုက်တွေကို ရရှိခဲ့ပါတယ်။ ဒီလိုနဲ့ အာဏာပါဝါတွေရှိလာတဲ့ ပရီဂိုဇင်ဟာ ကာကွယ်ရေးဝန်ကြီးဌာနက တချို့အရာရှိတွေအပေါ် သီးမခံနှိုင်တာ တွေစတင်ဖြစ်လာပါတယ်။ တခြားနိုင်ငံတွေကို သွားပြီး သူ့ရဲ့ စစ်ဆင်ရေးတွေချဲ့ထွင်ဆောင်ရွက်လာရတဲ့အခါ တင်းမာမှုတွေ ပိုမိုကျယ်ပြန့်လာပါတယ်။ ၂ဝ၁၈ ခုနှစ်အရောက် ပရီဂိုဇင်တပ်ဖွဲ့ရဲ့ လှုပ်ရှားမှုတွေက အာဖရိက တိုက်က အနည်းဆုံး ၁ဝ နိုင်ငံလောက်မှာ ပျံ့နှံ့ရောက်ရှိခဲ့ပါပြီ။

သူ့ကုမ္ပဏီရဲ့အလုပ်တာဝန်က လက်နက်ကိုင်လေ့ကျင့်ရေးသင်တန်းပေးတာ၊ သတ္တုတူးဖေါ်ခွင့် အာမခံလုံခြုံ ရေးပေးတာအပြင် တခြားစီးပွားရေး အခွင့်အလန်းတွေရရှိပါတယ်။ ပရီဂိုဇင်ဟာ ဒီလုပ်ငန်းတွေကို စိန့်ပီတာစဘာ့ ရုံးကနေဘဲထိုင်ပြီး ကွပ်ကဲတာပါ။ သူဟာ တရားဝင်အားဖြင့် ဘာရာထူးတာဝန်မှ မရှိပေမယ့် ကာကွယ်ရေးဆိုင်ရာ ကန်ထရိုက်လုပ်ငန်းတွေနဲ့ပတ်သက်တဲ့ အဆင့်မြင့် အစည်းအဝေးတွေမှာ မကြာခဏတက်ရောက်ရသူပါ။ သူဟာ ပူတင်အတွက် နိုင်ငံရပ်ခြားမှာ ပါဝင်ပတ်သက်မှုမရှိပါဘူးလို့ ငြင်းဆိုရမဲ့ ကိစ္စရပ်တွေမှာ အသုံးချခံဖြစ်လာပါတယ်။

ထောင်သားတွေနဲ့ စုဖွဲ့ထားတဲ့ ကြေးစားတပ်
၂ဝ၂၂ ခုနှစ် စက်တင်ဘာလမှာ ပရီဂိုဇင်က သူဟာ ၂ဝ၁၄ ခုနှစ်ကတည်းက ဝဂ္ဂနာ အုပ်စုကိုတည်ထောင်ခဲ့တာ ဖြစ်ကြောင်းကြေညာခဲ့ပါတယ်။ အဲဒီဝန်ခံချက်က လိုင်းပေါ်မှာ ပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်ပေါ်ထွက်လာပြီးတဲ့နောက်မှာပါ။ အဲဒီဗီဒီယိုမှာ သူက အကျဉ်းထောင်တစ်ခုအတွင်း စုရုံးနေတဲ့ ထောင်သားတွေကို သူကစကားပြောနေပါတယ်။ ယူကရိန်းကိုသွားရောက်ပြီး စစ်တိုက်ရမှာဖြစ်ကြောင်း၊ ကျဆုံးချင်လည်း ကျဆုံးသွားနှိုင်ကြောင်း။ တကယ်လို့ မသေခဲ့ရင် ၆ လတာဝန်ထမ်းပြီးတာနဲ့ လုံးဝ လွတ်ငြိမ်းခွင့်ရမဲ့အပြင် လစာကောင်းကောင်းရမှာဖြစ်ကြောင်း ပြောဆိုထားတာပါ။

ပုန်ကန်ဖို့ မော်စကိုကိုချီတက်ကြ
ယူကရိန်းစစ်ပွဲမှာ ပါဝင်တိုက်ခိုက်ပြီးတနှစ်လောက်ကြာလာတဲ့အခါ သူက ရုရှားကာကွယ်ရေး ဝန်ကြီးဌာနအပေါ် စိတ်ဆိုးဒေါသထွက်နေပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနက သူ့ရဲ့ အောင်မြင်မှု တွေကို ခိုးယူဖို့ ကြိုးစားနေကြောင်း၊ သူတို့ရဲ့ ခေါင်းဆောင်ပုံ မှားယွင်းကြောင်း ဗြောင်ပြောလာ ပါတော့တယ်။ အခုနောက်ဆုံးပြောတာက သူ့ရဲ့ တပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်သူဟာ ရုရှားတပ်မတော် ဖြစ်ကြောင်း စွပ်စွဲတာပါ။ ဒီနောက်မှာတော့ ရုရှား တောင်ပိုင်းမှာရှိတဲ့ ရော့စတော့ဗ် အွန် ဒွန် မြို့ကို ချီတက်သွားကြပြီး မြို့ကိုသိမ်းလိုက်ကြပါတယ်။ သူက ရုရှား စစ်သားတွေက သတ်ဖြတ်ခဲ့တဲ့ သူ့တပ်သားတွေအတွက် လက်စားချေမယ်လို့ကြွေးကြော်ခဲ့ပါတယ်။ သူက ရုရှား စစ်တပ်ခေါင်းဆောင်မှုကို ဖြုတ်ချချင်တာပါ။ အင်အား ၂၅,ဝဝဝ ရှိတဲ့ သူ့တပ်ဖွဲ့ဟာ တရားမျှတမှုရရှိဖို့အတွက် မော်စကိုကိုချီတက်မယ်လို့ပြောခဲ့ပါတယ်။

တကယ်တော့ ပရီဂိုဇင်ရဲ့ ဝဂ္ဂနာ အုပ်စုဟာ ရုရှားတပ်မတော်နဲ့ သမ္မတပူတင်ကို ဗြောင်ပုန်ကန်လိုက်တာပါ။ ဒါကြောင့် ပူတင်က ဒါကို ပြင်းပြင်းထန်ထန်ရှုံ့ချလိုက်ပြီး ဒါဟာ နိုင်ငံတော်သစ္စာဖေါက်မှုလို့ ကြေငြာပါတယ်။ ပြင်းထန်စွာအရေးယူမယ်လို့လည်းပြောပါတယ်။ နောက်တရက်မှာ ဘယ်လာရုစ် သမတ အလက်ဇန်ဒါ လူကာရှင် ကိုရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ သဘောတူညီမှုတရပ်ရရှိသွားပြီး တပ်တွင်းပုန်ကန်မှုလည်း ပြီးဆုံးသွားပါတယ်။ ရုရှားအစိုးရအနေနဲ့ အစပိုင်းမှာ ဒီပုန်ကန်မှုအပေါ် အမှုဖွင့်ခဲ့ပေမယ့် ဇွန်လ ၂၇ ရက်မှာတော့ စွဲချက်တွေကို ရုတ် သိမ်းပေးခဲ့ပါတယ်။ ဒီပုန်ကန်မှုအတွင်းမှာ ရုရှားစစ်တပ်က ၁၃ ယောက်သေဆုံးခဲ့ပြီး ဝဂ္ဂနာတပ်ဖွဲ့ဘက်ကို ခိုလှုံသွားတဲ့ ရုရှားစစ်သားနှစ်ယောက်ကလည်း တိုက်ပွဲအတွင်းမှာ သေဆုံးခဲ့ ပါတယ်။

ခုနောက်ဆုံး (၂၉-၆-၂၃ ) ရက်သတင်းအရ ပရီဂိုဇင်ရဲ့ အာဏာသိမ်းဖို့ ပုန်ကန်မှုရဲ့ နောက်ကွယ်မှာ ပါဝင်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဗိုလ်ချုပ်ကြီး အမ္မာဂဲဒွန် ( Armageddon- သက်ရှိသတ္တဝါအားလုံး ပျက်သုန်း စေနိုင်တဲ့စစ်ပွဲ ဗိုလ်ချုပ်ကြီး) လို့ခေါ်ကြတဲ့ ရုရှား ဗိုလ်ချုပ်ကြီး ဆာဂေး ဆူရိုဗီကင် ကိုဖမ်းဆီးလိုက်တယ်လို့သိရပါ တယ်။ ဝဂ္ဂနာ တပ်ဖွဲ့ရဲ့ အနာဂါတ် ဘာတွေဆက်ဖြစ်လာမလဲ စောင့်ကြည့်ကြရမှာပါ။

ကိုးကား- Gravitas: Who is Wagner boss Yevgeny Prigozhin? Why did he turn against Russia? |
- Wikipedia

zawgyi version
႐ုရွား ေၾကးစားတပ္ဝဂၢနာနဲ႔ သူ႔ရဲ႕ေဘာ့စ္ (ဘာသာျပန္ေဆာင္းပါး)

ေမာင္တင္ထြန္း (နတ္ေမာက္)(NP News) - ဇူလိုင္ ၁

ခုတေလာ ႐ုရွား-ယူကရိန္း စစ္ပြဲသတင္းေတြ အၾကားမွာ Yevgeny Prigozhin ယက္ဗ္ဂ်င္နီ ပရီဂိုဇင္ (႐ုရွား အသံထြက္- ယိဗ္ဂင္းနီး ပရိဂိုဇင္) ဆိုသူနဲ႔ သူ႔ရဲ႕တပ္ဖြဲ႕ The Wagner Group ဝဂၢနာအုပ္စု (႐ုရွား အသံထြက္ ဘဝဂၢနာ) အုပ္စုအေၾကာင္းက ထိပ္တန္းသတင္းျဖစ္လာပါတယ္။ ဒါေၾကာင့္ ဒီေဆာင္းပါးမွာ ပရိဂိုဇင္ဆိုတာ ဘယ္သူလဲ၊ ဝဂၢနာ အုပ္စုဆိုတာ ဘယ္လိုေပၚလာသလဲ ဆိုတာေဖာ္ျပသြားပါ့မယ္။

တခ်ိဳ႕ကသူ႔ကိုဗလာဒီမာပူတင္ရဲ႕စားဖိုမႉးလို႔သိၾကၿပီး တခ်ိဳ႕ကေတာ့ သူ႔ကိုအာဖရိကက စစ္ဘုရင္တစ္ေယာက္ ဒါမွမဟုတ္ ႐ုရွားရဲ႕ ၾသဇာႀကီးမားတဲ့ ေၾကးစားတပ္ဖြဲ႕ ေခါင္းေဆာင္လို႔ သိၾကပါတယ္။ စိတ္ဝင္စားစရာ ေကာင္းတာက၊ သူ႔ရဲ႕ ဘဝဇတ္ေၾကာင္းအမွန္ကဘာလဲ၊ ဘယ္လိုပုံနဲ႔ ၾသဇာအာဏာ ႀကီးမားလာတာလဲ၊ ဘာျဖစ္လို႔ ႐ုရွားထိပ္တန္းစစ္ဘက္ကို ဆန႔္က်င္ရတာလဲ စတာေတြပါ။

ပရီဂိုဇင္က ဝဂၢနာ အုပ္စုလို႔ ေခၚတဲ့ ေၾကးစားတပ္ကို တည္ေထာင္သူပါ။ ဝဂၢနာရဲ႕ တရားဝင္နာမည္က PMC Wagner - 'Wagner Private Military Company' ဝဂၢနာ ပုဂၢလိက စစ္ေရးကုမၸဏီျဖစ္ၿပီး ႐ုရွားအစိုးရက ဘ႑ာေရးအရ ေထာက္ပံ့ထားတဲ့ လက္နက္ကိုင္ အရပ္သား အဖြဲ႕အစည္းပါ။ ပုဂၢလိက စစ္ေရးကုမၸဏီေတြကို တားျမစ္ ပိတ္ပင္ထားတဲ့႐ုရွားမွာ ဒီအဖြဲ႕ဟာ ဥပေဒျပင္ပအဖြဲ႕အစည္းပါ။ ႏိုင္ငံရပ္ျခား စစ္ဆင္ေရးေတြမွာ ႐ုရွားအစိုးရ ပါဝင္ပတ္သက္မႈကို ယုတၱိရွိရွိျငင္းဆိုႏႈိင္ဖို႔ ဝဂၢနာကို ၾကားခံအျဖစ္ အသုံးခ်ခဲ့တဲ့ ျဖစ္ရပ္ေတြရွိပါတယ္။ အဲဒီလို လုပ္ျခင္းအားျဖင့္ ႏိုင္ငံရပ္ျခား က်ဴးေက်ာ္စြက္ဖက္မႈေတြမွာ ႐ုရွားရဲ႕ အစစ္အမွန္ ေသေၾကဒဏ္ရာရ စာရင္းကို လည္း ဖုံးကြယ္ႏႈိင္ေစဖို႔ ျဖစ္ပါတယ္။ ဝဂၢနာအုပ္စုဟာ ႐ုရွားလက္နက္ကိုင္တပ္ဖြဲ႕ေတြရဲ႕ အေျခခံအေဆာက္အအုံ 00ေတြကို အသုံးျပဳၿပီး ႐ုရွားအစိုးရရဲ႕ လွ်ိဳ႕ဝွက္ေထာက္ပံ့မႈကို ရယူထားပါတယ္။

ဒီအုပ္စုကို ၂ဝ၁၄ ခုႏွစ္မွာ ယခင္က GRU (ဆိုဗီယက္ေခတ္ ႏိုင္ငံရပ္ျခား စစ္ဖက္ဆိုင္ရာ ေထာက္ လွမ္းေရး) အရာရွိေဟာင္းတေယာက္ျဖစ္သူ ဒီမစ္ထရီ ယုကင္ နဲ႔ စီးပြားေရးလုပ္ငန္းရွင္ ယိဗ္ဂ်င္နီ ပရီဂိုဇင္တို႔က တည္ေထာင္ခဲ့ၾကတာပါ။ ၂ဝ၁၄ နဲ႔ ၂ဝ၁၅ ခုႏွစ္အတြင္းမွာ ယူကရိန္းႏိုင္ငံက ဒြန္းဘတ္စ္ စစ္ပြဲအတြင္းမွာ ႐ုရွားလိုလားတဲ့ ခြဲထြက္ေရးသမားေတြကို ကူညီတိုက္ခိုက္ရင္း လူသိမ်ားထင္ရွားလာ ပါတယ္။ ဆီးရီးယား၊ လစ္ဗ်ား၊ ဗဟိုအာ ဖရိကန္ သမတႏိုင္ငံနဲ႔ မာလီႏိုင္ငံတို႔က စစ္ပြဲေတြအပါအဝင္ ကမာၻတလႊားက ပဋိပကၡေတြမွာ ႐ုရွားနဲ႔ ခ်စ္ၾကည္ရင္းႏွီးတဲ့ အစိုးရေတြဘက္က ပါဝင္တိုက္ခိုက္ခဲ့ၾက တယ္လို႔ ဆိုပါတယ္။ ဝဂၢနာ တပ္ဖြဲ႕ေတြဟာ စစ္ဆင္ေရးေတြ အတြင္းမွာ အရပ္သားေတြအေပၚ လူသတ္မႈ၊ ညႇဥ္းပမ္းႏွိပ္စက္မႈ၊ မုဒိမ္းမႈနဲ႔ ဒါးျပမႈစတဲ့ စစ္ရာဇဝတ္မႈေတြ က်ဴး လြန္ခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြလည္း ရွိပါတယ္။

ဝဂၢနာတပ္ဖြဲ႕ဟာ ယူကရိန္းက်ဴးေက်ာ္ေရးစစ္ပြဲမွာ အ‌ေရးႀကီးတဲ့အခန္းက ပါဝင္ခဲ့ပါတယ္။ အဲဒီစစ္ပြဲမွာ ေရွ႕တန္းက ပါဝင္တိုက္ခိုက္ဖို႔ ေထာင္က်ေနတဲ့ အက်ဥ္းသားေတြနဲ႔ စုဖြဲ႕ခဲ့ၿပီး ၂ဝ၂၂ ခုႏွစ္ကုန္မွာ အင္အား ၁ဝဝဝ ကေန ၂ဝဝဝဝ နဲ႔ ၅ဝဝဝဝ အၾကားတိုးမ်ားလာခဲ့ပါတယ္။ ၂ဝ၂၃ ခုႏွစ္မွာေတာ့ ႐ုရွားအစိုးရက ယူကရိန္းစစ္ပြဲမွာ ပါဝင္တဲ့ ဝဂၢနာ ကန္ထ႐ိုက္တာေတြကို တိုက္ပြဲဝင္ ဝါရင့္စစ္မႈထမ္းအဆင့္ သတ္မွတ္ခဲ့ပါတယ္။

၂ဝ၂၂ ခုႏွစ္ စက္တဘၤာလမွာ ပရီဂိုဇင္က ဝဂၢနာအဖြဲ႕ရဲ႕ ေခါင္းေဆာင္ျဖစ္လာၿပီး၊ ယူကရိန္းစစ္ပြဲ အတြင္းမွာ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနရဲ႕ စီမံခန႔္ခြဲမႈအလြဲအမွားေတြကို ေျဗာင္စတင္ေဝဖန္ လာပါတယ္။ ၂ဝ၂၃ ခုႏွစ္ ဇြန္လ ၂၃ ရက္ေန႔မွာေတာ့ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ဝဂၢနာ တပ္သားေတြကို ေသတြင္းပို႔ခဲ့တယ္လို႔ စြပ္စြဲၿပီး လက္နက္ကိုင္ ပုန္ကန္ခဲ့ပါတယ္။ ဝဂၢနာတပ္ဖြဲ႕ေတြကို ယူကရိန္းကေနဆုတ္ခြာလာေစၿပီး ေမာ္စကို ကိုခ်ီတက္တဲ့လမ္းေၾကာင္းေပၚက Rostov-on-Don ေရာ့စ္ေတာ့ဗ္-အြန္-ဒြန္ ၿမိဳ႕ကို သိမ္းပိုက္ခဲ့ပါတယ္။ ေနာက္တစ္ရက္မွာ ဘယ္လာ႐ုစ္ သမၼတ အလက္ဇန္ဒါ လူကာရွင္ကိုရဲ႕ ၾကားဝင္ေစ့စပ္ေပးမႈနဲ႔ သေဘာတူညီမႈတရပ္ရရွိသြားၿပီး တပ္တြင္းပုန္ကန္မႈလည္း ၿပီးဆုံးသြားပါတယ္။ အဲဒီလို တပ္တြင္းပုန္ကန္မႈ ၿပီးဆုံးသြားတဲ့ေနာက္မွာ သမၼတ ပူတင္က ဝဂၢနာ တပ္ဖြဲ႕ကို ႐ုရွား အစိုးရက ဘ႑ာေရးအရ ေထာက္ပံ့ထားေၾကာင္းဝန္ခံေျပာၾကားခဲ့ပါတယ္။

ပရီဂိုဇင္ဆိုတာ ဘယ္သူလဲ
ဝဂၢနာ တပ္ဖြဲ႕ေခါင္းေဆာင္ ပရီဂိုဇင္ဟာ ႐ုရွားသမၼတ ပူတင္လိုဘဲ စိန႔္ပီတာစဘာ့ဂ္ ၿမိဳ႕ဇာတိပါ။ ပူတင္က ဆိုဗီယက္ေထာက္လွမ္း‌ေရး KGB မွာတာဝန္ထမ္းေဆာင္ခဲ့ၿပီး ႐ုရွားသမၼတ ျဖစ္လာခဲ့တဲ့ ကာလမွာ ပရီဂိုဇင္ကေတာ့ အသက္ ၁၈ ႏွစ္သားေလာက္ကစၿပီး ဆယ္စုႏွစ္တစ္ခုၾကာတဲ အက်ဥ္းေထာင္ သားဘဝကို ျဖတ္သန္းခဲ့ရပါတယ္။ ေထာင္က်ရတဲ့ အေၾကာင္းကေတာ့ သူ႔သူငယ္ခ်င္းေတြနဲ႔အတူ ဒါးျပတိုက္ခဲ့တဲ့အမႈေတြ ေၾကာင့္ပါ။ ေထာင္ ကလြတ္လာတဲ့ အခါမွာေတာ့ ပရီဂိုဇင္ဟာ ႐ိုး႐ိုးသားသားနဲ႔ဘဲ ဝက္အူေခ်ာင္းညႇပ္ေပါင္မုန႔္ (hot dog) ေရာင္းတဲ့ အလုပ္ကိုလုပ္ကိုင္စားေသာက္ခဲ့ပါတယ္။

ပူတင္ရဲ႕ စားဖိုမႉးႀကီး
၁၉၉ဝ ခုႏွစ္ ဆိုဗီယက္ယူနီယံ ၿပိဳကြဲတဲ့အခါမွာ စိန႔္ပီတာစဘာ့ဂ္ ၿမိဳ႕ဟာလည္း ႀကီးမားတဲ့ ေျပာင္းလဲမႈေတြနဲ႔ ႀကဳံခဲ့ရပါတယ္။ အဲဒီေနာက္ ေစ်းကြက္စီးပြားေရးစနစ္ စတင္ျဖစ္လာတဲ့ အခ်ိန္မွာ သူကအျမန္အစားအစာ ေရာင္းခ်တဲ့ လုပ္ငန္းထက္ပိုျမင့္တဲ့ လုပ္ငန္းကိုကူးေျပာင္းပါတယ္။ ပထမပိုင္းမွာ သူက ဝိုင္ ပုလင္းေတြ ေရာင္းခ်ခဲ့ၿပီး ေနာက္ပိုင္းမွာ စားေသာက္ဆိုင္တဆိုင္ဖြင့္ပါတယ္။ ပူတင္သမၼတ ျဖစ္လာတဲ့ အခ်ိန္ေလာက္မွာ ပရီဂိုဇင္က နာမည္ရ စားေသာက္ဆိုင္ပိုင္ရွင္ျဖစ္ေနေလေတာ့ ႏိုင္ငံ ေတာ္က က်င္းပတဲ့ ညစာစားပြဲေတြကို ျပင္ဆင္ေပးရေလ့ ရွိပါတယ္။ ဒါေၾကာင့္လည္း ပရီဂိုဇင္ကို ပူတင္ရဲ႕ စားဖိုမႈးႀကီးလို႔ နာမည္ေျပာင္နဲ႔ေခၚခဲ့ၾကတာပါ။ ပူတင္က ပရီဂိုဇင္ကို ေန႔လည္စာ စက္႐ုံ ေက်ာင္းတစ္ ေက်ာင္းဖြင့္ရာမွာ အစိုးရေခ်းေငြ အေျမာက္အမ်ားေပးၿပီး ကူညီခဲ့ပါတယ္။

က႐ိုင္းမီးယားစစ္ပြဲက စတဲ့ အာဏာလမ္းေၾကာင္း
၂ဝ၁၄ ခုႏွစ္မတ္လမွာ ႐ုရွားက က႐ိုင္းမီးယားကို က်ဴးေက်ာ္သိမ္းပိုက္တဲ့အခါ ပရီဂိုဇင္အတြက္ အခြင့္ အလမ္းသစ္ေတြ ေပၚထြက္လာပါတယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ ပူတင္က ဒီက်ဴးေက်ာ္သိမ္းပိုက္မႈမွာ ႐ုရွားရဲ႕ တရားဝင္တပ္မေတာ္ကို အသုံးမျပဳလိုပါ။ ဒါေၾကာင့္ ဒီလို မ႐ိုးသား ညစ္ပတ္တဲ့ လုပ္ရပ္ကို လုပ္ဖို႔ ပုဂၢလိက စစ္ေရး ကုမၸဏီတစ္ခုရွာေဖြဖို႔ အေၾကာင္းဖန္လာပါတယ္။ အမွန္ေတာ့ ဒီလို ပုဂၢလိက စစ္ေရးကုမၸဏီဆိုတာ ႐ုရွားမွာ တရားမဝင္ပါဘူး။ အဲဒီအခ်ိန္မွာ ကာကြယ္ေရးဝန္ႀကီးဌာန နဲ႔ ပူးေပါင္းေဆာင္႐ြက္လိုတဲ့ အဖြဲ႕ေပါင္းမ်ားစြာ ေပၚ လာပါတယ္။ ဒါေပမယ့္ ပရီဂိုဇင္တို႔ရဲ႕ ဝဂၢနာ အုပ္စုကသာ အေရးပါတဲ့ အုပ္စုျဖစ္လာပါတယ္။ ၂ဝ၁၅ ခုႏွစ္မွာ သူ႔ရဲ႕တပ္ဖြဲ႕ကို ေကြၽးေမြးေထာက္ပံ့ဖို႔ ကုမၸဏီက ေဒၚလာ တစ္ဘီလ်ံတန္ေၾကးရွိတဲ့ ကန္ထ႐ိုက္ေတြကို ရရွိခဲ့ပါတယ္။ ဒီလိုနဲ႔ အာဏာပါဝါေတြရွိလာတဲ့ ပရီဂိုဇင္ဟာ ကာကြယ္ေရးဝန္ႀကီးဌာနက တခ်ိဳ႕အရာရွိေတြအေပၚ သီးမခံႏႈိင္တာ ေတြစတင္ျဖစ္လာပါတယ္။ တျခားႏိုင္ငံေတြကို သြားၿပီး သူ႔ရဲ႕ စစ္ဆင္ေရးေတြခ်ဲ႕ထြင္ေဆာင္႐ြက္လာရတဲ့အခါ တင္းမာမႈေတြ ပိုမိုက်ယ္ျပန႔္လာပါတယ္။ ၂ဝ၁၈ ခုႏွစ္အေရာက္ ပရီဂိုဇင္တပ္ဖြဲ႕ရဲ႕ လႈပ္ရွားမႈေတြက အာဖရိက တိုက္က အနည္းဆုံး ၁ဝ ႏိုင္ငံေလာက္မွာ ပ်ံ႕ႏွံ႔ေရာက္ရွိခဲ့ပါၿပီ။

သူ႔ကုမၸဏီရဲ႕အလုပ္တာဝန္က လက္နက္ကိုင္ေလ့က်င့္ေရးသင္တန္းေပးတာ၊ သတၱဳတူးေဖၚခြင့္ အာမခံလုံၿခဳံ ေရးေပးတာအျပင္ တျခားစီးပြားေရး အခြင့္အလန္းေတြရရွိပါတယ္။ ပရီဂိုဇင္ဟာ ဒီလုပ္ငန္းေတြကို စိန႔္ပီတာစဘာ့ ႐ုံးကေနဘဲထိုင္ၿပီး ကြပ္ကဲတာပါ။ သူဟာ တရားဝင္အားျဖင့္ ဘာရာထူးတာဝန္မွ မရွိေပမယ့္ ကာကြယ္ေရးဆိုင္ရာ ကန္ထ႐ိုက္လုပ္ငန္းေတြနဲ႔ပတ္သက္တဲ့ အဆင့္ျမင့္ အစည္းအေဝးေတြမွာ မၾကာခဏတက္ေရာက္ရသူပါ။ သူဟာ ပူတင္အတြက္ ႏိုင္ငံရပ္ျခားမွာ ပါဝင္ပတ္သက္မႈမရွိပါဘူးလို႔ ျငင္းဆိုရမဲ့ ကိစၥရပ္ေတြမွာ အသုံးခ်ခံျဖစ္လာပါတယ္။

ေထာင္သားေတြနဲ႔ စုဖြဲ႕ထားတဲ့ ေၾကးစားတပ္
၂ဝ၂၂ ခုႏွစ္ စက္တင္ဘာလမွာ ပရီဂိုဇင္က သူဟာ ၂ဝ၁၄ ခုႏွစ္ကတည္းက ဝဂၢနာ အုပ္စုကိုတည္ေထာင္ခဲ့တာ ျဖစ္ေၾကာင္းေၾကညာခဲ့ပါတယ္။ အဲဒီဝန္ခံခ်က္က လိုင္းေပၚမွာ ပ်ံ႕ႏွံ႔လာတဲ့ ဗီဒီယိုဖိုင္ေပၚထြက္လာၿပီးတဲ့ေနာက္မွာပါ။ အဲဒီဗီဒီယိုမွာ သူက အက်ဥ္းေထာင္တစ္ခုအတြင္း စု႐ုံးေနတဲ့ ေထာင္သားေတြကို သူကစကားေျပာေနပါတယ္။ ယူကရိန္းကိုသြားေရာက္ၿပီး စစ္တိုက္ရမွာျဖစ္ေၾကာင္း၊ က်ဆုံးခ်င္လည္း က်ဆုံးသြားႏႈိင္ေၾကာင္း။ တကယ္လို႔ မေသခဲ့ရင္ ၆ လတာဝန္ထမ္းၿပီးတာနဲ႔ လုံးဝ လြတ္ၿငိမ္းခြင့္ရမဲ့အျပင္ လစာေကာင္းေကာင္းရမွာျဖစ္ေၾကာင္း ေျပာဆိုထားတာပါ။

ပုန္ကန္ဖို႔ ေမာ္စကိုကိုခ်ီတက္ၾက
ယူကရိန္းစစ္ပြဲမွာ ပါဝင္တိုက္ခိုက္ၿပီးတႏွစ္ေလာက္ၾကာလာတဲ့အခါ သူက ႐ုရွားကာကြယ္ေရး ဝန္ႀကီးဌာနအေပၚ စိတ္ဆိုးေဒါသထြက္ေနပါတယ္။ ကာကြယ္ေရးဝန္ႀကီးဌာနက သူ႔ရဲ႕ ေအာင္ျမင္မႈ ေတြကို ခိုးယူဖို႔ ႀကိဳးစားေနေၾကာင္း၊ သူတို႔ရဲ႕ ေခါင္းေဆာင္ပုံ မွားယြင္းေၾကာင္း ေျဗာင္ေျပာလာ ပါေတာ့တယ္။ အခုေနာက္ဆုံးေျပာတာက သူ႔ရဲ႕ တပ္ဖြဲ႕ဝင္ေတြကို သတ္ျဖတ္သူဟာ ႐ုရွားတပ္မေတာ္ ျဖစ္ေၾကာင္း စြပ္စြဲတာပါ။ ဒီေနာက္မွာေတာ့ ႐ုရွား ေတာင္ပိုင္းမွာရွိတဲ့ ေရာ့စေတာ့ဗ္ အြန္ ဒြန္ ၿမိဳ႕ကို ခ်ီတက္သြားၾကၿပီး ၿမိဳ႕ကိုသိမ္းလိုက္ၾကပါတယ္။ သူက ႐ုရွား စစ္သားေတြက သတ္ျဖတ္ခဲ့တဲ့ သူ႔တပ္သားေတြအတြက္ လက္စားေခ်မယ္လို႔ေႂကြးေၾကာ္ခဲ့ပါတယ္။ သူက ႐ုရွား စစ္တပ္ေခါင္းေဆာင္မႈကို ျဖဳတ္ခ်ခ်င္တာပါ။ အင္အား ၂၅,ဝဝဝ ရွိတဲ့ သူ႔တပ္ဖြဲ႕ဟာ တရားမွ်တမႈရရွိဖို႔အတြက္ ေမာ္စကိုကိုခ်ီတက္မယ္လို႔ေျပာခဲ့ပါတယ္။

တကယ္ေတာ့ ပရီဂိုဇင္ရဲ႕ ဝဂၢနာ အုပ္စုဟာ ႐ုရွားတပ္မေတာ္နဲ႔ သမၼတပူတင္ကို ေျဗာင္ပုန္ကန္လိုက္တာပါ။ ဒါေၾကာင့္ ပူတင္က ဒါကို ျပင္းျပင္းထန္ထန္ရႈံ႕ခ်လိုက္ၿပီး ဒါဟာ ႏိုင္ငံေတာ္သစၥာေဖါက္မႈလို႔ ေၾကျငာပါတယ္။ ျပင္းထန္စြာအေရးယူမယ္လို႔လည္းေျပာပါတယ္။ ေနာက္တရက္မွာ ဘယ္လာ႐ုစ္ သမတ အလက္ဇန္ဒါ လူကာရွင္ ကိုရဲ႕ ၾကားဝင္ေစ့စပ္ေပးမႈနဲ႔ သေဘာတူညီမႈတရပ္ရရွိသြားၿပီး တပ္တြင္းပုန္ကန္မႈလည္း ၿပီးဆုံးသြားပါတယ္။ ႐ုရွားအစိုးရအေနနဲ႔ အစပိုင္းမွာ ဒီပုန္ကန္မႈအေပၚ အမႈဖြင့္ခဲ့ေပမယ့္ ဇြန္လ ၂၇ ရက္မွာေတာ့ စြဲခ်က္ေတြကို ႐ုတ္ သိမ္းေပးခဲ့ပါတယ္။ ဒီပုန္ကန္မႈအတြင္းမွာ ႐ုရွားစစ္တပ္က ၁၃ ေယာက္ေသဆုံးခဲ့ၿပီး ဝဂၢနာတပ္ဖြဲ႕ဘက္ကို ခိုလႈံသြားတဲ့ ႐ုရွားစစ္သားႏွစ္ေယာက္ကလည္း တိုက္ပြဲအတြင္းမွာ ေသဆုံးခဲ့ ပါတယ္။

ခုေနာက္ဆုံး (၂၉-၆-၂၃ ) ရက္သတင္းအရ ပရီဂိုဇင္ရဲ႕ အာဏာသိမ္းဖို႔ ပုန္ကန္မႈရဲ႕ ေနာက္ကြယ္မွာ ပါဝင္တယ္ဆိုတဲ့စြပ္စြဲခ်က္နဲ႔ ဗိုလ္ခ်ဳပ္ႀကီး အမၼာဂဲဒြန္ ( Armageddon- သက္ရွိသတၱဝါအားလုံး ပ်က္သုန္း ေစႏိုင္တဲ့စစ္ပြဲ ဗိုလ္ခ်ဳပ္ႀကီး) လို႔ေခၚၾကတဲ့ ႐ုရွား ဗိုလ္ခ်ဳပ္ႀကီး ဆာေဂး ဆူ႐ိုဗီကင္ ကိုဖမ္းဆီးလိုက္တယ္လို႔သိရပါ တယ္။ ဝဂၢနာ တပ္ဖြဲ႕ရဲ႕ အနာဂါတ္ ဘာေတြဆက္ျဖစ္လာမလဲ ေစာင့္ၾကည့္ၾကရမွာပါ။

ကိုးကား- Gravitas: Who is Wagner boss Yevgeny Prigozhin? Why did he turn against Russia? |
- Wikipedia

Related news

© 2021. All rights reserved.