CANTER (၆) ဘီးကားပေါ်မှ ငွေကျပ်သိန်း (၁၆ဝဝ)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

643

သန့်ဇင် (NP News) - ဇူလိုင် ၁
ချင်းပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် CANTER (၆)ဘီးကားပေါ်မှ ငွေကျပ်သိန်း(၁၆ဝဝ)ကျော်တန်ဖိုးရှိ ဘိန်းဖြူ၊ ဘိန်းစိမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဇွန်လ ၃ဝ ရက်တွင် အထက်ပါကဲ့သို့ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ ၂၃ရက်၊ ညနေ ၆ နာရီအချိန်တွင် မိုးညှင်းမြို့နယ်၊ နန့်စီးအောင် ပူးပေါင်းစစ် ဆေးရေးဂိတ်၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
မန္တလေးမှ ဟိုပင်မြို့ဘက်သို့ အေးမင်းအောင်(ခ)မင်းမင်း မောင်းနှင်လာပြီး ဦးကြည်လိုက်ပါလာသည့် CANTER (၆)ဘီးကားပေါ်မှ ကာလတန်ဖိုးငွေကျပ် သိန်း(၁၆ဝဝ)ကျော်တန်ဖိုးရှိ ဘိန်းဖြူ (၆ ဒသမ ၆) ကီလို၊ ဘိန်းစိမ်း (၂)ကီလိုသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါသိမ်းဆည်းရမိသည့် မူယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ ကချင်ပြည်နယ်သို့သယ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ထို့ကြောင့် ၎င်းတို့(၂)ဦးအား ဥပဒေအရအရေးယူထားပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်ရေးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
zawgyi version
CANTER (၆) ဘီးကားေပၚမွ ေငြက်ပ္သိန္း (၁၆ဝဝ)ေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိ
သန႔္ဇင္ (NP News) - ဇူလိုင္ ၁
ခ်င္းျပည္နယ္၊ မိုးညႇင္းၿမိဳ႕နယ္တြင္ CANTER (၆)ဘီးကားေပၚမွ ေငြက်ပ္သိန္း(၁၆ဝဝ)ေက်ာ္တန္ဖိုးရွိ ဘိန္းျဖဴ၊ ဘိန္းစိမ္းမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။
ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ ဇြန္လ ၃ဝ ရက္တြင္ အထက္ပါကဲ့သို႔ထုတ္ျပန္ခဲ့ျခင္း ျဖစ္သည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဇြန္လ ၂၃ရက္၊ ညေန ၆ နာရီအခ်ိန္တြင္ မိုးညႇင္းၿမိဳ႕နယ္၊ နန႔္စီးေအာင္ ပူးေပါင္းစစ္ ေဆးေရးဂိတ္၌ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။
မႏၲေလးမွ ဟိုပင္ၿမိဳ႕ဘက္သို႔ ေအးမင္းေအာင္(ခ)မင္းမင္း ေမာင္းႏွင္လာၿပီး ဦးၾကည္လိုက္ပါလာသည့္ CANTER (၆)ဘီးကားေပၚမွ ကာလတန္ဖိုးေငြက်ပ္ သိန္း(၁၆ဝဝ)ေက်ာ္တန္ဖိုးရွိ ဘိန္းျဖဴ (၆ ဒသမ ၆) ကီလို၊ ဘိန္းစိမ္း (၂)ကီလိုသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
ဆက္လက္စစ္ေဆးေဖာ္ထုတ္ခ်က္အရ အဆိုပါသိမ္းဆည္းရမိသည့္ မူယစ္ေဆးဝါးမ်ားအား ရွမ္းျပည္နယ္မွ ကခ်င္ျပည္နယ္သို႔သယ္ေဆာင္သြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။
ထို႔ေၾကာင့္ ၎တို႔(၂)ဦးအား ဥပေဒအရအေရးယူထားၿပီး ကြင္းဆက္ျပစ္မႈ က်ဴးလြန္သူမ်ားကို ဆက္လက္စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္ေရးရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။