ရိုမေးနီးယားအစိုးရ၏တောင်းဆိုမှုများကြောင့် ရုရှားသံတမန်များ နှင့် သံရုံးဝန်ထမ်းများ နိုင်ငံတွင်းမှ ထွက်ခွါမည်

 1563

Pika (NP News) - ဇူလိုင် ၂

ရုရှား-ယူကရိန်းပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်း ရိုမေးနီးယားနိုင်ငံနှင့် ရုရှားနိုင်ငံကြားဆက်ဆံရေးများ ပိုမိုဆိုးရွားလာခဲ့ပြီး ရိုမေးနီးယားအစိုးရ၏တောင်းဆိုမှုများကြောင့် ရုရှားသံတမန်များနှင့်သံရုံးဝန်ထမ်း (၄ဝ) ဦးသည် ယခုသီတင်းပတ်အတွင်း နိုင်ငံတွင်းမှ ထွက်ခွါရန် စီစဉ်နေပြီဖြစ်ကြောင်းသိရသည်။

ရုရှား၏ သံတမန်(၁၁)ဦးနှင့် နည်းပညာနှင့်စီမံခန့်ခွဲရေးဝန်ထမ်း(၂၉)ဦးတို့သည် ၎င်းတို့၏မိသားစုများနှင့်အတူ ရုရှားလေကြောင်းလိုင်းပိုင် အရပ်ဘက်လေယာဉ်ဖြင့် ရိုမေးနီးယားနိုင်ငံမှ ထွက်ခွါသွားမည်ဖြစ် ကြောင်း ရိုမေးနီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။ ရိုမေးနီးယား ရုပ်သံလွှင့်ဌာနများသည် ဘူခါရက်စ်လေဆိပ်တွင် ရုရှားလေကြောင်းလိုင်းပိုင် Ilyushin Il-96 လေယာဉ် ဆင်းသက်လာသည်ကို ပြသခဲ့ကြောင်းသိရသည်။ အဆိုပါဆုံးဖြတ်ချက်သည် ရုရှားက ယူကရိန်းကိုကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း ရုရှားနှင့် ရိုမေးနီးယားနိုင်ငံကြား လက်ရှိဆက်ဆံရေးအခြေအနေများကို သိသာပေါ်လွင်စေကြောင်း ရိုမေးနီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ရိုမေးနီးယားအာဏာပိုင်များသည် အဆိုပါဆုံးဖြတ်ချက်ကို အချိန်(၁)လအတွင်း လိုက်နာရန် ရုရှားအစိုးရကို ဇွန်လ(၈)ရက်က တောင်းဆိုခဲ့ကြောင်းသိရသည်။ ရုရှားက ယူကရိန်းကိုကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း နေတိုးအဖွဲ့ဝင်ဖြစ်သော ရိုမေးနီးယားနိုင်ငံသည် အခြားဥရောပနိုင်ငံများကဲ့သို့ပင် နိုင်ငံတွင်း၌ သူလျှိုလုပ်သည်ဟု သံသယရှိသော ရုရှားသံတမန်များကို နှင်ထုတ်ခဲ့ကြောင်းသိရသည်။ ရိုမေးနီးယားနိုင်ငံရှိ ရုရှားသံရုံးမှ ဝန်ထမ်းဦးရေထက်ဝက်ကျော်ကို လျှော့ချပစ်ခဲ့ကြောင်း ရိုမေးနီးယားအစိုးရကပြောကြားခဲ့သည်။

zawgyi version
႐ိုေမးနီးယားအစိုးရ၏ေတာင္းဆိုမႈမ်ားေၾကာင့္ ႐ုရွားသံတမန္မ်ား ႏွင့္ သံ႐ုံးဝန္ထမ္းမ်ား ႏိုင္ငံတြင္းမွ ထြက္ခြါမည္
Pika (NP News) - ဇူလိုင္ ၂

႐ုရွား-ယူကရိန္းပဋိပကၡျဖစ္ပြားၿပီးေနာက္ပိုင္း ႐ိုေမးနီးယားႏိုင္ငံႏွင့္ ႐ုရွားႏိုင္ငံၾကားဆက္ဆံေရးမ်ား ပိုမိုဆိုး႐ြားလာခဲ့ၿပီး ႐ိုေမးနီးယားအစိုးရ၏ေတာင္းဆိုမႈမ်ားေၾကာင့္ ႐ုရွားသံတမန္မ်ားႏွင့္သံ႐ုံးဝန္ထမ္း (၄ဝ) ဦးသည္ ယခုသီတင္းပတ္အတြင္း ႏိုင္ငံတြင္းမွ ထြက္ခြါရန္ စီစဥ္ေနၿပီျဖစ္ေၾကာင္းသိရသည္။

႐ုရွား၏ သံတမန္(၁၁)ဦးႏွင့္ နည္းပညာႏွင့္စီမံခန႔္ခြဲေရးဝန္ထမ္း(၂၉)ဦးတို႔သည္ ၎တို႔၏မိသားစုမ်ားႏွင့္အတူ ႐ုရွားေလေၾကာင္းလိုင္းပိုင္ အရပ္ဘက္ေလယာဥ္ျဖင့္ ႐ိုေမးနီးယားႏိုင္ငံမွ ထြက္ခြါသြားမည္ျဖစ္ ေၾကာင္း ႐ိုေမးနီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာဆိုခဲ့သည္။ ႐ိုေမးနီးယား ႐ုပ္သံလႊင့္ဌာနမ်ားသည္ ဘူခါရက္စ္ေလဆိပ္တြင္ ႐ုရွားေလေၾကာင္းလိုင္းပိုင္ Ilyushin Il-96 ေလယာဥ္ ဆင္းသက္လာသည္ကို ျပသခဲ့ေၾကာင္းသိရသည္။ အဆိုပါဆုံးျဖတ္ခ်က္သည္ ႐ုရွားက ယူကရိန္းကိုက်ဴးေက်ာ္တိုက္ခိုက္ၿပီးေနာက္ပိုင္း ႐ုရွားႏွင့္ ႐ိုေမးနီးယားႏိုင္ငံၾကား လက္ရွိဆက္ဆံေရးအေျခအေနမ်ားကို သိသာေပၚလြင္ေစေၾကာင္း ႐ိုေမးနီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။

႐ိုေမးနီးယားအာဏာပိုင္မ်ားသည္ အဆိုပါဆုံးျဖတ္ခ်က္ကို အခ်ိန္(၁)လအတြင္း လိုက္နာရန္ ႐ုရွားအစိုးရကို ဇြန္လ(၈)ရက္က ေတာင္းဆိုခဲ့ေၾကာင္းသိရသည္။ ႐ုရွားက ယူကရိန္းကိုက်ဴးေက်ာ္တိုက္ခိုက္ၿပီးေနာက္ပိုင္း ေနတိုးအဖြဲ႕ဝင္ျဖစ္ေသာ ႐ိုေမးနီးယားႏိုင္ငံသည္ အျခားဥေရာပႏိုင္ငံမ်ားကဲ့သို႔ပင္ ႏိုင္ငံတြင္း၌ သူလွ်ိဳလုပ္သည္ဟု သံသယရွိေသာ ႐ုရွားသံတမန္မ်ားကို ႏွင္ထုတ္ခဲ့ေၾကာင္းသိရသည္။ ႐ိုေမးနီးယားႏိုင္ငံရွိ ႐ုရွားသံ႐ုံးမွ ဝန္ထမ္းဦးေရထက္ဝက္ေက်ာ္ကို ေလွ်ာ့ခ်ပစ္ခဲ့ေၾကာင္း ႐ိုေမးနီးယားအစိုးရကေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.