ဝန်ကြီးချုပ်နေတန်ရာဟုကို ခြိမ်းခြောက်တဲ့ လူငယ်တစ်ဦးကို အစ္စရေးရဲတပ်ဖွဲ့ဖမ်းဆီး

 725

ဂျန်ဇက် (NP News) - ဇူလိုင် ၃

အစ္စရေးအာဏာပိုင်တွေဟာ ဝန်ကြီးချုပ်နေတန်ရာဟုကို သတ်မယ်လို့ ခြိမ်းခြောက်ခဲ့သူတစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိ လူငယ်ဟာ ဝန်ကြီးချုပ်နေတန်ရာဟုရဲ့ ညီဖြစ်သူရဲ့ဈာပနာမှာ သတ်ဖို့ခြိမ်းခြောက်တဲ့စာ ကျန်ခဲ့ပြီးနောက် မကြာမီဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရပါတယ်။

အစ္စရေးရဲတပ်ဖွဲ့ နဲ့ ပြည်တွင်းလုံခြုံရေးတပ်ဖွဲ့တွေဟာ Kfar Saba မြို့ခံတစ်ဦးကို ခြိမ်းခြောက်မှု နဲ့ ပတ်သက်ပြီး ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ အစ္စရေးအစိုးရတာဝန်ရှိသူများက ဆိုက်ဘာရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်တဲ့ စုံစမ်းရေးအဖွဲ့ဝင်တွေဟာ သံသယရှိသူကို ခြိမ်းခြောက်မှုများအတွက် စုံစမ်းစစ်ဆေးနေကြောင်း ဆိုပါတယ်။

ဂျေရုဆလင်မြို့မှာ ကျင်းပခဲတဲ့ ဈာပနာအခမ်းtနားမှာ ဝန်ကြီးချုပ်ကိုသတ်ဖို့ လက်ရေးနဲ့ ရေးထားတဲ့ ခြိမ်းခြောက်စာကို တွေ့ရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြောပါတယ်။ ဒါပေမယ့် အစ္စရေးဒေသခံမီဒီယာတွေကတော့ ဝန်ကြီးချုပ်ကို သတ်ဖို့ခြိမ်းခြောက်သူဟာ စိတ်ပိုင်းဆိုင်ရာ ပုံမှန်အခြေအနေမျိုးမဟုတ်သူတစ်ဦးဖြစ် ကြောင်း ဖော်ပြထားပါတယ်။

အစ္စရေးအာဏာပိုင်တွေဟာ ၎င်းကို စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပိုမိုကောင်းမွန်စေဖို့ ကုသရမှာဖြစ်ကြောင်း ဆိုပါတယ်။ အဆိုပါ အသက် ၂၆ နှစ်အရွယ်ရှိ လူငယ်ရေးသားထားတဲ့စာထဲမှာ "ဝန်ကြီးချုပ်နေတန်ရာဟုဟာ သူရဲ့အသက် ၇၄ နှစ် မွေးနေ့ကို ကျင်းပနိုင်တော့မှာ မဟုတ်ဘူး။ နေတန်ရာဟုဟာ ယခင်ဝန်ကြီးချုပ်ဟောင်း ရှာရွန် လောက် စီမံခန့်ခွဲအုပ်ချုပ်မှုပိုင်း မကောင်းဘူး။ ကျွန်တော့်အနေနဲ့ ဝန်ကြီးချုပ်နေတန်ရာဟုကို ဆိုးရွားတဲ့အရာတွေ ဖြစ်စေလိုတယ်" လို့ ရေးသားဖော်ပြထားပါတယ်။

Zawgyi Version;
ဝန္ႀကီးခ်ဳပ္ေနတန္ရာဟုကို ၿခိမ္းေျခာက္တဲ့ လူငယ္တစ္ဦးကို အစၥေရးရဲတပ္ဖြဲ႕ဖမ္းဆီး
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၃

အစၥေရးအာဏာပိုင္ေတြဟာ ဝန္ႀကီးခ်ဳပ္ေနတန္ရာဟုကို သတ္မယ္လို႔ ၿခိမ္းေျခာက္ခဲ့သူတစ္ဦးကို ဖမ္းဆီးလိုက္ေၾကာင္း သိရပါတယ္။

အသက္ ၂၆ ႏွစ္အ႐ြယ္ရွိ လူငယ္ဟာ ဝန္ႀကီးခ်ဳပ္ေနတန္ရာဟုရဲ႕ ညီျဖစ္သူရဲ႕ဈာပနာမွာ သတ္ဖို႔ၿခိမ္းေျခာက္တဲ့စာ က်န္ခဲ့ၿပီးေနာက္ မၾကာမီဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း သိရပါတယ္။

အစၥေရးရဲတပ္ဖြဲ႕ နဲ႔ ျပည္တြင္းလုံၿခဳံေရးတပ္ဖြဲ႕ေတြဟာ Kfar Saba ၿမိဳ႕ခံတစ္ဦးကို ၿခိမ္းေျခာက္မႈ နဲ႔ ပတ္သက္ၿပီး ဖမ္းဆီးခဲ့ေၾကာင္း သိရပါတယ္။ အစၥေရးအစိုးရတာဝန္ရွိသူမ်ားက ဆိုက္ဘာရဲတပ္ဖြဲ႕ဝင္မ်ား ပူးေပါင္းပါဝင္တဲ့ စုံစမ္းေရးအဖြဲ႕ဝင္ေတြဟာ သံသယရွိသူကို ၿခိမ္းေျခာက္မႈမ်ားအတြက္ စုံစမ္းစစ္ေဆးေနေၾကာင္း ဆိုပါတယ္။

ေဂ်႐ုဆလင္ၿမိဳ႕မွာ က်င္းပခဲတဲ့ ဈာပနာအခမ္းtနားမွာ ဝန္ႀကီးခ်ဳပ္ကိုသတ္ဖို႔ လက္ေရးနဲ႔ ေရးထားတဲ့ ၿခိမ္းေျခာက္စာကို ေတြ႕ရွိခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ေျပာပါတယ္။ ဒါေပမယ့္ အစၥေရးေဒသခံမီဒီယာေတြကေတာ့ ဝန္ႀကီးခ်ဳပ္ကို သတ္ဖို႔ၿခိမ္းေျခာက္သူဟာ စိတ္ပိုင္းဆိုင္ရာ ပုံမွန္အေျခအေနမ်ိဳးမဟုတ္သူတစ္ဦးျဖစ္ ေၾကာင္း ေဖာ္ျပထားပါတယ္။

အစၥေရးအာဏာပိုင္ေတြဟာ ၎ကို စိတ္ပိုင္းဆိုင္ရာက်န္းမာေရးပိုမိုေကာင္းမြန္ေစဖို႔ ကုသရမွာျဖစ္ေၾကာင္း ဆိုပါတယ္။ အဆိုပါ အသက္ ၂၆ ႏွစ္အ႐ြယ္ရွိ လူငယ္ေရးသားထားတဲ့စာထဲမွာ "ဝန္ႀကီးခ်ဳပ္ေနတန္ရာဟုဟာ သူရဲ႕အသက္ ၇၄ ႏွစ္ ေမြးေန႔ကို က်င္းပႏိုင္ေတာ့မွာ မဟုတ္ဘူး။ ေနတန္ရာဟုဟာ ယခင္ဝန္ႀကီးခ်ဳပ္ေဟာင္း ရွာ႐ြန္ ေလာက္ စီမံခန႔္ခြဲအုပ္ခ်ဳပ္မႈပိုင္း မေကာင္းဘူး။ ကြၽန္ေတာ့္အေနနဲ႔ ဝန္ႀကီးခ်ဳပ္ေနတန္ရာဟုကို ဆိုး႐ြားတဲ့အရာေတြ ျဖစ္ေစလိုတယ္" လို႔ ေရးသားေဖာ္ျပထားပါတယ္။

Related news

© 2021. All rights reserved.