လှိုင်သာယာရှိ ငါးရှဉ့်သိုလှောင်ရုံ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ ပျက်စီးဆုံးရှုံးမှုများပြား

780
သန့်ဇင် (NP News) - ဇူလိုင် ၃
ရန်ကုန်တိုင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အနော်ရထာစက်မှုဇုန်၊ ဂန္ဓမာလမ်းရှိ ငါးရှဉ့်သိုလှောင်ရုံ၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သွေးဒါနမျိုုးဆက်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဥ်မှာ ယနေ့ (ဇူလိုင်လ ၃ ရက်)၊ နံနက် ၂ နာရီကျော်တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“မနက် ၂ နာရီလောက်က သတင်းရတယ်။ ငါးရှဉ့်တွေဘာတွေသိုလှောင်တဲ့ ဂိုထောင် အအေးခန်းတွေလဲ ပါတယ်။ အဲဒီကနေစပြီး လောင်တယ်လို့တော့ သိရတယ်” ဟု သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါမီးလောင်မှုအား မရမ်းကုန်းမီးသတ်၊ လှိုင်သာယာမီးသတ်နှင့် သွေးဒါနမျိုးဆက်လူမှုကူညီရေးအသင်းမှ မိနစ်(၃ဝ)ခန့် ပူးပေါင်းငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
“ဆုံးရှုံးမှုအနေနဲ့ကတော့ တော်တော်များများတော့ပျက်စီးသွားတယ်။ အလုပ်သမားအိပ်ခန်းတွေရော၊ သိုလှောင်ခန်းတွေရောပေါ့။ အခြားလူထိခိုက်မှုတော့မရှိဘူး” ဟု ၎င်းကဆက်လက်ပြောသည်။
မီးလောင်မှုဖြစ်စဥ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ မရှိသော်လည်း ပျက်စီးဆုံးရှုံးမှု များပြားကြောင်း အထက်ပါအသင်းမှ သိရသည်။

zawgyi version
လႈိင္သာယာရွိ ငါးရွဥ့္သိုေလွာင္႐ုံ၌ မီးေလာင္မႈျဖစ္ပြားခဲ့ရာ ပ်က္စီးဆုံးရႈံးမႈမ်ားျပား
သန႔္ဇင္ (NP News) - ဇူလိုင္ ၃
ရန္ကုန္တိုင္း၊ လႈိင္သာယာ(အေနာက္ပိုင္း)ၿမိဳ႕နယ္၊ အေနာ္ရထာစက္မႈဇုန္၊ ဂႏၶမာလမ္းရွိ ငါးရွဥ့္သိုေလွာင္႐ုံ၌ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း ေသြးဒါနမ်ိဳုးဆက္လူမႈကူညီေရးအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔ (ဇူလိုင္လ ၃ ရက္)၊ နံနက္ ၂ နာရီေက်ာ္တြင္ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
“မနက္ ၂ နာရီေလာက္က သတင္းရတယ္။ ငါးရွဥ့္ေတြဘာေတြသိုေလွာင္တဲ့ ဂိုေထာင္ အေအးခန္းေတြလဲ ပါတယ္။ အဲဒီကေနစၿပီး ေလာင္တယ္လို႔ေတာ့ သိရတယ္” ဟု ေသြးဒါနမ်ိဳးဆက္ လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါမီးေလာင္မႈအား မရမ္းကုန္းမီးသတ္၊ လႈိင္သာယာမီးသတ္ႏွင့္ ေသြးဒါနမ်ိဳးဆက္လူမႈကူညီေရးအသင္းမွ မိနစ္(၃ဝ)ခန႔္ ပူးေပါင္းျငႇိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။
“ဆုံးရႈံးမႈအေနနဲ႔ကေတာ့ ေတာ္ေတာ္မ်ားမ်ားေတာ့ပ်က္စီးသြားတယ္။ အလုပ္သမားအိပ္ခန္းေတြေရာ၊ သိုေလွာင္ခန္းေတြေရာေပါ့။ အျခားလူထိခိုက္မႈေတာ့မရွိဘူး” ဟု ၎ကဆက္လက္ေျပာသည္။
မီးေလာင္မႈျဖစ္စဥ္ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိခဲ့သူ မရွိေသာ္လည္း ပ်က္စီးဆုံးရႈံးမႈ မ်ားျပားေၾကာင္း အထက္ပါအသင္းမွ သိရသည္။