ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့် (၇)ထပ်ဆောင်၌ သွေးနှင့် သွေးကင်ဆာရောဂါကုသဆောင်များပါ ထည့်သွင်းတည်ဆောက်မည်

743

ယွန်း (NP News) - ဇူလိုင် ၃
ဆောက်လုပ်နေဆဲဖြစ်သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့် ခုနှစ်ထပ်ဆောင်၌ သွေးနှင့် သွေးကင်ဆာရောဂါကုသဆောင်များကိုပါ ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ဇူလိုင်လ(၂)ရက်တွင် အဆိုပါ ဆေးရုံကြီး၏ ဆောက်လုပ်ရေးလုပ်ငန်းများကို သွားရောက်ကြည့်ရှုစဥ် အထက်ပါကဲ့သို့ အသိပေးပြောကြားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးသည် မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများ အားကိုးအားထားရသည့် ဆေးရုံကြီးဖြစ်ပြီး ယခုဆောက်လုပ်နေသည့် အဆင့်မြင့် ခုနှစ်ထပ်ဆောင်ကိုလည်း အရည်အသွေးအကောင်းဆုံးဖြစ်အောင် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။
အဆိုပါ ခုနှစ်ထပ်ဆောင်တွင် ပုံမှန်ဆေးကုသဆောင်များအပြင် သွေးနှင့် သွေးကင်ဆာရောဂါလူနာများ ဆေးကုသမှုခံနိုင်ရန်အတွက် သွေးနှင့်သွေးကင်ဆာ ရောဂါကုသဆောင်နှင့် ရိုးတွင်းချဥ်ဆီ အစားထိုးကုသဆောင်များကိုလည်း ထည့်သွင်းစီစဥ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် သင်ကြားရေးဆေးရုံဖြစ်သည့်အတွက် စာသင်ခန်းများကို အရည်အသွေးပြည့်မီအောင် ဆောက် လုပ်သွားရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။
တည်ဆောက်မှုလုပ်ငန်းများ အမြန်ပြီးစီးပါက ပြည်သူများအတွက် အမြန်ဆုံးအကျိုးရှိမည်ဖြစ်သည့် အတွက် သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန် ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့် ခုနှစ်ထပ်ဆောင်ကို နိုင်ငံတော်အစိုးရမှ ငွေကျပ်(၂၁ ဒသမ ၈၉၇) ဘီလျံ အကုန်အကျခံကာ ဆောက်လုပ်နေခြင်းဖြစ်ပြီး (၂ဝ၂၃-၂ဝ၂၄)ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး အဆင့္ျမင့္ (၇)ထပ္ေဆာင္၌ ေသြးႏွင့္ ေသြးကင္ဆာေရာဂါကုသေဆာင္မ်ားပါ ထည့္သြင္းတည္ေဆာက္မည္
ယြန္း (NP News) - ဇူလိုင္ ၃
ေဆာက္လုပ္ေနဆဲျဖစ္သည့္ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး အဆင့္ျမင့္ ခုႏွစ္ထပ္ေဆာင္၌ ေသြးႏွင့္ ေသြးကင္ဆာေရာဂါကုသေဆာင္မ်ားကိုပါ ထည့္သြင္းသြားမည္ျဖစ္ေၾကာင္း သိရသည္။
က်န္းမာေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသက္ခိုင္ဝင္းက ဇူလိုင္လ(၂)ရက္တြင္ အဆိုပါ ေဆး႐ုံႀကီး၏ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားကို သြားေရာက္ၾကည့္ရႈစဥ္ အထက္ပါကဲ့သို႔ အသိေပးေျပာၾကားခဲ့ျခင္းျဖစ္သည္။
ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသည္ ျမန္မာတစ္ႏိုင္ငံလုံးရွိ ျပည္သူမ်ား အားကိုးအားထားရသည့္ ေဆး႐ုံႀကီးျဖစ္ၿပီး ယခုေဆာက္လုပ္ေနသည့္ အဆင့္ျမင့္ ခုႏွစ္ထပ္ေဆာင္ကိုလည္း အရည္အေသြးအေကာင္းဆုံးျဖစ္ေအာင္ ေဆာက္လုပ္သြားမည္ျဖစ္ေၾကာင္း ေဒါက္တာသက္ခိုင္ဝင္းက ေျပာသည္။
အဆိုပါ ခုႏွစ္ထပ္ေဆာင္တြင္ ပုံမွန္ေဆးကုသေဆာင္မ်ားအျပင္ ေသြးႏွင့္ ေသြးကင္ဆာေရာဂါလူနာမ်ား ေဆးကုသမႈခံႏိုင္ရန္အတြက္ ေသြးႏွင့္ေသြးကင္ဆာ ေရာဂါကုသေဆာင္ႏွင့္ ႐ိုးတြင္းခ်ဥ္ဆီ အစားထိုးကုသေဆာင္မ်ားကိုလည္း ထည့္သြင္းစီစဥ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ သင္ၾကားေရးေဆး႐ုံျဖစ္သည့္အတြက္ စာသင္ခန္းမ်ားကို အရည္အေသြးျပည့္မီေအာင္ ေဆာက္ လုပ္သြားရန္ ျပည္ေထာင္စုဝန္ႀကီးက တိုက္တြန္းေျပာၾကားခဲ့သည္။
တည္ေဆာက္မႈလုပ္ငန္းမ်ား အျမန္ၿပီးစီးပါက ျပည္သူမ်ားအတြက္ အျမန္ဆုံးအက်ိဳးရွိမည္ျဖစ္သည့္ အတြက္ သတ္မွတ္ခ်ိန္အတြင္း အခ်ိန္မီၿပီးစီးေအာင္ ေဆာင္႐ြက္ရန္ ၎က ဆက္လက္ေျပာၾကားခဲ့သည္။
ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး အဆင့္ျမင့္ ခုႏွစ္ထပ္ေဆာင္ကို ႏိုင္ငံေတာ္အစိုးရမွ ေငြက်ပ္(၂၁ ဒသမ ၈၉၇) ဘီလ်ံ အကုန္အက်ခံကာ ေဆာက္လုပ္ေနျခင္းျဖစ္ၿပီး (၂ဝ၂၃-၂ဝ၂၄)ဘ႑ာႏွစ္တြင္ ေဆာက္လုပ္ၿပီးစီးမည္ျဖစ္ေၾကာင္း သိရသည္။