တွဲကားအောက်၌ ကားဝင်ပြင်သည့် ယာဉ်မောင်း ကားကြိတ်မိ၍ သေဆုံးမှု လှိုင်သာယာမြို့နယ်တွင် ဖြစ်ပွား

 947

စော (NP News) - ဇူလိုင် ၇

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၌ တွဲကားအောက်တွင် ကားဝင်ပြင်သည့် ယာဉ်မောင်းတစ်ဦး တွဲကားကြိတ်မိ၍ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့(ဇူလိုင်လ ၇ ရက်)၊ နံနက်(၁ဝ)နာရီအချိန်တွင် လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၄)၊ ဦးတရုတ်လမ်း၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း ကရုဏာတွဲလက်နာရေးကူညီမှုအသင်းထံမှ သိရသည်။

“သူက ကားအောက်ထဲကိုဝင်ပြီးတော့ ချန်ပါအိုးပေါက်နေလားဆိုပြီး ဝင်ကြည့်တာပါ။ ကားကစက်နှိုးထားတော့ သူကကားအောက်ထဲ ဝင်ကြည့်တဲ့အချိန် ကားကလိမ့်သွားပြီး တက်ကြိတ်မိသွားတာပါ”ဟု ကရုဏာတွဲလက်နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ကားကြိတ်ခံရမှုကြောင့် ၎င်း၏ခန္ဓာကိုယ်အောက်ပိုင်းကြေမွသွားပြီး အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားကြောင်းသိရသည်။

သေဆုံးသူအမျိုးသားသည် အသက်(၄ဝ)ဝန်းကျင်အရွယ်ရှိကြောင်း ၎င်းကဆက်လက်ပြောဆိုထားသည်။

၎င်း၏ရုပ်အလောင်းအား လှိုင်သာယာဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

zawgyi version
တြဲကားေအာက္၌ ကားဝင္ျပင္သည့္ ယာဥ္ေမာင္း ကားႀကိတ္မိ၍ ေသဆုံးမႈ လႈိင္သာယာၿမိဳ႕နယ္တြင္ ျဖစ္ပြား

ေစာ (NP News) - ဇူလိုင္ ၇

ရန္ကုန္တိုင္း၊ လႈိင္သာယာၿမိဳ႕နယ္၌ တြဲကားေအာက္တြင္ ကားဝင္ျပင္သည့္ ယာဥ္ေမာင္းတစ္ဦး တြဲကားႀကိတ္မိ၍ ေသဆုံးခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔(ဇူလိုင္လ ၇ ရက္)၊ နံနက္(၁ဝ)နာရီအခ်ိန္တြင္ လႈိင္သာယာၿမိဳ႕နယ္၊ စက္မႈဇုန္ (၄)၊ ဦးတ႐ုတ္လမ္း၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း က႐ုဏာတြဲလက္နာေရးကူညီမႈအသင္းထံမွ သိရသည္။

“သူက ကားေအာက္ထဲကိုဝင္ၿပီးေတာ့ ခ်န္ပါအိုးေပါက္ေနလားဆိုၿပီး ဝင္ၾကည့္တာပါ။ ကားကစက္ႏႈိးထားေတာ့ သူကကားေအာက္ထဲ ဝင္ၾကည့္တဲ့အခ်ိန္ ကားကလိမ့္သြားၿပီး တက္ႀကိတ္မိသြားတာပါ”ဟု က႐ုဏာတြဲလက္နာေရးကူညီမႈအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ကားႀကိတ္ခံရမႈေၾကာင့္ ၎၏ခႏၶာကိုယ္ေအာက္ပိုင္းေၾကမြသြားၿပီး အခင္းျဖစ္ပြားရာေနရာတြင္ ေသဆုံးသြားေၾကာင္းသိရသည္။

ေသဆုံးသူအမ်ိဳးသားသည္ အသက္(၄ဝ)ဝန္းက်င္အ႐ြယ္ရွိေၾကာင္း ၎ကဆက္လက္ေျပာဆိုထားသည္။

၎၏႐ုပ္အေလာင္းအား လႈိင္သာယာေဆး႐ုံ ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.